လူတွေသတိမထားမိတဲ့ နည်းလမ်းဖြင့် ဆားရဲ့ အသုံးဝင်ပုံ (၁၄)မျိုး

ဆားကို နှစ်ပေါင်း ၆၀၀၀ကျော်လောက်ထဲက ကောင်းစွာအသုံးပြုခဲ့ကြပါတယ်။ အစားအစာတွေ ချက်ပြုတ်ဖို့အတွက် အစားအစာအမျိုးမျိုးကို ထိန်းသိမ်းဖို့အတွက်၊ မီးလောင်မှုကို ထိန်းချုပ်ဖို့နဲ့ လျော့ချဖို့အတွက် စတဲ့အခြေအနေအမျိုးမျိုးအတွက် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါတယ်။

Music Zone KTV ကို တရားစွဲရန်အတွက် ခရိုင်ထွေ/အုပ်ရုံးကို တင်ပြထား

Music Zone KTV ဟာ လူမှုကွန်ယက်မှာပြောဆိုနေသလို ပိုင်ရှင်မဲ့မဟုတ်ကြောင်း၊ ဆိုင်နဲ့ပတ်သက်တဲ့အထောက်အထား အကုန်ရှိတယ်လို့ ဇဝနရပ်ကွက် အုပ်ချုပ် ရေးမှူးကပြောဆိုလိုက်ပါတယ်။

ဘုရားပန်းအိုးထိုးထဲ့အခါ လှလှလေး စီပြီး ကြာရှည်ခံအောင် ပန်းအိုးထိုးနည်း

ငယ်ငယ်က မေမေက ဘုရားပန်းအိုးထိုးခိုင်းရင် ပန်းတွေကို ကိုယ်က လှလှလေး စီပြီး ထိုးထားလိုက်၊ သူတို့က လည်သွားလိုက်နဲ့ စိတ်ထဲ ကသိကအောင့် ဖြစ်ခဲ့ဖူးတယ်။

ညစ်ပတ်နေတဲ့ ရေခဲသေတ္တာတစ်လုံးကို အလွယ်ကူဆုံးသန့်ရှင်းနည်း

ရေခဲသေတ္တာတွေဆိုတာ အမြဲလိုလိုညစ်ပတ်နေလေ့ရှိတဲ့အရာတွေပါ ။အဓိက ညစ်ပတ်ရခြင်းအကြောင်းကတော့ မှိုစွဲခြင်းကြောင့်ပါပဲ ။ရေခဲသေတ္တာဆိုတာဟာ အမြဲတမ်းစိုစွတ်နေတဲ့နေရာဖြစ်တဲ့အတွက် မှိုတွေနဲ့ဘတ်တီးရီးယားတွေပေါက်ပွားရာနေရာတစ်ခုလည်းဖြစ်ပါတယ် ။

ကိုဗစ်-၁၉ ယာယီဆေးရုံအတွက် ဧရာဝတီဘဏ်၊ AYA SOMPO Insurance နှင့် မက်စ်မြန်မာက သိန်း ၁ သောင်းလှူဒါန်း

ရန်ကုန် သုဝဏ္ဏကွင်းမှာ တည်ဆောက်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေး ယာယီဆေးရုံအတွက် ဧရာဝတီဘဏ်၊ AYA SOMPO Insurance နဲ့ မက်စ်မြန်မာ အုပ်စုက ငွေကျပ် သိန်း ၁၀,၀၀၀ မတည် လှူဒါန်းခဲ့တယ်လို့ ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၈၁ ဦးရှိလာ

မြန်မာနိုင်ငံမှာ ကျန်းမာရေးဌာနရဲ့ စက်တင်ဘာ ၁၉ ရက်ညနေထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်းဟာ အခုဆို ၈၁ ဦးထိရှိပြီ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၈ ဦးရှိလာသည့် သီရိမင်္ဂလာဈေးသစ် ပိတ်ရန်အစီအစဉ်မရှိသေးဟု ဈေးတာဝန်ခံပြော

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးသစ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးအထိ တွေ့ရှိထားတယ်လို့ လှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာ ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။

ကိုဗစ်လူနာများအတွက် ရွှေဘဲစားတော်ဆက်မှ ကျပ် ၁၀၈ သိန်းတန်ဖိုးရှိ နံနက်/နေ့/ည စာများကို တစ်လစာလှူဒါန်း

ကိုဗစ်လူနာများအတွက် ရွှေဘဲစားတော်ဆက်မှ ကျပ် ၁၀၈ သိန်းတန်ဖိုးရှိ နံနက်/နေ့/ည စာများကို တစ်လစာလှူဒါန်းခဲ့ကြောင်း Clean Yangon မှသိရပါတယ်။

သူမအချစ်ရေးနဲ့ပတ်သက်ပြီး ခံစားချက်တွေ ဖွင့်ဟလာခဲ့တဲ့ နီနီခင်ဇော်

နီနီခင်ဇော် ကေ တာ့ Melody World သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရင်း ဂီတလောကထဲကို ဝင်ရောက်လာခဲ့သူပါ။ အခုဆို ရင်တော့ သူမဟာ ဂီတလောကရဲ့ Star တစ်ယောက် အဖြစ် အောင်မြင်စွာ ရပ်တည်နေပြီဖြစ်သလို အနုပညာအလုပ်အပြင် Super Red အလှကုန်ပစ္စည်းတွေကို ပါ ထုတ်လုပ်ရောင်းချနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။

ဉာဏ်စမ်းမေးခွန်း(၁၁) ခုမေးပြီး ပထမဆုံးဖြေနိုင်မယ့်သူကို ဆုငွေချီးမြှင့်မယ်ဆိုတဲ့ ဒိန်းဒေါင်

ပရိသတ်ရဲ့အချစ်တော် ဟာသလူရွှင်တော်ဒိန်းဒေါင်ကတော့ ကိုဗစ်ကာလ အိမ်မှာနေရင်းပျင်းနေကြမယ့် ပရိသတ်ကြီးအတွက် ဦးနှောက်ကိုအလုပ်ပေးရအောင် မေးခွန်းလေးတွေ မေးခဲ့ပါတယ်။ ဒီမေးခွန်းလေးတွေကတော့ တရားသဘောပါတဲ့မေးခွန်းလေးတွေဖြစ်ပြီး အရင်ဆုံးဖြေဆိုနိုင်မယ့်သူကိုတော့ ဆုငွေတစ်သောင်းခွဲ ချီးမြင့်ပေးသွားမှာပါတဲ့ ပရိသတ်ကြီးရေ..