Monthly Archive: May, 2019

ရောမခေတ်က ထွင်တဲ့ ယေရှုပုံတော်

တမန်တော်ယေရှုဟာ အနောက်တိုင်း အနုပညာလောကမှာ ပုံတူအဆွဲခံရဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လူတိုင်းကလည်း သူ့ပုံကို သိသလို ရှိကြပြီး ဆံရှည်မုတ်ဆိတ်၊ ညှပ်ဖိနပ်နဲ့ လက်ရှည်ဝတ်ရုံ အဖြူကိုဝတ်သူလို့ သိကြပါတယ်။ ယေရှုကို လူသိဒီလောက်များပေမယ့် တကယ့်ပုံက အခုထင်နေကြတာနဲ့ အတူတူပဲလား။ ဟုတ်ချင်မှ ဟုတ်မှာပါ။ တကယ်က အခု လူသိများတဲ့ ယေရှုပုံဟာ ဘိုင်ဇင်တိုင်းလို့ ခေါ်တဲ့ အရှေ့ရောမအင်ပါယာခေတ်က လာတာပါ။ အေဒီ ၄ ရာစု နောက်ပိုင်းမှ စဆွဲတဲ့ ပုံတွေပါ။ အဲဒီခေတ်က ဆွဲတဲ့ ယေရှုပုံတွေကလည်း သမိုင်းအရ အတိအကျ မဟုတ်ဘဲ ကိုယ်စားပြုတဲ့ သဘော ဆွဲကြတာပါ။ ရောမမြို့ ဆန်တာ ပူဒန်ဇီယာနာ ဆိုတဲ့ ဘုရားကျောင်း ဘုရားစင်နံရံက ကျောက်စီပန်းချီပုံမှာ ပါတဲ့ ဧကရာဇ်တပါးပုံကို ယူပြီး ယေရှုပုံကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ယေရှုကို ရွှေရောင်ဝတ်ရုံဆင်ထားပြီး တကမ္ဘာလုံးကို...

တပ်ဂုဏ်သိက္ခာထိခိုက်လာရင် ထိုက်သင့်တဲ့ အရေးယူတာတွေ လုပ်သွားမယ်လို့ ပြော

တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာရင် အတိုင်းအတာတခုထိ သည်းခံပေမယ့် အလွန်အကျွံဖြစ်လာရင် နစ်နာမှုအတွက် ထိုက်သင့်တဲ့ အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဒီနေ့ ပြောလိုက်ပါတယ်။ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ဒီနေ့ကျင်းပတဲ့ မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲမှာ တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာသမားတွေကို တရားစွဲဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုလိုက်တာပါ။ အစိုးရ၊ တပ်မတော်နဲ့ အခြားအဖွဲ့အစည်းတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇတ်သတ်ကြီးပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၅ စတဲ့ ပုဒ်မတွေနဲ့ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုတာ အမှုပေါင်း ၃၁ မှုရှိတဲ့အထဲက တပ်မတော် က စွဲဆိုထားတဲ့အမှု ၄ မှုသာ ပါဝင်တယ်လို့ ဗိုလ်မှူးချုပ်...

မြန်မာနိုင်ငံတွင်း ဘာသာရေး ခွဲခြားဖိနှိပ်မှုရှိနေဆဲ

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအရ ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံထားပေမယ့်လည်း ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ ရှိနေတုန်းပဲလို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားနေသူတွေက ရှုမြင်နေပါတယ်။ မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကမ္ဘာမှာ အဆိုးရွားဆုံး ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုနိုင်ငံတွေအဖြစ် တနင်္လာနေ့က ထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ မအိသန့်စင် တင်ဆက်ပေးပါလိမ့်မယ်။ USCIRF က ထုတ်တဲ့ အဲဒီ အစီရင်ခံစာထဲမှာ စိုးရိမ်စရာ အကောင်းဆုံး နိုင်ငံစာရင်းတွေထဲမှာ မြန်မာလည်းပါဝင်သလို မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံကိုလည်း ထည့်သွင်းထားပါတယ်။ ၀ီဂါမူဆလင်ကို ထိန်းသိမ်းရေး စခန်းတွေမှာ ပိတ်ထားပြီး ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့်ချိုးဖောက်မှု အဆိုးရွားဆုံးနိုင်ငံဖြစ်ကြောင်း နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး...

Heat Stroke(အပူလျှပ်ခြင်း) ကြောင့် ပဲခူးမှာ သေဆုံးသူ ၄ဦး ရှိ

ပဲခူးတိုင်းမှာ နေ့အပူချိန် စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ပဲခူးပြည်သူ့ဆေးရုံကြီးမှာ Heat Stroke ကြောင့် ဆေးရုံရောက်လာပြီး သေဆုံးတဲ့ လူနာ ၄ ဦးရှိသွားပြီလို့ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က RFA ကို ပြောပါတယ်။ ဧပြီ ၂၀ ရက်နေ့ကစပြီး ဒီနေ့ထိ ပဲခူးဆေးရုံကြီးကို Heat Stroke လူနာ ၁၀ ယောက် ရောက်ရှိလာတဲ့ထဲက တစ်ယောက်ကတော့ သေဆုံးပြီးမှ ရောက်လာတာဖြစ်ပြီး ကျန်တဲ့ ၃ ယောက်ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း သေဆုံးသွားတာလို့ ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသား လေးယောက်က အသက် နှစ်ဆယ်ကျော်ကနေ ၅၀ ကျော်အရွယ်ထိဖြစ်ပြီး အများစုက အရက်သောက်တာကြောင့် သေဆုံးတာကို တွေ့ရကြောင်း ဒေါက်တာရန်နိုင်မောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။ ပဲခူးဆေးရုံကြီးကို မနှစ်က ဒီလိုအချိန်မှာ Heat Stroke...