Monthly Archive: April, 2019

ပိန်လွန်းခြင်း၊ ၀လွန်းခြင်းဟာ လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါကို ပိုဆိုးစေနိုင်

အ၀လွန်ခြင်းဟာ လေးဖက်နာ အဆစ်အမြစ်ရောင် ရောဂါရဲ့ ချို့ ယွင်းစေတဲ့ ရောဂါလက္ခဏာတွေကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်လို့ သု တေသနရလဒ် အသစ်တွေအရ သိရ ပါတယ်။ အပြန်အလှန်အားဖြင့် မရည်ရွယ်ဘဲနဲ့ ကိုယ်အလေးချိန် ကျ ဆင်းသွားခြင်းဟာ ထိုလူနာတွေ အတွက် သတိထားရမဲ့ ပြဿနာ တစ်ခုပဲဖြစ်ပြီး မသန်မစွမ်းဖြစ်နိုင် ခြေအတွက် အန္တရာယ်များတဲ့ အနေ အထားတစ်ခု ဖြစ်တာကြောင့်ပါ။ လူနာတွေရော ဆရာဝန်တွေပါ ရောဂါရဲ့ အနေအထားအပေါ် အာရုံစိုက်နေစဉ်မှာ အဆစ်အမြစ် ရောင်လက္ခဏာတွေကို ပိုမိုဆိုးရွား စေတဲ့ ပြဿနာတွေနဲ့ ဆက်စပ်နေတဲ့ အ၀လွန်ခြင်းကိုလည်း ဂရုတစိုက် ကုသသင့်ပါတယ်။ မရည်ရွယ်ဘဲနဲ့ ကိုယ်အလေးချိန် လျော့ကျသွားခြင်း ဟာ လူနာရဲ့အားနည်းလာမှုကို သတိပေးနေတာဖြစ်ပြီး နောက် မသန်စွမ်းမှုတွေ ထပ်မံဖြစ်ပေါ်လာ နိုင်တဲ့ အန္တရာယ်တစ်ခုလည်း ဖြစ်ပါ တယ်။ လေးဖက်နာအဆစ်အမြစ် ရောင် ရောဂါဟာ Autoimmune...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ db (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက်...

Huawei က ကမ္ဘာ့ အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အား မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ထုတ်ဖော် ပြသ

Huawei က “အပြည့်အ၀ ချိတ်ဆက်ပြီး အသိဥာဏ် ရှိသော မြန်မာနိုင်ငံ တည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် Huawei Myanmar ICT Congress 2019 အား ယနေ့ တွင် ရန်ကုန်မြို့ ၌ ပြုလုပ်ခဲ့ရာ ကမ္ဘာ့ အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အား မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ထုတ်ဖော် ပြသခဲ့သည်။ Huawei Mate X သည် ခေါက်ထားသည့် အချိန်တွင် ၆.၆ လက်မ အရွယ် ရှိသည့် စမတ်ဖုန်း အဖြစ် အသုံးပြုနိုင်မည် ဖြစ်ပြီး ဖြန့် ချလိုက်သည့် အခါတွင် ၈ လက်မ အရွယ် ရှိသည့် ပါးလွှာသော တတ်ဘလက် အဖြစ်သို့ ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း...

ဆီးပူညောင်းကျရောဂါ (သို့) ဂနိုရောဂါအကြောင်း သိကောင်းစရာများ

၁။ဂနိုရောဂါဆိုတာဘာလဲ။ ဂနိုရောဂါဆိုတာ လိင်ဆက်ဆံ ခြင်းကနေ ကူးစက်တတ်တဲ့ရောဂါ တစ်မျိုးပါ။ Neisseria gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ကြောင့် ဖြစ်ရတာပါ။ ရောဂါပိုးတွေ ကို အဓိကအားဖြင့် အမျိုးသားများ ရဲ့သုတ်ရည်၊ အမျိုးသမီးအင်္ဂါဇာတ် အတွင်းမှလာသော အရည်များမှာ တွေ့ရတတ်ပါတယ်။ ၂။ ဂနိုရောဂါက ဘယ်လိုကူးစက် တတ်လဲ။ ဂနိုရောဂါဟာ ကျားအင်္ဂါ၊ မအင်္ဂါ၊ ပါးစပ်၊ စအိုတွေနဲ့ အကာ အကွယ်မဲ့ လိင်ဆက်ဆံတာ၊ လိင် ဆက်ဆံခြင်းအတွက် အသုံးပြုတဲ့ (တခြားလူသုံးထားတဲ့) sex toys, vibrators (လိင်ဖြေဖျော်မှုပစ္စည်း များ)တွေကို သေချာမဆေးဘဲ၊ အကာအကွယ်မဲ့အသုံးပြုတာတွေက နေ ကူးစက်ဝင်ရောက်နိုင်ပါတယ်။ ဂနိုပိုးဟာ သားအိမ်ခေါင်း၊ ဆီးပြွန်၊ စအို၊ တစ်ခါတရံ အာခေါင်နဲ့ မျက်လုံးတွေမှာ ပုံစံအမျိုးမျိုးဖြင့် ပေါက်ပွားနေထိုင်တတ်သောပိုးများ ဖြစ်ပြီး အလွယ်တကူ ရောဂါလက္ခ ဏာမပြတတ်ပါဘူး။ ဂနိုရောဂါက...

Alcohol and Coffee အရက်မူးတာကို ကော်ဖီကထူးစေသလား

ကော်ဖီသောက်လိုက်ရင် သောက်ထားတဲ့အရက်ရှိန် မူးနေတာပြေသွားမယ်လို့ယူဆချက်ဟာ နားထောင်ရင် အဟုတ်လို့ ထင်စရာပါ။ ဒါပေမဲ့ လေ့လာမှုတွေလုပ်ကြည့်တော့ အဲလိုမဟုတ်ပါ။ နှစ်အနည်းငယ်တုံးက မိတ်ဆွေတချို့နဲ့အတူ ကျမ ဇာတ်ရုံတခုကကပွဲမှာ အသုံးတော်ခံခဲ့ပါတယ်။ ကျမခင်ပွန်းက အရောက်နောက်ကျပါတယ်။ သူက ခရစ်မတ်နေ့လည်စာနဲ့ ကော်ဖီသောက်ပြီး မွန်းလဲနောက်ပိုင်းတခုလုံးမှာ ဝိုင်တွေ သောက်နေခဲ့တာပါ။ ကံကောင်းတာက ပြဇာတ်က ဟာသဖြစ်ပါတယ်။ ကျမယောက်ျားဟာ လိုတာထက်ပိုပြီး ရယ်မောနေလို့ သူနဲ့တွဲသရုပ်ဆောင်ရသူကတောင် အံ့သြနေကြရပါတယ်။ အားလပ်ချိန်မှာတော့ နောက်ကျိနေတာ သက်သာသွားအောင်ဆိုပြီး ကျမသူ့အတွက် ကော်ဖီ ဝယ်တိုက်ပါတယ်။ ပြဇာတ် ဒုတိယပိုင်းမှာ သူ အတော်ငြိမ်နေတာ တွေ့ရတယ်။ ဒါဖြစ်ရင် ကျမတွက်ထားသလို ကော်ဖီကနေ မျက်လှည့်ပြသလိုသတ္တိ တကယ်ရှိသတဲ့လား။ အရက်ဆိုတာ များလေလေ Sedative effects အိပ်ချင်စိတ်များလေလေဆိုတာ လူတိုင်း သိတဲ့အချက်ပါ။ ပဌမ ၁ နာရီခွဲအတွင်းမှာ သွေးထဲမှာ အရက်ပမာဏ များနေချိန်မယ် အရက်သောက်သူဟာ...

အဂတိ ကော်မရှင်ကြောင့် ဘဏ္ဍာငွေ ကန်ဒေါ်လာ လေးသန်းကျော် ပြန်လည်ရရှိ

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်း စစ်ဆေးမှုကြောင့် မြန်မာငွေ ၃၀ ဒသမ ၈၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၀၃ သန်းတို့ အား ပြည်သူ့ ဘဏ္ဍာငွေအဖြစ် ပြန်လည် ပေးသွင်းနိုင်ခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့သည်။ “ကော်မရှင်ရဲ့ စုံစမ်း စစ်ဆေးမှုကြောင့် ၂၀၁၈ ခုနှစ်အတွင်း သက်ဆိုင်ရာဌာနများတွင် ဆုံးရှုံးမှု ဖြစ်နိုင်ဖွယ်ရှိသော မြန်မာငွေ ၃၀ ဒသမ ၈၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၀၃ သန်းတို့  အား ပြည်သူ့ ဘဏ္ဍာငွေအဖြစ် ပြန်လည် ပေးသွင်းနိုင်ခဲ့ကြောင်း တင်ပြအပ်ပါတယ်” ဟု...

Alcohol and Liver အရက်ကနေ အသည်းကိုဘယ်လိုဆိုးစေသလဲ

၁။ ၄၅ နှစ်။ ယောက်ျား။ uric acid 10.9 alkaline phosphates 110 Alt 69 Ast 129 Gamma-gt 338 ဆရာ အသည်းယေဘုယျအခြေအနေကိုသိနိုင်ပါသလား။ အရက်အလွန်သောက်ပါသည်။ ၂။ ဆရာကျွန်တော့ယောက်ဖက အသက် ၄၀ ပါ။ အရက်သောက်ပါတယ်။ ပြီးခဲ့တဲ့တလကမှအရက်ဖြတ်ပါတယ်။ မနေ့ကဖျားပြီး ဂယောင်ဂတမ်းတွေပြောပါတယ်။ ရင်ထဲကပူတယ်လို့လည်းပြောပါတယ်။ ခုမန်းလေးဆေးကြီးမှာ တင်ထားပါတယ်။ အာထွာဆောင်းရိုက်တော့ ALCOHOLIC HEPATITIS လို့ရေးထားပါတယ်။ စိုးရိမ်ရလားဆရာ။ ဘာရောဂါပါလဲဆရာ။ ဘယ်လိုနေထိုင်ပြုမူပြီးဘယ်လိုစားသောက်တွေစားလို့ရပါလဲ။ ကျေးဇူးပြုပြီးညွန်ကြားပေးပါဆရာ။ အရက်သောက်တာများလေလေ အသည်းကိုထိခိုက်လေဖြစ်တယ်။ ရေတိုနဲ့ ရေရှည်သက်ရောက်မှုတွေဖြစ်ပါမယ်။ အရက်ဟာ သက်ရှိတွေအတွက် အဆိပ်ဖြစ်တယ်။ အသည်းရောဂါ (၃) မျိုးကိုဖြစ်စေမယ်။ (၁) Fatty liver အသည်းအဆီဖုံးခြင်း၊ (၂) Alcoholic hepatitis အရက်အသည်းရောဂါနဲ့ (၃) Cirrhosis အသည်းခြောက်တာတွေ...

HIV ကာကွယ်ရေးနည်းလမ်းသစ်

ဝါတာလူးတက္ကသိုလ်မှ သိပ္ပံ ပညာရှင်တွေက အမျိုးသမီးများတွင်ံHIV ပိုးကူးစက်ခြင်းမှကာကွယ်ပေး နိုင်မဲ့ကိရိယာသစ်ကို တီထွင်ခဲ့ကြပါ တယ်။ သမားရိုးကျ HIV ကာကွယ် နည်းတွေဖြစ်တဲ့ ကွန်ဒုံတွေ၊ HIV ဆန့်ကျင်ဆေးတွေနဲ့ မတူပဲ၊ ကိရိယာ သစ်က လူရဲ့ သဘာဝခုခံအားစနစ် ကို အသုံးချပြီး ဗိုင်းရပ်စ်ကိုကာကွယ် ပေးတယ်လို့ သိရပါတယ်။ HIV ပိုး က လူ့ခန္ဓာကိုယ် ခုခံအားစနစ်ရဲ့ အရေးကြီးတဲ့ T ဆဲလ်တွေကို ထိခိုက် စေတာဖြစ်ပါတယ်။ T ဆဲလ်တွေက ဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့မလုပ်ရင်၊ ဗိုင်းရပ်စ်ကူးစက်မှုရှိလာမှာမဟုတ်ပဲ လူအချင်းချင်းကြား ကူးစက်မှုဖြစ်လာ မှာမဟုတ်တော့ပါဘူး။ T ဆဲလ်တွေ လှုပ်ရှားမှုမရှိတဲ့အခြေအနေကို ခုခံ အားစနစ် ငြိမ်သက်နေတဲ့အခြေ အနေလို့ခေါ်ပါတယ်။ ကျွန်တော်တို့ သိထားသလိုပါပဲ။ တချို့သောက် ဆေးတွေက မွေးလမ်းကြောင်း၊ မိန်းမ ကိုယ်တို့ထိ မရောက်နိုင်ပါဘူး။ ဒါကြောင့်...

အင်ဒိုနီးရှား မြို့တော် ဂျာကာတာ ကနေ တခြား နေရာကို ပြောင်းဖို့ သမ္မတ ဂျိုကို ဝီဒိုဒို လမ်းညွှန်

အင်ဒိုနီးရှား နိုင်ငံ ရဲ့ မြို့တော် ကို ပြောင်းရွှေ့ မယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒို က ဆုံးဖြတ် ထားတယ်လို့ သိရပါတယ်။ လက်ရှိ မြို့တော် ဂျာကာတာ က ကမ္ဘာ မှာ စတုတ္ထ မြောက် လူဦးရေ အထူထပ် ဆုံး မြို့တော် ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ ဂျားဗား ကျွန်းစု တွေ ထဲက ပင်မ ကျွန်း ကြီး ကို မြို့တော် အဖြစ် သတ်မှတ် ထားပေမယ့် မြို့တော် အသစ် ကိုတော့ ဘယ်နေရာ ကို ပြောင်းရွှေ့ မှာလဲ ဆိုတာ ကိုတမသတ်မှတ်ရ သေးဘူးလို့ စီမံကိန်း ဝန်ကြီး က ဧပြီလ ၂၉ ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာ...

Age Spots အသက် နဲ့ အစက်

၁။ မင်္ဂလာပါဆရာ ကျွန်မအသက် ၃၀၊ အပျိုပါ။ ရန်ကုန်ကပါ။ ရာသီက ၂၇ရက်ဝန်းကျင် တကြိမ်ပုံမှန်လာပါတယ်။ တကြိမ်ကို ၂ရက်ဝန်းကျင်ကြာပါတယ်။ လွန်ခဲ့တဲ့၃နှစ်ကျော်လောက်က ကျွန်မဂုတ်နားမှာ မန်ကျည်းစေ့သာသာလောက်ရှိတဲ့ အညိုကွက်၂ကွက်ရှိနေတာ သတိထားမိပါတယ်။ မနှစ်ကအထိ ပျောက်လဲမပျောက် ကြီးလဲကြီးမလာပါဘူး။ ယားလဲမယား စပ်လဲမစပ် အထိအတွေ့ခံစားမှုကအစ ပုံမှန်အသားအရည်အတိုင်းပါပဲ။ ဒီနှစ်ပိုင်းမှ အနည်းငယ်ကြီးလာသလို အနားတဝိုက်မှာလဲ အနည်းငယ်ပွားလာပါတယ်ဆရာ။ ရာသီဥတုပူလွန်းတာကြောင့်လား မသိဘူး။ ဒီလထဲ ပိုသိသိသာသာ ကြီးလာပြီး ပွားလာပါတယ်ဆရာ။ ဆရာဝန်နဲ့တော့ မပြဖူးသေးပါဘူး။ ပုံတွေပါ ပို့လိုက်ပါတယ်။ အလုပ်က အထိုင်တော့ များပါတယ်။ ဝမ်းချုပ်လေ့တော့ သိပ်မရှိပါဘူး။ အသားအရေမွဲခြောက်ခြင်း မရှိပါဘူး။ ပင်လယ်စာ allergy မရှိပါဘူး။ ဖုန်၊ အမှုန်နဲ့အနံ့စူးစူးပြင်းပြင်းတွေ ရှူမိရင်တော့ နှာချေ နှာရည်ကျပြီး နာရီပိုင်း(သို့)ရက်ပိုင်းလောက် နှာခေါင်းပိတ်တတ်ပါတယ်။ ဘယ်လိုကုသသင့်ပါသလဲ ညွှန်ကြားပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ ကိုယ် စိတ်...