Monthly Archive: April, 2019

တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများအတွက် SQA မှချီးမြှင့်သော Higher National Diploma – HND in Business ကို NIC စတင်မိတ်ဆက်

တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်၍ Higher National Diploma ပညာရေးအစီအစဉ်ကို Nanyeng International College – NIC က စတင်မိတ်ဆက်လိုက်ပြီလို့ သတင်းရရှိပါတယ်။ ယင်း Diploma ကို ၁၈ လကြာ တက်ရောက်ရမည်ဖြစ်ပြီး စကော့တလန်အခြေစိုက် Scottish Qualification Authority (SQA) ပညာရေးဘုတ်အဖွဲ့၏ ကြပ်မတ်မှုဖြင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ Diploma in HND ကို တက်ရောက်အောင်မြင်ပြီးက နောက်ထပ် တစ်နှစ်ကြာ Bachelor in Business Management ကို SQA Qualification ကို အသိအမှတ်ပြုသော နိုင်ငံခြား တက္ကသိုလ်များတွင် ဆက်လက် ကက်ရာက်နိုင်ကြောင်း နှင့်မြန်မာနိုင်ငံတွင်သာ တက်ရောက်လိုပါကလည်း NIC တွင် ဆက်လက်တက်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားသည်ဟု လည်း သိရသည်။ ဤ HND...

အမေရိကန် လျှပ်စစ်မီးပြတ်တောက်မှု မြန်မာဒုဝန်ကြီးပြောကြားချက် တုံ့ပြန်မှုထွက်ပေါ်

စင်္ကာပူနဲ့ အမေရိကန်နိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ရင် ရက်နဲ့ချီ ကြာတတ်ပြီး မြန်မာနိုင်ငံမှာတော့ နာရီပိုင်းအတွင်း လျှပ်စစ်မီး ပြန်ရအောင် လုပ်ပေးနိုင်ခဲ့တယ် ဆိုတဲ့ လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီးရဲ့ပြောဆိုချက်ဟာ လွဲမှားတဲ့အချက်တွေပေါ် အခြေခံ ပြောဆိုခြင်းသာဖြစ် တယ်လို့ အမေရိကန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက ပြောဆိုလိုက်ကြပါတယ်။ အရင်အစိုးရ လက်ထက်ကထက်စာရင် NLD အစိုးရ လက်ထက်မှာ လျှပ်စစ်မီးပြတ်တောက်တာ နည်းလာတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်းက စုစည်း တင်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေနဲ့ ၂၀၂၀ နွေရာသီမှာ ဓာတ်အားထုတ်လုပ်မှု တိုးတက်စေရေးအတွက် တနှစ်တာအတွင်း ဘယ်လိုစီမံဆောင်ရွက် သွားသလဲဆိုတဲ့မေးခွန်းကို ဧပြီ၂၉ ရက်မှာကျင်းပတဲ့ ပြည့်သူ့လွှတ်တော်တွင်း ကျောက်တံတားမြို့နယ်ကိုယ်စားလှယ် ဦးနေမျိုးထက်က မေးမြန်းခဲ့ရာမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က အခုလို ဖြေကြားသွားပါတယ်။ “တခြားနိုင်ငံတွေမှာ လျှပ်စစ်ဓါတ်အားမပျက်တောက်ဘူးဆိုတာ မဟုတ်ပါဘူး။ စင်္ကာပူနိုင်ငံမှာ...

သင်းအုပ်ဆရာအဘိုးအိုက ၂၄ နှစ်အရွယ်လူငယ်နှင့် လက်ထပ်

အင်္ဂလန်နိုင်ငံတွင် အသက် ၈၀ အရွယ် သင်းအုပ်ဆရာဟောင်းအဘိုးအို ဖိလစ် ကလိမန့်သည် ၂၅ နှစ်အရွယ် တွိုင်းဘွိုင်း ဖလိုရင် မာရင်နှင့် ပြန်လည်လက်ထပ်လိုက်ပြီး အိမ်ထောင်ရေးကို ဒုတိယအကြိမ် ပြန်လည်စတင်ရန် ပြင်ဆင်လိုက်သည်။ အသက်ချင်း ကွာဟလှသော အိမ်ထောင်ရေးတစ်ခုအတွက် အရာအားလုံးကို ပေးဆပ်မည်ဟု ဖိလစ်ကလိမန့်က ဆုံးဖြတ်ထားသည်။ နောက်ဆုံးဆိုရလျှင် သူ၏ရိုမေးနီးယားသတို့သားကို အခြားအမျိုးသားများနှင့် အိပ်စက်လိုပါကလည်းအိပ်စက်ခွင့်ပြုရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။ ယခင်က ခေတ္တလမ်းခွဲခဲ့ကြဖူးသော်လည်း ယခုအချိန်တွင်ကား ယခင်ထက်ပိုမို၍ မေတ္တာခိုင်မြဲနေကြပြီဟု ဆိုသည်။ ယခင်က နှစ်ဦးအကြား မကြာခဏ ကတောက်ကဆဖြစ်ခဲ့ကြရပြီး အဓိကအကြောင်းရင်းမှာ ဘဝနေထိုင်မှုဟန်များ ဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်ဟု ဆိုသည်။ လူငယ် ဖလိုရင်က ညဘက်တွင် နိုက်ကလပ်များသွားရခြင်းကို နှစ်သက်သော်လည်း အဘိုးအိုဖိလစ်ကလိမန့်က အိမ်တွင်သာ နားအေးပါးအေးနေလိုစိတ်ရှိသည်။ ထိုသို့ ဆန့်ကျင်ဘက်များရှိသော်လည်း တစ်ဦးအပေါ်တစ်ဦးထားရှိသည့် အချစ်ကြောင့် ခြားနားမှုများကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းကြသည်ဟု...

သင်္ဘောပွင့်အကြောင်း သိကောင်းစရာ

ကင်ဆာကို ကာကွယ်ခြင်း ဖောရောင်ခြင်းနှင့် ကင်ဆာ ဖြစ်စေသော tumor cell များ စတင်ဖြစ်ပေါ်ချိန် ရောင်ရမ်းမှုနှင့် ကြီးမားလာစေသော နှုန်းကို လျော့ချ ပေးသည်။ Ulcer များကို ပျောက်ကင်းစေနိုင် ခြင်း မြင့်မားသော အင်တီအောက် ဆီးဒင့်များ ပါဝင်သဖြင့် ၀မ်းဗိုက် အတွင်း ရောင်ရမ်းမှုများအတွက် အသုံးပြုနိုင်ပြီး lipids cholestrol များ စတင်ဖြစ်ပေါ်ခြင်းကို ကာကွယ် ပေးသည်။ အစာချေနိုင်ခြင်း အခြားအသီးများတွင်ထက် enzyme papain ပိုမိုပါဝင်သည့် အတွက် အစာကြေစေပြီး ၀မ်းချုပ် ခြင်းကို ကာကွယ်ပေးသည်။ အင်တီအောက်ဆီးဒင့်ကြွယ်ဝခြင်း ခန္ဓာကိုယ်တွင်းမှ ဓာတ်တိုး ဆန့်ကျင်မှုများကို တိုက်ထုတ်နိုင် သည့် အင်တီအောက်ဆီးဒင့် အမျိုး မျိုးပါဝင်သည်။ ဓာတ်တိုးဆန့်ကျင် ခြင်းမှ Oxidative ပျက်စီးမှုများသည် ကင်ဆာ၊ အိုမင်းရင့်ရော်လွယ်မှု အပြင် သွေးကြောမျှင်များ ပြဿနာ...

ကဖင်းဓါတ်ကြောင့် သွေးဆုံးကိုင်ဝေဒနာများ ပိုမိုဆိုးရွားနိုင်

ကဖင်းဓါတ်သည် အမျိုးသမီး (၈၀)ရာခိုင်နှုန်း၌ သွေးဆုံးချိန်ရောက်သည့်အခါ အပူပျံခြင်း၊ ညဘက်ချွေးထွက်ခြင်းတို့ကိုပိုမိုဆိုးရွားစေကြောင်း လေ့လာမှုတစ်ခုအရသိရသည်။ ကဖင်းဓါတ်သောက်သုံးမှုကန့်သတ်ခြင်းဖြင့် သွေးဆုံးပြီးအမျိုးသမီးများတွင်အပူပျံခြင်း၊ ညဘက်ချွေးထွက်ခြင်းတို့ သက်သာစေမည်ဖြစ် ကြောင်းသုတေသီများကဆိုသည်။ ကဖင်းသည် ခန္ဓာကိုယ်ကို လှုံ့ ဆော်ပေးသည့် ဓါတ်တစ်မျိုးဖြစ်ပြီး ကော်ဖီ၊ဆေးဝါး၊ ချောကလက်တို့တွင် ပါဝင်လေ့ရှိကာ သွေးဆုံးချိန်ရောက် နေသည့်အမျိုးသမီးများတွင် အာနိသင်အမျိုးမျိုး သက်ရောက်နိုင်သည်။ ၂၀၀၅ခုနှစ်မှ ၂၀၁၁ ခုနှစ် အတွင်းသွေးဆုံးပြီးအမျိုးသမီး (၁၈၀၀)ဦးကိုစုဆောင်း လေ့လာမှု များပြုလုပ်ခဲ့သည်။ အမေရိကန်လူမျိုး (၈၅)ရာခိုင်နှုန်း ကဖင်းဓါတ်ကိုပုံစံ အမျိုးမျိုးနှင့် နေ့စဉ်စားသုံးလျက်ရှိ သောကြောင့် သုတေသီ Stephanie Faubion နှင့်အဖွဲ့က သွေးဆုံးကိုင် ဝေဒနာများအပေါ် ကဖင်းဓါတ် ၏သက်ရောက်မှုကို လေ့လာခဲ့ကြသည်။ ယခင် သုတေသနများအရ ကဖင်းဓါတ် ကောင်းကျိုးဆိုးကျိုးများ ရောထွေးလျက်ရှိသော်လည်း ယခု တွေ့ရှိချက်များတွင် ကဖင်းဓါတ်သည် သွေးဆုံးကိုင်ဝေဒနာများကို ပိုမိုဆိုး ရွားစေကြောင်း တွေ့ရှိခဲ့ကြသည်။ ၀တ်ဆင်ရ၊ ချွတ်ရလွယ်ကူသည့်...

STDs Symptoms လိင်မှတဆင့် ကူးစက်သော ရောဂါများ၏ လက္ခဏာများ

1. Genital ulcer disease လိင်လမ်းအနာ ယောက်ျားတွေမှာ လိင်တံ၊ ကပ်ပယ်အိတ်၊ စအို-အစာဟောင်းအိမ်၊ မိန်းမတွေမှာ မိန်းမကိုယ်၊ ဗဂျိုင်းနား၊ သားအိမ်ဝ၊ စအို-အစာဟောင်းအိမ်တွေမှာဖြစ်တယ်။ Syphilis (ဆစ်ဖလစ်)၊ Chancroid (ရှန်ကာရွိုက်)၊ Lymphogranuloma venereum (လင်ဖိုဂရင်နူလိုမား-ဗနီးရီးယမ်း)၊ Granuloma inguinale (ဂရင်နူလိုမား-အင်ဂွိုင်နယ်လေး) နဲ့ Genital herpes လိင်လမ်း ရေယုံ ပိုးတွေကနေဖြစ်စေတယ်။ 2. Urethral discharge ဆီးလမ်းက အရည်ဆင်းခြင်း ယောက်ျားတွေမှာ ဆီးသွားလမ်းက တခုခုဆင်းမယ်။ ဆီးသွားရင်နာတာနဲ့ တွဲဖြစ်တာရော မတွဲတာရောရှိတယ်။ Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယေး)၊ Chlamydia trachomatis (ကလာမိုင်ဒီဒယား-ထွိုင်ကိုမက်တစ်)၊ Mycoplasma genitalium (မိုင်ကိုပလပ်စမာ-ဂျနီတေးလီယမ်)၊ Ureaplasma urealyticum (ယူရီယာပလာစမာ-ယူရီရယ်လစ်တီကမ်) နဲ့ Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) ပိုးတွေကနေဖြစ်စေတယ်။ 3. Vaginal...

၅ နှစ်အရွယ် သမီးအရင်းကို ဖခင်အရင်းထံ ကာမ သွားရောင်းစားသည့်အမျိုးသမီးအား ထိုင်းရဲများဖမ်းဆီး

ထိုင်းနိုင်ငံ အရှေ့ပိုင်း ချချိန်းဆောဝ် ခရိုင်တွင် ဖနွမ်းဆာရခမ်း မြို့နယ် နောင်ယောင်းအုပ်စု ရပ်ကွက် ၃ တွင် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူကို ၄င်း၏ ဖခင်အရင်းဖြစ်သူထံ လိင်ကျွန်အဖြစ် တပတ် ၂ ကြိမ် ရောင်းစား ခဲ့သည့်အမျိုးသမီးအား ထိုင်းရဲများက ၀င်ရောက်ဖမ်းဆီးခဲ့ကြကြောင်းသိရသည်။ အသက် ၅ နှစ် အရွယ်ကလေး၏ မိခင်ဖြစ်သူ မှာ ဆုဖလတ် ဖာဆု အသက် ၂၈ နှစ်ဆိုသူဖြစ်ပြီး ၄င်း၏ သမီးအား မစ္စတာ ၀ိနိုင်း ဖရွမ်းထောင်းဆု အသက် ၅၂ နှစ်ဆိုသူထံ တပတ်လျှင် ၂ ကြိမ် ပို့ဆောင်ကာ လိင်ကျွန် အဖြစ်ရောင်းစားကြောင်း ၊ တကြိမ်လျှင် ဘတ်ငွေ ၂၀၀ မှ ၃၀၀ အထိ( မြန်မာငွေကျပ် ၁ သောင်းဝန်းကျင်) ရရှိကြောင်း...

မိန်းကလေးကို သိန်း ၁၂၀နဲ့ တောင်းရမ်းလက်ထပ်ခဲ့တဲ့ တရုတ်နိုင်ငံသားကိုဖမ်း

ရန်ကုန်မြို့ အထည်ချုပ် စက်ရုံ တစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်ကလေးတစ်ဦးကို မြန်မာစကား မတတ်သူ တရုတ်နိုင်ငံသားတစ်ဦးက စကားပြန်ကနေတစ်ဆင့် ကျပ် သိန်း၁၂၀ နဲ့ တင်တောင်း မင်္ဂလာဆောင်ခဲ့ပြီး နောက်တစ်နေ့ မှာ သူနဲ့ စကားပြန် အမျိုးသမီးကို ရဲကဖမ်းလိုက်ပါတယ်။ သူတို့ကို လူကုန်ကူးမှု ဥပဒေနဲ့ ဖမ်းတာလို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က ရဲမှူးဝေလွင်က ဘီဘီစီကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံသားလုပ်ငန်းရှင်က အဲဒီ မိန်းကလေးရဲ့ ဇာတိ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၊ ဝါးကောက်ကျေးရွာအုပ်စုက ရွာမှာ မင်္ဂလာဆောင်ခဲ့ပြီးတော့ ဧပြီလ ၂၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ရန်ကုန်မှာ သူနဲ့စကားပြန် အမျိုးသမီးကိုဖမ်းလိုက်တာ ဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကအတည်ပြုပါတယ်။ အဖမ်းခံရတဲ့ အမျိုးသမီးက လူကုန်ကူးမှုဖြစ်အောင် စီစဉ်ပေးသူလို့ ရဲကပြောပါတယ်။ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေအရ...

တောင်ကြီး မြို့ပေါ်တွင် ၁ နှစ်အောက်ကလေး ပါဝင်သည့် ၄ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

အသက် ၁ နှစ်အောက်ကလေးတဦးအပါအ၀င် ၄ လောင်းပြိုင်လူသတ်မှုတခု သျှမ်းပြည်နယ် မြို့တော်တောင်ကြီးမြို့တွင် ဖြစ်ပွါးခဲ့သည်။ ဧပြီလ ၂၈ ရက် ယနေ့မနက်ပိုင်းက တောင်ကြီးမြို့၊ ကံသာရပ်ကွက် တိုင်းရင်းဆေးဝါး ထုတ်လုပ်သည့် (မြင်းဖြူ နှစ်ကောင်ဆေးတိုက်)တွင် မိသားစုအလိုက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည် ။ ” ဖြစ်တာက မနေ့ညက ၁၂ နာရီ လောက်ကလို့ ရဲတွေပြောတာကြားတယ် ၊ လူသတ်သမားက အိမ်သာတောင်တက်သွားသေးတယ်လို့ လဲပြော ကြတယ် ၊ သူတို့အိမ်ဝန်းက ကျနော်တို့ အိမ်ဝင်းထက်တောင် ပိုလုံခြုံသေးတယ် ၊ သွေးတွေ အိမ်ရှေ့ဖက်စီးကျလာလို့ အိမ်နီးချင်းတွေသွားကြည့်တော့ခြံရှေ့မှာ ကလေးအဖေက သေနေပြီ ။ အဖွားနဲ့အဒေါ်ကပင်လုံမှာ အလှူ ရှိလို့သွားကြတာ လွှတ်သွားတာပေါ့ ၊အဆိုးဆုံးကတော့ တစ်နှစ်တောင်မပြည့်သေး တဲ့ ကလေးငယ်ပါ သတ်သွားတာ ” ဟု အသတ်ခံရသည့် မိသားစု၏ အိမ်နီးချင်း...

သင်္ကြန်ပြန် မြန်မာအလုပ်သမားများ ထိုင်းနယ်စပ်ဂိတ်မှာ ပြည့်နှက်

၂၀၁၉ ခုနှစ် ဧပြီလအတွင်း သင်္ကြန်ပြန်ကြမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ၂၅ ရက် ဗီဇာအခမဲ့ ကင်းလွတ်ခွင့် ပြုပေးထားတာကုန်ဆုံးတော့မယ့် အချိန်မှာ လုပ်ငန်းခွင်ကိုပြန်ဝင်ဖို့ ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေ ၂သိန်းကျော် ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ် ။ မဲဆောက်- မြ၀တီ နယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို ပြန်ဝင်ရောက်လာသူတွေ များတာကြောင့် ထိုင်းဘက်က စီစစ်လက်ခံပေးတဲ့ ကောင်တာတွေ ၂၅ခု လောက်ထိဖွင့်ပေးရတယ်လို့ ဆိုပါတယ် ။ ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။ မဟာသင်္ကြန်ကာလ နေရပ်ပြန်ဖို့အတွက် ၂၅ရက်အတွင်း Re entry တုံးဖိုးပေးစရာမလိုပဲ အသွားအပြန် ခွင့်ပြုပေးထားတာပါ။ ထိုင်းဘက်က ဗီဇာကင်းလွတ်ခွင့်ပြု ထားတဲ့ ရက်ကုန်ဆုံးတော့မယ့် အချိန်မှာ ထိုင်း-မြန်မာနယ်စပ် မြ၀တီမဲဆောက်လမ်းကနေ ၀င်ရောက်လာတဲ့ လူဦးရေ အလွန်များပြားလာနေလို့  တပ်ခရိုင် လ၀က...