ပက်စ်ပို့စ်လုပ်မည်ဆိုပါက ၃၅၀၀၀ သာယူခဲ့ပါ ဘာမှနားမယောင်ပါနဲ့

Passport လုပ်မည်ဆိုပါက ကိုယ်တိုင်ဆောင်ရွက်ခြင်းသည် အမှားမရှိခြင်း၊ စိတ်တိုင်းကျဖြစ်ခြင်းနှင့် ပိုမိုလျှင်မြန်ပါသည်။ပထမဦးစွာ Passport လုပ်ရန် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်းတို့နှင့်အတူ မိတ္တူ ၃စုံ၊ ဘောလ်ပင်၊​ငွေ (၃၅,၀၀၀)ကျပ် ယူသွားပါ။ မိတ္တူ ၂စုံသည် ပေးရန်ဖြစ်ပြီး ၁စုံသည် အပိုဆောင်ထားရန် ဖြစ်ပါသည်။Passport ရုံးကို မနက်၈နာရီကျော်လောက်တွင်ရာက်အောင်သွားပါ။ မနက်၉နာရီလောက်တွင် Agency များမှ Passport လုပ်မည့်သူများ လာရောက် တန်းစီကြသဖြင့် တနေကုန်တတ်သည်။မနက်၈နာရီကျော်ရောက်ပြီး ရုံးအတွင်း ဝင်ခွင့်ရချိန်တွင် အပေါက်ဝရှိ ရဲဝန်ထမ်းအား Passport လုပ်ချင်သည်ပြောပါ။ထိုဝန်ထမ်းမှ လိုအပ်သည်များ စစ်ဆေးပေးပြီး ဝင်ခွင့်ပြုပါလိမ့်မည်။ ပွဲစားများမှ Token ဝေမည်။ ဒီဘက်မှာ လာစောင့်ပါ။ ပြောပြီး ခေါ်သွားသည်ကို နားမယောင်ပါနှင့်။ ရုံးအတွင်း ဝင်ပါက ရဲအရာရှိများ ညွှန်ကြားသည့်အတိုင်း အဆင့်ဆင့် စစ်ဆေးဖြတ်ကျော်ပြီး မှတ်ပုံတင် စစ်ဆေးခြင်းများ ဆောင်ရွက်ပါ။ထို့နောက် ရုံးအတွင်းထဲသို့ ရောက်သွားပါက လူဝင်မှုကြီးကြပ်ရေးဌာနစိတ်တွင်...

လူတွေ နှစ်ခြိုက်စွာ စားသုံးကြတဲ့ အဆိပ်ရှိ အစားအစာများ

ကိုယ်တိုင်နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အစားအစာတွေက အဆိပ်ဖြစ်နိုင်တယ်ဆိုတော့ အံ့သြသွားလား။ ဒါပေမဲ့ တကယ်တမ်း အလွန်အကျွံ စားသုံးမိရင် အဆိပ်ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ လက်ခံထားရပါမယ်။ ဒါကြောင့် အဆိပ်ရှိ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပန်းသီး ပန်းသီးပင်က တကယ်တော့ နှင်းဆီမျိုးစိတ် နွယ်ဝင် ဖြစ်ပါတယ်။ အဆိပ်ရှိတယ်လို့ အဓိကပြောရတဲ့ အကြောင်းရင်းကတော့ အစေ့ကြောင့်ပါပဲ။ ပန်းသီးစေ့မှာ စိုင်ယာနိုက် ပမာဏ အနည်းငယ် ပါဝင်တဲ့အတွက် ပန်းသီးစေ့တွေ အများကြီး ဗိုက်ထဲရောက်သွားမယ်ဆိုရင် ဆိုးကျိုးရှိနိုင်လို့ အကောင်းဆုံးကတော့ ပန်းသီးစေ့ မစားမိအောင် ဂရုစိုက်ပါ။ ဗာဒံစေ့ (almond) ဗာဒံစေ့တွေက အာဟာရဓာတ်ကြွယ်ဝတဲ့ အခွံမာသီးတွေ ဖြစ်ပါတယ်။ နေ့တိုင်း ဗာဒံစေ့ စားပေးမယ်ဆိုရင် ခွန်အားတိုးပြီး ကိုယ်ခံအား ကောင်းမွန်စေပါတယ်။ ဗာဒံစေ့မှာ အခါးအရသာနဲ့ အချိုအရသာဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ အခါးအရသာ ဗာဒံစေ့ တစ်စေ့ချင်းစီမှာ ဟိုက်ဒရိုဂျင်စိုင်ယာနိုက် ၆...

သရုပ်ဆောင်သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ရဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူပုံရိပ်များ

အချစ်ရေးမှာ အင်မတန်တိတ်ဆိတ်လွန်းလှတဲ့ လူပျိုကြီးစာရင်းဝင် အနုပညာရှင်တွေထဲမှာ သူထူးစံတစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ သိပ်မကြာခင်မှာလည်း သူပါဝင်သရုပ်ဆောင်ထားပြီး ခွန်းဆင့်နေခြည်နဲ့တွဲဖက်ရိုက်ကူးထားတဲ့ မှော်ဝင်သမန်းကျားရုပ်ရှင်ကားကြီးပြသတော့မှာဖြစ်ပါတယ်။ ပရိသတ်တွေကို အချစ်ရေးနဲ့ပတ်သက်ပြီး တစွန်းတစတောင် အသိပေးတတ်ခြင်းမရှိတဲ့ လူပျိုကြီးသူထူးစံရဲ့ မင်္ဂလာပွဲကိုတော့ မင်္ဂလာဆွမ်းကပ်အလှူမလုပ်ခင် တစ်ရက်အလိုမှ ပရိသတ်တွေသိရှိရတာဖြစ်ပါတယ်။ သူထူးစံကတော့ အနုပညာလောကထဲက မော်ဒယ်တစ်ဦးဖြစ်သူ ထိုက်ဆုဝင်းနဲ့ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ မင်္ဂလာဆောင်သွားခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီဗန်းကိုင်တစ်ဦးဖြစ်တဲ့ ထိုက်ဆုဝင်းဟာ သူထူးစံနဲ့အတူ တွဲဖက်ပြီးတော့ ဗီဒီယိုကားတွေလည်း ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပါတယ်။ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ သရုပ်ဆောင် သူထူးစံနဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းတို့နှစ်ဦး က နေပြည်တော် တပ်ကုန်းမြို့ရှိ ငွေတောင်တောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကပ်ပြုလုပ်နေတာဖြစ်ပါတယ်။ မင်္ဂလာမောင်နှံနှစ်ဦးရဲ့ပုံရိပ်များကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ သာယာချမ်းမြေ့တဲ့ဘဝလမ်းခရီးလေးကို သူထူးစံတို့ဇနီးမောင်နှံရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

သိန်းတထောင်ဆုရှင် အဆိပ်ခတ် လုပ်ကြံခံရပြီး နောက် ၂ ဦးပါ အဆိပ်မိပြီး သေဆုံး သည်ဟုဆို

ဦးကျော်ရွှေသည်လွန်ခဲ့သောနှစ်မှစ၍၎င်း၏ဇနီးဖြင့်အိမ်ထောင်ရေးပြဿနာရှိခဲ့ကြောင်း၊အကြောင်းရင်းကိုကျန်တဲ့လူဂုဏ်သိက္ခာငဲ့ကွက်၍မပြောလိုပါ လို့ အစချီကာ ထောင်သရဲဘအုပ် ဆိုသူမှဗီဒီယိုဖိုင်နှင့်တကွယခုလို့ဖေါ်ပြရေးသားထားတာကို တွေ့ရပါတယ်။အခင်းမဖြစ်မှီညနေကဦးကျော်ရွှေမှာအပြင်မှအရက်သောက်ပြန်လာပြီးလင်မယားနှစ်ယောက်စကားများရန်ဖြစ်ကြပါတယ်ဘဏ်ထဲကငွေသိန်းတထောင်ထဲကသိန်းနှစ်ရာပျောက်လို့စကားများရာမှဇနီးဖြစ်သူကိုထိုးကြိတ်ထားတာဖူးရောင်ညိုမည်းနေတာ ဦးကျော်ရွှေမြေချရက်လည် လာတဲ့သူတွေတောင် တွေ့ပါတယ်လို့ ဆိုပါတယ်။ နောက်တနေ့မိုးလင်း၆နာရီခန့်လောက်မှာဦးကျော်ရွှေရဲ့လယ်အလုပ်သမားဦးသန်းစိုးဦးဂျက်မောင်မောင်ဦးချစ်စန်းတို့နဲ့အတူလယ်ထဲဆင်းရန်ပြင်ဆင်နေချိန်ဦးကျော်ရွှေကသူသောက်နေကျ(ဆေးပေါင်းခတံဆိပ်)နဲ့အရက်ကိုတခွတ်ငှဲ့သောက်လိုက်တယ်သောက်ပြီးပြီးခြင်းမျက်လုံးကြီးပြူးပြီးသန်းစိုးရေ(ငါ့အရက်ထဲမှာအဆိပ်ပါသွားပြီသန်းစိုးရေသူတို့လက်ဦးသွားပြီကွ) အော်ဟစ်ညည်းတွားရင်း (၁၀) မိနစ်မကြာပါဘူး သန်းစိုး လက်ပေါ်တင်သွေးအန်ရင်းအသေဆိုးနဲ့သေခဲ့ရတာ လို့ ဆိုပါတယ်။ ဒီစကားတွေ ဒီအဖြစ်အပျက်တွေကို ဖုံးဖိပြီး ဦးကျော်ရွှေဦးနှောက်သွေကြောပျက်သေတာပါဆိုပြီးနာရေးကိုဆက်လုပ်တယ် နာရေးကိုရွာနားပတ်ဝန်းကျင်က အသိတွေအမျိုးတွေလာကူညီလုပ်ကိုင်ကြတယ်။ သားတွေတူတွေသားမက်တွေ ဦးစီးပြီး ဝါးတွေခုက် သရဏဂုံစင်တွေလုပ်ပြီး ခဏနားတော့တောသဘာဝ အရက်သောက်ကြမယ်ပေါ့ သူ့တူဖြစ်သူ စိုးမြင့်ဦး သားမက်ဖြစ်သူမောင်ဦးမြင့်နဲ့ဝိုင်းကူလုပ်တဲ့သူတွေစုပြီးအရက်သောက်ကြမယ်ပေါ့ဒါနဲ့ဦးကျော်ရွှေသောက်ပြီးတဲ့လက်ကျန်အရက်ကိုတယောက်ကယူလာတယ်ဒါကိုသားဖြစ်တဲ့သူကအရင်သောက်မလို့လုပ်တုန်းသူ့ယောက်ဖဖြစ်သူမောင်အုန်းမြင့် ကတားတယ် မင်းအဖေရဲ့နာရေးမှာ မင်းမသောက်သင့်ဘူး မသောက်ပါနဲ့ကွာ ဒို့ပဲသောက်မယ် ဒါနဲ့ မောင်အုန်းမြင့်နဲ့ စိုးမြင့်ဦးတယောက်တခွက်သောက်တယ်တတိယလူသောက်မယ်လုပ်တုန်းပထမသောက်တဲ့လူကပစ်လဲပြီးအကြောဆွဲသလိုဖြစ်ရောအဲဒါနဲ့လူတွေကကြွက်တတ်တယ်မှတ်လို့ဝိုင်းနိုပ်ပေးနေတုန်းဒုတိယသောက်တဲ့လူကထပ်ပစ်လဲပြီးဖြစ်ပြန်ရော နှစ်ယောက်စလုံး (၁၀) မိနစ်မကြာပါဘူးသွေးအန်ပြီးအဲဒီနေရာမှာသေတာပဲ လို့ ဆိုပါတယ်။ အဲဒီတော့မှအုပ်ချုပ်ရေးမှူးလှသိန်းနဲ့ရပ်မိရပ်ဖဦးရဲမြင့်တို့ရဲစခန်းအကြောင်းကြားတာဦးကျော်ရွှေကသွေးပေါင်တတ်ပြီးမူးလို့ အိမ်လှေကားပေါ်ကပြုက်ကျသေသလိုလို မောင်အုန်ီးမြင့်နဲ့စိုးမြင့်ဦးကတော့ မှိုတောက်သလိုလိုအင်္ဂလိပ်ဆေးနဲ့အရက်နဲ့ ရှော့ဖြစ်သလိုလို ပြောပြီး ရဲပါးစပ်ပေါက်ကို (၅၀၀၀) တန်အုပ် နဲ့ပိတ်လိုက်တယ် သေဆုံးသူ ဦးကျော်ရွှေရဲ့ တူစိုးမြင့်ဦး မိန်မမွေးခါနီးဗိုက်ကြီးနဲ့ကျန်ခဲ့သူကိုလည်းနစ်နာကြေးတွေပေးဦးကျော်ရွှေအော်ပြောတာကြားတဲ့သန်းစိုးနဲ့ဂျက်မောင်မောင်ကိုလည်း...

အသတ်မခံရခင် ရဲနဲ့ ရပ်ကွက်လူကြီးကို ကြိုပြောတယ်..သူတို့ ဘာမှ လုပ်မပေးဘူး .( မိသားစုဝင်၏ ရင်ဖွင့်သံ)

ရပ်ကွက်လူကြီးကို ကျွန်မတို့ သွားပြောတယ်။ မင်းမဲ့တိုင်းပြည် မဟုတ်ဘူးဆိုပြီးတော့ မစောင့်ပေးဘဲ ထွက်သွားကြတယ်။ ဘယ်သူမှ မရှိတဲ့အချိန်မှာ ကလေးတွေ ရှေ့ မှာပဲ တစ်ယောက်ပြီးတစ်ယောက် လည်ပင်းကို လှီးတာ ” – မိသားစုဝင်၏ ရင်ဖွင့်သံ။ အမျိုးသားလေးဦးက ဆွေးမျိုးမကင်းတဲ့ အမျိုးသားတစ်ဦးရဲ့ အိမ်ပေါ်ကို တက်သွားပြီး ကလေးငယ်တွေရဲ့ ရှေ့ မှာပဲ ဆံပင်ကိုလှန်ပြီးတော့ လည်ပင်းကို တစ်ယောက်တစ်လှည့်စီ ခဲတံချွန်တဲ့ဓါးနဲ့ လှီးဖြတ်ပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့ နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အချို့ သော မိသားစုဝင်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေကို ဒီလိုအသတ်ခံရမယ့်အနေအထားအကြောင်း ကြိုတင်အသိပေးခဲ့ကြပေမယ့် ဘယ်သူကမှ တာဝန်ယူ တာဝန်ခံပြီး ကြိုတင်ကာကွယ်ပေးတာမျိုးမလုပ်ခဲ့ဘူးလို့ လည်း အသတ်ခံရသူရဲ့ မိသားစုဝင်အမျိုးသမီးက အကုန်သိ သတင်းဌာနကို ရင်ဖွင့်ပြောကြားလာပါတယ်။ ရိုက်ကူး – သီဟ ၊ တည်းဖြတ်...

ကြံရည်ကြိုက်သူများ လုံးဝကျော်မသွားနဲ့ဗျာ ကြောက်ဖို့ကောင်းလွန်းလို့ ယုံတောင်မယုံနိုင်ဘူး

ကြံရည်မှာ လူကိုအန္တရာယ် ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ စွာသာမက ဘက်တီးရီးယားပိုး မြောက်များစွာပါဝင်တာကို စင်္ကာပူ နိုင်ငံ MOH မှ investigation လုပ်ရာမှာ တွေ့ရှိခဲ့ပါတယ်။ စင်္ကာပူ နိုင်ငံ စားသောက်ဆိုင် တွေဟာ ကမ္ဘာက စံထားရလောက်အောင် သန့်ရှင်းပါတယ် ။ ဆိုင်တွေကိုလည်း ကြပ်ကြပ်မတ်မတ် စီစစ်လေ့ရှိပြီး Grade A , Grade B စသဖြင့် သန့်ရှင်းသပ်ရပ်မှုကို ခွဲခြား ထားပေးလေ့ရှိပါတယ်။ ကြံရည်မှာ ဘက်တီးရီးယားပိုး များစွာပါဝင်ကြောင်း တိုင်တန်းမှုများပြုလုပ်လာ တဲ့အခါ မှာ MOH မှ ကွင်းဆင်းစစ်ဆေးကြပါတယ်။ သူတို့ လုပ်ပုံကိုင်ပုံ ကို မှတ်တမ်းပြုလေ့လာပါတယ် ။ ဘက်တီးရီးယားပိုး ပါဝင်ရလောက်အောင် ညစ်ညမ်းစွာ ကိုင်တွယ် ခြင်းကိုမတွေ့ခဲ့ရပါဘူး။ ကြံရည်ကို စစ်ကြည့်တဲ့ ခါမှာ တကယ်ဘဲဘက်တီးရီးယားပိုး မြောက်များစွာသာမက မလိုလားအပ်သော chemicals...

မော်တော်ကားတွေရဲ့ အရေးကြီးအစိတ်အပိုင်း ၀ိုက်ပါ ရဲ့ သမိုင်းကြောင်း

မော်တော်ကားတွေမှာတပ်ဆင်ထားတဲ့ ဝိုက်ပါကို ပထမဆုံးအနေနဲ့ ၁၉၀၃ ခုနှစ်ထဲမှာ Mary Anderson ဆိုတဲ့ အမေရိကန်အမျိုးသမီးက စတင်တီထွင်ခဲ့ပါတယ်။ သူမဟာ အိမ်ခြံမြေ နဲ့ မွေးမြူရေးလုပ်ငန်းရှင် ၊ စပျစ်ခြံစိုက်ပျိုးသူ တစ်ယောက်ဖြစ်ပါတယ်။ မိုးသည်းထန်စွာရွာတဲ့ရက်တစ်ရက်မှာ မော်တော်ကားမောင်းသူတစ်ဦးဟာ မြင်ကွင်းဝေဝါးနေခြင်းကြောင့် ဦးခေါင်းကိုပြူတင်းမှထုတ်ကြည့်ကာ မောင်းနှင်နေရတာတွေ့လို့ Anderson က ဝိုက်ပါကိုတီထွင်ဖို့စိတ်ကူးရှိလာတယ်။ ပထမဆုံးတီထွင်လိုက်တဲ့ လက်လှည့်ဝိုက်ပါဟာ သစ်သားယန္တရားများနဲ့ပြုလုပ်ထားပြီး မှန်သုတ်ကိုတော့ ရာဘာကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုခဲ့ကြပဲ ၁၉၁၆ ကျမှ မော်တော်ကားအတော်များများမှာ မရှိမဖြစ်ပစ္စည်းတစ်ခုအနေနဲ့ နည်းပညာဆန်းသစ်မှုတွေနဲ့အတူ တပ်ဆင်ခဲ့ကြတယ်။ လက်နဲ့မလှည့်ရတဲ့ ပထမမျိုးဆက်ဝိုက်ပါကိုတော့ ၁၉၁၉ ခုနှစ်မှာ William M. Folberth က တီထွင်ခဲ့တယ်။ ဒီ Automatic windshield wipers ဟာ စုတ်အားကိုအသုံးပြုတဲ့နည်းစနစ် Vacuum-powered system ဖြစ်ပြီး ၁၉၆၀ ခုနှစ်လွန်များအထိ မော်တော်ကားများမှာ...

ဖုန်းတာဝါတိုင်တွေက သင့်ကျန်းမာရေးကို ဘယ်လိုဒုက္ခပေးနိုင်လဲ .. ?

အကယ်လို့သင့်အိမ်နားမှာ ဆဲလ်ဖုန်း တာဝါတိုင် ရှိသလားဆက်သွယ်ရေးနည်းစနစ်တွေလျင်မြန်စွာတိုးတက်လာခြင်းနှင့်အတူလူသားတွေဟာအားကောင်းတဲ့ ကြိုးမဲ့မိုက္ကရိုဝေ့ဖ် လိုင်းတွေရဲ့ရိုက်ခတ်မူကိုများပြားစွာခံစားလာရပါတယ်။အပြည်ပြည်ဆိုင်ရာကြိုးမဲ့ဆက်သွယ်ရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရကမ္ဘာတစ်ဝန်းမှာ ဆဲလ်ဖုန်း သုံးစွဲသူပေါင်း (3) ဘီလီယံကျော် တယ်လို့ဆိုပါတယ် ဒီခေတ်လူသားတွေဟာဘိုးဘွားတွေထက်လျှပ်စစ်သံလိုက်လိုင်း အဆပေါင်းသန်းတစ်ရာလောက်ပိုမိုထိတွေ့ခံစားနေရပါတယ် အဆိုပါလျှပ်စစ်သံလိုက်ဓါတ်တွေများပြားလာရခြင်းဟာ အဓိကအရေးပါတဲ့ အကြောင်းကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဆဲလ်ဖုန်း တာဝါတိုင် တွေကို ကုန်းမြင့်တောင်တန်းပေါ်မှာတည်ဆောက်ကြလေ့ရှိပြီး ယခုအခါမှာတော့ လူနေဧရိယာထဲမှာပါတည်ဆောက်လာကြပါတယ် လျှပ်စစ် သံလိုက်စက်ကွင်း Electronic Megnetic Fielts တွေဟာလူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါတယ်။ လက်ရှိလေ့လာမူတွေအရ လျပ်စစ်သံလိုက်စက်ကွင်းထွက်ရှိတဲ့ပင်မဓါတ်အားပေးတာဝါများနှင့်ဆဲလ်ဖုန်းတာဝါများအနီး နေထိုင်သူတွေဟာစိတ်ဖိစီးမှုအိပ်စက်မူဆိုင်ရာ ပြဿနာများ ကလေး မရနိုင်ခြင်း ကင်ဆာမှသည်အယ်လ်ဇိုင်းမားရောဂါအထိဖြစ်ပွားကြောင်းသိရပါသည်။ ဆဲဖုန်းတာဝါတိုင်များမှထုတ်လွှင့်သော လိုင်းပမာဏဆဲဖုန်းတာဝါတိုင်တွေမှာလျှပ်စစ်သံလိုက်လိုင်းတွေကို ဖမ်းယူမူ ထုတ်လွှင့်မူ အချက်ပြမှုတွေကိုပြုလုပ်ရပါတယ်။ဖုန်းတာဝါတိုင်တွေထုတ်လွှင့်တဲ့မိုက်ခရိုဝေးလ်ကြိမ်နှုန်း Frequency ဟာ(1900 MHZ) ရှိပါတယ် ဒါဟာအလွန်အန္တရာယ်များတဲ့ပမာဏဖြစ်ပါတယ်။ ယခုလတ်တလောလေ့လာချက်တွေအရ ဖုန်းတာဝါတိုင်တွေရဲ့၁ စတုရန်းကီလိုမီတာပတ်လည်အတွင်းရှိနေတဲ့ မည်သည့်သက်ရှိကိုမဆိုထိခိုက်မှုရှိကြောင်းသိရပါတယ်။ လူ့ခန္ဓာကိုယ်ဟာလည်းလျှပ်စစ်သံလိုက်ဓါတ်ရှိပြီးကြိမ်နှူန်း (10 HZ)လောက်ရှိပါတယ် လူခန္ဓာကိုယ်ကလပ်စည်းဆဲလ်တခုခြင်းဆီမှာလည်း လျှပ်စစ်သံလိုက်ဓါတ်ရှိပါတယ်။ အဆိုပါကလပ်စည်းအတွင်းကလျှပ်စစ်သံလိုက်ဓါတ်ကိုမျှခြေဖြစ်နေအောင်ထိန်းသိမ်းခြင်းဟာ ကျန်းမာရေးအတွက်အရေးကြီးပါတယ်။ ဆယ်စုနှစ်နှင့်ချီပြီးလေ့လာခဲ့တဲ့သုတေသနတွေအရ...

သွားကိုက်​သက်​သာ​စေမယ့်​ အိမ်​တွင်းနည်းလမ်း​လေး​တွေ

အားလုံးလိုလို ဘဝမှာ အနည်းဆုံး သွားတစ်​ခါ​တော့ ကိုက်​ဖူးကြမှာပါ။ သွားကိုက်​သက်​သာမယ့်​ ​အိမ်​တွင်းနည်းလမ်း ​လေး​တွေ တင်​ဆက်​​ပေးလိုက်​ရပါတယ်။ ဆားရည်​နဲ့ ပလုတ်​ကျင်း​​ပေးပါ ဆားရည်​က နဂိုသဘာဝကိုက အလိုလိုပိုးသတ်​​ပေးပါတယ်​။ လွယ်​ကူထိ​ရောက်​မယ့်​ နည်းလမ်းပါ။ ဆားကို လက်​ဖက်​ဇွန်း တစ်​ဇွန်း သို့ နှစ်​ဇွန်း ယူပြီး ​ရေ​နွေး​လေးနဲ့ ​ဖျော်​၊ ပလုတ်​ကျင်း​ပေးပါရမှာပါ။ ဟိုက်​ဒရိုဂျင်​ပါ​အောက်​ဆိုဒ်​ သူက နာကျင်​မှုကို သက်​သာ​စေပါတယ်​။ သွား​ချေး​တွေကို ဖယ်​ရှား​ပေးရုံတင်​မက သွားဖုံး​သွေးယိုရခြင်းကိုပါ ​ပျောက်​ကင်း​စေတယ်​။ ဆားရည်​လိုပဲ ပလုတ်​ကျင်း​ပေးရမှာပါ။ မျိုမချမိ​ဖို့​တော့ လိုပါတယ်​။ ​လေးညှင်းပွင့်​ သို့ ​လေးညှင်းပွင့်​အဆီ သဘာဝကိုက ပိုးသတ်​​ဆေးပါပြီသားမို့ ​ခေတ်​တိုင်းရဲ့ လက်​စွဲပါ။ ​လေးညှင်းပွင့်​အဆီ ၂စက်​ကို သွားကိုက်​တဲ့​နေရာမှာ ကိုက်​တဲ့ဒဏ်​​ပျောက်​တဲ့အချိန်​အထိ လူးထား​ပေးပါ။ ရေခဲကပ်​ခြင်း ​ရေခဲကပ်​တာက ဘယ်​လိုနာကျင်​မှုမျိုးမဆို သက်​သာ​စေပါတယ်​။ ​ရေခဲကို ပလတ်​စတစ်​အိတ်​ထဲထည့်​ပြီးဖြစ်​​စေ၊ အဝတ်​နဲ့ထုပ်​ပြီးဖြစ်​​စေ သွားကိုက်​​နေတဲ့​နေရာအ​ပေါ် ဆယ့်​ငါးမိနစ်​​လောက်​ တင်​ထား​ပေးပါ။ ကြက်​သွန်​ဖြူ...

အသဲတခြမ်းလှီးထားပြီး တလဘဲ ခံတော့မယ် ပြောတဲ့လူနာတောင် ကျန်းမာလာလို့ မျှဝေပါတယ်

အသဲခြောက်ပြီး ရေဖြင်းဆွဲ ရောဂါအတွက် ဆေးကောင်းတခွက် အသဲဆရာဝန်ကြီး နဲ့ ကုနေတာ အသဲလည်း တခြမ်လှီးထားပြီးပြီ တလဘဲ ခံတော့မယ် ပြောပါတယ်။ အခု ပုံပါ ရွှေနွယ်အပင်ကို၃ခွက်၁ခွက်ကြိုသောက်တာ တော်တော်ကြီး ပြန်လည် ကျန်းမာ လာတာ ကိုယ်တွေ့မို့ ပြန်လည် ဝေမျပေးလိုက်ပါတယ်။ ဒီအပင်ကတော့ရှားတယ်ပြောတယ်။Credit:  Tameelay