Monthly Archive: February, 2019

ပရိသတ်တွေ မျက်ရည်လည်ရင်း မချိတင်တဲဖြစ်ကြရတဲ့ ဗိုလ်ချုပ်မွေးနေ့ ဇာတ်လမ်း

ပရိသတ်ကြီးရေ ဒီကနေ့ ဟာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မင်္ဂလာဖြစ်ပါတယ်။ တိုင်းပြည်အတွက် လွတ်လပ်ရေးကို ရယူနိုင်အောင် ကြိုးစားသူတွေထဲ ထိပ်ဆုံးကနေ ပါဝင်ခဲ့တဲ့အတွက် ဗိုလ်ချုပ် ကို မြန်မာနိုင်ငံသားတိုင်း က အလေးအမြတ်ထားကြတာပါ ။ ဒီကနေ့မှာတော့ လူမှုကွန်ရက်ပေါ်က ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ဇာတ်လမ်းတိုလေးတစ်ပုဒ်ဟာ နာရီပိုင်းအတွင်းမှာ လူကြိုက်များလာနေပါတယ်။ ဇာတ်လမ်းတိုလေးထဲမှာ “လွတ်​လပ်​​ရေး အ​ကြောင်းစဉ်းစားရင်း​ ဖိနပ်​ကို ဘယ်​နဲ့ ညာ မှားစီး​နေတဲ့ ​ဗိုလ်​ချုပ်​၊​ငွေ​သော်​တာ ​ရောင်​ခြည်​တစ်​ပုဒ်​တည်းနဲ့ ကျန်​ရစ်​ခဲ့တဲ့ ​ဒေါ်ခင်​ကြည်​၊မနက်​ရုံးတက်​ခါနီး သားသမီး​တွေစားလို့ ပိုတဲ့ ထမင်းကြမ်းခဲ​လေးကို အားရပါးရစား​နေတဲ့ ဗိုလ်​ချုပ်​၊ရဲ​ဘော်​​တွေ စားတဲ့ ဆန်​ကြမ်းထမင်းနဲ့ ​စား​နေတဲ့ ဗိုလ်​ချုပ်​ တို့ ဇနီး​မောင်​နှံရဲ့ ထမင်းဝိုင်းနဲ့ ဗိုလ်​ချုပ်​ရဲ့အစ်​ကို ဦး​အောင်​သန်းတို့ ထပ်​တိုက်​​တွေ့”စတဲ့ ထင်ရှားတဲ့ အမှတ်တရလေးတွေကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗိုလ်ချုပ်ကို ချစ်သူတွေ ဇာတ်လမ်းကြည့်ရင်း မျက်ရည်မဆည်နိုင်လောက်အောင် မချိတင်ကဲဖြစ်ခဲ့ကြရပါတယ်။...

တကယ့်ကိုလေးစားမိပါတယ်ဗျာ ဒီကနေ့ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရတဲ့

တကယ့်ကိုလေးစားမိပါတယ်ဗျာ ချောင်းသာကမ်းခြေ အလည်သွားတဲ့လူငယ်တယောက်ဟာ ဒီကနေ့ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရအဖြစ် ၃နာရီကြာ သဲပုံထဲမှာ ဗိုလ်ချုပ်ပုံစံ ထုထွင်းပြီး ( Hero )ဆိုပြီး ဂုဏ်ပြုထားပါတယ်တာဖြစ်ပါတယ် ​ပုံခြင်းထောက်ကြည့်ကာ သူ့ကြိုးစားမှုကိုကြည့်ရှုနိုင်ပါတယ် photo Yair yint Hein

အသက် ၃၀ မတိုင်ခင် သင်ယူသင့်တဲ့ ဘဝသင်ခန်းစာများ

ငယ်ရွယ်စဉ်အခါ တန်ဖိုးထားသင်ယူအသုံးချရမယ့် ဘဝသင်ခန်းစာအမြောက်အမြားရှိပါတယ်။ ပြီးခဲ့တဲ့အတိတ်ကအဖြစ်အပျက်များကို အတွေ့အကြုံယူပြီး အကျိုးရှိစွာ ပြန်လည်သုံးသပ်သင်ခန်းစာယူပါ။ စောလျင်စွာလေ့လာသင်ယူသင့်တဲ့ တချို့သောဘဝသင်ခန်းစာများကတော့ ၁။ ပိုက်ဆံကသင့်ရဲ့ပြသနာများကို ဘယ်သောအခါမှအမှန်တကယ်ဖြေရှင်းပေးနိုင်မှာမဟုတ်ပါ။ ပိုက်ဆံက သင်ရဲ့လိုအပ်ချက်များနဲ့ လိုချင်တပ်မက်ဖွယ်ကောင်းတဲ့ပစ္စည်းတချို့တွေကို ဝယ်နိုင်တဲ့ရောင်းကုန်တမျိုးဖြစ်ပါတယ်။ သို့သော် ပိုက်ဆံကသင့်ရဲ့ပြသနာကိစ္စရပ်တိုင်းကို အလုံးစုံကိုင်တွယ်ဖြေရှင်းမပေးနိုင်ပါ။ တချို့သောလူအများစုက အံ့သြဖွယ်ရာအတိနဲ့ ပျော်ရွှင်သောဘဝမှာ နေထိုင်နိုင်ကြသလို တချို့များကြပြန်တော့ ချွတ်ခြုံဆင်းရဲစိတ်ပျက်ဝမ်းနည်းစရာကောင်းတဲ့ဘဝမှာ နေထိုင်ကြတဲ့လူအမြောက်အမြားလည်းရှိကြပါတယ်။ ပိုက်ဆံနဲ့ အိမ်လှလှ၊ အကောင်းစားကား၊ အမိုက်စားရှူးဖိနပ်၊ လုံခြုံစိတ်ချသက်တောင့်သက်သာရှိပြီး စည်းစိမ်အပြည့် ဇိမ်ခံပစ္စည်းများကို ဝယ်နိုင်ပါတယ်။ သို့သော် ငွေကအက်ကွဲနေတဲ့ဆက်ဆံရေးကို ပြန်လည်မတည်ဆောက်နိုင်သလို အထီးကျန်မှုကိုလည်း မကုစားနိုင်ပါ။ ပျော်ရွှင်ခြင်းကို တဒင်္ဂမျှသာ ဖြစ်ပေါ်စေပြီး ၄င်းမှာအမှန်တကယ်နဲ့စစ်မှန်သော အရာမျိုးမဟုတ်ပါ။ ပျော်ရွှင်မှုက ရောင်းရန်မဟုတ်ပါ။ အကယ်၍ သင်ဝယ်နိုင်ဖို့ ပို၍ကောင်းအောင်လုပ်ထားတယ်လို့ မျှော်လင့်နေမယ်ဆိုရင်သင်ဘယ်သောအခါမှမပျော်ရွှင်နိုင်ပါ။ ၂။ ဖြေးဖြေးနဲ့ ပုံမှန်အတိုင်းဆက်လုပ်ပါ။ ငယ်ရွယ်စဉ်ခါ ကျွန်တော်တို့လုပ်ဆောင်ရမဲ့ မည်သည့်အရာကိုမဆို ချက်ချင်းလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့မကြာခဏခံစားနေရတဲ့ လူကြီးဆိုတဲ့ခရီးရှည်ကြီးကို စတင်ပါ။...

ဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့အရာတွေလည်း ဆုံးရှံးရတာက ပိုကောင်းတဲ့အရာတစ်ခုခု ဖြစ်လာဖို့ အတွက်လည်း ဖြစ်နိုင်ပါတယ်

လူတစ်ယောက်ဟာသင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်းရောက်သွားသတဲ့..။ နေ့တိုင်းနေ့တိုင်းဘုရားသခင် သူ့ကိုကယ်ဖို့ဆုတောင်းတယ်…နေ့တိုင်းနေ့တိုင်း တစ်ယောက်ယောက်များလာကယ်မလား မိုးကုတ်စက်ဝန်းကိုမျှော်ကြည့်တယ်။ နောက်တော့.ရာသီဥတုဒဏ်ခံနိုင်ဖို့တဲလေးတစ်လုံးဆောက်ပြီးသူနေရတယ်..။ တစ်နေ့တော့သူ..အစာသွားရှာပြီးပြန်လာတော့သူတဲလေးမီးလောင်နေတာတွေ့တယ်..။ ကံဆိုးမိုးမှောင်ကျလှတဲ့သူ့ဘ၀ကိုသူကျိန်ဆဲ.. ငိုကြွေးပြီး..အိပ်ပျော်သွားတယ်…။ နောက်နေ့မနက်မှာတော့…သူ့ကိုသင်္ဘောတစ်စီးကလာကယ်တယ်…။ သင်္ဘောကတ်ပတိန်ကိုမေးတယ်သူဒီမှာရှိမှန်းခင်ဗျားတို့ဘယ်လိုသိသလဲပေါ့..။ ကတ်ပတိန်ကပြောတယ်… ခင်ဗျားမီးခိုးနဲ့အချက်ပြခဲ့တယ်လေတဲ့..။ တစ်ခါတစ်လေဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့အရာတွေလည်း ဆုံးရှံးရတတ်ပါတယ်။ ဒီတစ်ခါသင်ချစ်ရတဲ့..သင့်ရဲ့တစ်ခုတည်းသောပိုင်ဆိုင်မူ..တဲလေးမီးလောင်သွားရင်..မငိုပါနဲ့…။ အဲဒါဟာ ပိုကောင်းတဲ့အရာတစ်ခုခု ဖြစ်လာဖို့ အတွက်လည်း ဖြစ်နိုင်ပါသေးတယ်။ အဲဒါဟာ..သင့်အတွက် အချက်ပြမီးခိုး.ဖြစ်နိုင်ပါသေးတယ်…။

ဇော်မိုး(ပိုင်အိုးနီးယား) ပြောပြတဲ့ အိမ်တစ်အိမ်စီးပွားတက်ဖို့ဆိုတာ

လင်နှင့်မယားချစ်ကြင်ငြားစီးပွားတက်မည်သာ စီးပွားတက်ချင်ရင် လင်နဲ့မယား ရန်မဖြစ်ကြဖို့လိုတယ်။ ဘာဖြစ်လို့ ရန်ဖြစ်ရင် စီးပွားမတက်တာလဲ။ ရန်ဖြစ်ပြီဆိုတာနဲ့ဝစီဒုစရိုက်မနောဒုစရိုက်မှုတွေကျူးလွန်မိတော့တာကိုး။ လင်နဲ့မယား ရန်မဖြစ်တဲ့အချိန်က နက္ခတ်ကောင်းတဲ့အချိန်ပါပဲ။ နက္ခတ်ကောင်းရင် စီးပွားတက်မှာပဲ။ နက္ခတ်ကောင်းဖို့ ယတြာချေနေဖို့ မလိုဘူး။ လင်နဲ့မယား ရန်မဖြစ်ဖို့ပဲ လိုတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အကောင်းချည်းပဲထင်နေတတ်ကြတယ်။ ပုထုဇဉ်တွေပဲဆိုတော့ အကောင်းချည်းပဲဆိုတာတော့ဖြစ်မလာဘူး။လင်မယားဆိုတာ ကောင်းတိုင်ပင် ဆိုးတိုင်ပင်ရှိရမယ်။ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်..အပြစ်မတင်ရဘူး။ တစ်ယောက်ကိုတစ်ယောက် မေတ္တာရှေ့ထားပြီးတော့ အပြုသဘောဆောင်ပြီးသတိပေးကြရမယ်။လင်နှင့်မယားရန်ဖြစ်ငြားစီးပွားပျက်မည်သာ။ ဒါကတော့ မိုးသု -(မန္တလေး) က စီးပွားတက်ဖို့အတွက်ရန်မဖြစ်မိကြဖို့အိမ်ထောင်သည်တွေကိုသတိပေးထားတာလေးပေါ့။အိမ်ထောင်တစ်ခု စီးပွားတက်ဖို့ဆိုရင်…မှန်ပါတယ် မိုးသု ရှင်းပြထားသလို လင်မယားတွေရန်သတ်နေလို့မဖြစ်ပါဘူး။ဒါဟာလည်း စီးပွားဖြစ်ခြင်း၊မဖြစ်ခြင်းထက် နံပါတ်(၁)အချက်ကတော့ အမြဲ ရန်သတ်နေတဲ့ အိမ်က သာယာတဲ့ စိတ်ချမ်းသာမှု မရတာတော့အမှန်ပဲ။ပွင့်ပွင့်လင်းလင်းပြောရရင် ကျက်သရေမရှိတဲ့အိမ်ပေါ့။ ကျွန်တော် ဝန်ထမ်းအိမ်ထောင်သည် စုံတွဲကလေးတွေ တစ်ရက်ခြား ရန်ဖြစ်ကြတယ်။ ရန်ဖြစ်တိုင်းခေါ်ဆုံးမရတာက အလုပ်တစ်လုပ်။တချို့ကြတော့ ရန်ဖြစ်ပြီဆို အလုပ်ပျက်၊အလုပ်ခန၊ခနပျက်ရင် ကြာတော့...

ငှက်ကလေးပြောတဲ့ မှတ်သားဖွယ် စကား ၃ ခွန်း

အကယ်၍သာ…….. သင့်အနေနဲ့ ကောင်းတယ်လို့ယူဆထားတဲ့ အလုပ်တစ်ခုကို လုပ်ပြီးတဲ့နောက်မှာ….. ပညာရှိကြီးတစ်ယောက်က အဲဒီလိုလုပ်တာဟာ မှားယွင်းကြောင်း ကျမ်းကိုးကျမ်းကားနဲ့တကွ ဝေဖန်ထောက်ပြလာခဲ့ရင် သင့်အနေနဲ့ဘယ်လိုခံစားမှာလဲ။ …………….နောင်တရမိမှာလား………။ တစ်ခါက ပညာရှိကြီးလို့ အများက အသိအမှတ်ပြု အရိုအသေပေးရတဲ့ အဘိုးအို တစ်ယောက်ရှိပါတယ်။ သူဟာ ကျမ်းစာအုပ်ကြီးတွေထဲက အဆိုအမိန့်တွေ၊ အတွေးအခေါ်တွေကို အလွတ် အာဂုံဆောင်နိုင်ယုံတင် မကဘူး သွားလေရာ ယူသွားပြီး လူအများကို ဟောပြောပို့ချနေတဲ့ သူတစ်ဦးပေါ့…။ တစ်နေ့မှာတော့ ရွာတစ်ရွာကို ဟောပြောဖို့လာရင်း ငှက်ခတ်သမားနဲ့တွေ့လို့ ငှက်တစ်ကောင်ကို ၀ယ်ခဲ့တယ်…။ အိမ်ရောက်ရင် ငှက်ကို သတ်ပြီး ချက်စားရမယ်လို့ ပြောလိုက်မိတာနဲ့ တစ်ပြိုင်တည်း… “မလုပ်ပါနဲ့ ကျွန်ုပ်အသက်ကို ချမ်းသာပေးပါ” လို့ လူလို ပြောလိုက်တော့ ပညာရှိကြီးက အံ့သြသွားတာပေါ့..။ ပြီးတော့ “သင်က လူလို စကားပြောတတ်တယ်၊ ဟုတ်လား” “ဟုတ်ပါတယ်၊ ကျွန်ုပ်ဟာ သာမန်ငှက် မဟုတ်ပါဘူး၊...

ဆင်က ဆင်…ခွေးက ခွေး ၊ သင်က သင်…သူက သူ

တစ်ခါက ဆင်တစ်ကောင်နဲ့ ခွေးတစ်ကောင်တို့ဟာ တစ်ချိန်တည်း ကိုယ်ဝန်ဆောင်ကြပါတယ် ။ သုံးလကြာတဲ့အခါ ခွေးမဟာ ခွေးလေး ၆ကောင်မွေးပါတယ်။ နောက် ၆လမြောက်မှာ ခွေးမက ကိုယ်ဝန်ထပ်ဆောင်ပြန်ပါတယ်။ ကိုးလရောက်တော့ ခွေး ၁ဒါဇင် ထပ်မွေးပြန်ပါတယ်။ အဲဒီအတိုင်းပဲ လည်ပတ်ရင်း ၁၈လ ကြာတဲ့အခါခွေးမဟာ ၃ကြိမ် ကိုယ်ဝန်ဆောင်ပြီး ၃ခါမွေးပြီးသွားပါပြီ။ ဆင်မကတော့ ကိုယ်ဝန်ဆောင်နေတုန်းပါပဲ။ဒီတော့ ခွေးမက ဆင်မ ကိုမေးပါတယ်။ “ဟဲ့ ဆင်မ နင့်ဟာက ကိုယ်ဝန်ရော ဟုတ်ရဲ့လားဟယ် ၊ ငါဆိုရင် ကလေး ၃ခါမွေးပြီး တချို့တွေဆို ခွေးကြီးတွေတောင်ဖြစ်နေကြပြီ ၊ နင်က ခုထိကိုယ်ဝန်ဆောင်နေတုန်းပဲလား” ဒီတော့ ဆင်မက ပြန်ဖြေပါတယ်။ ” ဒီမှာ မခွေးမ ရှင်ပြောတာကို ကျွန်မနားလည်ပါတယ် ၊ ဒါပေမယ့် ကျွန်မလွယ်ထားတာ ဆင်ပါ ခွေးမဟုတ်ပါဘူး ၊ ကျွန်မဟာ တစ်ခါမွေးဖို့...

အိပ်မက်တွေ လက်တွေ့ဖြစ်လာစေဖို့

ဘယ်လောက်ပဲကံကောင်းကောင်း ကိုယ့်ရဲ့အိမ်မက်တွေ လက်တွေ့ဖြစ်ဖို့ရန် ကြိုးစားဖို့လိုပါတယ်။ ဘယ်လိုလုပ်ရင် အိမ်မက်တွေ အကောင်အထည်ပေါ်လာမှာလဲ။ ၀၁. ဘယ်လောက်ပဲခက်ခဲပါစေ ကိုယ့်အတွက် ကတော့ အခွင့်အရေးလို့ တွေးစေချင်ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ လက်မလျှော့ပဲ ရဲရဲတင်းတင်းသာ ရှေ့သို့ ဆက်လျှောက်သင့်ပါတယ်။ ၀၂. ဘဝဟာ အမြဲတမ်း တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ အရှုံးတွေကို ရင်ဆိုင်ပြီး ဆက်ပြီး ကြိုးစားပါ။ ကိုယ့်ဘဝကို အစစအရာရာ ချုပ်တည်းထားတာ ထက် လုပ်သင့်တဲ့ကိစ္စကို လုပ်သာလုပ်ပါ။ အကယ်၍ မှားခဲ့ရင်လည်း နောက်တစ်ကြိမ် ကြိုးစားပါ။ ၀၃. အလုပ်ထွက်၊ နေရာပြောင်း၊ အိမ်ပြောင်းပါ။ အိမ်မက်တွေကို အကောင်အထည်ဖော်နေသူများဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ လက်တွေ့လုပ်နေသူများဖြစ်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အနှောက်အယှက်ပေးသူများရှိခဲ့ရင်လည်း အဲဒီနေရာကနေ မရရသောနည်းဖြင့် ထွက်ပြီး အိမ်မက်ကို လက်တွေ့ဖြစ်စေမှာပါ။ ၀၄. အောင်မြင်မယ်လို့ ယုံကြည်ထားသူပါ။ ကိုယ်လုပ်နေတဲ့အလုပ်တွေက တနေ့ကျရင် အောင်မြင်မယ်လို့...

အခက်အခဲကိုဖြေရှင်းခဲ့တဲ့ ဆရာဝန် ရဲ့ မဟာအကြံ

တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုလို့ ဆိုပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်နေတဲ့အချိန်က ဒါဏ်ရာပြင်းထန်စွာရထားတဲ့ အမေရိကန်စစ်သားတစ်ယောက်ဟာ စစ်ဆေးရုံကို ရောက်လာခဲ့တယ်။ သူ့ရဲ့ဝမ်းဗိုက်ထဲမှာ စိုက်နေတဲ့ကျည်ဆန်ကို ဖယ်ရှားဖို့ပဲ ဖြစ်တယ်။ စစ်သားဟာ အိပ်ယာပေါ်မှာလှဲနေတယ်။ ဆရာဝန်က စစ်သားကိုထုံဆေးများများပေးဖို့ သူနာပြုဆရာမကို လှမ်းပြောလိုက်တယ်။ သူနာပြု စိုးရိမ်သွားတယ်။ ဒါနဲ့ ဒေါက်တာကို အခြားအခန်းဆီကို လက်တို့ပြီးခေါ်သွားပြီး တစ်စုံတစ်ရာကို ပြောလိုက်တယ်။ ဆရာဝန်အကြံအိုက်သွားတယ်။ တစ်ချက်စဉ်းစားပြီးတဲ့နောက် သူနာပြုကို ခပ်တိုးတိုးနဲ့ စကားတစ်ခွန်းပြောလိုက်တယ်။ အဲဒီနောက်တော့ စစ်သားရဲ့အိပ်ယာဆီကို ပြန်သွားကြပြီးတော့ ခွဲစိတ်ဖို့စတင်ပါတယ်။ ဆရာဝန်က သူနာပြုကို ပြောလိုက်တယ်။ “ဒီချစ်ဖို့ကောင်းတဲ့ စစ်သားကြီးကို ထုံဆေးများများပေးရမယ်” “ဟုတ်ကဲ့ ဒေါက်တာ၊ အခုယူလာပါပြီ” လို့ သူနာပြုက ပြန်ပြောတယ်။ “နည်းနည်းမရဘူးနော် ၊ များများယူလာခဲ့ ၊ တိုင်းပြည်အတွက်အသက်စွန့်ထားတဲ့ စစ်သားကြီးကို နည်းနည်းမှနာကျင်စေလို့ မဖြစ်ဘူး” “ဟုတ်ကဲ့ပါဒေါက်တာ ၊ ထုံဆေးတွေအများကြီးထည့်ထားပါတယ်” အဲဒီနောက်တော့...

မိမိဘ၀ကို စတင်ချစ်မြတ်နိုးလာစေဖို့ နည်းလမ်း ၁၀ ခု

မိမိဘဝကို မုန်းတီးကြောင်း၊ မိမိမှာ ရှိတာတွေနဲ့ ပျော်ရွှင်မှုမရှိကြောင်း ညည်းညူနေတဲ့လူတွေ အများကြီးရှိပါတယ်။ ဒီသဘောထားတွေ သင့်မှာလည်း ဖြစ်နေမယ်ဆိုရင် သင်လည်းပဲ ချမ်းသာမှ၊ မိတ်ဆွေတွေ အများကြီးရှိမှ၊ ကျော်ကြားမှ၊ ပြည့်စုံတဲ့ မိသားစုတစ်ခုရှိမှ ပျော်ရွှင်နိုင်လိမ့်မယ်လို့ တွေးထင်ထားတဲ့ လူတွေထဲက တစ်ဦးပဲ ဖြစ်နေပါလိမ့်မယ်။ ဝမ်းနည်းဖွယ်ကောင်းတာက သင် မှားနေပါပြီ။ နောက်တစ်ကြိမ် “ငါ့ဘဝကို မုန်းတယ်”လို့ ပြောမိတဲ့အခါ “ငါ သေချင်သလား”လို့ မိမိကိုယ်ကို မေးစေချင်ပါတယ်။ ဒါဟာ ပြင်းထန်လွန်းပုံ ရှိပေမယ့် သင် အသေအချာ စဉ်းစားကြည့်စေချင်ပါတယ်။ သင် အသက်ရှင်နေသမျှ ပျော်ရွှင်နိုင်ပါသေးတယ်။ ပြီးတော့ သင့်ဘဝအခြေအနေတွေ တိုးတက်လာအောင်လုပ်ဖို့ အခွင့်အရေးလည်း အမြဲရှိနေပါတယ်။ အောက်မှာ နည်းလမ်းဆယ်ခု ပေးထားပါတယ်။ (၁) သင့်ဘဝရဲ့ ကောင်းတဲ့အရာတွေအပေါ် အာရုံစိုက်ပါ သင်ဟာ ကောင်းတဲ့အရာ တစ်ခုခုကိုမှ မစဉ်းစားနိုင်ဘူးဆိုရင် မကောင်းတဲ့အတွေးတွေကိုပဲ ဆက်လက်စွဲကိုင်ထားနေမိမှာပါ။...