စာသင်ခန်း မရောက်နိုင်တော့တဲ့ မူလတန်းပြ ဆရာမလေး…

ရမ်းဗြဲမြို့နယ် မီးကျောင်းတက်ရွာနဲ့ သပြေကျွန်းရွာအကြား ကျေးလက်ကားလမ်းမှာမှုခင်းဖြစ်ပွားခဲ့တာပါ..ဆရာမလေး နာမည်က မမေဇင်နှင်း လို့ ခေါ်ပါတယ်..။ ဆရာမ ဆိုတာ ..နာ (၃) နာနဲ့..တစ်ပြားမရှိ တပည့်မရှား ပီတိကိုစား အားရှိ၏ ဆိုသလို..ကျောင်းသား ကျောင်းသူ ကလေးလေးတွေကို စာတတ်မြောက်ဖို့ အတွက် (၃) မိုင်လောက် ဝေးတဲ့ ခရီးကို ခြေကျင်လျှောက်ပြီး လာခဲ့တယ်..။ ကံအကြောင်းရယ် မလှတော့… တစ်ယောက်တည်း လာတဲ့လမ်းမှာ..ယုတ်မာပြီး သွေးဆာနေတဲ့ ကာမ မိစ္ဆာတွေက အသင့်စောင့်နေခဲ့တာ.. ဆရာမလေး မသိရှာဘူး..လူသူပြတ်တဲ့ ဒီလမ်းခရီးမှာ.. ကယ်ပါယူပါ..တစာစာ အော်ပေမယ့်လည်း..ကူသူမဲ့..ကယ်သူမဲ့လို့… ဆရာမလေးရဲ့ အဖြစ်ဆိုးက.. မတွေးရက်စရာ..။ ယုတ်မာလိုက်တဲ့ ကာမ မိစ္ဆာတွေက အသွေး..အသား.. ကို ယူယုံ မျှ မက..ဆရာမလေး ရဲ့ အသက်ကိုပါ ယူခဲ့ပြီ…ရက်စက်လိုက်ကြတာ…တဖက်ရွာမှာ..တပည့်တွေ က တော့ ဆရာမလေး စာလာသင်ပေးမှာကို စာအုပ်လေးနဲ့ စောင့်နေကြလို့…ကျောင်းအုပ်ကြီး...

နှလုံး မရှိပဲ ၁ နှစ်ကျော် အသက်ရှင်ခဲ့သူ

အမေရိကန် မီချီကန်က အသက် ၂၅နှစ် အရွယ် Stan Larkin ဆိုသူဟာ နှလုံးမရှိပဲ ၁၇လကြာနေထိုင်ခဲ့ပြီးနောက် ဆေးလောကရဲ့ စံချိန်သစ်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Stan Larkin ရဲ့ နှလုံးဟာ မျိုးရိုးပြဿနာကြောင့် ငယ်စဉ်ကတည်းက ရောဂါခဏခဏဖြစ်ကာ ခြူခြာလေ့ရှိပါတယ်။ တဖြည်းဖြည်းနဲ့ ဆိုးရွားလာပြီးနောက် အစားမထိုးလို့မဖြစ်တဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် အစ်ကိုဖြစ်သူဟာ သူ့အတွက် အမျိုးအစားတူတဲ့ နှလုံးကို လိုက်လံရှာဖွေခဲ့ရပါတယ်။ ဒီလိုရှာဖွေနေတဲ့အချိန်မှာ မူလနှလုံးနဲ့အသရှင်ဖို့မဖြစ်နိုင်တော့တဲ့ Larkin အတွက် ဆေးသိပ္ပံအင်ဂျင်နီယာတွေက နှလုံးအတုတစ်ခုကို ဖန်တီးပေးခဲ့ကြပါတယ်။ အခြေခံအားဖြင့် နှလုံးရဲ့လုပ်ဆောင်ပုံနဲ့တူညီတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး ဒီပစ္စည်းကို သွားလေရာမှာ ယူဆောင်သွားရမှာဖြစ်ပါတယ်။ ဒီပစ္စည်းတပ်ဆင်ထားတာကြောင့် သာမန်လူတွေလိုတော့ ကစားနိုင် ၊ ပြေးနိုင်မှာ မဟုတ်ပါဘူး။ အစားထိုးခဲ့ရပေမယ့် ဆရာဝန်တွေကတော့ ဒီပစ္စည်းဟာ နှလုံးနေရာမှာ အချိန်အနည်းငယ်သာ အစားထိုးနိုင် လိမ့်မယ်လို့ ထင်ထားကြပါတယ်။ အမျိုးအစားတူတဲ့ လှူဒါန်းထားတဲ့နှလုံးတစ်ခု...

မြင်းခွာရွက်က သင့်ကျန်းမာရေးအတွက် အလွန်အထောက်အကူ ဖြစ်စေသည်

ဒီရောဂါတွေရှိရင် မြင်းခွါရွက်ပဲစားလိုက်ပါ မြင်းခွာရွက်က သင့်ကျန်းမာရေးအတွက် အလွန်အထောက်အကူ ဖြစ်စေတာကို သိပြီးသား ဖြစ်မှာပါ။မြင်းခွာရွက်ကို တစ်နေ့ (၃) ရွက်လောက် စားပေးခြင်းဖြင့် နုပျိုနေစေပြီး လိင်ကိစ္စမှာပါ အစွမ်းတက်စေပါတယ်။မြင်းခွာရွက်ကို အရွက်သုပ်အဖြစ်၊ တို့စရာအဖြစ် စားတာအပြင် အရည်ညှစ်ပြီးလည်း သုံးနိုင်ပါသေးတယ်။ ကျန်းမာကြံ့ခိုင်ပြီး ခွန်အားတိုးစေဖို့အတွက်ဆိုရင် သကြား၊ ပျားရည်နဲ့ ရောစပ်ထားတဲ့ ဖျော်ရည်ကို နေ့စဉ် သောက်ပေးပါ။အသက်ရှည်ပြီး အနာကင်းဝေးချင်တယ်ဆိုရင် မြင်းခွာရွက်အရည်ကို ငရုတ်ကောင်း၊ ပျားရည်နဲ့ ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးထဲ သွေးပါခြင်း နာကျင်ကိုက်ခဲခြင်း၊ တို့ကိုလည်း ပျောက်ကင်းစေပါတယ်။ သွေးတိုးရောဂါကို သက်သာစေချင်ရင် အရွက်ကို အခြောက်ခံပြီး အမှုန့်ကြိတ်ပြီး လက်ဖက်ခြောက်အဖြစ် သောက်ပေးလို့ ရပါတယ်။ခြေလက်နဲ့ ဒူးခေါင်း နာကျင်တာ၊ ခြေဆစ်၊ လက်ဆစ်ညပ်တာတွေအတွက် ရေနံဆီနဲ့ ရောစပ်ပြီး နှိပ်နယ်လိမ်းကျံပေးလိုက်ပါ။ အရေပြားမှာ ယားယံတာ၊ အရေပြားမှာ အနာ ဖြစ်တာပွန်းပဲ့ရှနာထိခိုက်ဒဏ်ရာဖြစ်တာတွေအတွက်...

တစ်မျိုးသားလုံးနဲ့သက်ဆိုင်လာပြီဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်မှ ကြောက်မက်ဖွယ် HIV အန္တရာယ်

နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုးအဓွန့်ရှည်တည်တံ့ဖို့ဆိုတာတစ်မျိုးသားလုံးမှာတာဝန်ရှိပါတယ်။အဲဒီလိုပဲကိုယ့်လူမျိုးရဲ့ကျန်းမာရေး၊ပညာရေးနဲ့စားဝတ်နေရေးတွေဟာလည်း လူတစ်ဦးတစ်ယောက်ချင်းစီမှာတာဝန်ရှိတယ်ဆိုရင်မမှားပါဘူး။အခုဆိုရင်တော့ တစ်မျိုးသားလုံးလျစ်လျူရှု့နေလို့မရတဲ့ ကြောက်မက်ဖွယ်အန္တရာယ်ကြီးက တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်ပွားပျံ့နှံ့လို့နေပါပြီ။ ဖြစ်ပုံကတော့ဒီလိုပါ။ တရုတ်-မြန်မာ နယ်စပ်က ထရပ်ကားဒရိုင်ဘာတစ်ယောက်မှာHIV နဲ့အလားသဏ္ဍာန်တူတဲ့ ကြောက်မက်ဖွယ်ကူးစက်ရောဂါပိုးတစ်မျိုးပျံ့နှံ့လျက်ရှိကြောင်းတရုတ်နိုင်ငံက စမ်းသပ်တွေ့ရှိချက်တစ်ခုကိုထုတ်ပြန်လိုက်ပါပြီ။ အဲဒီ ရောဂါပိုးက လောလောဆယ်HIV မဟုတ်သေးပေမယ့် AIDS ရောဂါ ဖြစ်လာဖို့အလားအလာအများကြီးရှိတဲ့ ရောဂါပိုးအမျိုးအစားဖြစ်တယ်လို့ဆိုပါတယ်။AIDS Research and Human Retro Viruses ဂျာနယ်မှာပါဝင်တဲ့ သတင်းထုတ်ပြန်ချက်အရAIDS ဖြစ်လာနိုင်တဲ့ ရောဂါပိုးဟာ အခြားသောရောဂါပိုးတွေထက် 14 ဆလောက် မျိုးပွားနှုန်းပိုမိုမြန်ဆန်ကြောင်းသိရပါတယ်။ဒါ့အပြင် ထရပ်ကားဒရိုင်ဘာမှာတွေ့ရှိရတဲ့ ရောဂါပိုးတွေက အလွန်များပြားတဲ့ပမာဏဖြစ်တဲ့အတွက်အဆိုပါကားဒရိုင်ဘာဟာ အကာအကွယ်မရှိတဲ့ လိင်ဆက်ဆံမှုကို ကြိမ်ဖန်များစွာပြုလုပ်ထားသူတစ်ဦးဖြစ်နိုင်ကြောင်းခန့်မှန်းရပြီးHIV ရောဂါပိုးရှိတဲ့ အပျော်မယ်တွေနဲ့ ခဏတိုင်းပျော်ပါးဖူးသူလည်းဖြစ်နိုင်ကြောင်းကောက်ချက်ဆွဲနိုင်ပါတယ်။ ဒရိုင်ဘာဖြစ်သူဟာ မြန်မာပြည်မြောက်ပိုင်းဇာတိဖြစ်ပြီး ယူနန်တောင်ပိုင်းနဲ့အခြားတရုတ်ပြည်နယ်တွေကို မကြာခဏဖြတ်သန်းသွားလာနေသူတစ်ဦိးဖြစ်ပါတယ်။ မြန်မာနဲ့တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့India မှာဆိုရင် ထရပ်ကားဒရိုင်ဘာတွေရဲ့ ပြည်တွင်းအပျော်မယ်တွေကိုကျယ်ပြန့်စွာအသုံးပြုခြင်းဟာနိုင်ငံတွင်း HIV ပြန့်ပွားနှုန်းရဲ့အဓိကအကြောင်းအချက်တစ်ခုလည်းဖြစ်ပါတယ်။ Kunming Institute of Zoology က Professor ZhengYongtang...

အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ခြင်းတို့ အတွက် ဆေးစွမ်းကောင်းများ

အဆစ်ရောင်ခြင်းတို့ အတွက် ဆေးစွမ်းကောင်းများ”အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ခြင်းတို့ အတွက် နီပါးဆေးပင်(တောရဲယို)။ ၁။အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများ ပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း ၏ ။ ပင့်ကူ ထိပ်ပိတ် ၂။ ပင့်ကူ ထိပ်ပိတ် ရွက်ကို ကြိတ်၍ ရသော အရည်၌ ပိတ်ချင်းသီး မှုန့် အနည်းငယ် ရောသောက် သော် အကြော ၊ အဆစ် ရောင်ရောဂါ ပျောက်၏။ ပဒိုင်းညို ၃။ ပဒိုင်းညိုအရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင် ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။ ပတဲကောလေး ၄။ ပတဲကောလေးကိုဆီနှင့်ချက်၍လိမ်းနယ် ပေးသော်အကြောတက်ခြင်း၊လေးလံ ခြင်းရောဂါ...

ဈေးပိုရောင်းသည့် ထီကိုယ်စားလှယ် များကို အရေးယူ စပေါ်ငွေပါသိမ်း

အောင်ဘာလေထီလက်မှတ်ဈေးပိုရောင်းလို့ ထီကိုယ်စားလှယ် ၃၈၀ ကို အရေးယူထားပြီး သူတို့ရဲ့ စပေါ်ငွေ ကျပ် ၁၂၄ သန်းကျော်ကို သိမ်းယူခဲ့တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့တာဖြစ်ပြီး ထီဆုတွေထဲမှာ ကျပ်သိန်း ၂၀၀ နဲ့ ကျပ်သိန်း ၃၀၀ ဆုတွေ များများထည့်သွင်းပေးဖို့လည်း ပြည်တွင်းအခွန်ဦးစီးဌာနက သုံးသပ်လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တဲ့ ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေအစီရင်ခံစာနဲ့ စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်အစီရင်ခံစာ(၁၁/၂၀၁၈) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ် စီမံဘဏ္ဍာဒုဝန်ကြီးက ရှင်းလင်းပြောခဲ့တာ ဖြစ်ပါတယ်။ ထီဆုမဲများကို ကျပ်သိန်း ၂၀၀၊ ၃၀၀ စသည်ဖြင့် ဆုမဲများများ ခွဲဝေပေးရေး ဆွေးနွေးချက်နဲ့ စပ်လျဉ်းပြီးတော့ ကျနော်တို့ မှတ်သားထားရှိပြီးတော့...

အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလိုရှိကြောင်း ကြော်ငြာစာရွက်များ မူဆယ်တွင် လာကပ်ထား၍ မြို့ခံများ ဒေါသထွက်

တရုတ်အမျိုးသားများ အတွက် အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားအလိုရှိ ကြောင်းကြော်ငြာစာရွက်များကို တရုတ်နိုင်ငံနှင့် နယ်စပ်မူဆယ် မြို့ပေါ်ရှိ လူစည်ကားရာနေရာ များတွင် လာကပ်ထား၍ မြို့ခံ များဒေါသထွက်နေပြီး ယင်းစာ ရွက်များကို ဒီဇင်ဘာ ၁၀ ရက် က လိုက်လံဆုတ်ဖြဲခဲ့ကြသည်မည်သူက လာကပ်သည် မသိသေးသော အဆိုပါကြော်ငြာ စာရွက်များကို မူဆယ်မြို့လယ် ကောင်ရှိ နာရီစင်ပတ်ဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော ဟို မွန်ရပ်ကွက်၊ မြောက်ရပ်ကွက်တို့ ရှိ ဓာတ်တိုင်များနှင့် လမ်းဘေးနေ အိမ်အချို့၏ အုတ်နံရံနေရာများ တွင် ကပ်ထားခြင်းဖြစ်သည်။ ‘‘တော်တော် မိုက်ရိုင်းတဲ့ လုပ်ရပ်ဗျာ။ ကျွန်တော်တို့ နိုင်ငံ ပိုင်နက်ထဲဝင်ပြီး အခုလိုလုပ် တာ။ တရုတ်ပြည်ထဲအဲဒီလိုကပ် ကြည့်ပါလား။ အစအနတောင် ပျောက်သွားဦးမယ်’’ ဟု ယင်း ကြော်ငြာစာရွက်များကို လိုက်လံ ဆုတ်ဖြဲခဲ့သော မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးသောင်းထွန်းက ပြော...

ရွှေအိမ်စည့် အကြောင်းတွေကို အကုန်ဖွင့်ချဖြေရှင်းလိုက်တဲ့ Organization

ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supernational ပြိုင်ပွဲကြီးက ပြီးဆုံးခဲ့ပေမယ့် နောက်ဆက်တွဲ ဂယက်တွေကတော့ အခုထိ မပြီးသေးပါဘူး။ ဝတ်စုံ ကိစ္စကနေစလို့ နောက်ဆုံး organization ကနေ တာဝန်ယူမှု support ပေးမှုတွေနဲ့ ပတ်သက်ပြီး Organization နဲ့ ရွှေအိမ်စည်၊ ရွှေအိမ်စည်ရဲ့ မိသားစုဝင်တွေကြား အပြန်အလှန် ပြောဆိုမှုတွေ ဆက်တိုက်ရှိနေခဲ့တာပါ။ အခုအချိန်မှာတော့ organization ဖက်ကနေလည်း သူတို့ဖက်က တာဝန်ယူမှုရှိတယ်ဆိုတဲ့ အကြောင်းကို ပြန်ရှင်းပြလိုက်တာပါ။ အမှန်တရားအတွက် ဖြေရှင်းခြင်းဆိုတဲ့ စာအရှည်ကြီးတစ်စောင်ကို ထုတ်ပြန်ကြေညာပြီး ပြန်လည်ဖြေရှင်းထားတာပါ။ အဲ့ဒီစာလေးကို ဖတ်ကြည့်လိုက်ပါဦး။ ဒီအသိုင်းအဝိုင်းက အကြောင်းသိတဲ့ လူတော်တော်များများက တားကြပေမယ့် Potential ရှိတဲ့သူဖြစ်လို့ ကိုယ်အတတ်နိုင်ဆုံး ပြုပြင်ပံ့ပိုးပေးမယ်ဆိုတဲ့စိတ်နဲ့ အများကြီးသည်းခံပေးပြီး သူ့အပေါ်အများကြီးမှန်းထားတဲ့ ပရိသတ်ဆန္ဒသာကြည့်ပြီး ရွေးပေးခဲ့တယ် ပြုပြင်ရင် ပြုပြင်သလောက် တက်လမ်းရှိသူဖြစ်ပေမယ့် ပွဲကာလ စည်းကမ်းလိုက်နာမှု မရှိသလို တစ်နိုင်ငံလုံးကြည့်နေတဲ့...

ပိုက်ဆံအတု လက်ထဲရောက်လာသူတိုင်း ပုဒ်မ ၁၀၅ နဲ့ ပြစ်မှုမြောက်သလား

ပိုက်ဆံအတုလက်ဝယ် တွေ့ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းမဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ၁၀၅ ၏ပြဌာန်းချက်တွင် ပိုက်ဆံအတုကိုလက်ဝယ်ထားခြင်းလို့ပြဌာန်းမထား ပါ။ ပုဒ်မ ၁၀၅ တွင် ငွေတုမှန်းသိလျက်နှင့် သုံးစွဲခြင်းဟုပြဌာန်းထားပါသည်။သိလျက် နှင့်သုံးစွဲသည်ဟူသောအချက် မပေါ်ပေါက်ဘဲ လူကို ဖမ်းဆီးခြင်း တရားစွဲဆိုခြင်းပြုလျှင် လုပ်ပိုင်ခွင့်ကိုကျော်လွန်ရာ ကျပါသည်။ မူလဥပဒေရေးဆွဲစဉ်ကပင် အတုမှန်းသိသိ/မသိသိ သုံးသုံး/မသုံးသုံး အပြစ်ရှိသည်ဟု သတ်မှတ်လိုပါက ငွေတုကိုလက်ဝယ်ထားလျှင် ဟုပြဌာန်းမည်ဖြစ်ပါသည်။ ပြည်သူပိုင်ပစ္စည်းခိုးခြင်း အလွဲသုံးစားပြုခြင်း လက်ဝယ်ထားခြင်း အကျိုးဖျက်ဆီးခြင်းပြုပါက ၆( ၁ )နှင့်စွဲပါသည်။ ဘာမှ မကျူးလွန်လည်း လက်ဝယ်ထားရုံနှင့် အပြစ် ရှိသည်မှာ လက်ဝယ်ထားခြင်းကို ထည့်ပြဌာန်းထား၍ဖြစ်သည်။ ဗဟိုဘဏ် ဥပဒေမှာ လက်ဝယ်ထားခြင်းအတွက်ပြဌာန်မထားပါ။ပြည်သူများမသိ၍ အစစ်ထင်ပြီး သုံးမိသူများမနစ်နာစေရန် သိလျက်နှင့် သုံးစွဲခြင်းဟု ကွဲကွဲပြားပြားပြဌာန်ပေးခြင်းဖြစ်သည်။ ဥပဒေကပေး ထားသည့် ပြည်သူတို့၏ အခွင့်အရေးဖြစ်သည် တိတိကျကျခွဲပေး ထားပါလျက် ပြည်သူတို့ကို ဥပဒေပေါ်ပေါ့ပေါ့ဆဆအဓိပ္ပါယ်ပန်ကာ အရေးယူမိခြင်းမရှိအောင်...

မျက်ရည်ခိုင်တဲ့ သူတောင် မျက်ရည်တွေ ကျတဲ့အထိ ဖြစ်သွားတယ်ဖိတ်စာ ၁ စောင်မှ မကမ်းရပဲ ရောက်လာကြတာတဲ့ဗျာ ရုပ်သံ

သူလိုလူ မျက်ရည်ခိုင်တဲ့ ကျုပ်တောင် မျက်ရည်တွေ ကျတဲ့အထိ ဖြစ်သွားတယ်။ ဖိတ်စာ ၁ စောင်မှ မကမ်းရပဲ ရောက်လာကြတာတဲ့ဗျာသူလိုလူ။ ဆရာဝန် စာရေးဆရာ ၁ ယောက်ပါ။ အမည်က ဦးသန်းမင်းထွဋ်။ ဆရာကြီး ဒေါက်တာ ဦးသန်းမင်းထွဋ်။ ဂုဏ်ထူးဆောင် ပင်းတယသားဆုကို ချီးမြှင့်ခြင်းခံရပါတယ် ယခု ပင်းတယ ကနေ နယ်ပြောင်းရတော့မှမို့ နှုတ်ဆက်ကြတာပါ။ နှုတ်ဆက်လာတဲ့သူတွေ ပမာဏနဲ့ သူတို့ရဲ့ မျက်နှာတွေတွေ ကြည့်လိုက်စမ်းပါ။ ဘယ်လောက်တောင် ချစ်ကြ ဘယ်လောက်တောင် ဝမ်းနည်းနေကြတာလဲဆိုတာ မြင်နိုင်ပါတယ် ။ မျက်ရည်ခိုင်တဲ့ကျုပ်တောင် မျက်ရည်တွေ ကျတဲ့အထိ ဆို့နင့်မိတယ် ဆရာကြီး ပြောင်းမယ့် နယ်က မြောင်းမြလို့ သိရပ်တယ် မြောင်းမြနယ်ကလည်း ခုကတည်းက နွေးထွေးစွာ ကြိုဆိုနေကြပြီး ရင်ခုန်နေကြတယ်တဲ့ဗျာ ဆရာလို ဆရာတွေ မြန်မာပြည်မှာ အများကြီး ပေါ်ပေါက်ပါစေ ဆရာရေးထားတဲ့ စာအောက်မှာ ဖတ်ပေးပါ ရေးဖို့...