အဝေးသင် အနီးကပ် ၁၀ ရက် နှစ်ကြိမ်ခွဲ တက်ရမယ့်ကိစ္စ ကျောင်းသားတွေ ကန့်ကွက်

အဝေးသင်ပညာရေးစနစ်သစ်ကို ပြောင်းလဲတဲ့အနေနဲ့ အနီးကပ် သင်တန်း ၁၀ ရက်ကို နှစ်ကြိမ်ခွဲပြီး တက်ရောက်တဲ့စနစ်ကို ကန့်ကွက်ကြောင်း ဖဲကြိုးနီ ကမ်ပိန်းကို ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဒီနေ့မနက်က ဆောင်ရွက်ခဲ့ပါတယ်။ ဒီဖဲကြိုးနီ ကမ်ပိန်းကို ရတနာပုံ တက္ကသိုလ်အတွင်းနဲ့ တက္ကသိုလ်ရှေ့တွေမှာ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော်က RFA ကို ပြောပါတယ်။ အဝေးသင် ကျောင်းတက်ရက်ကို ငါးရက် နှစ်ကြိမ်ခွဲပြီး သတ်မှတ်ဖို့ကိစ္စကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂ ဥက္ကဋ္ဌက ပညာရေးဝန်ကြီးဌာနကို တင်ပြခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတင်ပြချက်ကို တက္ကသိုလ် အသီးသီးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေ၊ ဆရာများ သမဂ္ဂတွေရဲ့ သဘောထားကို မတ် ၁၅ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ပေးဖို့ကိုလည်း ပညာရေးဝန်ကြီးဌာနက အသိပေးစာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်...

မလေးရှားကို ၀င်ဖို့ ကြိုးစားသူ မြန်မာ ခုနှစ်ဦး ဖမ်းဆီးမိ

မလေးရှားနိုင်ငံ လန်ကာဝီကျွန်းကို ရေလမ်းကနေ တရားမ၀င် ၀င်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာနိုင်ငံသားလို့ ယူဆရသူ ခုနှစ်ဦးကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေက ပြောပါတယ်။ လန်ကာဝီ သဘောင်္ဆိပ်၊ လူဝင်မှု စစ်ဆေးရေး အ၀င်မှာ မသင်္ကာဖွယ် အမျိုးသမီးတစ်ဦးကို စစ်ဆေးခဲ့ရာက ခရီးသွားဆိုင်ရာ အထောက်အထား မပါဘဲ ၀င်လာတာဖြစ်ကြောင်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ထိန်းသိမ်းခံရသူဟာ မြန်မာအမျိုးသမီးဖြစ်ပြီး၊ နောက်ထပ် အထောက်အထားမဲ့ မြန်မာ အမျိုးသား သုံးဦး နဲ့ မြန်မာအမျိုးသမီး သုံးဦး တို့ကိုလည်း အဲဒီ သင်္ဘောကပဲ ထပ်မံတွေ့ရှိ ထိန်းသိမ်းခဲ့ပါတယ်။ သူတို့ဟာ လန်ကာဝီ က တဆင့် မလေးရှားနိုင်ငံတွင်းကို ၀င်ရောက်ဖို့ ကြိုးစားခဲ့ကြပုံရကြောင်းလည်း အရာရှိတွေက ပြောပါတယ်။ သူတို့ကို မေလ ၉ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပြီး၊ မေလ ၁၂ ရက်နေ့မှာ...

ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အကောင့်ဖျက်ပေးဖို့ တွစ်တာကို တောင်းဆို

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမှာ တာဝန်ရှိသူအဖြစ် ကုလသမဂ္ဂက စွပ်စွဲထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ Twitter အကောင့် ဆက်ပြီး ရှိနေတဲ့အတွက် ဖျက်သိမ်းပေးဖို့ Twitter ကုမ္ပဏီနဲ့တွေ့ဆုံရာမှာ အဓိက တောင်းဆိုခဲ့ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌက ဗွီအိုအေကို ပြောပါတယ်။ မြန်မာအပါအ၀င် ကမ္ဘာတလွှားက လုပ်ကြံသတင်းနဲ့တိုက်ခိုက်ခံရသူတွေနဲ့ ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Facbook၊ Twitter နဲ့ Google ကတာဝန်ရှိသူတွေ ပြီးခဲ့တဲ့သတင်းပတ်က အမေရိကန်ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ်မှာ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံက ဆက်လက်တင်ဆက်မှာပါ။ ကာလီဖိုးနီးယားပြည်နယ်က ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook, Twitter နဲ့ Google တို့ရဲ့ အခြေစိုက် Silicon Valley မှာ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ လုပ်ကြံသတင်းနဲ့ အတိုက်အခိုက်ခံရသူတွေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေဟာ မေလ...

နိုင်/ကျဉ်း လွတ်မြောက်ရေး စုဖွဲ့လှုပ်ရှား

ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက်ဆိုပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ စတင်ပြီး စုစည်းလှုပ်ရှားလာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တချိန်တုန်းက အကျယ်ချုပ်ခံနေရစဉ် လှုပ်ရှားမှုမျိုး လှုပ်ရှား ဆောင်ရွက် သွားမှာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။ NLD အရပ်သားအစိုးရလက်ထက် သတင်းမီဒီယာသမားတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ပြည်တွင်းစစ် ရပ်တန့်ရေး ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပုဒ်မအမျိုးမျိုးနဲ့ ပြစ်ဒဏ်စီရင်ထောင်ချခံရသလို၊ အများအပြား ဟာလည်း စွဲချက်အမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရဆဲဖြစ်တာမို့ ဒီလူတွေလွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှုတရပ် စတင်လှုပ်ရှားနေကြ တာဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တချိန်တုန်းက နေအိမ်အကျယ်ချုပ်ကာလ ကျခံနေရစဉ် သူမအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုမျိုး ပြန်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီလှုပ်ရှားမှု ကမ်ပိန်းမှာ ပါဝင်တဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်-အသံကပြောပါတယ်။ ဒီလှုပ်ရှားမှုရဲ့ အဓိကတောင်းဆိုချက်တွေကို...

မြဝတီသွားအာရှလမ်းပေါ်တွင် အောင်စစ်သည် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာခရီသည် ၃၄ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မှ မြဝတီဘက်သို့ အာရှလမ်းအတိုင်း မောင်းနှင်လားသော အောင်စစ်သည် ခရီးသည်တင် မှန်လုံယာဉ်သည် မေ ၁၃ ရက် နံနက် ၄ နာရီခန့်က ကွမ်းခြံကုန်းအဆင်းအရောက်တွင် မိုးရွာသွန်းထားမှုကြောင့် စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ၃၄ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါနေရာသည် မကြာခဏဖြစ်ပွားနေသောကြောင့် အသိပေးဆိုင်းဘုတ်များ Slow Downလမ်းခုံးငယ်များ ဆောင်ရွက်ပေးထားရပြီ ယခုတိမ်းမှောက်သောပန်းစိမ်းရောင် စိုင်းလုံအမျိုးအစား ယာဉ်အမှတ်YGN2Q——အား ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်နေကိုထွန်းကျော်မောင်းနှင်းကာ ယာဉ်နောက်လိုက်အပါအဝင် ကျား(၁၅)ဦး၊မ(၁၉) ဦး၊ စုစုပေါင်း(၃၄)ဦး မစိုးရိမ်ရ ဒဏ်ရာအသီးသီးရှိခဲ့သဖြင့် သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ ရဲအုပ်ရဲနိုင်ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ပူးပေါင်းကာမြဝတီဆေးရုံသို့ ပို့ဆောင်ပေးခြင်း ယာဉ်ကြောကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ နေမျိုးလွင်(ပြန်/ဆက်) Myanmaalinn

စစ်တွေမှ စစ်ဘေးရှောင်များအား ပြန်ခိုင်းသော်လည်း မငြိမ်းချမ်းလျှင် မပြန်နိုင်ဟုဆို

စစ်တွေမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအား သက်ဆိုင်ရာ မြို့နယ် အသီးသီးသို့ ပြန်ရန် ရခိုင်ပြည်နယ်အဆင့် အစိုးရ တာဝန်ရှိသူများမှ ဖိအားပေးမှုများရှိနေသော်လည်း ဒေသမငြိမ်းချမ်းလျှင် မပြန်နိုင်ဟု စစ်တွေမြို့ပေါ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များက ပြောကြားသည်။ စည်တောင်ရွာမှ စစ်တွေ အမျိုးသားကျောင်းတွင် တည်းခိုနေထိုင်နေသည့် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “ ရွာကနေ စစ်တွေကိုရောက်နေတဲ့လူတွေကို ပြန်လို့ရပြီလို့တော့ ပြောလာတယ်လို့ ပြောပါတယ်။ ကျမတို့ ပြန်လို့မဖြစ်နိုင်ပါ။ ကျမတို့မှာ အခက်အခဲတွေရှိနေပါတယ်။ စစ်တပ်တွေကလည်း ရွာမှာရှိတယ်။ ရွာပြန်ရင် ကျမတို့မှာကတော့ စားဝတ်နေရေးတွေ အခက်အခဲရှိနေပါတယ်။ အပြင် နေရာတွေကို ထွက်လို့ လုပ်ကိုင်စားသောက်လို့မရတော့ဘူး။ ကျမတို့က ကျပန်းလုပ်စားတာပါ။လယ်တွေ ယာတွေလည်း မရှိတော့ တစ်နေ့ရှာမှ တစ်နေ့ စားရတာမို့လို့ပါ။ အပြင်ကိုလည်း သွားလို့မရတော့ဘူး။ ရွာမှာနေလို့ရှိရင် အဆင်မပြေဘူး။ ရွာမှာ မနေဝံ့တော့လို့ပါ”ဟု ပြောကြားသည်။ အဆိုပါ အမျိုးသမီးအပါအ၀င်...

နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ် မလေးရှား ဟန့်တားနိုင်ခဲ့

နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်မည့် အစီအစဉ်များကို မလေးရှား ရဲတပ်ဖွဲ့က ကြိုတင်သိရှိ ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိုင်အက်စ်အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ စစ်သွေးကြွ လေးဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ အိုင်အက်စ်အကြမ်းဖက်အုပ်စုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အဆိုပါ စစ်သွေးကြွ လေးဦးဟာ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်ထားပြီး မွတ်ဆလင် မဟုတ်တဲ့ ဘာသာရေးနေရာတွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ မလေးရှား နိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံမှ ဘင်္ဂါလီ (ရိုဟင်ဂျာ) နှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးတို့ ပါဝင်တဲ့ သံသယရှိ လူလေးဦး အဖွဲ့ကို မလေးရှား ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့အပတ် ကွာလာလမ်ပူနဲ့ အရှေ့ တာရန်ဂါနူ ပြည်နယ်မှာ လုပ်ဆောင်တဲ့ စီးနင်းမှုတွေအတွင်း ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖမ်းဆီးရမိထားသူတွေဟာ အိုင်အက်စ်အုပ်စုနဲ့ ဆက်နွယ်နေသူတွေဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဘဒူလ်...

မိုင်းပျဉ်းတွင် ချောင်းအတွင်း ယာဉ်တစီး ထိုးကျ၊ ၅ ဦး ရေနစ်သေဆုံး

ရှမ်းပြည်နယ်၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက် ကျိုင်းတုံ-တောင်ကြီးကားလမ်း မိုင်တိုင် (၃၃၆/၇) ကြားမှာ မေ ၁၂ ရက် ညနေပိုင်းက ယာဉ်တစီး ချောင်းထဲထိုးကျခဲ့လို့ ၅ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။ တာချီလိတ်ကနေ တောင်ကြီးကို မောင်းနှင်ပြီး လူ ၇ ဦးလိုက်ပါလာတဲ့ ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ အနက် ၅၀ ပေလောက် ချောင်း (ရေအနက် ၇ ပေ) အတွင်း ထိုးကျပြီး ပက်လက်လန်တိမ်းမှောက်ခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း သီဟ အပါအ၀င် ၅ ဦး (ကျား ၃၊ မ ၂) တို့ ယာဉ်အတွင်းပိတ်မိပြီး အခင်းဖြစ်နေရာမှာ ရေနစ်သေဆုံးခဲ့ကာ ကျန် ၃ ဦး (မစိုးရိမ်ရ) ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မိုင်းပျဉ်းပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။...

ရတနာပုံ တက္ကသိုလ်ကျောင်းသားများ ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်

အဝေးသင်ပညာရေးစနစ်သစ်ဟာ ကျောင်းသားတွေ ကျောင်းတက်ရာမှာ အခက်ခဲ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ရတနာပုံတက္ကသိုလ် အဝေးသင်ကျောင်းသားတွေနဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး ဖဲကြိုးနီ ကမ်ပိန်းပြုလုပ် ကန့်ကွက်ခဲ့ကြပါတယ်။ ပထမနှစ်အဝေးသင်ကျောင်းသားသူရိန်မိုးက “ကျနော်တို့ အဝေးသင်ကျောင်းသားတွေကို orentation ၅ ရက်နဲ့ အနီးကပ် ၅ ရက် တက်ခိုင်းဟာ ကျောင်းသားထုအတွက် အဆင်မပြေဘူး။ ဒါကြောင့် အခုလို ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ခြင်းဖြစ်တယ်။ အဝေးသင်အားလုံးက ကျောင်းတက်ရင်းအလုပ် လုပ်ကြတဲ့သူတွေများတယ်။ အစိုးရဝန်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေလည်းရှိတယ်။ ဒါကြောင့် အခုပြောင်းလဲ ထုတ်ပြန်လိုက်တဲ့ အဝေးသင်ပညာရေး စနစ်သစ် ကြေညာချက်ဟာ အဆောင်ငှားစရိတ်တွေ ကျူရှင်စရိတ်တွေ သွားလာရေးနဲ့နေထိုင် စားသောက်စရိတ်တွေ အခက်အခဲရှိလာမှာမို့ အခုလို ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်ကြတာပါ”လို့ ဥပဒေ ပြောပါတယ်။ အဝေးသင်ပညာရေးစနစ်သစ်ကြေညာချက်ကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာရေး ဦးစီးဌာနက မေလ ၉ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။...

အကျဉ်းထောင်ထဲ ကန့်သတ်ပစ္စည်းသွင်းနေမှု လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

အကျဉ်းထောင်တွေထဲမှာ ကန့်သတ်ပစ္စည်းတွေ တင်သွင်းသုံးစွဲနေတာကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဘယ်လိုကိုင်တွယ်လုပ်ဆောင်မလဲလို့ လွှတ်တော် ကိုယ်စားလှယ်တဦးက မေးခွန်းထုတ်လိုက်ပါတယ်။ မေ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်မှာ တောင်ကုတ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆွေးနွေးရင်း မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ “အကျဉ်းသားအချုပ်သားတွေ သွင်းဖို့ခက်ခဲတဲ့ ထောင်ဝင်စာမှတဆင့် သွင်းရန်ကန့်သတ် ထားတဲ့ ဥပမာ လက်ကိုင်ဖုန်း၊ ဘောပင်၊ ဆော့ပင်၊ ၀ှိုက်ဘုတ်၊ မိုက်ရိုဖုန်းတို့ကို ကိုင်ဆောင် သုံးစွဲနေတာဟာ မြန်မာနိုင်ငံတနိုင်ငံလုံးသာမက ကမ္ဘာ့မီဒီယာအထိ ပျံ့နှံ့သွားခဲ့ပါတယ်။ အကျဉ်းသားများ အကျဉ်းထောင်ထဲတွင် တရားဝင် ကိုင်ဆောင်ဖို့ ကန့်သတ်ထားသော ပစ္စည်းများ ကို ကိုင်ဆောင်နေခြင်းဟာ အကျဉ်းထောင်၏ အုပ်ချုပ်စီမံမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးရှုထောင့်မှ ကြည့်ရင်လည်း သံသယဖြစ်ဘွယ် တွေ့ရှိရပါတယ်၊ဒါကိုလည်း မည်ကဲ့သို့ စုံစမ်းဖော်ထုတ်အရေးယူမည်ကို သိလိုပါတယ်၊” အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့...