Monthly Archive: April, 2019

ကမ္ဘာပေါ်မှာ လုံခြုံ စိတ်ချရဆုံး မြို့တော်များ

အလှည်အပတ် ခရီးသွားသည် ဖြစ်စေ၊ အလုပ်သွားလုပ်သည်ဖြစ်စေ ကိုယ့်နိုင်ငံကနေ တစ်ခြားနိုင်ငံကို သွားပြီးဆိုကတည်းက လုံခြုံ မှုရှိဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ လုံခြုံ စိတ်ချ ရဆုံး ဖြစ်တဲ့ မြို့တော်တွေကို ဖော်ပြပေးပါမယ်။ မကြာသေးမီက ကြေငြာခဲ့တဲ့ စီးပွားရေးအရ စိတ်အချ ရဆုံးနိုင်ငံ အဆင့်လိုက်တိုင်း အထူးစိတ်ဝင်စား စရာကောင်းပြီး လည်ပတ်ဖို့ ကောင်းတဲ့နိုင်ငံတွေ ဖြစ်လာပါတယ်။ စီးပွားရေး အချက်အချာ ကျဆုံး မြို့တော် ၅၀ ကို ရွေးချယ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဒစ်ဂျစ်တယ် လုံခြုံရေး၊ ကျန်းမာရေး လုံခြုံမှု ၊ အဆောက်အအုံ များ စိတ်ချ ရမှု နှင့် ဘေးကင်း လုံခြုံ မှုရှိခြင်း စသည့်အချက် များပေါ်မူတည်၍ အဆင့်လိုက် သတ်မှတ်ပေးခဲ့ ပါတယ်။ ပထမဦးဆုံး စီးပွားရေးအရ လုံခြုံ မှုအရှိဆုံး...

ဆန်းကြယ်တဲ့ အင်တာဗျူးမေးခွန်း ၈ခု

အမေရိကန်ရှိ အင်တာဗျူ : မေးခွန်း ၂၅၀၀၀၀ ခန့်ကို စစ်တမ်းကောက် ကြည့်ရာတွင် အောက်ပါ မေးခွန်း ၈ခုသည် ဆန်းကြယ်သော ထိပ်တန်း မေးခွန်းများဖြစ်ပါတယ် ၁။ လေယာဉ်ပျံ မတော်တဆဖြစ်ပွားမှုမှာ သင်တစ်ယောက်တည်း အသက်ရှင် ကျန်ခဲ့မယ်ဆို သင်ဘာလုပ်မလဲ??? ၂။ သင်အကြိုက်နှစ်သက်ဆုံး ၉၀ရာစုခန့်က ယို ??? ၃။ သင့်အိပ်ယာနိုးလာတဲ့အချိန်မှာ မဖတ်ရသေးတဲ့ မေးလ် အစောင် ၂ထောင်ခန့် ရှိနေပြီး တကယ်တမ်း ပြန်ဖြေရမှာက အစောင် ၃၀၀ပဲ ရှိတယ်ဆိုရင် ဘယ်မေးလ် ဟာ ပြန်ဖြေရ မယ့် မေးလ် ဟုတ်မဟုတ် သင်ဘယ်လိုရွေးချယ်မလဲ??? ၄။ Spiderman နဲ့ Batman ချရင် ဘယ်သူနိုင်မလဲ??? ၅။ သင့် အတွက် တစ်နေ့ကို ဒေါ်လာ ၁၀၀ ထုတ်ပေးမယ့် စက် သာရှိမယ်ဆို...

အူမကြီးကင်ဆာကို အပြတ်တိုက်နိုင်တဲ့ အုန်းဆီ

လေ့လာတွေ့ရှိချက်များအရ လူတွေမှာအဖြစ်များလေ့ရှိတဲ့ ကင်ဆာရောဂါများထဲမှာ အူမကြီးကင်ဆာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး အမျိုးသားအမျိုးသမီးမရွှေး ဖြစ်ပွားလေ့ရှိပါတယ်။ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါဆိုးကြီးကို ခေတ်မှီဆေးဝါးများနဲ့ ကုသနေပေမယ့်လည်း ထိရောက်တဲ့သက်သာမှုတွေတော့ ဖြစ်မလာနိုင်သေးပါဘူး။ ဒါပေမယ့် ထူးထူးခြားခြား အုန်းဆီကရရှိတဲ့ အာနိသင်တစ်ခုဟာ အူမကြီးကင်ဆာကို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း တွေ့ရှိလာခဲ့ရပါတယ်။ အုန်းဆီတွေမှာပါဝင်တဲ့ Lauric အက်ဆစ်ဓါတ်ဟာ အူမကြီးကင်ဆာရောဂါကို နှစ်ရက်အတွင်းမှာ ၉၃% လောက်အထိ ဖျက်ဆီးစေနိုင်စွမ်းရှိကြောင်း သြစတြေးလျတက္ကသိုလ်မှ လေ့လာသူများက သိရှိခဲ့ရတာဖြစ်ပါတယ်။ Lauric အက်ဆစ်ဓါတ်ဟာ ၄၈နာရီအတွင်း ကင်ဆာဆဲလ်တွေကို အကုန်နီးပါးချေမှုန်းနိုင်ပြီး ကင်ဆာဆဲလ်ကို အဓိကဖြစ်ပွားစေနိုင်တဲ့ Glutathione ကို သိသာထင်ရှားစွာ လျော့ချပေးနိုင်ပါတယ်။ ဒီလို အုန်းဆီတွေမှာ ပါဝင်နေတဲ့ Lauric အက်ဆစ်ဓါတ်ဟာ မိခင်နို့ရည်တွေထဲမှာလည်း ပါရှိနေတတ်ပြီး ကိုယ်ခံအားနည်းတဲ့ ရောဂါလက္ခဏများကို တိုက်ထုတ်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အုန်းဆီကိုအသုံးပြုပြီး အူမကြီးကင်ဆာသာမက ဆီးချိုရောဂါ ၊ အရိုးပွရောဂါနဲ့ အသဲရောင်ရောဂါတို့ကို ကုသကာကွယ်ပေးနိုင်ပါသေးတယ်။...

Samsung က မျက်နှာပြင်ကွေးခေါက်ဖုန်းကို ဒီနှစ်မှာ ထုတ်လုပ်ဖွယ်မရှိသေး

လွန်ခဲ့တဲ့ သုံးနှစ်တည်းက Samsung ဒါမျိုးတွေ လုပ်မယ်ဆိုတာကို အားလုံးထင်ကြေးပေးခဲ့ကြပေမယ့်လည်းအခုထက်ထိတော့ ဒီသတင်းတွေက rumor အဆင့်မှာသာ ရှိနေဆဲပါပဲ။ Galaxy X လို့ အမည်ပေးသွားမယ့် မျက်နှာပြင်လိပ်နိုင် ပြုနိုင်ဖုန်းတွေကိုတော့ ၂၀၁၈ မှာ စတင်မိတ်ဆက်မယ်လို့ အားလုံးထင်ထားပေမယ့်လည်း ဒီနှစ်ကတော့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ Qualcomm ရဲ့ display နည်းပညာ မန်နေဂျာ ဆယ်လ်မန်ဆေ့ဒ်ကတော့ လောလောဆယ်မှာ ဒါမျိုးတွေ ထုတ်လုပ်ဖို့ နှစ်အတော်ကြာအုံးမယ်လို့ ပြောသွားခဲ့ပါတယ်။ foldable display တွေကို လုပ်နိုင်မှာ ဖြစ်ပေမယ့်လည်း သူ့ရဲ့ ကြာရှည်ခံမှုသက်တမ်းကတော့ နည်းလိမ့်မယ်လို့လည်း ပြောပါတယ်။ လောလောဆယ်မှာတော့ ခေါက်နိုင်ကွေးနိုင်တဲ့ electrodes တွေကို သူတို့ အကောင်းဆုံး ပြုလုပ်နေပြီဖြစ်တယ်လို့လည်း ဆယ်လ်မန်က ပြောပါတယ်။ ဒါ့ကြောင့် အခုလို မျက်နှာပြင်ကွေးနိုင်ခေါက်နိုင်တဲ့ ဖုန်းတွေဟာ ကောလဟလအဆင့်မှာသာ ရှိနေဆဲဖြစ်ပြီး အမှန်တကယ် ထုတ်လုပ်နိုင်ဖို့တော့...

အချိန်တစ်ရက်နဲ့ ဒေါ်လာတစ်သောင်းသာ ကုန်ကျခဲ့တဲ့ 3D printed အိမ်

SXSW ပွဲမှာတော့ နာမည်ကြီးနေခဲ့တာက 3D printer နဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ပါပဲ။ ကွန်ကရစ်ကို အသုံးပြုပြီးတည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန်အရမ်းကို မြန်ဆန်ခဲ့တဲ့အပြင် လူအင်အားသိပ်သုံးစရာမလိုခဲ့တာတွေကဒီအိမ်ပရောဂျက်ရဲ့ အားသာချက်တစ်ခုဖြစ်လာခဲ့တာပါ။ ICON အမည်ရ ကုမ္ပဏီကနေ ၆၅၀ စတုရန်းပေးရှိတဲ့ အိမ်တစ်လုံးကို Vulcan 3D printer နဲ့ တည်ဆောက်ပြခဲ့ပြီးအချိန် ၂၄ နာရီအတွင်း အပြီး တည်ဆောက်နိုင်ခဲ့ပါတယ်။ ကုန်ကျစရိတ်ကတော့ ဒေါ်လာ တစ်သောင်းသာရှိခဲ့ပြီးအိမ်တစ်လုံးကို တစ်ရက်နှုန်းနဲ့ တည်ဆောက်မှုဟာ အိုးအိမ်လိုအပ်ချက်တွေရှိနေတဲ့ နေရာတွေမှာ ဒီလိုတည်ဆောက်ဖြည့်ဆည်းပေးဖို့အတွက် ပိုပြီး အခွင့်အလမ်းတွေရှိလာခဲ့တာပါ။ ဧည့်ခန်း ၊ အိပ်ခန်း ၊ ရေချိုးခန်းနဲ့ အိမ်သာတွေအပါအဝင် သပ်သပ်ရပ်ရပ်ရှိတဲ့ အိမ်ပုံစံကတော့ တော်တော်လေးကိုလူတွေအကြိုက်တွေ့ခဲ့ကြပါတယ်။ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ICON ဟာ သူတို့ရဲ့ကနဦး ပရောဂျက်တစ်ခုအနေနဲ့ လာမယ့်နှစ်မှာ 3D Printer နဲ့ အိမ် အလုံး...

အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်များအတွက် ကိုရီးယားငွေ သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ So Ji Sub

မင်းသား So Ji Sub က NGO Good Neighbors ကို ကိုရီးယားငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၈၉၀၀၀ နီးပါ) လှူဒါန်းခဲ့ပါတယ်။ Good Neighbors က “မင်းသား So Ji Sub က ဝင်ငွေနည်းတဲ့ မိသားစုက မိန်းကလေးတွေနဲ့ နှိပ်စက်ခံရတဲ့ ကလေးတွေကို ကုသဖို့အတွက် ကိုရီးယားငွေ သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ သူက ‘The Good Neighbors Club’ ရဲ့ ပမာဏအများကြီး လှူဒါန်းတတ်တဲ့ အဖွဲ့ဝင်လည်းဖြစ်လာပါပြီ” လို့ ပြောပါတယ်။ သူက ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ ‘TWENTY: The Moment’ fanmeeting က ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို လှူဒါန်းတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ သူက “အဓိပ္ပာယ်ရှိတဲ့နေရာမှာ...

Google Play Store ရဲ့ နောက်ပိုင်း ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေကတော့ အတော်လေးမိုက်လာပါပြီ။

အသုံးပြုသူတွေအတွက် လုံခြုံရေးပိုင်းကို ပိုမိုအလေးထားလာပြီးတဲ့နောက်မှာတော့ user’s experience ပိုင်းကိုပိုပြီး ကောင်းမွန်လာအောင် သူတို့ လုပ်ပေးနေတာ အခုဆို အတိုင်းအတာ တစ်ခုအထိ ရောက်လာပြီလို့ ပြောလို့ရပါတယ်။ အခု မိတ်ဆက်ပေးလိုက်တဲ့ Play Instant ဆိုတဲ့ လုပ်ဆောင်ချက်ကတော့ အတော်လေးကို မိုက်တယ်လို့ ပြောလို့ရပါတယ်။ သင့်အနေနဲ့ Google Play Store ပေါ်က ဂိမ်းတွေကို ဒေတာတွေ ၊ ဖုန်းဘေလ်တွေ အကုန်ခံပြီးဒေါင်းနေစရာမလိုဘဲ အစမ်းဆော့ကစားနိုင်တော့မှာပါ။ ဒါ့ကြောင့် ဖုန်းမှာ storage နည်းနေတဲ့အခါမှာ ဒီဂိမ်းကိုinstall လုပ်သင့်မလုပ်သင့်ကို Play Instant လုပ်ဆောင်ချက်နဲ့ အစမ်းကစားပြီးမှ ဆုံးဖြတ်လို့ရပါတယ်။ ကိုယ့်စိတ်ကြိုက်ဖြစ်မယ်ထင်မှ ဒီဂိမ်းကို ဖုန်းထဲထည့်ဖို့ ဆုံးဖြတ်ချက်ချလို့လည်း လွယ်သွားတာပေါ့။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့ဆိုရင်တော့ Install Button ဘေးနားမှာ Try Now ဆိုတဲ့ button လေး...

လာမယ့် မေလလောက်မှာ ထွက်ရှိလာတော့မယ့် LG G7 ရဲ့ ပုံရိပ်များ

Essential ဖုန်းကနေ စလိုက်တဲ့ notch ပုံစံနောက်ပိုင်း ၊ ဖုန်းတွေအတော်များများကလည်း notch လေးတွေနဲ့ ဖြစ်လာပါတော့တယ်။ ထိပ်မည်းဖုန်းလေးတွေပေါ့ (:P) notch တွေထဲမှာမှ iPhone X ရဲ့ notch ပုံစံ Android ဖုန်းတွေကိုတော့ တော်တော်လေးတွေ့လာရပါပြီ။ Asus Zenfone 5, Huwei ကနေ ထွက်ရှိလာမယ့် ဖုန်းတွေနဲ့ တစ်ခြား android phone အတော်များများမှာ notch တွေပါဝင်လာခဲ့တဲ့ အချိန်မှာ LG ကလည်း သူတို့ရဲ့ flagship ဖုန်းဖြစ်တဲ့ G7 မှာ Notch ကြီးထည့်လာဖို့ရာနှုန်းများနေတာ ထွက်ပေါ်လာတဲ့ ပုံတွေက သက်သေခံနေပါတယ်။ ဒေါ်လာ ၈၀၀ ဝန်းကျင်ရှိမယ့် ဖုန်းမှာတော့ Snapdragon 845 processor, ကျောဘက် fingerprint reader, premium audio...

ဗြိတိန်နိုင်ငံ က အမျိုးသမီးတွေ ၅ ယောက်မှာ ၄ ယောက်ဟာ နေ့စဉ် ရေမချိုးကြ

ထူးဆန်းတဲ့ လေ့လာမှု တစ်ခုအရ အမျိုးသမီးတွေ ဟာ ၅ ယောက်မှာ ၄ ယောက် ဟာ နေ့ စဉ် ရေမ ချိုး ကြ ဘူး လို့ သိရပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံမှာ ရှိတဲ့ အမျိုးသမီးထု ရဲ့ ၃ ပုံ ၁ ပုံ ဟာ သူတို့ရဲ့ ခန္ဓာကိုယ် ကို ၃ ရက်လောက် မသန့်ရှင်းပဲ နေကြတယ်လို့ ဆိုပါတယ် ဒါ့အပြင် ၃ ပုံ ၂ ပုံ အမျိုးသမီးတွေဟာ အိပ်ရာ မ၀င် ခင်မှာ သူတို့ရဲ့ မိတ်ကပ်တွေကို ဖျက်လေ့မရှိကြပဲ ၃ ပုံ ၁ ပုံ သော အမျိုးသမီးတွေကတော့ အိပ်ရာမ၀င်ခင်မှာ သွားတိုက်လေ့မရှိကြဘူးလို့ သိရပါတယ်။ ထိုလေ့လာမှု ဟာ...

မြန်မာငွေ သိန်း ၁၈၀၀ ကျော်တန် ကမ္ဘာ့ဈေးအကြီးဆုံး ခွေးအကျီ င်္

သင့်အနေနဲ့ အိမ်မှာမွေးထားတဲ့ ခွေးကို ဘယ်လောက်ချစ်ပါသလဲ??? ဒီမေးခွန်းကို အကောင်းဆုံးဖြေနိုင်ဖို့ဆိုရင်တော့ ဒီခွေးအကျီ င်္ကို ဝယ်ဝတ်ပေးလိုက်ပါတော့… ရွှေ ၂၄ ကာရက်ကို ဒီအကျီ င်္မှာ အသုံးပြုထားပြီး နာမည်ကျော် Swarovski ခရစ္စတယ်တွေ ၊ စိန်နက်တွေနဲ့ အလှဆင်ထားပါတယ်။ ဒီအကျီ င်္ကို ဝတ်ထားပေးရင်တော့ သင့်ခွေးဟာ ဓားနဲ့ ခုတ်လည်း ဘာမှမဖြစ်တဲ့အပြင် ခွေးအချင်းချင်းကိုက်ရင်တောင် ရွှေထည်ကြီးကြောင့် အေးဆေးဖြစ်နေမှာပါ။ နာနို ရွှေချည်မျှင်တွေနဲ့ သေချာယက်လုပ်ထားပြီး “ရွှေအတိ ခြုံထည်” လို့ ဒီအကျီ င်္ကို တင်စားထားပါတယ်။ လူတိုင်း အံ့အားသင့်စေမယ့် ဈေးနှုန်းနဲ့ ဒီအကျီ င်္ကို ဈေးဖွင့်ထားပါတယ်။ ဒေါ်လာ $137,000 (မြန်မာငွေ သိန်း၁၈၀၀) ဝန်းကျင်အထိ ဈေးပေါက်လာတာဖြစ်ပြီး Doggy Armour ကနေ ဒီအကျီ င်္ကို ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Bruce #knowledge.thithtoolwin.com...