Monthly Archive: May, 2019

ကားလ်မာ့က်စ်ရဲ့ ကျေးဇူးတရား ၅ ခု

သီတင်းပတ် အကုန်မှာ အားလပ်ရက် ရတာ ကြိုက်သလား။ အများပြည်သူပိုင် လမ်းပေါ်မှာ ကားမောင်းရတာ၊ ပြည်သူ့ စာကြည့်တိုက်တွေထဲ ဝင်ရတာတွေကိုကော ကြိုက်သလား။ မတရားမှု၊ မမျှတမှုနဲ့ အမြတ်ထုတ်တာတွေကို အဆုံးသတ်တာ မြင်ချင်သူတွေထဲမှာ ပါသလား။ ဒါဆိုရင် မေလ ၅ ရက်မှာ ကျတဲ့ ကားလ်မာ့က်စ် နှစ် ၂ဝဝ ပြည့်ကို သတိရမိမှာ အမှန်ပါ။ ဘာကြောင့်ဆိုတော့ သူက ဒီကိစ္စတွေမှာ ချန်ပီယံ တဆူ ဖြစ်ခဲ့တာကိုး။ ၂ဝ ရာစု သမိုင်းကို ဖြတ်သန်းခဲ့သူတွေကတော့ မာ့က်စ် အဘိဓမ္မာ နိုင်ငံရေးရဲ့ ကြမ်းတမ်းတဲ့ အတိတ်ကို သတိရနေကြပါလိမ့်မယ်။ လူမှု ပြုပြင်ပြောင်းလဲရေးမှာ သူ့အတွေးအခေါ်တွေက လွှမ်းမိုးခဲ့ပေမယ့်လည်း အလျင်အမြန် ပြောင်းလဲမှု လိုချင်တဲ့ ဆန္ဒကြောင့် ပရမ်းပတာ ရလဒ်တွေ ရခဲ့ပါတယ်။ သူ့ရဲ့ သဘောတရားတွေကို အာဏာရှင် စနစ်၊...

မြန်မာ့မီးရထားနဲ့ အကြီးစားစက်မှုလုပ်ငန်းတွေအပါအဝင် အစိုးရရဲ့ စီးပွားရေးလုပ်ငန်း ၁၂ ခုအရှုံးပေါ်နေအပါအဝင်မနက်ခင်းသတင်းများ

အစိုးရ လုပ်ငန်းကြီး ၁၂ ခု ကျပ်သန်းချီ အရှုံးပေါ်နေ ၂၀၁၇ ခုနှစ်မှာ ကျပ်သန်းပေါင်း ရှစ်ထောင်နီးပါးနဲ့ ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျတ် ကျပ်သန်းပေါင်း လေးထောင်နီးပါးအရှုံးပေါ်နေတဲ့ မြန်မာ့မီးရထားလုပ်ငန်းအပါအဝင် အစိုးရရက လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းပေါင်း ၁၂ ခု အရှုံးပေါ်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီရဲ့ ပြည်ထောင်စုဘဏ္ဍာငွေအရသုံးဆိုင်ရာ လေ့လာတွေ့ရှိချက်အစီရင်ခံစာတွေထဲမှာ ပါရှိပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ စီးပွားရေးလုပ်ငန်းပေါင်း ၈ ခု အထိ အရှုံးပေါ်ပြီး ၂၀၁၈ ခုနှစ် ဘတ်ဂျတ်တိုကာလမှာတော့ လုပ်ငန်းပေါင်း ၁၂ ခု အထိ အရှုံးပေါ်တယ်လို့ အဲဒီအစီရင်ခံစာတွေမှာ ပါရှိပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ မြန်မာ့မီးရထားနဲ့ ပြည်တွင်းရေးကြောင်း အပါအဝင် စီးပွားရေးလုပ်ငန်းပေါင်း ၈ ခု က ကျပ်သန်းပေါင်း ခြောက်သိန်းကျော် (၆၀၀ ဘီလီယံ)...

ဂျပန်ဧကရာဇ် Akihito ထီးနန်းစွန့်

ဂျပန် ဧကရာစ် Akihito က သူ့ရဲ့ သား အကြီးဆုံးကို ထီးနန်း အရိုက်အရာ လွှဲပေးလိုက်ပါပြီ။ တိုကျိုမြို့တော်က Imperial နန်းတော်မှာ အင်္ဂါနေ့က နောက်ဆုံး မိန့်ခွန်းပြောတာမှာတော့ သူ့ရဲ့ နန်းစံသက် နှစ်ပေါင်း ၃၀ အတွင်း ဂျပန်ပြည်သူတွေရဲ့ ထောက်ခံမှု အပေါ်မှာ ကျေးဇူးတင်ကြောင်း ပြောဆိုသွားပါတယ်။ ပြည်သူတွေရဲ့ အပြည့်အ၀ ယုံကြည် အားကိုးမှုကြောင့် သူ့ရဲ့ တာဝန်တွေကို အပြည့်အ၀ ထမ်းဆောင်နိုင်ခဲ့တာဟာဆိုရင် ကံကောင်းတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဧကရာဇ် Akihito ရဲ့ အုပ်ချုပ်မှုက ဂျပန်စံတော်ချိန် အင်္ဂါနေ့ ညသန်းခေါင်းမှာ ကုန်ဆုံးပြီးနောက်မှာတော့ အိမ်ရှေ့စံ မင်းသား Naruhito က ၁၂၆ ဦးမြောက် ဂျပန် ဧကရာဇ် သစ် ဖြစ်လာခဲ့ပါပြီ။ ထီးနန်း အရိုက်အရာကို စွန့်မယ်ဆိုတာကို ၂၀၁၆ ခှုစ်မှာ...

အဂတိလိုက်စားမှုလျော့ကျမှုမရှိဟု လွှတ်တော်ထံ ကော်မရှင်တင်ပြ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့စစ်တမ်းအရ အဂတိလိုက်စားမှုဟာ ကျမသွားဘဲ အရင်အခြေအနေအတိုင်း ဆက်ရှိနေတယ်လို့ အဂတိ တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌက ပြောပါတယ်။ ဒါတွေလျော့ကျသွားဖို့ဆိုရင် အစိုးရဌာနဆိုင်ရာ ဗျူရိုကရေစီယန္တရား အဆင့်ဆင့်မှာ ပြင်ဖို့လိုနေသလို၊ အဂတိတိုက်ဖျက်ရေးကော်မတီရဲ့ စစ်ဆေးနိုင်ခွင့်တွေပိုရဖို့အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက အတားအဆီးဖြစ်နေတာမျိုး မဖြစ်သင့်ဘူးလို့ ဥပဒေပညာရှင် တချို့က ထောက်ပြထားပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ မေးမြန်းပေးပို့ထားပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကော်မရှင်ဟာ ဝန်ကြီးဌာနတချို့အတွင်းက အကျင့်ပျက်ချစားမှုတွေကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပေမဲ့ ကော်မတီက ၂၀၁၈နှစ်ကုန်ပိုင်း မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းအရဆိုရင် အဂတိလိုက်စားမှုအခြေအနေဟာ တရားဥပဒေစိုးမိုးမှုနဲ့ အရေးယူမှုအားနည်းတာကြောင့် အရင်လိုဆိုးရွားနေဆဲဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်က ဧပြီလ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်မှာ အခုလို ပြောသွားတာပါ။ “အဆိုပါ စစ်တမ်းများအရ အဂတိလိုက်စားမှုဟာ ၂၀၁၈ ကုန်တဲ့အထိ သိသိသာသာကျ ဆင်းသွားခြင်း မရှိသေးဘဲနှင့် ယခင်အတိုင်းပဲဆက်လက် ရှိနေ...

အင်ဒိုနီးရှားမှာ ရေကြီးလို့ လူ ၁၀ ယောက်သေပြီး ထောင်ချီဘေးလွတ်ရာရွှေ့ပြောင်းပေးထား

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတြားကျွန်းပေါ်မှာ ရက်ပိုင်းလောက် မိုးကြီးခဲ့လို့ ရေကြီးပြီး မြေပြိုမှုတွေဖြစ်တဲ့အတွက် အနည်းဆုံး လူ ၁၀ ယောက်သေဆုံးပြီး ၈ ယောက်ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ လူ ၁၂၀၀၀ လောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားတယ်လို့လည်း သိရပါတယ်။ တချို့နေရာတွေမှာ ရေပြန်ကျနေပေမဲ့ အပျက်အစီးအတိအကျကို မသိရသေးသလို တချို့နေရာတွေနဲ့ အဆက်အသွယ်ပြတ်နေတုန်းပဲလို့ အင်ဒိုနီးရှား သဘာဝဘေးဆိုင်ရာအေဂျင်စီပြောခွင့်ရသူ ဆူတိုပို ပါဝို နူဂရိုဟို ကပြောပြီး မိုးထပ်ကြီးဦးမယ်ဆိုရင် ရေကြီးမြေပြိုနိုင်ချေပိုများတယ်လို့လည်း သတိပေးပါတယ်။ ကျန်းမာရေးနဲ့မညီတာနဲ့ သန့်ရှင်းတဲ့ရေမရနိုင်တာတို့ကြောင့် အရေပြားရောဂါတွေနဲ့ အဆုတ်ရောဂါတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးပါတယ်။ ရေကြီးမြေပြိုတာကြောင့် လမ်းတွေပျက်စီးပြီး အကူအညီပေးရေးလုပ်ငန်းတွေနှောင့်နှေးနေတယ်လို့ နူဂရိုဟိုကပြောပါတယ်။ အောက်တိုဘာနဲ့ဧပြီကြား မုတ်သုံရာသီဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံဟာ ရေကြီးမြေပြိုတဲ့ဒဏ် မကြာခဏခံရလေ့ ရှိပါတယ်။ Source-Bangkok Post ရွှေတြိဂံဒေသသတင်းလွှာ

ဖိနပ်မစီး ခြေဗလာနဲ့သွားရတဲ့ ရွာကလေး

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီနာဒူး ပြည်နယ်က အန်ဒမန်ရွာကလေးဟာ ပြည်နယ်မြို့တော် ချန်နိုင်းနဲ့ ကီလိုမီတာ ၄၅၀ အကွာ၊ ကားနဲ့ ဆိုရင် ၇ နာရီခွဲလောက် မောင်းရတဲ့ နေရာမှာ ရှိပါတယ်။ မိသားစု ၁၃၀ လောက် အဲဒီရွာမှာ နေပါတယ်။ ရွာသားအများစုက ရွာအနီးတဝိုက်မှာပဲ စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးတဲ့ လယ်သမားတွေပါ။ ရွာထိပ်က တမာပင်အောက်မှာ ရှပ်အင်္ကျီ အဖြူနဲ့ လုံချည်အကွက် ဝတ်ထားတဲ့ အသက် ၇၀ အရွယ် အမျိုးသားကြီး မူခန် အရူမူဂမ်က ကောင်းကင်ကို မော့ကြည့် ဆုတောင်းနေပါတယ်။ ဇန်နဝါရီလ အကုန်လောက်ပဲ ရှိသေးပေမယ့် နေ့လယ်နေက ကျဲကျဲတောက် ပူနေပါတယ်။ ရွာသားတွေ ရွာထဲဝင်တဲ့အခါ ဖိနပ်တွေ စချွတ်၊ လက်ကကိုင်ပြီးမှ ရွာထဲ စဝင်ရတဲ့ နေရာ တစ်ခု ရှိပါတယ်။ ရွာထဲမှာ အသက်ကြီးသူတွေနဲ့...

အနှစ် ၇ဝ လက်သည်မပေါ်တဲ့ အိုင်စီအက် ဦးတင်ထွဋ် လုပ်ကြံမှု

အိုင်စီအက် ဦးတင်ထွဋ်လို့ လူသိများတဲ့ ဝန်ကြီးဟောင်းနဲ့ သတင်းစာဆရာကြီး ဦးတင်ထွဋ် လုပ်ကြံခံရတာ အနှစ် ၇ဝ ပြည့်ခဲ့ပါပြီ။ ရန်ကုန်မြို့လယ်ကောင် ဝန်ကြီးများရုံးနဲ့ ပါလီမန်နားမှာ ကားဗုံးထောင် သတ်ဖြတ်ခံရတဲ့ ဒီလူသတ်မှုရဲ့ လက်သည်ကိုတော့ ခုထိ တရားဝင် တိတိကျကျ စုံစမ်း ဖော်ထုတ်နိုင်သေးတာကို မတွေ့ရပါဘူး။ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် လပိုင်းအတွင်း ပြည်တွင်းစစ် ဖြစ်လာပြီး မကြာခင်မှာပဲ ဦးတင်ထွဋ် ကိုယ်တိုင် စစ်ထဲဝင်ပြီး သောင်းကျန်းမှု နှိမ်နင်းရေးကို ဆောင်ရွက်နေစဉ် လုပ်ကြံခံရတာ ဖြစ်ပါတယ်။ မိသားစု နောက်ခံ ဦးတင်ထွဋ်ဟာ မြန်မာ လူမျိုးထဲက အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်း ခေါ်တဲ့ အိုင်စီအက် ရာထူးကို အစောဆုံး ရခဲ့သူ တယောက် ဖြစ်သလို ရန်ကုန်တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေး အကြီးအကဲ အဓိပတိ ရာထူးကို စစ်မဖြစ်ခင်ကတည်းက...

မထင်မှတ်သော သွေးတစ်စက်

၂၀၀၃ ခုနှစ် ဒီဇင်ဘာရဲ့ ဆောင်းအအေးဓါတ်နှင့်အတူ ကျွန်မတို့ သင်တန်းသူ(၁၁)ယောက် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် သင်တန်းတက်ရောက်ကာ ပညာသင်ယူချိန်အခါက အထူးအဆန်း ဖြစ်နေတော့သည်။ သွေးဖောက်ယူ တတ်ရန် သင်ယူချိန်တွင် ကျွန်မရဲ့သူငယ်ချင်းတစ်ယောက် မတော်တဆ လူနာကိုသွေးဖောက်ပြီးသော အပ်ထိုးမိ တော့သည်။ ထိုသို့ အပ်ထိုးမိသောအခါ ကျွန်မသူငယ်ချင်း ရှမ်းတိုင်းရင်းသူလေးကတော့ ချုံးပွဲချ ငိုယိုပါလေသည်။ ချော့မော့ နှစ်သိမ့်ကြပေသော်လည်း မပြေပျောက်ပါ။ ထိုစဉ်အချိန်က အပ်စူးတာလေးကိုပင် အဘယ့်ကြောင့် ဖြေမ ဆည်နိုင်အောင် ငိုကြွေးခဲ့သည်ကို ကျွန်မ စဉ်းစားမရ ဖြစ်ခဲ့သည်။ ထိုသူငယ်ချင်းကိုလည်း ဇီဇာကြောင်သည်ဟု တွေး ထင်မိခဲ့ဖူးသည်။ နောင်သောအခါမှ ကျွန်မတို့ ဓါတ်ခွဲခန်းမှူးများ အထူးသတိပြုရမည့် ရောဂါဆိုးကြီး တစ်ရပ်ကြောင့်ဟု သိရှိလာရတော့ သည်။ အမှတ်တမဲ့ ပေါ့ဆမှုများသည် HIV မည်သော ရောဂါဆိုးကြီး ကူးစက်လောဟု တွေးပူထိတ်လန့်ခြင်းဖြစ် ကြောင်း ကိုယ်ချင်းစာ...

စင်္ကာပူမှာ မြန်မာ့အိမ်အကူတွေ ဘာကြောင့် နှိပ်စက်ခံရတာလဲ

မြန်မာနိုင်ငံကနေ အိမ်အကူ လာလုပ်တဲ့ အမျိုးသမီးကို နှိပ်စက်ခဲ့တဲ့ စင်္ကာပူနိုင်ငံက အမျိုးသမီးတဦးကို တရားရုံးက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ထောင်ဒဏ် သုံးနှစ် ချမှတ် ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်လာ ၆၆၀ဝ ကျော် ဒဏ်ရိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့ပြီး အခု ရက်ပိုင်းမှ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ရိုက်နှက်ခံရတဲ့ မြန်မာအိမ်အကူက မဖြူဖြူမာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာအိမ်အကူကို ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးက အသက် ၃၉ နှစ်ရှိ အလှပြင်ဆိုင် မန်နေဂျာ Linda Seah ဖြစ်ပါတယ်။ စင်္ကာပူ အမျိုးသမီး Linda Seah ဟာ စွဲချက် ၆ ခုနဲ့ စွပ်စွဲခံရပြီး အဲဒီအထဲမှာ အိမ်အကူ အမျိုးသမီး မဖြူဖြူမာရဲ့ ဘယ်ဘက်...

သူရဦးရွှေမန်းကံကြမ္မာ ဘာဆက်ဖြစ်လာနိုင်မလဲ

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ထူးခြားမှု တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ အရင် ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ဦးဆောင်နေတဲ့ “ ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်” သက်တမ်းတိုးရေး ကိစ္စ တင်ပြရာမှာ ခါတိုင်းနှစ်လိုပဲ တပ်မတော်ဘက်က ကန့်ကွက်တဲ့ အတွက် မဲခွဲ ဆုံးဖြတ်ပါတယ်။ ထူးခြားချက်ကတော့ အခုနှစ် မဲခွဲရာမှာ ထောက်ခံမဲ ၂၀၊ ကန့်ကွက်မဲ ၅၅၅ မဲနဲ့ သက်တမ်းတိုးမယ့် ကိစ္စ ပြတ်ပြတ်သားသား ပယ်ချခံလိုက်ရပါတယ်။ ထင်မှတ်မထားတဲ့ အဲဒီ ရလာဒ်နဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်ကတောင် အံ့သြသွားတဲ့အကြောင်း နောက်ပိုင်း ဗိုလ်မှူးချုပ်မောင်မောင်က သတင်းထောက်တွေကို...