ဘောလုံးအဖွဲ့ချုပ်ကတာဝန်ရပ်ဆိုင်းခြင်းကိုခံလိုက်ကတဲ့ ဦးကြည်လွင်

၂၈ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွေနဲ့မကြာခင်ကယှဉ်ပြိုင်ခဲ့တဲ့ ဗီယက်နမ်ယူ၂၂ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာဒုတိယ ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဦကြည်လွင်ကတော့ဒီနေ့မှာတော့ ဘောလုံးအဖွဲ့ချုပ်ကတာဝန်ရပ်ဆိုင်းလိုက်ပါပြီဖြစ်ပါတယ်။အဆိုပါသတင်းကြောင့်မြန်မာဘောလုံးကိုချစ်တဲ့ပရိသတ်တွေကအံ့သြခဲ့ရပါတယ်။မြန်မာအသင်းကိုကိုင်တွယ်ခဲ့တဲ့ပြိုင်ပွဲတိုင်းမှာ အမြဲရလဒ်ကောင်းတွေယူပေးနိုင်တာကြောင့်ဒီသတင်းကိုပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်ကတော့ ဘယ်လ်ဂျီယံလူမျိုး နည်းစနစ်ဒါရိုက်တာ အဲရစ်ရဲ့အကြံပေးမှုတွေနဲ့ ရေရှည်စီမံကိန်းတွေလုပ်ဆောင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။မြန်မာအသင်းရဲ့နည်းပြချုပ်နေရာအတွက်လည်း ခုမှာပရိသတ်တွေကစိတ်ဝင်စားမှုမြင့်တက်နေတာဖြစ်ပါတယ်။မြန်မာအသင်းရဲ့နည်းပြနေရာလျှောက်ထားသူတွေကလည်းအများအပြား ရှိတာကြောင့်အဲရစ်ကပဲအဖွဲ့ချုပ်နဲ့တိုင်ပင်ဆုံးဖြတ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆူဇူကီးဖလားပြိုင်ပွဲတုန်းကမြန်မာအသင်းဟာမလေးရှားအသင်းကိုဂိုးပြတ်ရှုံးနိမ်ခဲ့ပြီး အုပ်စုကထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့မြန်မာဘောလုံးလောကအတွက်အဖွဲ့ချုပ်ကရေရှည်စီမံကိန်းတွေလုပ်ဆောင်နေတဲ့ အချိန်မှာ မြန်မာအသင်းကိုရလဒ်ကောင်းတွေရအောင်စွမ်းဆောင်ပေးခဲ့တဲ့ ဦးကြည်လွင်ကိုတာဝန်ရပ်စဲလိုက်တာကတော့ပရိသတ်တွေစဉ်းစားနေရပါတယ်။နည်းပြဦးကြည်လွင်ကလည်းလူမှုကွန်ရက်ကနေ”နှုတ်ဆက်ခဲ့ပါတယ် ဘောလုံးချစ်ပြည်သူများ ဘောလုံးအဖွဲ့ချုပ်ကတာဝန်ရပ်ဆိုင်းလိုက်ပါပြီ ဒီလောကထဲဘယ်တော့မှပြန်မလာတော့ပါ ကြိုက်တာပြောလို့ရတယ်ဒါပါဘဲ”ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။ SOURCE:Kyi Lwin

သားတွေရဲ့ ပညာရေးအတွက် ခြေနင်းအလျင် မနှေးမယ့် ဆိုက်ကားသမ မေမေ

သူ၏ညာဘက်လက်ဖြင့် လက်ကိုင်ဘရိတ်ကို ဆွဲညှစ်လိုက်ရာ အရှိန်နှင့်ပြေးလာသော ဆိုက်ကားလေးမှာ ကျွီခနဲဖြင့် ရပ်တန့်သွားပြီး တစ်ပြိုင်နက်တည်း ကျောင်းတက်ခေါင်းလောင်း ထိုးသံလည်း ထွက်ပေါ်လာသည်။ ခေါင်းလောင်းသံ ကြောင့် ကျောင်းချိန်အချိန်မမီမည်ကို စိုးရိမ်နေသော ဒေါ်ခင်မြင့်တစ်ယောက် ဟူးခနဲသက်ပြင်းချလိုက်နိုင်တော့သည်။ ထို့နောက် နဖူးပေါ်တွင် ယိုစီးနေသော ချွေးသီး၊ ချွေးပေါက်များကိုပင် မသုတ်နိုင်အား။ မိမိ၏ နေ့စဉ်ခရီးသည်လေးများ အဖြစ် နံဘေးတွင် ထိုင်၍လိုက်ပါလာသော လေးတန်းကျောင်းသူလေးနှစ်ဦးကို ဆိုက်ကားပေါ်မှဆင်းနိုင်ရန် ကူညီပေး လိုက်ပြီး သူတို့၏ကျောင်းသုံးပစ္စည်းများ ဆိုက်ကားပေါ်တွင် ကျန်မကျန် စစ်ဆေးလိုက်သည်။ ထို့နောက် ကျောင်းတွင်းသို့ ပြေးဝင်သွားကြသည့် ကျောင်းသူလေးနှစ်ဦးကိုလည်း ကျောင်းဆင်းချိန်တွင် မိမိဆီကို တန်းတန်းမတ်မတ်လာရန်နှင့် မိမိမရောက်သေးပါက ချိန်းထားသည့်နေရာတွင်သာ စောင့်နေကြရန် လှမ်းအော် ပြောလိုက်ပြီး စကားမဆုံးခင်မှာပင် ဆိုက်ကားထိုင်ခုံကျောမှီပြားများကို ခေါက်ချလိုက်သည်။ နံနက် ၆ နာရီကတည်းက ဆိုက်ကားဖြင့် ခရီးသည် စတင် ပို့ဆောင်နေသည်မှာ ယခုနှင့်ပါဆိုလျှင် ခရီးစဉ်လေးကြောင်း...

နှလုံးရောဂါမဖြစ်ခင် ၁လအလိုမှာ သင့်ခန္ဒာကိုယ်က အချက်ပြလေ့ရှိတဲ့ လက္ခဏာ ၈မျိုး

ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်ဆိုတာ ကြားဖူးကြပါတယ်။ယခုအခါမှာ လူတွေကိုခြောက်လှန့်နေတဲ့ရောဂါများမှာ အပါအ၀င်ဖြစ်တဲ့ နှလုံးရောဂါမဖြစ်ပေါ်မီ ကြိုတင်ပြသတတ်တဲ့ လက္ခဏာများကို သိရှိပြီး ကာကွယ်ကုသနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။(1)နွမ်းနယ်ခြင်း၊နုံးချိခြင်း အမျိုးသမီးများမှာ ပိုမိုဖြစ်လေ့ရှိပြီး ၇၀ရာနှုန်းလောက်တွေ့ရတတ်ပါတယ်။ သာမာန် ကိုယ်ခန္ဒာနွမ်းနယ်ခြင်းတို့ဟာ ညအိပ်ရာဝင်လို့ အနားယူသောအခါ ပြေပျောက်ပေမယ့် နှလုံးရောဂါကြောင့် နွမ်းနယ်ခြင်းကတော့ ညအိပ်ရာဝင်လေပိုဆိုးလေ ဖြစ်ပါတယ်။ သာမန် အိမ်မှုကိစ္စများ ပြုလုပ်လျှင်တောင်မှ မောပန်းနွမ်းနယ်နေတယ်ဆိုပါက ဆေးကုသမှုခံယူသင့်ပါတယ်။(2)ဗိုက်နာခြင်း50ရာနှုန်းသော နှလုံးရောဂါများမှာ တွေ့ရပါတယ်။ ဗိုက်မအီမသာဖြစ်ခြင်း,အစာမကြေခြင်း,ဗိုက်ပြည့်နေတယ်ခံစားရခြင်းစတာတွေအပြင် ပျို့အန်ခြင်းကိုပါခံစားရတတ်ပါတယ်။ ဗိုက်နာခြင်းဟာ ကိုယ်လက်လှူပ်ရှားမှုပြုလုပ်သောအခါ ပိုဆိုးတတ်ပါတယ်။(3)ညအိပ်မပျော်ခြင်း ၅၀ရာနှုန်းမှာ တွေ့ရပါတယ်။ညအိပ်မပျော်ခြင်းဆိုရာတွင် အိပ်ဖို့အစပျိုးမှုခက်ခဲခြင်း,မကြာခဏနိုးခြင်း,အစောကြီးနိုးခြင်းတို့အပြင် စိုးရိမ်ပူပန်မှုလွန်ကဲခြင်းတို့ပါဝင်ပါတယ်။(4)အသက်ရှူမ၀ခြင်း မောခြင်း၊အသက်ရှုမ၀ခြင်းတို့ဟာ နှလူံးရောဂါမတိုင်မီ ၆လအလိုကတည်းက ဖြစ်ပေါ်တတ်ပါတယ်။ အဓိက ရှေ့ပြေးလက္ခဏာတစ်ရပ်ဖြစ်လို့ မပေါ့ဆသင့်ပါဘူး။ အသက်ရှူမ၀ခြင်း,မူးဝေခြင်း,မောခြင်းစသည်တို့ ခံစားရပါက ချက်ချင်းဆရာဝန်ထံပြသသင့်ပါတယ်။(5)ဆံပင်ကျွတ်ခြင်း အသက်၅၀အထက်အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ ထိပ်ပြောင်ခြင်းဟာ ကော်တီဇော်လ် ဟိုမုန်းများခြင်းနှင့်ဆက်စပ်နေပါတယ်။သင်ဟာယခင်ကထက် ပိုထိပ်ပြောင်လာပါက သတိထားသင့်ပါတယ်။(6)ရင်တလှပ်လှပ်တုန်ခြင်း ရင်တုန်ခြင်း,စိုးရိမ်မှုလွန်ကဲခြင်း,အလန့်တကြားဖြစ်ခြင်းစတာတွေ မကြာခဏဖြစ်နေမယ်ဆိုပါက မပေါ့ဆပဲ ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ရင်တုန်နေစဉ်...

ပင်မှည့်သီးစားရင်ရရှိမယ့် အကျိုးကျေးဇူး

ပင်မှည့်သီးက     လွန်ခဲ့တဲ့နှစ် ရာပေါင်းများစွာကတည်းက   ကမ္ဘာပါ် မှာရှိခဲ့တဲ့အသီးတစ်မျိုးပေါ့။   ပင်မှည့်သီး က    အမျိုးအစားပေါင်း   ၅ဝဝ    လောက်ကို    ရှိနေတာပါ။    အသီးရဲ့ပုံစံက     ဂရိတ်ဖရုနဲ့ ဆင်တူပြီး   အရည်ရွှမ်းတဲ့အစေ့လေးတွေ အများကြီးနဲ့      ဖွဲ့စည်းထားတာပါ။ ပင်မှည့်သီးမှာ     ခန္ဓာကိုယ်အတွက်     နေ့ စဉ်လိုအပ်တဲ့   အမျှင်ဓာတ်ပါဝင်နေတာ ကြောင့်   အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေပြီး   ဝမ်းချုပ်တာကို   သက်သာ စေပါတယ်။  ဗီတာမင်    A၊  ဗီတာမင် C ၊ ကယ် လို ရီတွေ    ပါဝင်နေပါတယ်။    ပင်မှည့် သီး ရဲ့အားသာချက်တစ်ခုက    သရက်သီး၊   ငှက်ပျောသီးတို့ထက်    polyphenol ပိုမိုပါ ဝင်နေတာပါ။ ...

သင်ဘာကြောင့် ငါးစားသင့်တယ်ထင်လဲ ဖတ်ကြည့်လိုက်ပါ

ငယ်ငယ်က ငါးစားရင် မိဘတွေက ဥာဏ်ကောင်းတယ်လို့ ပြောကြပါတယ်။ တကယ်တမ်း ငါးစားရင် ဥာဏ်ကောင်းတဲ့အပြင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းများစွာရှိပါတယ်။ ဥာဏ်ကောင်းခြင်းငါးမှာပါဝင်တဲ့ Omega 3 ဓာတ်က လူတွေရဲ့ မှတ်ဥာဏ်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုပါ အားကောင်းစေပါတယ်။ ဒါ့ကြောင့် နို့တိုက်မိခင်တွေ၊ ကလေးတွေ စတင်စားတဲ့အကျင့် ကျင့်ပေးသင့်ပါတယ်။အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို လျော့ချပေး အယ်ဇိုင်းမားရောဂါက လူသားတွေရဲ့ ဦးနှောက်ကျန်းမာရေးနဲ့ သက်ဆိုင်နေပါတယ်။ ငါးစားခြင်းက ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြော တွေရဲု့လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးတာကြောင့် ဦးနှောက်မှတ်ဥာဏ်ကိုကောင်းစေပါတယ်။ ငါးစားရင် ပေါင်းတဲ့ငါးကို စားတာက အာဟာရတွေပို ရပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကောင်ါးးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက အချိန်မတိုင်ခင် စောပြီး မွေးဖွားတာမျိုးကို ကာကွယ်ပေးပါတယ်။ အထူးသဖြင့် Omega 3 Fatty အက်ဆစ်က သန္ဓေသားရဲ့ဦးနှောက် လုပ်ဆောင်ချက်တွေကို မြှင့်တင်ပးပါတယ်။ဆီးချိုကို ကာကွယ်ပေးနိုင် ဆီးချို သမားတွေ စားပေးသင့်တဲ့ သဘာဝ အစားအစာများ  ငါးစားသုံးတာများရင် ဆီးချိုကိုလည်းကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင်...

အားလုံးသိထားသင့်တဲ့ လျှို့ဝှက် လူသတ်သမားများ

သု့ရဲ့ အပေါက်ထဲကို ချောင်းကြည့်လိုက်တော့ အထဲမှာ မဲနေတာကြောင့် ကိုအောင်နိုင်တစ်ယောက် တွေသွားတယ်……….။ ကိုအောင်နိုင်တစ်ယောက် ညနေ ထမင်းစားတော့ မလို့ ကြောင်အိမ်လေးကို ဖွင့်ကြည့်တော့ မနက်က အမေချက်ထားတဲ့ ဟင်းက သိပ်မကျန်တော့တာ တွေ့ရတယ် အံမယ် သူ့အဖို့က ဟင်းမကျန်လည်း ကိစ္စမရှိဘူး ညနေဘက်ဆိုရင် ကြက်ဥကို ခရမ်းချဉ်သီးလေး လှီးထည့်ပြီး ဇွန်းနဲ့ နာနာ ခလောက် ပြီးရင် ဆီလေးနဲ့ကြော် ထားတဲ့ ကြက်ဥ မွှေကြော် ပူပူလေးနဲ့ ထမင်းစားရတာကို သူက သိပ်သဘောကျတာကလား။ ဒါနဲ့ ကိုအောင်နိုင်က ကြက်ဥတစ်လုံးကို ပုဂံထဲ ဖောက်ထည့်လိုက်ပြီး ရေခဲသေတ္တာထဲက ခရမ်းချဉ်သီးတစ်လုံးကို ယူလာခဲ့တယ် ပြီးတော့ ဘေဇင်က ရေပိုက်ကို ဖွင့်ပြီး ရေဆေးရင်း အမှတ်တမဲ့ ကြည့်လိုက်တော့ ခရမ်းချဉ်သီးရဲ့ အညှာဘေးမှာ အပေါက်လေး တစ်ပေါက် ရှိနေတာကို သတိထားမိလိုက်တယ်။ အော်...

အစာအိမ်သွေးကြော ပေါက်ခြင်း၊ အူပေါက်ခြင်း၊ သတိလစ်ပြီး တက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ ဖြစ်နိုင်တဲ့ ရေခဲရေ

လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။ နေပူထဲမှ ပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ပြင်ပ ဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက်ခိုင်းလိုက်ရသည်ဟု သိရသည်။ ရာသီဥတု ပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို Water Cooler...

အရိုးဆက်ပင် အသားဆက်ပင် အကြောဆက်ပင်

ကျွန်းရွက်နှင့် အတော်တူတာ။ ဖက်ခါးပင်နှင့် အသီးပါ တူတယ်။အရိုးကျိုးရင် ဆေးရုံသွားစရာတောင် မလိုဘူးတဲ့။တစ်ခါသား ကျွဲကြီးတစ်ကောင် တောင်ပေါ်က ပြုတ်ကြပြီး အရိုးတွေ အကုန်ကျိုးကျေနေတာကို အဲဒီအပင်ကအရွက်တွေနဲ့ အုပ်ထားခဲ့တာ နောက်နေ့ကြတော့ အကောင်းပကတိအတိုင်း သူ့ဘာသာ အိမ်ပြန်လာသတဲ့။ လွန်သားပဲ။ အသားတွေ ဟက်ပက်ရှနာခဲ့ရင်တောင် အရွက်ကိုထောင်းပြီး အုံထားရင် ခဏလေးနှင့် အသားတွေ ပြန်ဆက်သွားသတဲ့။တစ်ခါသား ခုတ်ထစ်ထားတဲ့ ကြက်သားတွေကို အဲဒီအရွက်နှင့် ထုတ်ပိုးပေးလိုက်တာ အိမ်ရောက်တော့ ကြက်က အကောင်လိုက်ကြီး ပြန်ဖြစ်နေသတဲ့။ လွန်သားပဲ။ အကြောတွေဆို အလွန်သန်မာသတဲ့။ ကမ္ဘာက ကုလို့ မပျောက်တဲ့ ပိုလီယိုတောင် အဲဒီအပင်ကြား သွားထိုင်နေရင် ပျောက်သတဲ့။ တစ်ခါသား ခြေထောက်မသန်တဲ့ ကောင်လေးတစ်ယောက် အဲဒီအပင်တွေကြားမှာ အလေးသွားတာ။ထလာတော့ ခြေထောက်တွေက အကောင်းအတိုင်း ဖြစ်နေသတဲ့။ လွန်သားပဲ။ဘာပဲဖြစ်ဖြစ် နားထောင်လို့တော့ အကောင်းသား။ သို့နှင့် အင်တာနက်မှာ ရှာဖတ်တယ်။ အထက်က ပုံပြင်တွေက ဟုတ်လိနိုးနိုးရယ်။...

အားအင်ကုန်ခမ်း မောပန်းလွယ်ခြင်း အာရုံကြော အားနည်းခြင်း ပန်းသေခြင်း သွေးအားနည်းခြင်း ဖောရာင်ခြင်း အသားအရည်ပွခြင်း တို့ကို ပျောက်ကင်း သက်သာစေတဲ့ ဆေးနည်း

” ကျား/မ စွယ်စုံရ ဖလံတောင်ဝှေးဥ အားဆေးကြီး” သားသမီးမရသော ကျား မ မိတ်ဆွေများ။ ဟော်မုန်းအားနည်းသူများ၊ အားနည်း ပိန်လှီသူများ သွေးအားနည်းသူများ အဖေါအရောင်ဝေဒနာရှင်များ အတွက်အလွယ်ကူဆုံး အကောင်းဆုံးတွေထဲက အကောင်းဆုံး ဆေးနည်းလေး တစ်ခု မျှဝေလိုက်ပါတယ်။ ဒီဆေးနည်းတွေဟာ လက်တွေ့ စမ်းသပ်ပြီးသား ဆေးနည်း မူမှန်တွေ ဖြစ်သည့်အတွက် မည်သူမဆို ဘေးကင်း စိတ်ချစွာ ဖေါ်စပ် သုံးဆောင်နိုင်ကြပါသည်။ ယနေ့ခေတ်မှာ ဆေးပညာထက် ဆေးနည်းကိုသာ အလွယ်တကူ ယူလိုသူများကြပါသည်။ ဆေးဆရာလုပ်သူတွေက မဟုတ်မမှန် တင်ပါက အများအတွက် ဘေးဖြစ်နိုင်သည့် အပြင် အကုသိုလ် များလှပါလိမ့်မည်။ ဒါကြောင့် ဆေးစစ် ဆေးမှန်များကိုသာ တင်ပြပေးကြရန်လည်း တိုက်တွန်းအပ်ပါသည်။ လူ ၁၀၀ တွင် ၈၀ လောက်တည့်သော အက်ျိုးရှိသော ဆေးဖြစ်ပါက ထိုဆေးသည် ကောင်းမြတ်သော ဆေးဖြစ်ပါသည်။ ဒါကြောင့်...

သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အစိမ်းရောင်ပန်းသီးဖျော်ရည်နဲ့ ဖယ်ရှားလိုက်ရအောင်

ဒီနေ့ခေတ် နေထိုင်စားသောက်ပုံစံက အသင့်စားအစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာ၊ သကြားများတဲ့ အစားအစာတွေကို စားသောက်ကြတာများပါတယ်။ အဲ့ဒီအပြင် စိတ်ဖိစီးမှု၊ အရက်၊ ဆေးလိပ် သောက်သုံးမှုနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုနည်းတာတွေကလည်း ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများစေပါတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာတာကြောင့် အဆုတ်၊ အသားအရေ၊ ကျောက်ကပ်၊ အသည်း နဲ့အူလမ်းကြောင်းတွေကလည်း ပိုပြီး အလုပ်လုပ်လာရပါတယ်။ ကိုယ်အလေးချိန်တွေ လျော့ကျလာမယ်၊ မူးဝေ အော့အန်၊ ပင်ပန်းနွမ်းနယ်၊ ၀က်ခြံများလာတာနဲ့ စိတ်ဖိစီးမှုများလာတာကလည်း ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများနေတဲ့ လက္ခဏာ တစ်ရပ်ပါ။ ဒါကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ထိထိရောက်ဖယ်ရှားပေးနိုင်တဲ့ သဘာဝ အသီးဖျော်ရည်အကြောင်းကို ဝေမျှချင်ပါတယ်။ပါဝင်ပစ္စည်းများရေ ဖန်ခွက် ၁ ခွက်အစိမ်းရောင် ပန်းသီး ၄ လုံးသံပုရာသီး ၁ လုံးဂျင်း လက်ဖက်ရည်ဇွန်း ၃ ဇွန်းပြုလုပ်နည်း သံပုရာသီးကို အခွံခွာလိုက်ပါ။ ပါဝင်ပစ္စည်းတွေအားလုံးကို သေးသေးလေးတွေဖြစ်အောင် လှီးပြီး...