Monthly Archive: March, 2019

(၁၀) နှစ်သမီးလေးပေမယ့်ကြမ်းတမ်းတဲ့အလုပ်တွေဘာလို့လုပ်နေရလဲဆိုတာ

ကြမ်းတမ်းတဲ့ ဆောက်လုပ်ရေးအလုပ် ဝင်လုပ်ပီး အိုမင်းနေတဲ့ အဖိုးနဲ့ အဖွားကို လုပ်ကျွေးနေတဲ့ (၁၀) နှစ်သမီးလေး သူမရဲ့ ဖခင် ရုတ်တရက်သေဆုံးပြီးမိခင်ကလည်းတစ်ခြားယောင်္ကျားတစ်ယောက်နဲ့ထွက်ပြေးသွားခဲ့တယ်။ဆယ်ကျော်သက် အရွယ်ကလေးတွေဟာသူငယ်ချင်းတွေနဲ့ကစားမယ်၊ကလေးဘဝကိုအကောင်းဆုံးနဲ့အပျော်ဆုံးဖြတ်သန်းမယ်အမှတ်တရလေးတွေ ဖန်တီးကြမယ်ပေါ့။ တစ်ချို့ကြတော့လည်း သူတို့ အနာဂတ်တောက်ပဖို့ စာတွေကြိုးစား ကျက်မှတ်ကြပေါ့။ ဒါပေမယ့် ဒီ ၁၀ နှစ်အရွယ် ကောင်မလေးကတော့ စာလဲ မလေ့လာနိုင်သလို၊ သူငယ်ချင်းတွေနဲ့လဲအချိန်မဖြုန်းနိုင်ရှာပါဘူး။ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့အဖိုးနဲ့အဖွားကိုလုပ်ကျွေးဖို့ပင်ပင်ပန်းပန်းအလုပ်လုပ်နေရလို့ပါ။ကောင်မလေးရဲ့ဖခင်ဟာ ပြင်းထန်တဲ့အက်စီဒန့်တစ်ခုကြောင့်ဆုံးပါးသွားခဲ့ရပြီးသိပ်မကြာခင်မှာပဲမိခင်ကလဲနောက်ယောက်ျားနဲ့ထွက်ပြေးသွားခဲ့ပါတယ်။ ဒါ့ကြောင့်လည်းအလုပ်မလုပ်နိုင်တော့တဲ့သက်ကြီးရွယ်အိုအဖိုးနဲ့အဖွားကိုစောင့်ရှောက်ဖို့သူမပဲရှိပါတော့တယ်။အလုပ်လုပ်နိုင်တဲ့အသက်အရွယ်ဟာ၁၆နှစ်လို့သတ်မှတ်ထားပေမယ့်လည်းကလေးတော်တော်များများကတော့၁၆နှစ်မတိုင်မီမှာပဲဝမ်းစာအတွက်အလုပ်လုပ်နေကြရပါတယ်။ကောင်မလေးကတော့အခုလိုပြောရှာပါတယ်။“ကိစ္စမရှိပါဘူး၊အဖိုးနဲ့အဖွားအတွက်ဆေးရုံစရိတ်နဲ့ ဆေးဖိုး ပိုက်ဆံ လိုနေတာလေ”။ တကယ်တော့တစ်ချို့ကလေးတွေဟာခက်ခဲကြမ်းတမ်းတဲ့နေရာတွေမှာအလုပ်လုပ်နေရပါတယ်။ကလေးတွေဟာအားနည်းတဲ့အတွက် ဒဏ်ရာ အနာတရနဲ့တစ်ခြားပြင်ထန်းတဲ့ဝေဒနာတွေရလွယ်ပါတယ်။သို့ပေမယ့်ဒီကောင်မလေးအတွက်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာဝင်လုပ်နေရတာဟာဆင်းရဲလှတဲ့သူမမိသားစုအတွက်ဘုရားသခင်ကပေးတဲ့ဆုလာဒ်တစ်ခုပါပဲတဲ့။ ကလေးမလေးကအခုလိုထပ်ပြောရှာပါတယ်။“အဖိုးနဲ့အဖွားကိုနေထိုင်မကောင်းဖြစ်ခွင့်ပြုရတာထက်စာရင်နေရောင်အောက်မှာ အလုပ် လုပ်ရတာက ကျမအတွက် ပိုကောင်းတာပေါ့” ။ Credit – အထွေထွေဗဟုသုတ

လူရိုး ဆိုတာ သင်္ချိုင်းမှာပဲ ရှိတာမဟုတ်ပါ … ဖြစ်ရပ်မှန်တစ်ခုပါ။

လူရိုး ဆိုတာ သင်္ချိုင်းမှာပဲ ရှိတာမဟုတ်ပါ …အိန္ဒိယနိုင်ငံက ဖြစ်ရပ်မှန်တစ်ခုပါ။ အသက် ၄၅ နှစ်အရွယ် ကေဆူဒါကရန်ဆိုတဲ့ လူတစ်ယောက်ဟာ ကန်ဟန်ဂတ်မြို့လေးက ဈေးထဲမှာ ဆိုင်လေးတစ်ခုဖွင့်ပြီး ဈေးရောင်းတယ်။ သူ့ဆိုင်လေးမှာ ချိုချဉ်၊ အအေးနဲ့ ထီလက်မှတ်တွေ ရောင်းတယ်။ သူ့ဆိုင်ကနေ တစ်လကို ရူပီငွေ ၁၀,၀၀၀ (ကျပ်တစ်သိန်း ၂ သောင်း) လောက်တော့ ပုံမှန်လေး ရနေပါတယ်။ တမနက်ခင်းမှာ သူ့ဆိုင်မှာ ဝယ်နေကျ ဖေါက်သယ်တစ်ယောက်ဖြစ်တဲ့ ပီအရှိုကန်က သူ့ဆီကို ဖုန်းဆက်ပြီး ထီလက်မှတ် ၁၀ စောင် ဖယ်ထားပေးပါ။ နောက်တနေ့မနက်မှာ လာယူမယ်လို့ ပြောလိုက်တယ်။ အဲဒီညနေမှာ ထီဖွင့်လို့ ဆူဒါကရန်က ထီတိုက်ကြည့်လိုက်တယ်။ အရှိုကန် ဝယ်ဖို့ ဖယ်ခိုင်းထားတဲ့ ထီလက်မှတ် ၁၀ စောင်ထဲက တစ်စောင်ဟာ ထီပေါက်နေတာကို တွေ့လိုက်ရတယ်။ ပေါက်တဲ့ဆုက ပထမဆုကြီး။ ရူပီငွေ...

စာမေးပွဲဖြေဖို့ ကျောင်းမှားရောက်လာတဲ့ကျောင်းသားတွေကို ကျောင်းမှန်ပြန်လိုက်ပို့တဲ့ ယာဉ်ထိန်းကို ဆုချီးမြှင့်

တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့ ကျောင်းမှားရောက်ရှိလာတဲ့ ကျောင်းသား၊ ကျောင်းသူ ၃ ယောက်ကို စာမေးပွဲအချိန်မှီဖြေနိုင်ဖို့ ပို့ဆောင်ပေးခဲ့တဲ့ ယာဉ်ထိန်းရဲ့တွေကို ပြည်သူတစ်ဦးက ဆုငွေတွေချီးမြှင့်ခဲ့ပါတယ်။ မတ် ၆ ရက်နေ့က ကျောင်းလွဲမှားရောက်ရှိတဲ့စမ်းချောင်း အ.ထ.က ၂ က ကျောင်းသား ၁ ဦးနဲ့ ကြည့်မြင်တိုင် အ.ထ.က ၂ က ကျောင်းသူ ၂ ဦးကိုယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက စာမေးပွဲဖြေဆိုချိန် အချိန်မီ ပို့ဆောင်ပေးခဲ့တာပါ။ ဒါကြောင့် ပဲခူးမြို့မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေတဲ့ ကျောင်းသားတဦးရဲ့ ဖခင်ဖြစ်သူ Wood Htwe Trading Co; Ltd ရဲ့မန်းနေးဂျင်းဒါရိုက်တာ ဦးရဲမင်းထွေး က ယာဉ်ထိန်းရဲ ၂ ဦးကိုဂုဏ်ပြုဆုငွေ ကျပ် ၁ သိန်းစီ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အလှူရှင်ကိုယ်စား အမှတ် ၇ ယာဉ်ထိန်းရဲ ဒုတိတပ်ဖွဲ့ခွဲမှူး ရဲမှူး...

ညကစာကျက်ပြီး စာမေးပွဲဖြေချိန် အိမ်မှာအိပ်ပျော်နေတဲ့ ကျောင်းသားကို ယာဉ်ထိန်းတပ်ဖွဲ့ သွားခေါ်ခဲ့ရ

ညကစာကျက်ထားတာကြောင့် စာမေးပွဲဖြေချိန်မှာ အိပ်ပျော်နေတဲ့ ကျောင်းသားတစ်ယောက်ကို ယာဉ်ထိန်းရဲ့ အိမ်တိုင်ရာရောက်သွားခေါ်ဆောင်ပြီး စာမေးပွဲခန်းကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ မတ်လ ၇ ရက်နေ့ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုရမယ့် နေ့မှာ ဒေါပုံ အ.ထ.က ၁ ကျောင်းမှာ ဖြေဆိုရမယ့် ကျောင်းသားတစ်ယောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမဖြေတာကြောင့် အုပ်ချုပ်ရေးမှူးဆီဆက်သွယ်ကြည့်ရာ ညက စာကျက်နေတာကြောင့်ကျောင်းသားအိပ်ပျော်နေကြောင်းစုံစမ်းသိရတယ်လို့ဆိုပါတယ်။ ဒါကြောင့် ကျောင်းရှေ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကနေ မီးတန်း ဆိုင်ကယ်နဲ့ ကျောင်းသား နေထိုင်တဲ့ ဒေါပုံမြို့နယ်၊ယမုံနာ ၂ ရပ်ကွက် ကမ်းနားလမ်း ကို အိမ်အထိသွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး စာမေးပွဲခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ယာဉ်ထိန်းတပ်ဖွဲ့က ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။ မနေ့က မတ်လ ၆ ရက်နေ့ကလည်း ကြည့်မြင်တိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်က ကျောင်းသား၊ ကျောင်းသူ ၃ ယောက် ကျောင်းမှားပြီး စာမေးပွဲဖြေဖို့ရောက်လာတာကြောင့် ကျောင်းအမှန်ကို ယာဉ်ထိန်းတွေက လိုက်ပို့ပေးခဲ့ကြပါတယ်။ မတ်လ ၆ ရက်နေ့က...

မန်ကျည်းပင် နဲ့ လူနှစ်ယောက်

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ပြန်လည်မျှဝေချင်ပါတယ်။ တစ်ခါတုန်းက ဒိသာပါမောက္ခဆရာကြီးဆီမှာ တပည့်တွေ ပညာသင်ကြတယ်၊ အဲဒီဆရာကြီးမှာ အရမ်းချောတယ် သမီးတစ်ယောက် ရှိတယ်ဆိုပါတော့။ သူရဲ့ တပည့်တွေထဲက ၂ ယောက်က သူတို့ဆရာကြီးရဲ့ သမီးကို စိတ်ဝင်စားလို့ သင်ကြားမှုတွေ ပြီးတဲ့အခါမှာ ဖွင့်ပြောကြတယ်။ အဲဒီမှာ သူတို့ဆရာကြီးက တပည့် ၂ ယောက်ကို မန်ကျည်းပင်ပေါက်လေး တစ်ပင်စီ ပေးပြီး စိုက်ခိုင်းပါတယ်။ ဒီလိုနဲ့ တပည့် ၂ ယောက်လုံးက သူတို့အိမ်တွေ ပြန်ရောက်ကြတော့ အပင်ပေါက်လေးတွေကို အိမ်အရှေ့မှာ စိုက်ကြတယ်။ ပြုစုပျိုးထောင်ကြတယ်။ အချိန်ကာလအနည်းငယ်ကြာတဲ့အခါ မန်ကျည်းပင်ကနေ အရွက်နုလေးတွေ ရှိလာတဲ့အခါမှာ ပထမတပည့်တစ်ယောက်က စားချင်စိတ်ကို မအောင့်နိုင်ပဲ နည်းနည်းစားကြည့်ချင်လာတယ်။ ဒါနဲ့ သူက နည်းနည်းခူးပြီး သုပ်စားကြည့်လိုက်တယ်။ တစ်ချိန်တည်းမှာ နောက်တပည့်တစ်ယောက်ကတော့ အပင်ငယ်လေးက အရွက်တွေကို မစားရက်ပဲ အရိပ်တကြည့်ကြည့်နဲ့...

စာမေးပွဲဖြေဆိုမည့် ကဒ် မေ့ကျန်သော ကျောင်းသားတဦး အား ယာဉ်ထိန်းရဲတစ်ဦးမှကူညီဆောင်ရွက်ပေး

သထုံ မတ်(၆)ရက် သထုံမြို့ လိပ်အင်းရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကဒ် မေ့ကျန်သော အောင်ကျင်းရပ်ကွက် အောင်မြေရွှေဘုံမှ ကျောင်းသားတဦး အား ယာဉ်ထိန်းရဲ တပ်ကြပ်အောင်ချစ်ဦးမှကူညီဆောင်ရွက်ပေးနေကြောင်းတွေ့ရှိရပါသည်။ Credit သမိန်ဗြတ်စ

ဆယ်တန်းစာမေးပွဲစဖြေတဲ့နေ့ပဲကြည်နူးဂုဏ်ယူစရာလေးတွေတွေ့ရပြီ

ဆယ်တန်းစာမေးပွဲစဖြေတဲ့နေ့ပဲကြည်နူးဂုဏ်ယူစရာလေးတွေတွေ့ရပြီး…. စာမေးပွဲဖြေဆိုဖို့ #၅မိနစ်အလို ကြည့်မြင်တိုင် အထက၂မှာ ဖြေရမယ့် ကျောင်းသား လေးက စမ်းချောင်းအထက ၂မှာ ကျောင်းမှား လာဖြေတာ အချိန်ကလည်းငါးမိနစ်ပဲလိုတယ် … မိဘအုပ်ထိန်းသူတစ်ယောက်မှမပါ…စမ်းချောင်း ၂မှာတာဝန်ကျနေတဲ့ ယာဉ်ထိန်း၊ရဲနဲ့မီးသတ်တွေက ကိုယ့် သားသမီးသဖွယ်စိုးရိမ်ပြီး ယာဉ်ထိန်းရဲဆ်ုင်ကယ်နဲ့ပဲ စာမေးပွဲအချိန်မှီဖို့ မီးတန်းဖွင့်ကာအရေးတကြီးလိုက်ပို့ ပေးနေတဲ့မြင်ကွင်းလေးတကယ်ကြည်နူးစရာပဲ…. စာမေးပွဲအချိန်မှီပြီးဖြေနိုင်ပါစေညီလေး….. Ye Min

အောင်မြင်ရေးအတွက် ဦးသန့်ပြောတဲ့ မှတ်သားဖွယ် “စကားငါးခွန်း”

ဘုန်းကြီး ရဟန်း ၃-ဝါရ ရွာကို ပြန်စဉ် အဖိုး ရဟန်းလူထွက် ဆရာကြီး ဦးစာရိန္ဒ သိမ်းထားသော ကြီးပွားရေးမဂ္ဂဇင်း (အတွဲ၊ အမှတ်နဲ့ ခုနှစ်များကို မရေးထားမိ) ထဲက ကုလသမဂ္ဂ အတွင်းဝန်ချုပ် ဦးသန့် ရေးသည့် ”စကားငါးခွန်း” အမည်ရှိ ဆောင်းပါးကို ဘုန်းကြီး ဒိုင်ယာရီ စာအုပ်ထဲမှာ ကူယူထားခဲ့သည်ကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ————————— လောက၌ ကြီးပွားရေး လမ်းတို့သည် များပြားကုန်၏။ ကြီးပွားရေး ဆရာတို့လည်း ပေါများကုန်၏။ သို့ရာတွင် ကြီးပွားကုန်သော သူတို့၏ ကြီးပွားရာ လမ်းများအနက် အောက်ဖော်ပြပါ ငါးချက်တို့သည် အရေးကြီးပေသည်။ ၁။ ရည်ရွယ်ချက် ရှိပါ လောက်၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ ကြီးပွားလိုသော လူတိုင်း...

လူမှုဆက်ဆံရေး ကောင်းမွန်သူတစ်ယောက်ဖြစ်ဖို့ သမ္မတ တစ်ဦးသုံးခဲ့တဲ့ ရွှေစည်းမျဉ်း(၁၀) ချက်

လန်ဒန်ဘီ ဂျွန်ဆင်ဟာ အမေရိကန်ရဲ့ ၃၆ ဦးမြောက် သမ္မတဖြစ်ပါတယ်။ ငွေကြယ်တံဆိပ်ရတဲ့ စစ်မှုထမ်း ၊ လွှတ်တော်အမတ် ၊ ဒုသမ္မတ နဲ့ သမ္မတ တာဝန်တွေကို တစ်ခုပြီး တစ်ခု ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဗီယက်နမ် စစ်ပွဲနဲ့ ပတ်သတ်လို့ အဝေဖန်ခံခဲ့ရပေမယ့် သူ့သမ္မတသက်တမ်းအတွင်းမှာ လူ့အခွင့်အရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေး၊ ပညာရေးနှင့်ကျန်းမာရေး အစရှိတာတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အမေရိကန် သမ္မတတွေထဲမှာ လူမှုဆက်ဆံရေး အထူးကောင်းမွန်တဲ့ သမ္မတ အဖြစ် နာမည်ကြီးပါတယ်။ အခုမျှဝေပေးမှာကတော့ သူသုံးခဲ့တဲ့ လူမှုဆက်ဆံရေး ရွှေစည်းမျဉ်း(၁၀)ချက် ဖြစ်ပါတယ်။ ၁။ နာမည်တွေကို မှတ်မိအောင် ကျက်ထားပါ။ မိမိက သူတစ်ပါးကို အလေးအနက်မထားရင် သူတစ်ပါးကလည်း အလေးအနက် ထားမှာ မဟုတ်ပါ။ ၂။ သိမ်မွေ့ ပျော့ပျောင်းတဲ့လူ ဖြစ်ပါစေ။ ဒါမှ ဆက်ဆံရေးမှာတင်းမာမှု မရှိဘဲ ပြေပြစ်မှာပါ။ ၃။...

အသက် ၂ဝ အရွယ်မှာ သူတို့ဘာလုပ်နေကြသလဲ

အရွယ်ကောင်းချိန်၊ ငယ်ရွယ်နုပျိုချိန်မှာ ကြိုးစားရုန်းကန်ပါတဲ့… အသက်၂ဝဆိုတဲ့အရွယ်ဟာ ကြီးပြင်းပြီလား၊ အသက်၂ဝဆိုတဲ့အရွယ်ဟာ စိတ်ကူးအိပ်မက်နဲ့ ဘယ်လောက်ဝေးနေသေးလဲ၊ အောင်မြင်ထင်ရှားသူတို့ရဲ့ အသက်၂ဝအရွယ်ကို ပြန်ကြည့်ကြည့်ကြရအောင်၊ အဲဒီအရွယ်မှာ သူတို့ရဲ့စိတ်ကူးအိပ်မက်နဲ့ သူတို့ဘယ်လောက်ဝေးနေခဲ့သေးလဲ… အသက်၂ဝအရွယ် အိုဘားမား (အမေရိကန်သမ္မတ) အဲဒီအရွယ်မှာ အိုဘားမားဟာ ဆေးလိပ်အရက်သောက်ရင်း ဦးနှောက်ခြောက်စရာတွေကို မေ့ပစ်အောင်ကြိုးစားခဲ့တယ်။ ၁၉၈၃ခုနှစ် ၂၂နှစ်အရွယ်အိုဘားမားဟာ ကိုလံဘီယာတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံနဲ့ကျောင်းပြီးခဲ့တယ်။ အဲဒီမတိုင်ခင်မှာတော့ သူဟာ လူမျိုးစုံသွေးနှောတဲ့နောက်ခံကြောင့် လူ့အဖွဲ့အစည်းရဲ့အသိအမှတ်ပြုမှုကို အလွယ်တကူမရခဲ့လို့ ကိုယ့်ကိုယ်ကိုသိမ်ငယ်ခဲ့တယ်။ အဓိပ္ပာယ်မဲ့တဲ့နေ့ရက်တွေကို သူဖြတ်သန်းခဲ့ဖူးတယ်။ ဥပမာ- ကျောင်းလစ်တယ်၊ အရက်သောက်တယ်၊ ဆေးလိပ်သောက်တယ်၊ ဆန့်ကျင်ပုန်ကန်တဲ့ လူငယ်တစ်ဦးလုံးလုံးဖြစ်ခဲ့တယ်။ အတိတ်ကိုပြန်ပြောင်းအောင်းမေ့တိုင်း အိုဘားမားက “အဲဒီအလုပ်ကို လုပ်ခဲ့တာဟာ “ငါဘယ်သူလဲ”ဆိုတဲ့ပြဿနာကို ခေါင်းထဲကနေညှစ်ထုတ်တာပဲ” လို့ဆိုတယ်။ ၁နှစ်အကြာမှာ အိုဘားမားဟာ ချီကာဂိုကိုသွားပြီး လူမှုအဖွဲ့အစည်းမှာပါဝင်အလုပ်လုပ်ခဲ့တယ်။ အဲဒီနောက် ဟားဗတ်တက္ကသိုလ်မှာ ဥပဒေပညာကိုလေ့လာသင်ယူခဲ့တယ်။ အသက်၂ဝအရွယ် ပူတင် (ရုရှားသမ္မတ) ဂျူဒိုလေ့ကျင့်တာကိုလက်လွှတ်ပြီး တက္ကသိုလ်ဝင်ခွင့်ဖြေခဲ့တယ်။ လူငယ်လူရွယ်ချိန်ခါမှာ...