Monthly Archive: February, 2019

အရမ်းချစ်ခဲ့ကြပေမယ့်. . .အစားသောင်းကျန်းလို့ဆိုပြီး ချစ်သူကို ဓါးနဲ့ထိုးခဲ့တဲ့ အမျိုးသမီး

ဒီဖြစ်ရပ် ဟာ ၂၀၁၇ ခုနှစ်မှာ တုန်းက ဖြစ်ပွားခဲ့တာပါ။ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ချစ်သူ ရှေ့မှာ အစားသောင်းကျန်း တတ်တာလေးတွေ ဆင်ခြင် သတိထားစေဖို့ စေတနာနဲ့ သတိထားနိုင်အောင် ပြန်လည်ဖေါ်ပြပေးခြင်း ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ လန်ရှိုင်းယားပြည်နယ် ဘလက်ဘန်းမြို့မှာ အာလူးကြော်အစားများတဲ့ကောင်လေးကို ချစ်သူကောင်မလေးက စိတ်ဆိုးဒေါသထွက်ပြီး မီးဖိုချောင်သုံးဓား နဲ့ ထိုးခဲ့တာပါ။ Dianne Margaret Clayton ဆိုသူ အသက် ၃၇နှစ်အရွယ် အမျိုးသမီးဟာ သူမရဲ့ ချစ်သူဖြစ်တဲ့ Simon Hill နဲ့အတူ သူငယ်ချင်းအိမ်မှာ သွားရောက်လည်ပတ်ရင်း Simon က အိမ်ရှင်တွေကျွေးတဲ့ အာလူးကြော်တွေကို အကုန်စားပစ်လိုက်တာကြောင့် Clayton က မကျေမနပ်ဖြစ်ပြီး မီးဖိုချောင်ထဲက ဓါးတစ်ကြောင်းကိုယူပြီး Simon ရဲ့ပခုံးကို ဓါးနဲ့ထိုးလိုက်တာဖြစ်ပါတယ်။ Clayton က သူမရဲ့ လုပ်ရက်ကို ဝန်ခံသွားခဲ့တာကြောင့် ဘလက်လန်းတရားရုံးကနေ...

တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးည အိမ်မက်မြူ အပိုင်း ( နှစ် )

ညနေခြောက်နာရီ ထိုးချိန်၍ မသက်ရီသည် အောက်ထပ်သို့ဆင်းလားခဲ့၏ ။ ဦးမင်းခိုင် ပြန်မရောက်လာသေး။ မိုးမှာပြန်သည်းလာ၍ တိမ်မည်းတို့ကြောင့် ညနေမှာ မှောင်နေ၏ ။ မသက်ရီ ဧည့်ခန်းသို့ ရောက်သည်အထိ မည်သူကိုမှ မတွေ့ရ ။ ပထမသော်မသက်ရီသည် နောက်ဖေး မီးဖိုခန်းဆီ လိုက်သွားမည် ကြံသေး၏ ။ သို့ရာတွင် ဧည့်ခန်းနှင့်ကပ်လျက်ရှိသော အခြားအခန်းတစ်ခုကမသက်ရီ၏အာရုံကို ဆွဲဆောင်လိုက်သည် ။ ထိုအခန်းမှာ စာကြည့်ခန်းမှန်း သိသာသည် ။ မသက်ရီ၏ အာရုံကိုအထူးဆွဲဆောင်သည်မှာ ထိုအခန်းတွင့်မှ စန္ဒတစ်လုံးဖြစ်သည် ။ မသက်ရီ စာကြည့်ခန်းထဲသို့ ဝင်လာသည်။ သားမွေးကော်ဇော ခန်းလုံးပြည့် ခင်းထား၍ အခန်းမှာနွေးထွေးနေ၏ ။ အခန်းနံရံအလိုက် တည်ခင်သော ကျွန်းသားမှန်ဗီရိုများမှာခါးလယ်ခန့်သာ မြင့်၍ ခေတ်မီ သပ်ရပ်လှပ၏ ။ ထိုင်ဆိုဖာ ၊ မွေ့ရာဆိုဖာ အသီးသီးကို မတ်ရပ်မီးတိုင်ကိုယ်စီနှင့်စနစ်တကျ နေရာချထား၏ ။...