Monthly Archive: March, 2019

အသက် ၃၀ အရွယ်မှာစတင်ကျင့်သုံးသင့်တဲ့ ချွေတာရေးနည်းလမ်းများ

အသက် ၃၀ ဆိုတာ လူငယ် တစ်ယောက် လူကြီးဖြစ်လာတဲ့အချိန်ပါပဲ။ဒါပေမယ့်တစ်ချို့သောသူတွေဟာ အသက် ၃၀ အရွယ်မှာတောင် စုမိဆောင်းမိမရှိသေးတာကိုတွေ့ရပါတယ်။ဒါတွေဟာ မှားယွင်းနေတဲ့ ငွေသုံးနည်းစနစ်တွေကြောင့်ပါပဲ ။ဒါဆိုရင် ငွေတွေကိုဘယ်လိုချွေတာစုဆောင်းကြမလဲ။ ၁- နိုင်ငံရပ်ခြား ကို သာမန်ဖုန်းနဲ့ခေါ်ဆိုခြင်း ရှောင်ကျဉ်ပါ ။ အခုချိန်မှာ အင်တာနက်နည်းစနစ်တွေတိုးတက်လာပြီဖြစ်တဲ့အတွက် မက်ဆင်ဂျာတို့ wechat တို့ကခေါ်မယ်ဆိုရင် အကုန်အကျမရှိသလောက်ကိုနည်းပါးပါလိမ့်မယ်။ ၂- Retail Tharapy လို့ခေါ်တဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုကို ရှော့ပင်းထွက်ခြင်းနဲ့ကုစားတဲ့နည်းလမ်းဟာလည်း အကျင့်ဆိုးတစ်ခုပါပဲ ။ သင်ဝယ်ယူတဲ့ပစ္စည်းတွေဟာ တန်ဖိုးသိပ်မရှိဘူးဆိုပေမယ့် ပမာဏများပြားလာတဲ့အခါ ဒီပစ္စည်းတွေဝယ်တဲ့ကုန်ကျစရိတ်အပေါ် သင်အံ့အားသင့်မိပါလိမ့်မယ်။ဒီတော့ Retail Tharapy ကိုလည်းဖြစ်နိုင်ရင် မပြုလုပ်တာအကောင်းဆုံးပါပဲ။ ၃- ခရက်ဒစ်ကဒ် ကို သုံးချင်သလိုသုံးတာမျိုးရှောင်ရှားသင့်ပါတယ် ။ ခရက်ဒစ်ကဒ်ဟာ ဘဏ်ကချေးငွေကိုသုံးစွဲတဲ့ကဒ်ဖြစ်တဲ့အတွက်သင်များများဝယ်ယူလေလေ အတိုးများများပေးရလေလေပါပဲ။ ၄- ခရီး တစ်ခုသွားမယ်ဆိုရင် အမြဲတမ်းကြိုတင်ပြင်ဆင်ထားပါ ။ ပိတ်ရက်တွေမှာခရီးသွားမယ့်အခါ လက်မှတ်ဝယ်မယ်ဆိုရင် အစောကြီးကကြိုဝယ်ထားပါ ။ဒါဆိုရင်တော့...

ဒီနေ့ သားပိုက်​ဆံစုတာ သိန်း (၂၀) ပြည့်​ပြီ ဖေဖေတဲ့.. (ယခုခေတ်ရဲ့ စံပြမိသားစု)

ဒီနေ့ သားပိုက်​ဆံစုတာ သိန်း၂၀ပြည့်​ပြီ ဖေဖေတဲ့…။ ဒီနေ့….သားသားဘုန်းပြည့်​ဖြိုးရဲ့ P3 ပညာသင်​နှစ်​ ပြီးဆုံးပါပြီ။ အိမ်​ရောက်​တော့…သားသားက ..သားပိုက်​ဆံစုတာ ဒီနေ့ သိန်း၂၀ ပြည့်​ပြီဖေဖေ တဲ့..။ ဒီနှစ်​စာသင်​နှစ်​အစမှာ သားနဲ့ ကျွန်​တော်​တို့မိဘ၂ ပါး သဘောတူညီမှုတစ်​ခုပြုလုပ်​ထားခဲ့ပါတယ်​။ အဲဒါဘာလဲဆိုတော့ ….သား Tution တက်​ /မတက်​ကိစ္စပါ..။သားကို Tutionတက်​ချင်​လား…? တက်​ချင်​ရင်​ထားပေးမယ်​…ဒါပေမယ့်​…သားကျူ ရှင်​တက်​ရင်​…သားပင်​ပန်းမယ်​..အချိန်​ကုန်​မယ်​….ကစားဖို့အချိန်​နည်းသွားမယ်​… သားဝါသနာပါတဲ့အခြားအရာတွေလုပ်​ဖို့ အချိန်​လျှော့သွားမယ်​..ဖေဖေတို့လည်း တစ်​လ ၂သိန်းနဲ့ ၁၀လစာ သိန်း၂၀လောက်​ကုန်​မယ်​….။ တကယ်​လို့ Tution မတက်​ဘဲသားကျောင်းမှာ ဆရာ/ဆရာမတွေသင်​ကြားပြသတာကို ဂရုတစိုက်​မှတ်​သားနားထောင်​မယ်​….ပြီးတော့ဖေဖေမေမေတို့ ရဲ့ Timetableအတိုင်းလိုက်​နာကြိုးစားမယ်​ဆိုရင်​…သားအတွက်​ ဖေဖေတို့ သိန်း၂၀စုမိမယ်​…သားလည်းဝါသနာပါတဲ့အခြားအရာတွေကိုလုပ်​ဖို့…အချိန်​ပိုရမယ်..သားကို စဉ်းစားဖို့​…သားလွတ်​လပ်​စွာကြိုက်​ရာဆုံးဖြတ်​ခွင့်​ပြု ခဲ့ပါတယ်​။သားသားက Tutionမတက်​ပဲ ဖေဖေမေမေနဲ့ ဆရာ/ဆရာမတွေ သင်​ကြားပြသတဲ့အတိုင်းကြိုးစားပြီး သိန်း၂၀စုမယ်​လို့ပြောပြီး…ကြိုးစားခဲ့ပါတယ်​။ ကျွန်​တော်​တို့မိဘများဘက်​ကလည်း သားသားအတွက်​အချိန်​ပေးပြီး သားသားရဲ့ဆရာ/ဆရာမ တစ်​ဦးချင်းစီနဲ့ သားသားရှေ့မှာရော…သားသားကွယ်​ရာမှာပါ သွားရောက်​တွေ့ဆုံပြီး သားသားရဲ့ကျောင်းတွင်းအားနည်းချက်​ အားသာချက်​..လိုအပ်​ချက်​များကို ရင်းနှီးပွင်းလင်းစွာမေးမြန်းဆွေးနွေးပူးပေါင်းခဲ့တယ်​ဆိုတာ…တစ်​ကျောင်းလုံးအသိပဲဖြစ်​ပါတယ်​။ပညာသင်​တယ်​ဆိုတာ…စိတ်​ကိုသင်​တာဖြစ်​တယ်​ …သားကို ဖေဖေတို့က...

သူငယ်ချင်းတွေစုပြီး စီးပွားရေးလုပ်မယ်ဆိုရင်

ရေးသားသူ – မိုးရှင်း (I.M.T) ဒီခေတ်ထဲမှာ အချို့လူငယ်တွေ သူငယ်ချင်းတွေစုပြီး လုပ်ငန်းတစ်ခုကို အတူတူလုပ်တတ်ကြပါတယ်။ Start-up လေးတွေ ဟိုဟိုဒီဒီရှိလာကြပါတယ်။ ဒီလိုပေါ်လာတာ ကောင်းပါတယ်။ ဒါပေမယ့် အများအားဖြင့် ရေရှည်မခံပဲ ပြိုကွဲသွားတတ်ကြပါတယ်။ ဘာ့ကြောင့်များပါလဲ? ကျွန်တော်လည်း Start-up လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး ဒီလိုနယ်ပယ်ထဲက လူတွေလည်းအများကြီးတွေ့ဖူးတာကြောင့် သိသမျှ ရှဲပါရစေ။ (၁) အစတည်းကမပြတ်သားခြင်း မြန်မာတွေမှာ အကြီးမားဆုံး အားနည်းချက်က အားနာတတ်ခြင်းပဲ။ စီးပွားရေးမှာ အားနာလို့မရဘူးဆိုတာကို လက်မခံနိုင်ကြဘူး။ ခင်တာကခင်တာပဲ စီးပွားရေးလုပ်ကြပြီဆိုရင် စာချုပ်စာတမ်း၊ မှတ်တမ်း မှတ်ရာ စသဖြင့်ပြတ်ပြတ်သားသားရှိသင့်တယ်။ နင်ကဘယ်လောက်ပိုက်ဆံစိုက်မှာလဲ၊ အချိန်ရော ဘယ်လောက်ပေးမှာလဲ၊ ဘယ်အချိန်အထိလုပ်နိုင်မှာလဲ၊ ဘယ်အချိန်အထိအမြတ်မရပဲနေနိုင်လဲ၊ စသဖြင့် အားလုံးပွင့်ပွင့်လင်းလင်းရှိရပါမယ်။ ကတိပေးထားသလိုမလုပ်ရင်ရော ဘာဖြစ်မလဲ၊ ဖြစ်နိုင်တဲ့ထောင့်ပေါင်းစုံက စဉ်းစားပါ။ ဆက်မလုပ်တော့တာ၊ ထွက်သွားတာ၊ သစ္စာဖောက်တာ မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့။ ငွေကလူ့စိတ်ကို မထင်မှတ် ထားနိုင်လောက်အောင် ပြောင်းလဲစေပါတယ်။...

ပိုက်ဆံတစ်ပြားမှ မကုန်တဲ့ လက်ဆောင်(၈)မျိုး

ပိုက်ဆံတစ်ပြားမှ မကုန်တဲ့ လက်ဆောင်(၈)မျိုး လက်ဆောင်(၁) – နားထောင်ခြင်းလက်ဆောင် နားထောင်တယ်ဆိုတဲ့နေရာမှာ လေးလေးစားစားနားထောင်ရမယ်။ကြားဖြတ်ပြီး မပြောရဘူး တွေးငေးစိတ်ကူးနေတာမဖြစ်ရဘူး ဘယ်လိုတုံပြန်ပြောမယ်ဆိုပြီး စိတ်ထဲမှာကြိုတင်စိစဉ်မနေရဘူး နားထောင်ပေးခြင်းသက်သက်ပဲ လက်ဆောင်(၂) – မေတ္တာလက်ဆောင် ပွေ့ဖက်တာ၊အနမ်းကလေးတွေ၊ကျောပြင်လေးကို ပုတ်ပေးတာ၊လက်ကလေးကိုင်တာ၊အဲဒီ အပြုအမူကလေးတွေက ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်အချစ်ကို ဖော်ပြပေးရာတာမို့ ရက်ရောစွာပေးပါတဲ့ လက်ဆောင်(၃) – ရယ်မောခြင်းလက်ဆောင် ကာတွန်းကလေးတွေ ဆောင်းပါးကလေးတွေနဲ့ ရယ်စရာ ပုံပြင်လေးတွေ မျှဝေးပေးပါတဲ့ အဲဒီလက်ဆောင်ကလေးက ကိုယ် မင်းနဲ.အတူရယ်မောရတာကို နှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ လက်ဆောင်(၄) – ရေးထားတဲ့စာလက်ဆောင် ရိုးရိုးကလေးလည်းဖြစ်နိုင်တယ်…….”ကူညီပေးတဲ့အတွက် ကျေးဇူးပါ”ဆိုတာမျိုးလေ၊ဒါမှမဟုတ် ကဗျာလေးတစ်ပုဒ်…..၊ကိုယ့်လက်ရေးနဲ.ရေးထားတဲ့ စာတိုကလေးတစ်စောင်ဖြစ်ဖြစ် ဘ၀တစ်သက်စာ အမှတ်တရ ဖြစ်စေနိုင်ပါတယ်၊ ဘ၀ကိုတောင် ပြောင်းလဲစေနိုင်ပါတယ်တဲ့ လက်ဆောင်(၅) – ချီးမွမ်းစကားလက်ဆောင် ဥပမာ….”အဖြူရာင်လေးနဲ့ လိုက်တယ်နော်” “မင်းအကောင်းဆုံး လုပ်ခဲ့တာပဲနော်”ဆိုတဲ့စကားလေးတွေက လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိတဲ့ နေ.တစ်နေ.ဖြစ်စေပါတယ်တဲ့ လက်ဆောင်(၆)...

အလုပ် များလွန်းလို့ စာ မဖတ်နိုင်ဘူး တဲ့လား ?

မည်သူ မဆို ညအိပ်ရာ ၀င်ချိန်၌ မနက် အိပ်ယာ ထချိန်ထက် နည်းနည်း ဖြစ်စေ အသိဥာဏ် ပညာ ပို ရှိနေ ရမည်။ သို့မဟုတ် ပါက လူသား တစ်ဦး အနေ နှင့် အကြီးမားဆုံး ပြစ်မှု ကို ကျူးလွန် ခဲ့ရာ ရောက်သည် တဲ့ …။ လီယို ဗတ်စကာ ဂလီယာ က ဆိုသည်။ မှန်သည်။ လူသည် မနက်ထက် ညမှာ ပညာ ပို ရှိရမည်။ မနေ့က ထက် သည်ကနေ့ ပညာပိုရှိရမည်။ အသက် ကြီး လာသည် နှင့် အမျှ ဦးနှောက် အလေးချိန် ပိုစီး လာရ မည်။ သည် အတွက် ဘယ်လို လုပ်မည် နည်း။??? တစ်နည်း...

ကမ္ဘာ ပတ်​ချင်​​နေတဲ့စိတ်​ကို စာဖတ်​ခြင်းနဲ့ စတင်​လိုက်​ပါ

!ခွေးတစ်ကောင်ဟာ မီးခဲကိုနင်းမိရင် ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ။နောက်တစ်ကောင်ကထပ်နင်းမိလည်း ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ။သူနင်းမိလို့ပူတဲ့ကိစ္စကို တစ်ခြားခွေးတွေကို မနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူး။သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ဘာသာစကားမရှိလို့။ကိုယ်တို်င်ဖြစ်မှ ကိုယ်တိုင်သိရတာ ကမ္ဘာဦးအစခွေးတွေကနေ ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ။ ကျွန်တော် တို့ လူတွေမှာတော့ အဲ့ဒီလိုမဟုတ်ဘူး။ဘာသာစကားရှိတယ်။ကျွန်တော် တို့ငယ်ငယ်ကတည်းက တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့်ကမ်းလာတာ။အမေဖြစ်သူက အဲ့ဒါမကိုင်နဲ့ ပူပူ၊အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့၊မင်းကိုင်ပါဦးမလား?မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့် မင်း မီးကို အပူမှန်းသိသွားတယ်။ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်။ အောက်ဆီဂျင်ကို ခုချက်ခြင်း မင်းဓာတ်ခွဲခန်းထဲမှာ မင်းရှာဖွေထုတ်နိုင်တယ်။အဲ့ဒီအောက်ဆီဂျင်ကိုမင်းရှာတွေ့ခဲ့တာမဟုတ်ဘူး။ဒါပေမယ့် ရှာတွေ့ခဲ့တဲ့ပညာရှင်က လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ်။ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ။ ပညာသင်တယ် ပညာရှာတယ်ဆိုတာ ဒါပဲလေ။ဘာသာစကားရှိလို့ တစ်ပါးသူရဲ့အတွေအကြုံကို လက်ဆင့်ကမ်းနိုင်တယ်။တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းကြတယ်။ ဒါကြောင့်လည်း လူ့လောကကြီးက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့။အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ နှစ်မျိုးရှိတယ်ဗျ။တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့ နောက်တစ်ခုက သူ့ရဲ့အတွေ့အကြုံတွေကို စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး...

အောင်မြင်သူတို့၏ မနက်ခင်းအကျင့်(၅)သွယ်

အောင်မြင်သူတို့၏ မနက်ခင်းအကျင့်(၅)သွယ် ၁။ မနက် စောစောထခြင်း အောင်မြင်သူအများစုဟာ မနက်စောစော ထတက်တဲ့ အလေ့အကျင့် ရှိကြပါတယ်။ လူတော်တော်များများ အိပ်ယာထ ပျင်းတက်ကြပါတယ်။ အောင်မြင်သူ တွေကတော့ အိပ်ယာက ထရတာကို ပိုကြိုက်ကြပါတယ်။ သူတို့ အိပ်ယာက နိုးပြီဆိုတာနဲ့ သူတို့ဖြစ်ချင်တဲ့ အိမ်မက်တွေ ဆက်လက်အကောင်အထည် ဖေါ်နိုင်မှာ မို့်လို့ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်တဲ့ အချိန်မှာတော့ ကောင်းကောင်းမွန်မွန် သေသေချာချာ ခန္ဓာကိုယ်အားပြည့်အောင် အိပ်တက်ကြပါတယ်။ ဥပမာ စစ်ဘုရင် နပိုလီယန် ကိုကြည့်ပါ။ စစ်ပွဲတိုင်းမှာ တက်တက်ကြွကြွ နိုးနိုးကြားကြား ရှိသလို၊ အိပ်စက်နားယူချိန်မှာလည်း ကလေးတစ်ယောက်လို နှစ်ချိုက်စွာ အိပ်ပျော်တတ်တဲ့ အကျင့်ရှိပါတယ်။ တခါတလေများ အိပ်တဲ့ တဲနန်းနားမှာ ဗုံးကျတာတောင် သူမသိလိုက်တဲ့ အဖြစ်အပျက်ရှိခဲ့ဘူးပါတယ်။ အိပ်စက် အနားယူချိန် ကို ၇ နာရီနဲ့ ၈ နာရီ ကြားသတ်မှတ်ကြပါတယ်။...

သင်ပျင်းနေတာမဟုတ်ပါဘူး အောင်မြင်သူဖြစ်ဖို့အစပျိုးနေတာပါ

လေ့လာမှုစစ်တမ်းတွေအရ ပျင်းရိသူတွေဟာ သာမန်လူတွေထက်ပိုမိုအောင်မြင်တယ်ဆိုတာ တွေ့ရှိရပါတယ်။ ဥပမာ-Charles Darwin ဟာဆိုရင်လည်းငယ်စဉ်ကျောင်းသားဘ၀က စာသင်ခုံပေါ်မှာ အမြဲမှောက်အိပ်နေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ အခြားသော အောင်မြင်ထင်ရှားသူတွေဖြစ်တဲ့ Einstein,Newton,Picasso စတဲ့သူတွေဟာလည်း တစ်မျိုးတစ်ဖုံအားဖြင့် သာမန်လူတွေထက် ပျင်းရိခဲ့ကြသူတွေပဲဖြစ်ပါတယ်။ ဒီလိုပျင်းရိသူတွေဖြစ်ခဲ့ကြပေမဲ့ သူများထက်ပိုအောင်မြင်မှုတွေကို ဘာကြောင့်ပိုင်ဆိုင်နိုင်ခဲ့ကြလည်းဆိုတာတော့ ဒီအချက်တွေကြောင့်ပဲဖြစ်ပါတယ်။ တီထွင်နိုင်စွမ်းရှိတယ် ပျင်းရိသူတွေဟာ ဖန်တီးနိုင်စွမ်းကောင်းမွန်ပြီး မလိုအပ်တဲ့အလုပ်တွေအတွက် အချန်ကုန်ခံပင်ပန်းရတာကိုလည်း မနှစ်သက်သူတွေဖြစ်ပါတယ်။ သူတို့ဟာ တစ်ခုတည်းသောအလုပ်တွေကို ထပ်ခါထပ်ခါလုပ်ရတာ မုန်းတီးသူတွေဖြစ်ပြီး အသစ်တွေကိုသာ အမြဲတမ်းထိတွေ့ ဖန်တီးလိုသူတွေဖြစ်ပါတယ်။ စွန်းဦးတီထွင်လိုသူတွေဖြစ်ကြတယ် သူတို့ဟာ အသစ်အဆန်းတွေကို ကြိုက်နှစ်သက်တတ်ပြီး အခြားသူတွေနဲ့ လုံးဝမတူညီတဲ့ နည်းလမ်းအသစ်၊ စိတ်ကူးအသစ်တွေဟာ အတွေးထဲမှာအမြဲတမ်းအပြည့်ရှိနေတတ်ကြပါတယ်။ သူတို့က အပင်ပန်းမခံလိုသူတွေဖြစ်တဲ့အတွက်ကြောင့် အသက်သာဆုံးနဲ့ အမြန်ဆုံးအောင်မြင်နိုင်မယ့် နည်းလမ်းတွေကိုသာ ရွေးချယ်စဉ်းစားလုပ်တတ်ကြသူတွေလည်းဖြစ်ပါတယ်။ အနားယူရမယ့်အချိန်တွေကို အပွန်းပဲ့မခံဘူး ပျင်းရိသူတွေဟာ အနားယူဖို့ အချိန်ရတာနဲ့ လုံးဝလက်လွှတ်မခံပဲ ပြည့်ပြည့်၀၀နားဖို့ အမြဲချောင်းနေတတ်သူတွေပါ။ ဒီကြားထဲ အချိန်ရရင် ရသလို ကိုယ့်အတွက်သက်တောင့်သက်သာဖြစ်စေမဲ့...

စာသင်ရခက်တဲ့ချို့ယွင်းချက်ကို ကျော်လွှားပြီး လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့တဲ့ အမျိုးသမီးများ

Dyslexia ဆိုတာဟာ စာလုံးတွေ၊ အက္ခရာတွေ၊ သင်္ကေတတွေကို ဖတ်ဖို့၊မှတ်ဖို့ ခက်ခဲတဲ့ စာသင်ရခက်ခဲတဲ့ ရောဂါတစ်ခုပါ။ ဒီလိုရောဂါမျိုးများ ခံစားခဲ့ရမယ်ဆိုရင် သူသူကိုယ်ကိုယ် စိတ်ဓာတ်ကျပြီး ရေစုန်မျောရင်း နေထိုင်သွားမိမှာတော့ အသေအချာပါပဲ။ ဒါပေမဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်တဲ့ဘ၀ကို လှမ်းယူနိုင်ခဲ့တဲ့ ဒီအမျိုးသမီးတွေတော့ မပါဝင်ပါဘူး။ Loretta Young အော်စကာဆုရှင် မင်းသမီးကြီးဟာ ငယ်စဉ်က စာသင်ရခက်တဲ့ရောဂါကို ခံစားခဲ့ရသူပါ။ ကျောင်းမှာ စာသင်တဲ့အခါ “b” နဲ့ “d”ကို မကွဲပြားတဲ့ မင်းသမီးကြီးဟာ စာမရလို့ဆိုပြီး ကျောင်းမှာအနှိမ်ခံခဲ့ရပါတယ်။ သူ့မိဘတွေကလည်း အမြင်အာရုံများ မကောင်းလို့လားဆိုပြီး မျက်စိတွေဘာတွေ စမ်းသပ်ပေးကြပေမယ့် တကယ်တမ်းမှာ စာသင်ရခက်တဲ့ရောဂါကို ခံစားနေရတာ ဖြစ်နေပါတယ်။ သူမဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ရုပ်ရှင်သရုပ်ဆောင် စလုပ်ခဲ့ပြီး ရိုက်ကွင်းအတွက် လိုအပ်တဲ့ ဇာတ်ညွှန်းတွေကို မဖတ်နိုင်တဲ့အတွက် မျက်စိထဲမှာ အလွတ်မြင်လာတဲ့အထိ မှတ်ထားတတ်ခဲ့ပါတယ်။ သူမရဲ့ အားလပ်ချိန်တွေမှာ...

သင့်ကို အမြန်ဆုံး ဆင်းရဲစေနိုင်တဲ့ အမူအကျင့် (၅)မျိုး

ချမ်းသာမယ့် နည်းလမ်းဆိုတာ ရှိသလို၊ ဆင်းရဲမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။ ချမ်းသာမယ့်နည်းလမ်းကို မသိသေးသူတွေက ဆင်းရဲစေမယ့် နည်းလမ်းတွေကို ရအောင်ရှောင်ရှားလိုက်တာနဲ့ ချမ်းသာမယ့်နည်းလမ်းကို တစ်ဖက်ကနေ ပြန်လည်ကျင့်သုံးရာ ရောက်စေမှာပါ။ အခုဖော်ပြပေးမှာကတော့ သင့်ကို အမြန်ဆုံး ဆင်းရဲစေနိုင်တဲ့ အမူအကျင့်(၁၀)မျိုး ဖြစ်ပါတယ်။ ရှောင်ရှားကြပါ။ (၁) ကိုယ်ရှာနိုင်တာထက် ပိုသုံးရင် တစ်ချို့တွေက အသုံးနဲ့အဖြုန်း မကွဲကြပါဘူး။ တစ်ချို့ ငွေသုံးအလွန်ကြမ်းပါတယ်။ ဒီလူတွေဟာ သေချာပေါက် မချမ်းသာကြဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ တစ်ချို့တွေက ကိုယ်ရှာတာ ကိုယ်သုံးဖို့ပဲဆိုပြီး သဘောထားကာ အရမ်းကာရော လျှောက်သုံးတတ်ကြပါတယ်။ ရှာနိုင်သလောက် အချိန်တော့ သုံးရဦးမှာပါဘဲ။ မရှာနိုင်တော့ရင်တော့ ဆင်းရဲခြင်းဆိုတဲ့ဒဏ်ကို ခံစားရမှာပါ (၂) မလိုအပ်သောနေရာတွေမှာ ငွေအသုံးပြုခြင်း မအပ်စပ်သောအရာဆိုတာက တစ်ခါတလေ ဂုဏ်ပကာသနတစ်ခုအတွက် ငွေကြေးကို ဒလဟောသုံးတာမျိုးပါ။ ဥပမာအနေနဲ့ မြင်သာအောင်ပြောရရင် သုံးနှစ်လောက် နေလို့ဖြစ်နေတဲ့အိမ်ကို သူများဆီကနေ အကြွေးခံပြီး...