Monthly Archive: February, 2019

မန်ကျည်းပင် နဲ့ လူနှစ်ယောက်

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ပြန်လည်မျှဝေချင်ပါတယ် တစ်ခါတုန်းက ဒိသာပါမောက္ခဆရာကြီးဆီမှာ တပည့်တွေ ပညာသင်ကြတယ်၊ အဲဒီဆရာကြီးမှာ အရမ်းချောတယ် သမီးတစ်ယောက် ရှိတယ်ဆိုပါတော့။ သူရဲ့ တပည့်တွေထဲက ၂ ယောက်က သူတို့ဆရာကြီးရဲ့ သမီးကို စိတ်ဝင်စားလို့ သင်ကြားမှုတွေ ပြီးတဲ့အခါမှာ ဖွင့်ပြောကြတယ်။ အဲဒီမှာ သူတို့ဆရာကြီးက တပည့် ၂ ယောက်ကို မန်ကျည်းပင်ပေါက်လေး တစ်ပင်စီ ပေးပြီး စိုက်ခိုင်းပါတယ်။ ဒီလိုနဲ့ တပည့် ၂ ယောက်လုံးက သူတို့အိမ်တွေ ပြန်ရောက်ကြတော့ အပင်ပေါက်လေးတွေကို အိမ်အရှေ့မှာ စိုက်ကြတယ်။ ပြုစုပျိုးထောင်ကြတယ်။ အချိန်ကာလအနည်းငယ်ကြာတဲ့အခါ မန်ကျည်းပင်ကနေ အရွက်နုလေးတွေ ရှိလာတဲ့အခါမှာ ပထမတပည့်တစ်ယောက်က စားချင်စိတ်ကို မအောင့်နိုင်ပဲ နည်းနည်းစားကြည့်ချင်လာတယ်။ ဒါနဲ့ သူက နည်းနည်းခူးပြီး သုပ်စားကြည့်လိုက်တယ်။ တစ်ချိန်တည်းမှာ နောက်တပည့်တစ်ယောက်ကတော့ အပင်ငယ်လေးက အရွက်တွေကို မစားရက်ပဲ အရိပ်တကြည့်ကြည့်နဲ့...

လစာကောင်းကောင်းဝင်နေသော်လည်း သင့်အားမွဲနေစေသော အကျင့် ၈ ခု

လစာကောင်းကောင်းဝင်နေသော်လည်း သင့်အားမွဲနေစေသော အကျင့် ၈ ခု (၁)လစာတိုးလာတာနဲ့အမျှ အသုံးအစွဲတိုးလာခြင်း သင့်ရဲ့ လူနေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ခြင်း မှာလက်ခံဖွယ်ရာဖြစ်ပါသည်။ ၀င်ငွေတိုးလာတာနဲ့ အမျှ သင့်နှင့် သင့်မိသားစု အတွက် ကျန်းမာရေး၊ပညာရေးစသည်တို့ အတွက် အသုံးစရိတ်တိုးခြင်းဟာ အဆင်ပြေပါတယ်။ သို့ ပေမယ့် သင်သည် အမြဲတစေ ပိုက်ဆံသုံးဖို့ အရေးကိုပဲ လိုက်ပြီး စဉ်းစားနေတဲ့သူဆိုလျှင်တော့ လစာ ဘယ်လောက်များများ စုနိုင်လိမ့်မည် မဟုတ်ပါ။ ဒါကြောင့် လစာ ၀င်ငွေတိုးလာသော်လည်း သင့်ရဲ့ အသုံးအစွဲကို အဆင့်တစ်ခုတွင် သတ်မှတ်ထားပါ။ ထိုအဆင့်ထက် ကျော်လွန်သုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ (၂) အနာဂါတ်ကို မေ့ထားပြီး လက်ရှိအခြေအနေကို သာ အာရုံစိုက်ခြင်း လူတော်တော်များများရဲ့ အကျင့်က ပြဿနာ တစ်ခုကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲရှိပါက ထိုပြဿနာကို မေ့ထားလိုက်ခြင်း ဖြစ်ပါတယ်။ အလားတူပဲ အနာဂါတ်မှာ ရှင်သန်နိုင်မှု...

ဟားမတ် တက္ကသိုလ်က သုတေသနတစ်ခု ပြုလုပ်ခဲ့တဲ့ လူတစ်ယောက်ကို ကျရှုံးစေသော အချက် (၈)ချက်

ဟားမတ် တက္ကသိုလ်က သုတေသနတစ်ခု ပြုလုပ်ခဲ့တဲ့ လူတစ်ယောက်ကို ကျရှုံးစေသော အချက် (၈)ချက် ၁။ ချီတုံချီတုံ ဖြစ်ခြင်း (၁၃ ရာခိုင်နှုန်း) တိတိကျကျ ရည်ရွယ်ချက် မရှိ၊ ‘ဟိုယောင် ယောင် ဒီယောင်ယောင် ဟိုဟာလုပ်ရကောင်းဦး၊ ဒီဟာ လုပ်ရကောင်းဦး’ဖြင့် အချိန်ကုန် အသက် ကြီးသွားကြသည်။ မှားမည် ကြောက်ကာ မလုပ် ရဲ၊ ဆုံးရှုံးမှာ ကြောက်ကာ ရှေ့မတိုးခြင်းသည် ချီ တုံချီတုံ ဖြစ်နေခြင်း ဖြစ်သည်။ ထိုသို့ တွန့်ဆုတ် ခြင်းသည် ချီတုံချတုံ စိတ်၊ ဒွိဟစိတ်ပင် ဖြစ်သည်။ ဘာလုပ်လုပ် အရှုံးနှင့် ရင်ဆိုင်ရမည့် စိတ်ဖြစ် သည်။ (၁ဝဝ ရာခိုင်နှုန်း) သေချာပေါက် အောင် မြင်မှု လုပ်မည်ဆိုလျှင် အောင်မြင်ခြင်း တံခါးဖွင့် ရန် အခွင့်အရေး ရှိနိုင်တော့မည် မဟုတ်ပါ။...

အောင်မြင်မှုတံခါးကို ဖွင့်ဟနိုင်မယ့် သော့ချက်များ

အောင်မြင်မှုတံခါးကို ဖွင့်ဟနိုင်မယ့် သော့ချက်များ ၁။ အငြိုးအတေးတွေကို ဆုပ်ကိုင်မထားပါနဲ့။ ခွင့်လွှတ်လိုက်ပါ။ ၂။ တခြားသူအပေါ် အပြစ်မတင်ပါနဲ့။  တာဝန်ယူလိုက်ပါ။ ၃။ လူတွေကို အာရုံမစိုက်ပါနဲ့။ စိတ်ကူးကိုပဲ အာရုံစိုက်ပါ။ ၄။ အပြောင်းအလဲကို မကြောက်ပါနဲ့။  ဖြစ်လာမယ့်အကျိုးကျေးဇူးကိုသာ တွေးပါ။ ၅။ ချီးမွမ်းခံရဖို့ အာရုံ မစိုက်ပါနဲ့။ တခြားသူတွေကိုသာ ချီးမွမ်းပါ။ ၆။ အချိန်မဆွဲပါနဲ့။ လုပ်စရာရှိတဲ့အလုပ်ကို ချက်ချင်းလုပ်ပါ။ ၇။ ရည်ရွယ်ချက်မဲ့ လျှောက်မလုပ်ပါနဲ့။ပန်းတိုင်အတည်တကျ ချမှတ်ထားပါ။ ၈။ တစ်ကိုယ်ကောင်းမဆန် ပါနဲ့။ မျှဝေစာနာမှုရှိပါ။ ၉။ ဝေဖန်မှုတွေကို မမုန်းတီးပါနဲ့။လက်ခံပါ။ ၁ဝ။ မာနမထားပါနဲ့။ မသိတာတွေကို အမြဲသင်ယူပါ။ Credit  

ဆရာကြီး မင်းသိင်္ခ ရဲ့ (၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်း (2019 Feb 17 မှ Feb 23 ထိ)

သင့်ရဲ့ ကံကြမ္မာ ကံဇာတာ အကျိုးအကြောင်း အဆိုးအကောင်းကို သိရ်ုကောင်းကျိုးလိုအင်တွေ ပြည့်ဝအောင်ဆောင်နိုင်ကြပါစေ၊ ရှောင်နိုင်ကြပါစေ။မကောင်းမူတွေပျောက် ကောင်းမူတွေရောက်ပါစေ။ ။ မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။ ။ “စနေ သားသမီးများ” “သောကြာ သားသမီးများ” “ကြာသပတေး သားသမီးများ” “ဗုဒ္ဓဟူး သားသမီးများ” “အင်္ဂါ သားသမီးများ” “တနင်္လာ သားသမီးများ” “တနင်္ဂနွေ သားသမီးများ” လေးစားစွာဖြင့်-Credit

ကာတွန်းကိုရွှေထူး(ပြည်)ရဲ့ ဇာတ်ကောင် ရပ်ကွက်လူကြီးဦးမောင်တင့် ကွယ်လွန်သွားပြီတဲ့

ကာတွန်းကိုရွှေထူး(ပြည်)ရဲ့ ဇာတ်ကောင် ရပ်ကွက်လူကြီးဦးမောင်တင့် ကွယ်လွန်သွားပြီတဲ့ … စိတ်ထဲမကောင်းရပြန်ပါဘူး။ ကိုရွှေထူး(ပြည်)ကိုသိပ်ကြိုက်ခဲ့တာပေါ့ သူ့အရုပ်လေးတွေကလှပြီး စာတွေက ကလေးသူငယ်တွေအဆိပ်မသင့်လို့ပါပဲ ။ ကိုမောင်တင့် မိချို သူတို့သား နိုင်ထူး သူတို့မိသားစုဟာ ကာတွန်းဆရာရဲ့ ညီဝမ်းကွဲထင်တယ် အပြင်မှာတကယ်ရှိတယ်လို့ Interview တစ်ခုမှာဖတ်ဖူးတယ် ။နောက် သူတို့ရေးနေတဲ့ ဆင်စုတို့ ဘာတို့ရပ်ကွက်တွေက ပြည်မှာတကယ်ရှိသတဲ့ ဦးမောင်တင့် ဇာတ်ကောင်ဟာ တိုက်ပုံအကျီ လည်ကတုံးအကျီအဖြူ ပုဆိုးအမြဲဝတ်ဆင်တက်ကာ စိတ်သဘောကောင်းပြီး လူတွေကို ကူညီတက်ပေမယ့် အလွဲလွဲအချော်ချော်တွေလုပ်တက်လွန်းလို့ ဟာသဖြစ်ရသူ တစ်ခါတလေ အာဏာလေးပြချင် ။ သူ့လက်ဖက်ရည်တိုက်ရင် သူ့မိန်းမ မိချိုက ဈေးဝယ်လို့ ပိုထည့်ပေးရင် မျက်နှာသာလေးပေးချင်ချင် လုပ်တက်သေးရဲ့ နောက် အရက်သမားကြီး ပုလုံး သူကတော့ကွယ်လွန်တာကြာပြီ အဲ့ကာတွန်းတွေနဲ့ ကြီးလာသူတွေသိတယ် သူ့ကြောင့် ရပ်ကွက်ထဲကလူတွေ အကောင်းနေရသူ ချောက်မကျဖူးသူ ခပ်ရှားရှားရယ် မူးရင် ပတ်ရမ်းချင်ပေမယ့် ဦးမောင်တင့်မြင်ရင်တော့...

ရှေ့ဆက်သွားနိုင်ဖို့ သင်စွန့်လွှတ်ရမယ့် အရာ(၁၀)ခု

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘဝကို ထိန်းချုပ်ခွင့်ပြုခြင်း အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။ သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘယအတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။ ၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။ အရေးပါတာကတော့ သင် အခုလုပ်နေတဲ့အရာပဲဖြစ်ပါတယ်။ ၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။ သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင်ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။ ၄။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့...

ဗိုလ်ချုပ်ရဲ့ ညီအကိုအရင်းကမွေးထားပြီး အမေစုနဲ့ ခွဲမရအောင်တူတဲ့ ဝမ်းကွဲညီမ

ဗိုလ်ချုပ်နဲ့ညီအကိုအရင်းရဲ့သမီး / ဗိုလ်ချုပ်ရဲ့တူမအရင်း / ဒေါ်စုရဲ့ဝမ်းကွဲညီမ တစ်ချို့အမြွှာတွေတောင် တစ်ခြားစီ လူစားထိုးတောင်သိကြမှာမဟုတ်ဘူး အဲ့အန်တီ account link အစကတင်ပေးထားပေမယ့် အဲ့အန်တီက သူ့ဘာသာအေးဆေးနေတာကို ကိုယ့် post ကြောင့်နှောင့်သလိုဖြစ်မှာစိုးလို့ သူ့ account က post ၁ခုရဲ့ screenshot ရော / account link ရော ပြန်ဖျက်ထားပါတယ်နော် Credit-Ei Phyu Sin

မိုဘိုင်းဂိမ်း မရပ်မနား ကစားပြီးနောက် မျက်လုံးတစ်လုံးကွယ်ခဲ့တဲ့ အမျိုးသမီး

ဒီဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ရက်နေ့က တရုတ်နိုင်ငံ Dongguan မြို့မှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဂိမ်း မရပ်မနားကစားခဲ့တဲ့ အမျိုးသမီးဟာ ဆေးစစ်ဆေးမှုအရ ညာဘက်မျက်လုံး မျက်စိကြောကို ထိခိုက်ကာ အမြင်အာရုံကွယ်ခဲ့တာပဲဖြစ်ပါတယ်။ Wu လို့နာမည်ရတဲ့ ဒီအမျိုးသမီးဟာ နာမည်ကြီးမိုဘိုင်းဂိမ်းတစ်မျိုးဖြစ်တဲ့ King of Glory ဂိမ်းကို ကစားခဲ့ပြီးရင်း ညာဘက်မျက်လုံး ဘာမှမမြင်ရတော့မှ သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်တော့ သူမဟာ မျက်စိအရမ်းပင်ပန်းတာကြောင့် အခုလိုဖြစ်ခဲ့ပြီး အိပ်လိုက်ရင်ပြန်ကောင်းလာလိမ့်မယ်လို့ ထင်ခဲ့ပြီး အိပ်ယာဝင်ခဲ့ပါတယ်။ ဒါပေမယ် နောက်တစ်နေ့ အိပ်ယာနိုးတဲ့အချိန်မှာတော့ သူမမျက်စိဟာ ဒီအတိုင်းပဲ ဘာမှကို မမြင်ရဆဲရှိနေပါသေးတယ်။ ဒါကြောင့် မိဘဖြစ်သူတွေကို အသိပေးကာ ဆေးရုံကိုပြေးခဲ့ပါတယ်။ မိဘတွေက သာမန်အခြေအနေလို့ပဲ ထင်ခဲ့ပေမယ့် စစ်ဆေးပြီးတဲ့အခါမှာတော့ သူမမျက်လုံးကွယ်ခဲ့ပြီ ဆိုတာ သိလိုက်ရပါတယ်။ Donggiang Huaxia ဆေးရုံက ဆရာဝန်တွေရဲ့ အဆိုအရ ဒါဟာ သေးငယ်တဲ့...

အောင်မြင်ခြင်းအတွက် စိတ်ခွန်အားပေးတဲ့စာတစ်ပုဒ်

လူတိုင်းသည် ကိုယ့်ဘ၀ကို အောင်မြင်ဖို့ကြိုးစားနေကြတယ်။ ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊ ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း မချိန်တွယ်မစဉ်းစားတတ်ဘူး။ အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင်။ (၁) စဉ်းစားပါ– ဘာကိုစဉ်းစားရမှာလဲ ? အခုငါဘယ်ဘ၀ရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ ငါ့ဘ၀နဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား? ငါ့ဘ၀နဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊ (၂) ကြိုးစားပါ — ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊ ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ ကိုယ်ပိုင်ဖြစ်စေ ကြိုးစားဖို့လိုအပ်တယ် အဓိကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊ ( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ ) (၃) ယုံကြည်အောင်နေပါ — ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်ရှင်ဖြစ်ဖြစ် ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို ရဖို့လိုအပ်တယ် အဓိက ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်။ အလုပ်ရှင်အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ်။ ဒါကြောင့် ကိုယ်ရဲ့ ကတိကို...