မန္တလေးက တော်လှန်ရေးဘုရား သမိုင်းကြောင်း

နယ်ချဲ့တို့က မြန်မာနိုင်ငံကို ၁၈၂၄ခုနှစ် ဘကြီး တော်မင်းလက်ထက်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ် ပုဂံမင်းလက်ထက်တွင် တစ်ကြိမ်၊ ၁၈၈၅ခုနှစ် သီပေါမင်းလက်ထက်တွင် တစ်ကြိမ် သုံးကြိမ်မျှ စစ် ခင်းကာ သိမ်းယူ သွားခဲ့သည်။ မြန်မာနိုင်ငံကို ဝိတိုရိယဘုရင်မကြီးထံ လက်ဆောင်တော်ဆက်သနိုင်ခဲ့သော်လည်း မြန်မာပြည်သူတို့၏ နှလုံးသားကိုကား ကျူးကျော်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ချေ။ ကမ္ဘာတစ်ဝန်းမှ တိုင်းကြီးပြည်ကြီး၊ နယ် ကြီးပယ်ကြီး၊ လူမျိုးကြီးများကို ပိပိရိရိ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံကိုကား ဆုပ်ကိုင် နိုင်ခြင်းမရှိဘဲ လေးငါးဆယ်နှစ် အရူးမီးဝိုင်းသကဲ့သို့ ဖြစ်ခဲ့ရသည်။ မိမိတို့ဘုရင်ကို အိန္ဒိယပြည်သို့ ခေါ်ဆောင် သွားသော်လည်း တိုင်းရင်းသား အပေါင်းက လက်မခံ ဘဲ တွန်းလှန်ပုန်ကန်ခဲ့ကြသည်မှာ တောင်ပေါ်မြေပြန့် အနှံ့အပြားဖြစ်သည်။ ပုဂံမှ ဗိုလ်ချို၊ ပုပ္ပားမှ ဗိုလ်နက် ကျော်၊ ဝန်းသိုမှ စော်ဘွားကြီးဦးအောင်မြတ်၊ ရွှေဘိုမှ ထိပ်တင်မှတ်၊ ကျောက်ဆည်မှ...

သိန်း၁၀၀၀ ကျော်တန်ကျောက်စိမ်းကြီးကို မြို့လယ်မှာထားဖို့လှူတဲ့ ကချင်ကျောက်စိမ်းသူဌေး

၉ တန်ခွဲရှိတဲ့ ကျောက်စိမ်း (ငုတ်ကျောက်) ကိုမြစ်ကြီးနားမြို့လယ် အထက ၁ နားက Myitkyina City တြိဂံအပတ် လမ်းဆုံမှာ ထားဖို့ အလှူပေးလိုက်ပြန်ပြီတဲ့။ အဆိုပါကျောက်စိမ်းကို သိန်းထောင်ထပ်ဈေးပေးခဲ့ပေမယ့် ကချင်ပြည်နယ်သားတွေဂုဏ်ယူနိုင်အောင် မြို့လယ်မှာထားရှိဖို့ ပေးလှူတာဖြစ်ကြောင်းသိရပါတယ်။ လက်ရှိမှာ ကျောက်စိမ်းအလှပြင်ခြင်းလုပ်ငန်းမှာ ဒေါက်တာဘွမ်ယွန်ကိုယ်တိုင် ရေလောင်း ရေဆေး ပြီး အားတက်တရောပါဝင်နေတာကို လမ်းသွားလမ်းလာများစွာ တွေ့မြင်နေရပါတယ်။ ဒါ့အပြင် နောက်ထပ် ၆ တန်ခွဲရှိတဲ့ ကျောက်စိမ်းကိုလည်းပြည်နယ်အစိုးရထံ ပေးလှူထားကြောင်း လေဆိပ်မှာထားမလို ကြားနေရကြောင်းပါ။အင်မတန်မှ ရက်ရောတဲ့ ပုဂ္ဂိုလ်ကြီးပါလေးစားပါတယ်။  Credit – Jan Khone,,Kachin View

ဒါရိုက်တာမိုက်တီး၏ဖခင်ဖြစ်သူ ဒါရိုက်တာဦးခင်ဇော် ကွယ်လွန်

ဒါရိုက်တာမိုက်တီး၊ချစ်ချစ်ဇော်နဲ့ သရုပ်ဆောင်လင်းဇာနည်ဇော် တို့ဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတွေဖြစ်ပါတယ်။ ဒါရိုက်တာမိုက်တီးတို့ မောင်နှမတွေရဲ့ဖခင်ဖြစ်သူဟာ သူ့ခေတ်သူ့အခါက ရုပ်ရှင်ကားကောင်းတွေအများကြီးကိုရိုက်ကူးခဲ့သူ ဒါရိုက်တာဦးခင်ဇော်ဖြစ်လို့ပါပဲ။ ဒါရိုက်တာဦးခင်ဇော်ဟာ ကျော်ဟိန်းကိုနာမည်ကြီးစေခဲ့တဲ့ ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ နွဲ့ဆိုးဇာတ်ကားကိုရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။တစ်နိုင်ငံလုံးကချစ်ကြတဲ့ ဒါရိုက်တာကြီးဟာ သိပ်မကြာခင်နာရီပိုင်းကပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ဒါရိုက်တာမိုက်တီးနဲ့မောင်နှမတွေကို အနုပညာအမွေအပြည့်အဝပေးခဲ့တဲ့ ဖခင်ကြီးဟာ ဒီဇင်ဘာလ (၃) ရက်၊ ည ၁၁ နာရီ ၅၅ မိနစ်အချိန်မှာကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း အွန်လိုင်းသတင်းမီဒီယာတွေက အချိန်နဲ့တပြေးညီတင်ထားကြပါတယ်။ ဒါရိုက်တာမိုက်တီးဟာဆိုရင် ကံမကောင်းအကြောင်းမလှစွာပဲ မူးယစ်ဆေးပြားတွေလက်ဝယ်တွေ့ရှိမှုနဲ့ စွဲချက်တင်ခံထားရတာအချိန်အတန်ကြာခဲ့ပြီဖြစ်ပြီးအခုထိ ရုံးထုတ်လို့မပြီးနိုင်သေးပဲ ပြစ်ဒဏ်လည်းသတ်သတ်မှတ်မှတ်ချမခံရသေးတာကြောင့် ရုံးထုတ်လိုက်ပြန်ဝင်လိုက်နဲ့ပဲ အနုပညာအလုပ်တွေကို ဆိုင်းငံ့ထားရတာပါ။ ဒါ့အပြင် ဆေးပြား 26 ပြား လက်ဝယ်တွေ့ရှိမှုရဲ့ အကျိုးဆက်ကြမ္မာငင်မှုအဖြစ် ဖခင်ကြီးရဲ့နောက်ဆုံးအချိန်မှာတောင် အနားမှာမရှိလိုက်ရရှာပါဘူး။ အခုအချိန်မှာ ဒါရိုက်တာမိုက်တီးဘယ်လောက်တောင်ခံစားနေရရှာမလဲဆိုတာ ဘယ်သူမှကိုယ်ချင်းစာပေးနိုင်မယ်မထင်တော့ပါဘူး။ ပရိသတ်တွေကတော့ ဒါရိုက်တာဦးခင်ဇော်ကွယ်လွန်သွားပြီဆိုတဲ့ ပို့စ်တွေရဲ့ အောက်မှာ ဒါရိုက်တာမိုက်တီးအတွက် စိတ်မကောင်းဖြစ်တဲ့ comment တွေနဲ့...

ကျနော်တို့ ငယ်ငယ်က သုံးခဲ့ရတဲ့ ခဲတံတွေရဲ့ လူသိနည်းတဲ့ သမိုင်းကြောင်း

ပထမဆုံးထုတ်လုပ်ခဲ့တဲ့ခဲတံတွေက ဘာဖြစ်လို့ အ၀ါရောင်ဖြစ်နေရတာလဲ။ ခဲတံတစ်ချောင်းခိုးမိလို့ ထောင်ခုနှစ်နှစ် ကျခဲ့သူတွေရှိတယ်ဆိုရင်ကော သင် ယုံနိုင်ပါ့မလား။ ခဲချွန်စက်လက်ဝယ်ထားရှိမှုနဲ့ ထောင်ဒဏ်ကျခံရနိုင်တယ်လို့ ပြောရင်ကော မဖြစ်နိုင်ဘူးလို့ ပဲ ငြင်းကြမယ်ထင်ပါတယ်။ ကျွန်တော်တို့  နေ့ စဉ်နဲ့ အမျှ အသုံးပြုနေတဲ့ ခဲတံဆိုတဲ့ ရိုးရှင်းတဲ့အရာရဲ့ သမိုင်းနောက်ခံဟာ အတော်လေးစိတ်ဝင်စားဖို့ ကောင်းသလို ရယ်စရာကောင်းတာတွေလည်း ပါဝင်နေပါတယ်။ ခဲတံတီထွင်သူအဖြစ် ၁၅၆၅ခုနှစ်မှ ခဲ့တံကိ စတင်သုံးစွဲခဲ့တဲ့ ဆွစ်လူမျိုးစွယ်စုံပညာရှင် Conrad Gessner ကို ညွှန်းဆိုကြပါတယ်။ ၁၈၅၈ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့ မှာ တီထွင်သူ Hymen L. Lipman ဟာ ခဲဖျက်တွဲလျက်ပါဝင်တဲ့ ပထမဆုံးခဲတံ ကို မူပိုင်ခွင့်မှတ်ပုံတင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ခဲတံမူပိုင်ခွင့်ကို အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နဲ့  ရောင်းချခဲ့ပါ တယ်။ အဲဒီခေတ်၊...

ခန္ဓာကိုယ်ထဲက သွေး နီရခြင်း အကြောင်း

တကယ်တော့ ကျနော်တို့ အရေပြားရဲ့အောက်မှာ မထင်မှတ်လောက်အောင်များပြားတဲ့ အရောင်တွေ ရှိနေပါတယ်။ ပန်း ရောင်ရှိတဲ့ အဆုတ်တွေ၊ နီညိုရောင် အသည်းနဲ့ အခြား အစိတ်အပိုင်းတွေပေါ့။ သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေထဲ မှာ သွေးတွေ စီးဆင်းနေတော့ အဆိုပါ သွေးကြောတွေကလည်း အနီရောင်တွေ ဖြစ်နေပါတယ်။ ဒါပေမယ့် ဘာကြောင့် သွေးက နီတာလဲ ဆိုတာတော့ သင်သိပါသလား။ တကယ်တော့ လူရဲ့သွေးဆိုတာက အရည်ဆိုပေမယ့် သူ့မှာ ခန္ဒာကိုယ်တွင်း အကောင်းဆုံး လည်ပတ်သွားလာနေအောင် ပါဝင်ပစ္စည်း များစွာ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ သွေးရဲ့ရာခိုင်နှုန်း အများစုကိုတော့ Plasma လို့ ခေါ်တဲ့ သွေးရည်ကြည်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီသွေးရည်ကြည်ထဲ မှာတော့ သွေးဆဲလ်ပေါင်းများစွာ ပါဝင်မျောပါနေပါတယ်။ အောက်ဆီဂျင်နဲ့အတူ အခြား ဓာတ်တွေလည်း ရောပါ နေပါ တယ်။ သွေးရည်ကြည်ဟာ သွေးရဲ့အများဆုံး ပါဝင်မှု ဖြစ်ပေမယ့် သူ့ရဲ့အရောင်ကတော့...

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေစက္ကူတန်များ

တန်ဖိုးအများဆုံး နဲ့ တန်ဖိုးအနည်းဆုံး ငွေကြေးစနစ်တွေအကြောင်းကို အရင်က တင်ခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ဘယ်နိုင်ငံရဲ့ ငွေစက္ကူဘယ်လောက်တန်က တန်ဖိုးအမြင့်ဆုံးလဲ ဆိုတာကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ မျှဝေသွားပါမယ်။ ကမ္ဘာပေါ်မှာ တန်ဖိုးအများဆုံး ငွေကြေးစနစ်ကတော့ ကူဝိတ်နိုင်ငံရဲ့ ဒင်နာ ဖြစ်ပါတယ်။ ကူဝိတ် ၁ဒင်နာ ဟာ အမေရိကန်ဒေါ်လာ ၃.၃၃ဒေါ်လာနဲ့ ညီပါတယ်။ ဒါပေမယ့် ငွေစက္ကူအနေနဲ့ ၂၀ ဒင်နာတန် အထိပဲရှိပါတယ်။ အမေရိကန်မှာဆိုရင် ၁၀၀ ဒေါ်လာ တန်အထိရှိပါတယ်။ UK ရဲ့ ပေါင်စတာလင် ဆိုရင်လည်း ၁၀၀တန် အထိရှိပါတယ်။(ပေါင်စတာလင်မှာတော့ ၁၀၀ တန်ကို သိပ်မတွေ့ရပဲ ၅၀တန်တွေကိုပဲ တွေ့ရလေ့ရှိပါတယ်)။ အခုမျှဝေသွားမှာကတော့ အဲဒါတွေထက် တန်ဖိုးပိုမြင့်တဲ့ ငွေစက္ကူတန်တွေအကြောင်းပါ။ ၇။ ၁သိန်းတန် အာမေးနီးယန်း ငွေစက္ကူ 100,000 ARMENIAN DRAM (AMD)...

ရန်ကုန် ၃၇ လမ်းမှာ ဆွဲကြိုးဖြတ်ပြေးတဲ့သူကို ဒီလိုဖမ်းပြီး ဆွမ်းကြီးလောင်းတယ်

ရုပ်သံဖိုင်အောက်တွင် ဖော်ပြထားပါသည် ဒီမနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်ကကျောက်တံတားမြို့နယ် ၃၇ လမ်းအပေါ်မှာ ဆွဲကြိုးဖြတ်ပြေးတဲ့သူကို လမ်းသူလမ်းသားတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါတယ်။ အောက်ဆုံးတွင် ရုပ်သံ တွဲတင်ပေးထားပါတယ်။ ရုပ်သံဖိုင် ကြည့်ရန်နှိပ်ပါ   Credit SunThit.. Video – Pyi Myanmar

ကမ္ဘာ့အမြင့်ဆုံး ရုပ်တုဖြစ်လာတဲ့ အိန္ဒိယက ရုပ်တုကြီး

လက်ရှိအချိန်မှာ ကမ္ဘာ့အမြင့်ဆုံးဖြစ်လာတဲ့ ရုပ်တုကတော့ အိန္ဒိယနိုင်ငံက စည်းလုံးခြင်းရုပ်တု(Statue of Unity) ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နာမာဒါဒေသမှာ တည်ရှိပါတယ်။ ရုပ်တုရဲ့အမြင့်ဟာ ၅၉၇ပေ ဖြစ်တာကြောင့် ယခင်က အမြင့်ဆုံးဖြစ်တဲ့ တရုတ်က Spring Temple ရုပ်တုထက် ပေ ၂၀၀ နီးပါးပိုမြင့်ပါသေးတယ်။ ကမ္ဘာကျော် လေဘာတီရုပ်တုထက် ဆိုရင် ၂ဆ ပိုမြင့်ပါတယ်။ အိန္ဒိယ အမျိုးသား သူရဲကောင်း ဆာဒါ ၀ါလာဘိုင် ပတေး ကို ဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ၀ါလာဘိုင် ပတေးကို ကမ္ဘာမှာတော့ လူသိနည်းပေမယ့် အိန္ဒိယနိုင်ငံအတွက်တော့ တကယ်တန်ဖိုးရှိခဲ့တဲ့ လူသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံရဲ့ အကျယ်အ၀န်းဖြစ်အောင် စုစည်းပေးခဲ့သူဟာ ၀ါလာဘိုင် ပတေး ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဗြိတိသျှတို့ထံက လွတ်လပ်ရေးရခဲ့တဲ့အခါ အိန္ဒိယနိုင်ငံဟာ လက်ရှိအကျယ်အ၀န်းမရှိသေးပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါင်း ရာနဲ့...

ငယ်ငယ်က သင်ခဲ့ရတဲ့ ဂျာအေး ကဗျာ၏အဓိပ္ပါယ် မသိသေးသူများအတွက်

ဂျာအေး ကဗျာ၏အဓိပ္ပါယ် ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ ဘယ်က စပြီး ဘယ်တော့ ဆုံးမယ်မှန်း မသိတဲ့ ဒီကဗျာလေးကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက အလွတ်ရနေခဲ့ကြတာပေမယ့် အဓိပ္ပါယ် သိသူ နည်းပါးဦးမှာပါ ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ ခုနှစ်နဲ့ မူရင်း အဓိပ္ပါယ်ကို သေချာ မသိရပါဘူး.. ဒါပေမယ့် ကံအကြောင်း တိုက်ဆိုင်စွာ ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက် ဝေမျှလိုက်ပါတယ်.. မုန့်လုံးကို စက္ကူကပ်ပါလို့ – မုန့်လုံးနဲ့ တူတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာငါးပါး သက္ကာယတရားတွေကို တဏှာ ဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်.. ကြာကလပ်နဲ့ ဆွမ်းတော်တင် – နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ကြပါတယ်။ ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး ဂျာအေး – ကောင်းမှုတွေ...

ချွေးထွက်များလို့ဆိုပြီး ဓာတ်ဆားမှုန် ရေသောက်တဲ့သူတိုင်း ဒါလေးကို သတိထားကြပါနော်

ဓာတ်ဆားမှုန့်ရေဖျော်သောက်တော့မယ်ဆိုရင်သတိထားပါ။ဓာတ်ဆားဆိုတာဘာလဲ..ဘာအတွက်သုံးတာလဲ။ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျို;မျိုးကြောင့်ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ။ယခုလိုအလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေပြန်လည်ဖြည့်တင်းဖို့အကောင်းဆုံးဆေးမှုန့် ဖြစ်ပါတယ်။ ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ…..မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ဓာတ်ဆား၊နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိုးစုံ၊အပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ…အများအပြားရောင်းချနေပြီး တမျိုးနဲ့တမျိုးအာနိသင်သိသာစွာကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့…မြန်မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ။ ဓာတ်ဆားထုတ်ဝယ်ရင်ဘာတွေသိထားသင့်လဲ….ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက်(Expirydate)ပါ။Dateကောင်းတာနဲ့တင်မပြီးပါဘူး။လတ်ဆပ်မှု့ရှိ/မရှိလှုပ်ကြည့်ရပါမယ်။ကပ်နေရင်(သို့) အထဲကအမှုံ့အရောင်ပြောင်းနေရင်လုံးဝမသောက်သင့်ပါဘူး။ဓာတ်ဆားထုတ်ကိုဘယ်လိုထားသိုရမလဲ။ ဘယ်ရေနဲ့ဖျော်ရမလဲ…ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ…သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…ဓာတ်ပျယ်သွားတတ်လို့ပါ။ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာမထားသင့်ပါဘူး။ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ။ တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ၊ဘယ်လိုလူတွေမသောက်ရဘူးလဲ……ပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး၂ထုတ်သာသုံးသင့်ပါတယ်…၂ထုတ်ထက်ပိုသောက်မိရင်ခန္ဓာကိုယ်ကပိုနေမဲ့ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲသွေးတိုးရောဂါဖြစ်တတ်လို့ပါ။ဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ်။ဒါကြောင့်တန်ဆေး လွန်ဘေးဆိုသလို ချွေးထွက်အလွန်များတဲ့ ယခုလိုနွေရာသီမှာ ဓာတ်ဆားထုတ်သောက်တဲ့အခါဆင်ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်​…တခုခု ရရင်​​ကျေနပ်​တယ် ။ Credit: ကျန်းမာရေးအတွက် ဆေးတစ်ခွက်