Monthly Archive: April, 2019

မိုင်းဖုန်းဆရာတော် သမ္မတအိမ်တော်သို့ ကြွရောက်

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရဟာ ဒီနေ့မနက်ပိုင်းက နေပြည်တော်ရှိ သမ္မတ အိမ်တော်ကို ကြွရောက်ခဲ့ပါတယ်။ မိုင်းဖုန်းဆရာတော်ကို သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ကြိုဆို ဖူးမြော်ခဲ့ကြပါတယ်။ Credit-ဒီဗွီဘီ

သင်္ကြန်မှာ မသန့်ရှင်းတဲ့ရေကြောင့်ရနိုင်တဲ့ အရေပြားရောဂါများ နဲ့ ကာကွယ်ထိန်းသိမ်းနည်းများ

အခုခေတ်မှာ သင်္ကြန်ရေက အန္တရာယ်ကင်းလား၊ သင်္ကြန်ရေတိုင်းကရော သန့်ရဲ့လား။ သင်္ကြန်အတွင်းမှာ ရေပက်ခံရင်ပဲဖြစ်ြဖစ်၊ ရေပက်ရင်ပဲဖြစ်ဖြစ် ရေအမျိုးစုံနဲ့ထိတွေ့တာနဲ့ နေဒဏ်၊လေဒဏ်တွေကြောင့် အရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။ သင်္ကြန်မှာ ရေတိုင်းက အန္တရာယ်မကင်းပါဘူး။ ရေတွေမသန့်တဲ့အခါ အရင်ဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းက ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားပါ။ သင်္ကြန်မှာ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေအများကြီးရှိနိုင်ပါတယ်။ အရေပြားနေလောင်ပျက်စီးခြင်း တစ်နှစ်မှာ တစ်ခါပဲကြုံရတာဆိုပြီး သင်္ကြန်ကို မနက်ကစလို့ ညနေအထိတစ်နေကုန်အောင်လည်ကြ ပျော်ကြတာများမယ်ထင်ပါတယ်။ ဒီလိုလည်တဲ့အခါ သင်္ကြန်လည်တာပဲ ရေစိုရင် အရေပြားပေါ်မှာလူးထားတာတွေမထူးဘူး ပျက်သွားမှာပဲလို့တွေးပြီး ဘာမှမလူးဘဲ လည်မလို့စဉ်းစားနေလား။ သင်္ကြန်မှာ နေလောင်ဒဏ်ခံရနိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။ သေချာတာက သင်္ကြန်လည်ပါတယ်ဆိုမှ ဘယ်သူမှ ကားကိုအလုံပိတ်ပြီး မလည်ဘူးလေ။ ဒီလိုပဲ မဏ္ဍပ်ထိုင်ရင်လည်း နေပူပူထဲမှာအမိုးအောက်ထဲနေပြီး လေဒဏ်ခံရင်း ရေပက်ကြတာပဲလေ။ အရေပြားမှာ အဖုအပိမ့်တွေထွက်ခြင်း သင်္ကြန်ရေတွေထဲမှာ သန့်ရှင်းတဲ့ရေတွေရှိသလို ကန်တွေ၊ သိုလှောင်ထားတဲ့ ရေတွေနဲ့ပက်တဲ့အခါ ရေထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားလေးတွေပါနေခဲ့ရင်...

အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေး ၁၀ ခု

ရေးသားသူ – ဥက္ကာဦး သင်ဟာ လုပ်ငန်းရှင်ပေါက်စဖြစ်စေ၊ လုပ်ငန်းကြီးတခုကို ဦးဆောင်နေသူဖြစ်စေ သင့်အနေနဲ့ ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုဦးဆောင်ရမယ်ဆိုတာတော့ သိဖို့လိုပါတယ်။ သူဌေးကြီးတယောက်ဖြစ်မှာလား၊ ဒါမှမဟုတ် သူဌေးတယောက်စီကို အစီရင်ခံစာတင်ရတဲ့သူ ဖြစ်မလားဆိုတာကို အောက်ပါ အရည်အသွေး ၁၀ခုနဲ့ တိုက်စစ်လိုက်ရအောင် … ၁ – ဇွဲလုံ့လရှိမှု ၁၈၉၀ ခုနှစ်မှာ ဟင်နရီဖို့ဒ်က စက်ဘီးရဲ့ ဘီး ၄ ဘီးပေါ်မှာ ကိုယ်ထည်တခုတပ်ဆင်ထားပြီး အီသနောအင်ဂျင်နဲ့ မောင်းနှင်နိုင်တဲ့ ဖို့ဒ်ကွာဒရာဆိုင်ကယ်ဆိုတဲ့ ယာဉ်တခုကို စတင်တီထွင်ခဲ့တယ်။ မအောင်မြင်ခဲ့ပါဘူး။ နောက် ၄ နှစ်ကြာတဲ့အခါမှာတော့ သူဟာ ဖို့ဒ်မော်တော်ကားကုမ္ဗဏီကို တည်ထောင်ပြီး Model T ကားအမျိုးအစားကို စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်က သူဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဖြစ်ခဲ့တယ်။ သင့်အနေနဲ့ ကြိုးစားပမ်းစားလုပ်တဲ့ကိစ္စတခု သဲထဲရေသွန်ဖြစ်ခဲ့ဖူးသလား။ ၂-ဝေဖန်ရှုတ်ချမှုတွေကို လျစ်လျုရှုနိုင်လောက်တဲ့ အရေထူမှု ကန်းဆက်စီးတီးစတားက အယ်ဒီတာတဦးက...

ဆင်းရဲခြင်းလေးမျိုး

၁. ငွေကြေးဆင်းရဲတာ သုံးစွဲစရာငွေအလုံအလောက်မရှိခြင်း ကိုယ့်ကိုကိုယ် မကျွေးမွေးနိုင်ခြင်း မိသားစုကို မကျွေးမွေးနိုင်ခြင်း ။ ၂.အချိန်ဆင်းရဲတာ ဘဝကိုအသုံးချဖို့ အချိန်မရှိတာ ကိုယ်လုပ်ချင်တဲ့အရာလုပ်ဖို့အတွက် အချိန်မရှိတာ ၊ တစ်ချို့လည်းပိုက်ဆံရှိပေမဲ့အချိန်မရှိဘူး ၊ တစ်ချို့ဆိုပိုတောင်ဆိုး အချိန်မရှိတဲ့အပြင် ပိုက်ဆံလည်းမရှိကြဘူး ။ ပြီးရင်ဒီ နံပါတ် ၃ အရာ ကို အပြစ်တင်တယ် ။ ၃.အခွင့်အရေးဆင်းရဲတာ အခွင့်အရေးကောင်းကောင်းတွေဘဝထဲကိုဝင်မလာဘူး ၊ တစ်ချို့လည်းပြောကြတယ် ငါတို့လည်းကြိုးစားတယ်။ အလုပ်လုပ်နေတယ် ဒါပေမဲ့ဘာကြောင့်ခုထိမအောင်မြင်မချမ်းသာနိုင်သေးတာလဲ…ကျွန်တော်တို့အရင်ဆုံးနားလည်ထားကြရမှာက လူချမ်းသာအားလုံး အသီးသီးကြိုးစားခဲ့ကြရတယ် ။ ဒါပေမဲ့ကြိုးစားတိုင်းလည်း မအောင်မြင်နိုင်ပါဘူး..ဘာကြောင့်လဲဆိုတော့ နေရာမှားပြီးကြိုးစားနေရင် ၁၀ နှစ်ကြာသွားလည်း အလကားပဲ မချမ်းသာလာနိုင်ပါဘူး.. ပင်ပင်ပန်းပန်းလုပ်ကိုင်နေယုံနဲ့ အောင်မြင်မယ်ချမ်းသာနိုင်မယ်ဆိုယင် အထမ်းသမားတွေ ကုန်တင်ကုန်ချသမားတွေချမ်းသာကုန်ရောပေါ့။ အဲ့ဒီအသက်မွေးဝမ်းကြောင်း အလုပ်တွေက မကောင်းဘူးရယ်လို့မပြောပါဘူး။ ချမ်းသာလာဖို့ အခွင့်အလမ်းနည်းပါးတယ် လို့သာဆိုလိုတာပါ…..။ ဒါကြောင့်ကျွန်တော်တို့ work hard တစ်မျိုးတည်းနဲ့မလုံလောက်တော့ပါဘူး ၊ work...

စိတ်ဓာတ်ကျတာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်း (၅) သွယ်

ခေတ်ကာလအနေအထားအရ လူငယ်တွေ၊ လူကြီးတွေ အမျိုးမျိုး စိတ်ဓာတ်ကျတဲ့အကြောင်းတွေ လူမှုကွန်ယက်တွေမှာ တွေ့တွေ့နေရပါတယ်။ အကယ်လို့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျနေတယ်လို့ ခံစားနေရရင် ဘာပဲလုပ်စရာရှိနေရှိနေ၊ ဘယ်လောက်ပဲအရေးကြီးကိစ္စ ရှိနေပါစေ၊ စိတ်ဓာတ်ကျခြင်းကနေ အမြန်ဆုံးစွန့်ခွာဖို့ ကြိုးစားပါ။ စိတ်ဓာတ်ကျတာက သူ့ဘာသာ သူမထွက်သွားပါဘူး။ လုပ်ယူရမှာပါ။ အဲဒီအတွက် စိတ်ဆရာဝန်တစ်ဦးလေ့လာထားတဲ့ စိတ်ဓာတ်ကျမှုကို စွန့်ခွာခြင်း အချက်(၅)ချက်ကို ပရိသတ်ကြီးအတွက် စိတ်ဓာတ်ကျမှုတွေမရှိအောင် လိုက်နာကျင့်သုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။ (၁ ) လေ့ကျင့်ခန်း လုပ်လိုက်ပါ။ တော်တော်များများက စိတ်ဓာတ်ကျပြီဆိုရင် ဘာမှမလုပ်ချင်တော့ဘဲ ဖြစ်သွားတတ်ပါတယ်။ အဲ့လို အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ပထမဦးဆုံးလေ့ကျင့်ခန်းတစ်ခု စလုပ်လိုက်ပါ။ စစချင်း (၁၅)မိနစ်နဲ့ (၃၀)မိနစ်ကြား လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ကခုန်တာ စတာတွေကို လုပ်လိုက်ပါ။ ကိုယ်နဲ့ အဆင်အပြေဆုံးလုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ရှာဖွေနိုင်သွားတဲ့အခါမှာ နေ့တိုင်းနေ့တိုင်း အချိန်မှန်မှန်လေး ပေါ့ပေါ့ပါးပါးလုပ်ပါ။ ကောင်းမွန်တဲ့ စိတ်ခွန်အားတွေရလာမှာပါ။...