Monthly Archive: April, 2019

ပိုမိုဈေးသက်သာတဲ့ကင်ဆာဆေးအတွက် မျှော်လင့်ချက်

Eindhoven University of Technology သိပ္ပံပညာရှင်တွေက ကော်ဖီစစ်စက္ကူ (Coffee Filter) ကိုအသုံးပြုပြီး ပိုမိုဈေးသက်သာတဲ့ကင်ဆာဆေးထုတ်လုပ်နိုင်တော့မယ်လို့သိရပါတယ်။ ၎င်းင်းတို့ရဲ့နည်း ပညာကိုအသုံးပြုပြီး Z-endoxifen ကင်ဆာကုသဆေးကို ပိုမိုဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့သိရပါတယ်။ Tamoxifen က ရင်သားကင်ဆာကုသရာမှာသုံး တဲ့ကမ္ဘာသုံးဆေးတစ်မျိုးဖြစ်ပါတယ်။ ယင်းဆေးကအမြဲတမ်းတော့သက်ရောက်မှုကောင်းတွေမရစေပါဘူး။ Tamoxifen အနေနဲ့ခန္ဓာကိုယ်ထဲကိုရောက်တဲ့အချိန်မှာကင်ဆာဆဲလ်တွေကို တိုက်ရိုက် တိုက်ထုတ်နိုင်ခြင်းမရှိပဲ Z-endoxifen အဖြစ်ပြောင်းလဲပြီးမှသာ တိုက်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ Tamoxifen ကနေ Z-endoxifen ကိုပြောင်းလဲပေးတဲ့ပမာဏက လူနာရဲ့မျိုးရိုးဗီဇအပေါ် မူတည်ပြီး အနည်းအများကွဲပြားပြန်ပါတယ်။ တကယ်လို့များ Z-endoxifen ကိုဆေးအနေနဲ့ တိုက်ရိုက်ပေးနိုင်မယ် ဆိုရင်တော့ မျိုးရိုးဗီဇကွဲပြားမှုတွေကို လျစ်လျူရှုနိုင်ပြီး ဆေးပမာဏကိုလည်း လျော့ပေးနိုင်တဲ့အတွက်ဘေးထွက်ဆိုးကျိုးလည်း ပိုနည်းစေနိုင်မယ်လို့ US စမ်းသပ်ကုသမှုတွေ က သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ Z-endoxifen ထုတ်လုပ်မှုမှာကြုံနေရတဲ့အခက်အခဲကကုန်ကျစရိတ် အလွန်များနေတာဖြစ်ပြီး၊ ၁ ဂရမ်ရရှိဖို့အတွက် ဒေါ်လာတစ်သောင်းလောက်ကုန်ကျနေတာဖြစ်ပါတယ်။ ယခုသုတေသနမှာသိပ္ပံပညာ ရှင်တွေက လက်ရှိအသုံးပြုလျက်ရှိတဲ့...

ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို သူရဦးရွှေမန်းပါတီမှာ ပါဝင်ဖို့ ကမ်းလှမ်း

ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က ပါတီဝင်ဖို့ ပါတီက ကမ်းလှမ်းထားကြောင်း သိရပါတယ်။ UBP က ပါတီမှာ ပါဝင်ဆောင်ရွက်ဖို့ ကမ်းလှမ်းထားတာမှန်ကန်ကြောင်းနဲ့ အဲဒီကိစ္စကို မဆုံးဖြတ်ရသေးကြောင်း ရန်ကုန်ခေတ်သစ်မီဒီယာကို ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောကြားထားပါတယ်။ ဒါ့အပြင် မနေ့က မန္တလေးမြို့မှာ ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲမှာလည်း နိုင်ငံရေးကို လေ့လာနေကြောင်း ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ထွက်ဆိုခဲ့တာကြောင့် ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ် တစ်နှစ် ကျခံခဲ့ရပါတယ်။ သူဟာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်...

အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဒါရိုက်တာ ဏကြီးနဲ့ ဝိုင်း တို့ ဆုရရှိ

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ ဏကြီးနဲ့ ဝိုင်း တို့လည်း ဆုရရှိခဲ့ပါတယ်။ ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားဟာ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဓာတ်ပုံဒါရိုက်တာဆု ရရှိသွားပါတယ်။ ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားဟာ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Asean International Film Festival & Awards – AIFFA 2019) မှာ အကောင်းဆုံး ဓာတ်ပုံဒါရိုက်တာဆု ရရှိခဲ့ပါတယ်။ “မီ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် နေတိုးနဲ့ ပိုင်ဖြိုးသု တို့ ဦးဆောင်ပါဝင် သရုပ်ဆောင်ထားကြတာပါ။ အဲဒီ ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “ရွှေကြာ” ဇာတ်ကား ဟာလည်း ဆုပေးရွေးချယ်ရေး အဖွဲ့က ပေးအပ်တဲ့ အထူးဆု ရရှိခဲ့ပါတယ်။ ၂၀၁၉...

ဆိုင်ကလုန်း ဖာနီ အန္တရာယ်ကနေ မြန်မာနိုင်ငံစိတ်မချရသေးတာကြောင့် သတိထားဖို့ နှိုးဆော်ထား

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖာနီဟာ လာမယ့် (၉၆) နာရီအတွင်း အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး အဆင့်ကို ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် လုံးဝစိတ်ချရတဲ့ အခြေအနေမဟုတ်သေးဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ဧပြီလ ၂၉ရက် ညနေ (၅)နာရီခန့်က တိုက်တွန်းထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖာနီဟာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (Severe Cyclonic Storm) အဖြစ် ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံ Chennai မြို့ရဲ့ အ ရှေ့တောင် ယွန်းယွန်း (၄၅၀) ကီလိုမီတာအကွာ ရေပြင်ပေါ်မှာ ဗဟိုပြုနေတယ်လို့ ဒေါက်တာထွန်းလွင်က ဆိုပါတယ်။ နောက်(၉၆)နာရီအကြာမှာ လေတိုက်နှုန်း 110 knots ခန့်ရှိလာနိုင်ပြီး အားအလွန် ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး အဖြစ်ကိုရောက်ရှိလာနိုင်ပြီး နောက် နာရီ (၁၂၀)အကြာမှာ အိန္ဒိယအရှေ့မြောက်...

လူခန္ဓာကိုယ်​စွမ်းအင်အတွက်​စားပါ ​ရှောင်​ပါ

လူခန္ဓာကိုယ်​တစ်နေ့တာ စွမ်းအင်တွေအတွက်​ မနက်စာသည်​ အဓိကအစားအစာဖြစ်​သလို မနက်​စာ​ကြောင့်​ စွမ်းအင်​လည်းရရှိ​စေပါသည်​ ။ မနက်စာ မစားမိခြင်း မစားခြင်း အ​ကြောင်းအမျိုးမျိုး​ကြောင်းမနက်စာ မစားလိုက်ဘူး ဆိုရင် ခန္ဓာကိုယ်အတွင်း သကြားဓာတ်ပမာဏ နည်းသွားပါသည်​ အဲဒီအခါ ခန္ဓာကိုယ်​မှာ အင်​အားစွမ်းအင် ရရှိမှု့ လူခန္ဓာကိုယ်​တစ်နေ့တာ စွမ်းအင်တွေအတွက်​ မနက်စာသည်​ အဓိကအစားအစာဖြစ်​သလို မနက်​စာ​ကြောင့်​ စွမ်းအင်​လည်းရရှိ​စေပါသည်​ ။ မနက်စာ မစားမိခြင်း မစားခြင်း အ​ကြောင်းအမျိုးမျိုး​ကြောင်းမနက်စာ မစားလိုက်ဘူး ဆိုရင် ခန္ဓာကိုယ်အတွင်း သကြားဓာတ်ပမာဏ နည်းသွားပါသည်​ အဲဒီအခါ ခန္ဓာကိုယ်​မှာ အင်​အားစွမ်းအင် ရရှိမှု့လျော့နည်းသွားပြီး ဦးနှောက် အလုပ် လုပ်ပုံကိုပါ ထိခိုက် လာစေသလို ​မောဟိုက်​လွယ်​ခြင်း ၊ ရင်​တုန်​ခြင်း ကိုယ်​လက်​မအိမသာဖြစ်​ပြီး စိတ်​မကြည်​ခြင်းပါ ဖြစ်​​ပေါ်လာနိုင်​သည့်​အတွက်​ မနက်​စာမစားမိခြင်းဖြစ်​ရပ်​ကို​ရှောင်​ခါ စားသုံးရပါမည်​ ။ ဆီများများအသုံးပြု့ခါ ချက်​ပြုတ်​ခြင်း၊ကြော်​​လှော်​မုန့်သ​ရေစာ​များ​ကြောင့်​ မိမိခန္ဓာကိုယ်​အ​လေးချိန်​ဝိတ်​​တက်​လာနိုင်​ပြီး စိတ်​ဖိအားကိုပါဖြစ်​​​ပေါ်နိုင်​သည်​ ။ ဒါ​ကြောင့်...

ထိုင်းဘုရင်သစ် နန်းတက်ပွဲအတွက် အပြီးသတ်ပြင်ဆင်

မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပမယ့် ထိုင်းဘုရင် Maha Vajiralongkorn နန်းတက် ဘိသိတ်ခံပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အပြီးသတ် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ထိုင်းမှာ နှစ်ပေါင်း ၇၀ နီးပါးအတွင်း ပထမဆုံး နန်းတက်ပွဲအတွက် တနင်္ဂနွေနေ့ကတော့ ဘုရင့်နန်းတော်ရှေ့မှာ တော်ဝင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝတ်စုံပြည့် ချီတက် အစမ်းလေ့ကျင့်ခဲ့ကြပါတယ်။ ထိုင်းဘုရင်ကြီး Bhumibol Adulyadej ၂၀၁၆ အောက်တိုဘာလမှာ နတ်ရွာစံသွားပြီးတဲ့နောက်မှာ Rama မင်းဆက်ရဲ့ ၁၀ ယောက်မြောက် ဘုရင်အဖြစ် သားတော် Vajiralongkorn က စည်းမျဉ်းခံ ဘုရင်စနစ်အရ ထီးနန်း အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။ မေလ ၄ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပမယ့် နန်းတက်ပွဲ အခမ်းအနားတွေအတွက် ထိုင်းအစိုးရက ဒေါ်လာ ၃၁ သန်းလောက်...

ဆီးချိုသွေးချိုဆေးတစ်မျိုးက အသည်းအဆီဖုံးခြင်းကိုသိသာစွာလျော့ကျစေ

သုတေသနအသစ်တစ်ခုအရအမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ (T2DM)သုံးတဲ့ဆေး တစ်မျိုးကအရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ (NAFLD) ဝေဒနာခံစားနေရတဲ့ သူတွေမှာအသည်းပေါ်ကအဆီပမာဏလျော့ကျစေပြီး၊ သွေးတွင်း သကြားဓာတ်ကို ပါလျော့ကျစေတယ်လို့သိရပါတယ်။ အမျိုးအစား (၂) ဆီးချိုသွေးချိုဝေဒနာသည်တွေ မှာ NAFLD အဖြစ်များပြီး ပြင်း ထန်အသည်းရောဂါတွေထိဆက်လက်ဖြစ်ပွားတတ်ပါတယ်။ သုတေသန တွေ့ရှိချက်တွေအရသက်လတ်ပိုင်း ဆီးချိုသွေးချိုဝေဒနာ ရှင်တွေမှာ ဆီးချိုသွေးချိုဆေးတစ်မျိုး ဖြစ်တဲ့ empagliflozin ကိုသောက်နေသူတွေကကုသမှုစတင်ပြီး ရက်သတ္တပတ် ၂၀ ခန့်အကြာတွင် အသည်းပေါ်မှအဆီ ၁၆.၂% မှ ၁၁.၃ % လောက်ထိလျော့ကျသွား တာကိုတွေ့ခဲ့ရပြီး၊ ထိန်းချုပ်စောင့် ကြည့်အုပ်စုမှာတော့မူလ ၁၆.၄ % မှ ၁၅.၆ % ထိသာအနည်း ငယ်လျော့ကျခဲ့တာတွေ့ရပါတယ်။ NAFLD ပြီးနောက်ဆက် လက်ဖြစ်ပွားတဲ့ အရက်ကြောင့် မဟုတ်ပဲအဆီကြောင့်အသည်းရောင်ရမ်းမှု Non. alcoholic Steatohepatitis (NASH) က အသည်းခြောက်ခြင်း နဲ့ အသည်း...

စဥ့်ကူမှာ ရွှေအင်းပြိုလို့ တရုတ်နိုင်ငံသား သတ္တုတူးဖော်ရေး ပညာရှင် အပါအဝင် ၂ ဦးသေဆုံ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ကံတောင်ကျေးရွာမှာ ရှိတဲ့ ရွှေအင်းတစ်ခုမှာ ဧပြီ ၂၇ ရက် က ရုတ်တရက် မြေစာပြိုကျလို့ တရုတ်နိုင်ငံသား သတ္တုတူးဖော်ရေး ပညာရှင်တစ်ယောက် အပါအဝင် လူ ၂ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ သွားပါတယ်။ အဲဒီ ရွှေအင်းဟာ ထက်ရည်လင်းကုမ္ပဏီ အုပ်စုပိုင် ဖြစ်ပြီး လုပ်ငန်းလုပ်ဖို့ ရွှေအင်းထဲကို ဆင်းနေချိန် ပေ ၅၀ ကျော် အရောက်မှာ ရုတ်တရက် ကျောက်သားနဲ့ မြေစာတွေ ပြိုကျလာလို့ လူသေဆုံးခဲ့ရတယ်ဆိုပြီး ကံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဦးက ပြောပါတယ်။ မြေစာပိတဲ့အတွက် ကုမ္ပဏီဝန်ထမ်း အင်းလုပ်သားတစ်ဦးနဲ့ အတူ တရုတ်နိုင်ငံသား ပညာရှင်ပါ သေဆုံးသွားခဲ့ပြီး တရုတ်နိုင်ငံသားရဲ့ စကားပြန် ဖြစ်သူကတော့ ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့တယ်လို့ သူက ပြောပါတယ်။ လူသေဆုံးမှု ဖြစ်ခဲ့တဲ့ ရွှေအင်း...

ကမ္ဘာ့အကြီးဆုံး လေယာဉ် စတင်ပျံသန်း

အတောင်ဖျားနှစ်ဘက်အစအဆုံး ၃၈၅ ပေ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံးလေယာဉ်ဟာ အမေရိကန်နိုင်ငံမှာ ပထမဆုံး စတင်စမ်းသပ် ပျံသန်းခဲ့ပါတယ်။ အာကာသထဲ ဂြိုဟ်တုတွေ လွှတ်တင်ရာမှာ သုံးဖို့ အဓိက တည်ဆောက်ထားတဲ့ လေယာဉ်ဟာ ထိပ်ဖျားကနေ အမြီးထိဆိုရင်၂၃၈ ပေ ရှိပါတယ်။ ဒီလေယာဉ်ကို မိုက်ခရိုဆော့ဖ် ကုမ္ပဏီပူးတွဲတည်ထောင်သူ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ပေါလ်အယ်လန်ရဲ့ Stratolaunch ကော်ပိုရေးရှင်းက တည်ဆောက်တာပါ။ ဂြိုဟ်တုတွေ အာကာသထဲလွှတ်တဲ့အခါ ဒီလေယာဉ်ဟာ အမြင့်ပေ သုံးသောင်းခွဲ လောက်ကို တက်သွားပြီး ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်လိုက်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်း အောင်မြင်သွားရင်တော့ ဂြိုဟ်တုနဲ့ အာကာသယာဉ် စတာတွေကို မြေပြင်ကနေ အာကာသထဲ ဒုံးပျံနဲ့တိုက်ရိုက်လွှတ်တင်တာထက် စရိတ်သက်သာသွားတော့မှာပါ။ ဒီလေယာဉ်ဟာ အရှည် ပေ ၅၀ နဲ့ ပေါင် ငါးသိန်းလောက်ထိ လေးတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်မှာ...

ဖူးခက် ပင်လယ်ပြင်မှာ ရေပေါ်အိမ် ဆောက်တဲ့ အမေရိကန် နိုင်ငံသား နဲ့ သူ့ချစ်သူ စုံတွဲကို ထိုင်း တာဝန်ရှိသူတွေ ရှာဖွေနေ

ထိုင်းနိုင်ငံ ရဲ့ ရေပိုင်နက် ပင်လယ်ပြင်မှာ ရေပေါ်အိမ် တည်ဆောက်ခဲ့သူ အမေရိကန် နိုင်ငံသား တစ်ဦး သူ့ရဲ့ ချစ်သူ မိန်းကလေး ကို ထိုင်း တာဝန် ရှိသူတွေက အပူတပြင်း လိုက်လံ ရှာဖွေ နေပါတယ်။ ချက် အယ်လ်ဝါတိုးစကီး နဲ့ သူ့ချစ်သူ မိန်းကလေး ဆုပနီး သက်ဒပ် တို့ ဟာ နိုင်ငံရဲ့ အချုပ် အခြာအာဏာ ကို ချိုးဖောက် ခဲ့တယ်လို့ ထိုင်း ရေတပ် က ပြောပါတယ်။ သူတို့ဟာ ဖူးခက် ကျွန်း နဲ့ ၁၂ မိုင် အကွာအဝေးမှာ ထိပ်ဖျား ၆၅ ပေ အမြင့် ရှိတဲ့ ရေပေါ် အိမ် ကို တည်ဆောက် ခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ ဟာ ရေပေါ်အိမ်...