Monthly Archive: March, 2019

စာမေးပွဲဖြေပြီးပြီးချင်း အမှိုက်ရှင်းပြီး Challenge လုပ်ခဲ့ကြတဲ့ ဆယ်တန်းကျောင်းသား ကျောင်းသူလေးများ

ဆယ်တန်းဖြေပြီးတဲ့ ကျောင်းသားကျောင်းသူလေးများရဲ့ Challenge ဖြစ်ပါတယ် အမှိုက် (၃) တင်းဝင် အိတ် (၄၀) စာရှင်းလင်းနိုင်ခဲ့ပါတယ်။ တိုက်ကြီးမြို့ကပါ။လေးစားပါတယ်ဗျာ. . ..သူတို့ကိုလည်း ဝိုင်းဝန်း ဂုဏ်ပြု ပေးခဲ့ကြပါဦးလို့ လူငယ်တွေ တက်ကြွစွာ အမှိုက်တွေစုနေသလို….လူကြီးတွေ (ပညာရှင် ) တွေကလည်း ဘယ်လို ပြန်သုံး( Reuse , Recycle) မလဲ ဆိုတဲ့ကိစ္စတွေ ကြိုးပမ်းသင့်တယ် ထင်ပါတယ်…။ သြဂဲနစ် အမှိုက် တွေအတွက် တော့ ကျမ တို့အဖွဲ့ က မြန်မြန်ဆွေးမဲ့ Microbe တွေ နဲ့ မြေဆွေးပြန်လုပ်ပေးချင် မိတယ်…။ ပလတ်စတစ်အမှိုက်ကတော့ ထိုင်း မှာDioxinမထွက်စေပဲ ကျောက်မီးသွေးအစားထိုးလောင်စာ အဖြစ် ဘိလပ်မြေစက်ရုံ မှာ သုံးကြတယ်…။ အဖရိက မှာ လမ်းခင်း တယ်…။ တာရှည် ခံမှုဆိုတာ လိုအပ်တဲ့အရည်အသွေး ဖြစ်ပါတယ်…။နေရာတလွဲ...

ပိုက်ဆံတစ်ကျပ်မှ မရှိဘဲ စတင်လုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်း (၆) မျိုး

တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန်ဖြစ်ပါတယ်။ အင်တာနက် ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ ကုမ္ပဏီထောင်နိုင်ပါတယ်ဗျာ တစ်ချိန်က American Dream ဆိုတဲ့ စကားတစ်ခွန်းဟာ စီးပွားရေးအသိုက်အမြုံကောင်းတစ်ခုကို ရွှေတွင်းတူးသလို တူးချင်တဲ့ လူတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သန်းနဲ့ ချီတဲ့ အမေရိကန်တွေ ချမ်းသာကြွယ်ဝခြင်းဟာ ရွှေတွင်း၊ ငွေတွင်းတွေ တူးမိလို့ ချမ်းသာခဲ့တာ မဟုတ်ပါဘူး။သင်လည်း ချမ်းသာတဲ့သူ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သူ့ ဦးနှောက်ထဲက ရတနာသိုက်ကို ဖောက်နိုင်ပြီ ဆိုရင်ပေါ့။ သင့် ဦးနှောက်ထဲမှာ ဘယ်လိုရတနာတွင်းရှိသလဲဆိုတာကို ဒီလုပ်ငန်း (၆) ခုနဲ့ နှိုင်းယှဉ်သုံးသပ် နိုင်ပါတယ်နော် (၁) အိမ်တွင်းလက်မှု ဖန်တီးချက်လေးများ တကယ်တော့ လူတိုင်း အမှတ်တမဲ့ နေမိတတ်တဲ့ တစ်ကိုယ်ရည် ကျွမ်းကျင်တဲ့ အနုပညာစွမ်းရည်လေးတွေ ရှိတတ်ပါတယ်။ ဥပမာ- ပလတ်စတစ်အမှိုက်ကနေ ဒီဇိုင်းလှပတဲ့...

အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီဆိုတဲ့ ၇၃ နှစ်အရွယ်တက္ကသိုလ်ဝင်တန်းဖြေဆိုသူအဘိုးအို

ပရိသတ်တွေကြားရေးပန်းစားနေတဲ့ ၇၃ နှစ်အရွယ် အဘိုးအိုတစ်ဦးရဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမှုကတော့ တကယ်ကို အားရစရာဖြစ်စေခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုနေသူတွေအတွက် အားဆေးတစ်ခုဖြစ်သလို ပြည်တွင်း ပရိသတ်တွေအတွက်လည်း အံ့အားသင့်စရာဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ အဘိုးရဲ့နာမည်ကတော့ ဦးစိုင်းအောင်ညွန့်ဖြစ်ပြီး အသက် ၇၃ နှစ်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပါ အဘိုးအိုကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းမှာ သွားရောက်ဖြေဆိုခဲ့ရကြောင်း သိရပါတယ်။ အသက်အရွယ်ကြီးရင့်သူတစ်ယောက်ဖြစ်ပေမယ့် ပြည်သူများစွာရဲ့ ချီးကြူးဂုဏ်ပြုမှုတွေ ကိုယ်တိုင် ရဲရင့်တဲ့ သတ္တိရှိမှုတွေကြောင့် ဒီကနေ့ ၆ရက်မြောက်ဘာသာကိုလည်း အကောင်းဆုံးဖြေဆိုနိုင်ခဲ့ကြောင်းသိရပါတယ်။ ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာဖြေဆိုတဲ့ ဘာသာကိုလည်းအခတ်အခဲမရှိဖြေဆိုနိုင်ခဲ့ပြီး အောင်မြင်မှုရရှိဖို့ယုံကြည်ကြောင်းသိရပါတယ်။ ပြီးဆုံးသွားပြီဖြစ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ခြောက်ဘာသာစလုံးကို ယုံယုံကြည်ကြည်ဖြင့် လာရောက်ဖြေဆိုခဲ့တဲ့ ၇၃ နှစ်အရွယ်အဘိုးအိုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။ pHOTOS – TAR TAY

လမ်းပြင်တဲ့ အလုပ်သမား ၁၀၀ အတွက် မွန်မြတ်တဲ့ အလှူလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

တစ်ချိန်တုန်းက ကောင်းမွန် ပိုင်နိုင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးလက်ခံမှုချစ်ခင်မှုတို့ကို ရရှိထားခဲ့သလို အခုလက်ရှိအချိန်မှာလည်း ပရဟိတလုပ်ငန်းတွေ ကိုယ်တိုင် ဦးစီးဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေကတော့ လမ်းပြင်တဲ့ အလုပ်သမား ၁၀၀ အတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းဖြစ်တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ခိုင်နှင်းဝေက “ဒီနေ့ အစ်မပေါ့နော် တစ်လ လစဉ် အိမ်ထောင်စုအစား အစ်မ ဒီလိုမျိုးလေးတွေ လှူမယ်လို့ စဉ်းစားထားတယ်ပေါ့နော် ဒီနေ့ဆိုရင်တော့ လမ်းလုပ်သားတွေပေါ့ ဟိုတစ်ခေါက်တုန်းကလည်း လမ်းလုပ်သားတွေနဲ့ ဆိုက္ကားသမားတွေနဲ့ အလှူပေးဖြစ်တယ် အခုကျတော့ ဒီဘက်မှာ လမ်းပြင်တာတွေ အရမ်းများတယ်ဆိုတော့ ကိုယ်နိုင်သလောက်ပေါ့ လူတစ်ရာစာပါ။ လူတစ်ရာစာကို အစ်မလာလှူပေးဖြစ်တာပါ။ အရမ်းဝမ်းသာတယ် အစ်မတို့က ဒီလိုမျိုး လုပ်သားတွေကို ဘာကြောင့်လှူဖြစ်လဲဆိုရင် အောက်ခြေလူတန်းစားပေါ့နော် အဓိကတော့ အလုပ်ကို တန်ဖိုးထားတဲ့လူတွေအခုက နေအရမ်းပူတယ်လေ အစ်မတို့အခု လာလှူတာလေးကိုတောင် အရမ်းပင်ပန်းတယ်။ သူတို့ဆို...

ပခုက္ကူ စက်မှုဇုံ ကဆိုင်ကယ်အင်ဂျင် ၃ဘီးအင်ဂျင်နဲ့ လုပ်ထားတဲ့ ပညာရှင်ကြီး

ပခုက္ကူမြို့အတွက်ဂုဏ်ယူစရာပါ ပခုက္ကူ စက်မှုဇုံ ကဆိုင်ကယ်အင်ဂျင်  ၃ဘီးအင်ဂျင်နဲ့ လုပ်ထားတဲ့ ပညာရှင်ကြီး အရမ်းလေးစား တယ်ဗျာ လုံးဝ အလန်း တောစီး speed fighter  ဘီးတွေလိုဖိုင်းထားတယ်ဗျာ ရေတိုင်ဂီ ရှေ့မီး တောင်တက် နှင်းခွဲ မီးတွေ power gun ဆီယာတိုင် punk နဲ့လေဂေါ် ရှေ့တိုးနောက်ဆုတ် woffer အသံတွေနဲ့. လုံးဝအလန်း ကြီး လေးစားလျှက်အကို အကိုစီးက ဝယ်ချင်တယ် ဗျာ Credit aung tay za linn

လက်နှစ်ဖက်မရှိပေမယ့် ဘဝကိုအရှုံးမပေးပဲ ဆယ်တန်းစာမေးပွဲကို ကြိုးစားဖြေနေသူ

ဆယ်တန်းစာမေးပွဲကို လက်နှစ်ဖက်မရှိပေမယ့် ဇွဲမလျှော့ပဲ ကြိုးစားပန်းစား စာမေးပွဲဖြေနေရှာတယ် ဟင်္သာတ အ.ထ.က ၁ မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေနေတဲ့ ညီလေး အားပေးပါတယ်ကွာ စာမေးပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ဂုဏ်ထူးဒွေအများကြီးပါပီး ထူးထူးချွန်ချွန်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ညီငယ်လေးအတွက် အားပေးစကား ပြောပေးကြပါဦးနော်

ဆယ်တန်းအင်္ဂလိပ်စာဖြေမယ့်နေ့က စာအကျက်လွန်ပြီး အိပ်ပျော်သွားခဲ့တဲ့ ကျောင်းသားလေးအတွက် ၀မ်းမြောက်ဖွယ် အလှူရှင်

ဆယ်တန်းအင်္ဂလိပ်စာဖြေမယ့်နေ့က စာအကျက်လွန်ပြီး အိပ်ပျော်သွားခဲ့တဲ့ ကျောင်းသားလေးအတွက် ၀မ်းမြောက်ဖွယ် အလှူရှင် တက္ကသိုလ် ဝင်တန်း အင်္ဂလိပ်စာဖြေဆိုသည့်နေ့ကစာကျက်လွန်၍ အိမ်တွင်အိပ်ပျော်နေသောကျောင်းသားအား ကျပ်သုံးသိန်းလှူဒါန်း ဒေါပုံမြို့နယ် ယမုံနာ၂ရပ်ကွက် ကမ်းနားလမ်း မ၃၆၃ မှ ကျောင်းသားမောင်သန်းထွေးမှာ တက္ကသိုလ်တန်း ဝင်စာမေးပွဲဖြေဆိုသည်မှာမှန်ကန်ပါသည်။ မိဘ၂ပါးမရှိတော့သည်မှာလည်း မှန်ကန်ပါသဖြင့် ကလေးအား အားပေးစကားများပြောဆိုသည့်အပြင် တာချီလိတ်နေ ဦးဇော်လေး ဒေါ်ရှားရှား မိသားစုတို့မှကျောင်းသားလေး မောင်သန်းထွေး လိုအပ်ရာ သုံးစွဲနိုင်ရန် ငွေကျပ် သုံးသိန်း (၃၀၀၀၀၀)ကျပ် အား ဦးဇော်လေး ဒေါ်ရှားရှား မိသားစုကိုယ်စား လှူဒါန်းခဲ့ပါသည်။ (အားပေးစကားပြောချိန်နှင့်ငွေကျပ်လှူဒါန်းချိန်မှာ ကလေးငိုနေ၍ မချိအောင် ခံစားခဲ့ရပါတယ်ဗျာ) Credit to Aung Tin Win

စာ​မေးပွဲ​ဖြေဆို​နေ​သော​ကျောင်းသား/သူများအား လုံခြုံ​ရေး​ဆောင်​ရွက်​​ပေး​နေ​သော အသက်​(၉၆)နှစ်​အရွယ်​ အဘဦးလှ​အေး

စာ​မေးပွဲ​ဖြေဆို​နေ​သော​ကျောင်းသား/​ကျောင်းသူများအား လုံခြုံ​ရေး​ဆောင်​ရွက်​​ပေး​နေ​သော အရန်​မီးသတ်​တပ်​ဖွဲ့မှ အသက်​(၉၆)နှစ်​အရွယ်​ အဘဦးလှ​အေး သထုံခရိုင် ဒုတိယရဲမှူးကြီးကျော်ဝင်းမှ သထုံမြို့နယ် အထက(၁)အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအား လုံခြုံရေးဆောင်ရွက်နေမှု စစ်ဆေးရင်း လိပ်အင်းရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ အသက်(၉၆)နှစ်အရွယ် အဘ ဦးလှအေးအား နှုတ်ဆက် ဂါရဝပြုပြီး ကျန်မ္မာရေးအဟာရတွက် လှူဒါန်းခဲ့ပါသည်။ သမိန်ဗြတ်စ ဖြည့်​စွက်​*** အသက်​ရွယ်​အရစခန်းမှာ​အေး​အေး​ဆေး​ဆေးနား​နေသင့်​​ပေမယ့်​ သူ့ကိုမ​ခေါ်ရင်​စိတ်​ဆိုးတယ်​ကျန်းမာ​ရေး​ကောင်း​နေသ၍ဆက်​လုပ်​မယ်​တဲ့ဗျာ သူကိုယ်တိုင်ကမနေနိုင်တာ ရပ်ရေးရွာရေးကအစသူကိုယ်တိုင်ဝင်လုပ်တာ လူငယ်တွေအားလုံးကအဖေကြီးလို့ခေါ်ကြတယ် နတ်ကျွန်းရွာသစ် ရွာကြီး မွန်စု ရွာကလူငယ်တွေအားလုံးချစ်ကြောက်ရိုသေရသောပုဂ္ဂိုလ်ပါ ။ source – Min Tin Nwe / Right Man

စာမေးပွဲဖြေဆိုနေတဲ့ သားသမီးတွေအတွက် မိဘမေတ္တကိုဖော်ပြခဲ့တဲ့ လက်တလောပုံရိပ်လေးများ

ပြည်တွင်းအနာဂတ်ကလေးငယ်များစွာရဲ့ ဘဝလမ်းတစ်ခုရွေးချယ်နိုင်ဖို့ အဓိကကျတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ လက်ရှိဖြေဆိုလျှက်ရှိတာတွေ့ရပါတယ်။ အခြေပညာအထက်တန်းကျောင်းရဲ့ နောက်ဆုံးရက်တွေဖြစ်သလို အဖြူအစိမ်းနဲ့ ကျောင်းတက်ခဲ့တဲ့ ဘဝနောက်ဆုံးရက်တွေလည်းဖြစ်ပါတယ်။ အရေးကြီးတဲ့အချိန်ဖြစ်တဲ့ အဆိုပါစာမေးပွဲကို မိဘ ညီအကိုမောင်နှမများစွာက လိုက်ပါကြပြီး မိမိသားသမီးတွေအတွက် အကောင်းဆုံး ကူညီပေးလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ သားသမီးအတွက် စိုးရိမ်စိတ်အပြည့်နဲ့ လိုက်ပါလာတဲ့ မိဘတွေထဲမှာ လက်ရှိဖြေဆိုနေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ မိဘတွေလည်း ပါရှိနေတာကိုတွေ့ရပါတယ်။ စာမေးပွဲဖြေဆိုရန်ထွက်ခွာသွားတဲ့ သားသမီးတွေအတွက် ဆုတောင်းပေးခြင်း ကျောင်းအထိလိုက်ပါစောင့်ဆိုင်းပေးခြင်းနဲ့ ဖြေဆိုနိုင်ရန် စိုးရိမ်းပေးမှုတွေကတော့ ပရိသတ်တွေရဲ့ ရင်ကိုလှုပ်ခါစေမယ့် ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ မိဘမေတ္တာကို ရိုးရှင်းတဲ့ ဘဝအစစ်အမှန်နဲ့ ရိုက်ကူးထားတဲ့ အဆိုပါ ပုံရိပ်လေးတွေကတော့ လက်ရှိဖြေဆိုနေတဲ့ တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေရင်ထဲမှာ တစ်စံတစ်ခုကျန်ရှိနေမယ့် လက်ရှိတက္ကသိုလ်စာမေးပွဲဖြေဆိုချိန်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ PHOTOS – FB’S ,Credit – swelsonenews

တန်ဖိုးရှိတဲ့ အသက်တစ်ချောင်းကို နှုတ်ယူသွားတဲ့ ခေါက်ဆွဲခြောက်

ခေါက်ဆွဲခြောက်ဒုက္ခပေး ကျောင်းတုန်းက စာလည်းအရမ်းတော်တယ်။ အေးအေးဆေးဆေးနဲ့ရိုးရိုးလေးနေတဲ့ သူငယ်ချင်း မနေ့ကမနက်မှာ ကင်ဆာရောဂါနဲ့ကွယ်လွန်သွားတယ်။ဒီနေ့အသုဘလိုက်မပို့ဖြစ်လို့အိမ်သွားထိုင်တယ်။ အံတီကပြန်ပြောပြတယ်၊သူမန်းလေးမှာတာဝန်ကျတုန်းကအစားအသောက်သိပ်မစား၊အမြဲလိုလိုခေါက်ဆွဲပြုတ်ပဲစားတယ်တဲ့။ အဲလိုနဲ့အလုပ်တွေနဲ့လုံးပမ်းနေတော့ ကိုယ့်ကိုဂရုမစိုက်မိဘူးပေါ့၊ခရီုးပမ်းလာရင်အရမ်းအိပ်တယ်တဲ့။သာမန်နဲ့မတူအရမ်းအိပ်ချင်တာကလည်း ကင်ဆာရဲ့ရှေ့ပြေးလက္ခဏာပါပဲ။ ဗိုက်ကလေးလည်းပူလာလို့ဆေးစစ်ကြည့်တော့ Caတွေအားလုံးမြင့်နေတာ၊ စက်မကောင်းလို့resultမှားတယ်ထင်တာ၊ ဘန်ကောက်မှာဆေးစစ်ကြည့်တော့မှ ကင်ဆာဖြစ်နေတာ ချက်ချင်းခွဲစိတ်ခိုင်းတယ်။ ဒီလိုနဲ့ပဲဘန်ကောက်ရန်ကုန်ပြေးရင်းနောက်ဆုံး ခန္ဓာကိုယ်ကအားအင်အရမ်းနည်းတော့သွေးသွင်းဆေးသွင်းတဲ့လည်ပင်းနားကအပေါက်ကနေ ပိုးဝင်ပြီးနောက်ဆုံးဘဝတစ်ပါးကိုကူးပြောင်းသွားတယ်။ တကယ်ကိုစိတ်မကောင်းတာအခုထိပဲ။ကျမတို့တွေက ခန္ဓာကိုယ်ကျန်းမာအောင်နေရမယ်။ စိတ်ချမ်းသာအောင်နေရမယ်။ ၁-စိတ်ဖိစီိးမှုကိုတတ်နိုင်သလောက်လျှော့ချပါ။ မလိုတဲ့အပူတွေမယူပါနဲ့။ မလိမ်လည်ပါနဲ့။ စိတ်ရှင်းအောင်နေပါ။ စိတ်ဖိစီးမှုဟာကင်ဆာရောဂါကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းထဲမှာပါတယ်။ ၂-ဆိုးဆေး၊မှိုတက်နေတဲ့အစားအစာ၊ ဆီကြော်၊ခေါက်ဆွဲပြုတ်၊ဆီသွပ်ဗူး၊သကြားဖြူစတာတွေကိုတတ်နိုင်သလောက်လျှော့စားပါ။ ၃-သန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာနေထိုင်ပါ၊ radiation နည်းတဲ့ပတ်ဝန်းကျင်မှာနေထိုင်ပါ။သန့်ရှင်းတဲ့လေကိုရှုပါ။ ၄-လေ့ကျင့်ခန်းသေချာလုပ်ပါ၊ အစားအသောက်ကို အာဟာရရှိပြီး ဆီနည်းတဲ့အစားအစာတွေစားပါ။ antioxident တွေနေ့စဉ်စားပါ။ အားလုံးကျန်းမာပြီး လူအချင်းချင်းရိုင်းပင်းတတ်သောပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ကြပါစေ။….. Credit – Original Uploader