Monthly Archive: January, 2019

သင်္ဘောပင်နှင့် ထူးခြားသောဆေးအိမ်မက်

ကင်ဆာရောဂါနှင့်ပတ်သက်ပြီး ကင်ဆာဝေဒနာပျောက်ကင်းဖူးသူ မိသားစုလေးအကြောင်းအမှန်သိရ၍ မနောမယဂျာနယ်တွင် “ထူးခြားသော ဆေးအိမ္မက်”ဆိုသော စာမူလေးရေးဖူးပါသည်။ ဇာတ်လမ်းအကျဉ်းမှာ ဖိခင်မရှိသည့်နောက် မိခင်တွင် သမီးငယ် နှင့်သားလေးတစ်ဦးကျန်ခဲ့ရာမိခင်ကြီးမှာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်၍ သားသမီးများ ကိုပညာသင်ပေးရင်းချိုင်းနှင့်ရင်သားတွင် အကျိတ်ဖြစ်ရာမှ ဆေးစစ်ကြည့်ရာ ရင်သားကင် ဆာဖြစ်တော့သည်။ ပါရဂူပြလိုက် သက်သာလိုက် မသက်သာလိုက်နှင့်အနောက်တိုင်းဆေးလည်းစုံ လှသည်။ နည်းမျိုးစုံကုသသော်လည်းမပျောက်ပဲဖြစ်နေ၍ မိခင်ဝေဒနာကိုကြည့်ရင်းသားသမီးများကြေကွဲကြရပြီး ရတနာသုံးပါးအားကိုးကွယ်ယုံကြည်မှုဖြင့် အမေရောဂါအားကူညီကယ်တင်နိုင်မည့်ပုဂ္ဂိုလ်ပေါ်ပါစေရန်သားဖြစ်သူက ညဉ့်စဉ်ဆုတောင်းစဉ် အိမ္မက်တွင် ရဟန်းတစ်ပါးက̏ လူလေးထထ ˝ဟု ဆိုကာ ̏ဟိုအပင်သိလား˝ဆိုပြီး လက်ညှိုး ညွှန်ပြခဲ့သည်မှာဆေးဝင်္ကပါဆရာတော်ကြီးဖြစ် သည်ဟုဆိုပါသည်။ (ဆေးဝင်္ကဘာဆရာတော်ကြီး မှာတစ်ချိန်တစ်ခါက ဆေးဝိဇ္ဇာကြီးအဖြစ် အမည်နာ မကြီးလှသူဖြစ်ပါသည်)ထိုဆေးပင်မှာသင်္ဘောပင်ဖြစ်ပါသည်။ ထိုထူးခြားသောအိမ်မက်အရနေ့စဉ်နှင့် အမျှ မိခင်ကြီးအား သင်္ဘောရွက်၊သင်္ဘောသီး၊ သင်္ဘော ပင်၏ပဉ္စ(၅)ပါးအား တတ်သိနားလည်သလို သင်္ဘောရွက်အားထုထောင်း၍သတ္တုရည်တိုက်ပေး ခြင်း၊ ပဉ္စ(၅)ပါးအား ရုက္ခမူဆားချက်၍ကျွေးခြင်း၊ သင်္ဘောသီးသုတ်၊သင်္ဘောစေး၊သင်္ဘောသီးဟင်း၊ သင်္ဘောသီးပြုတ်၊သင်္ဘောပင်အား အမျိုးမျိုးအဖုံဖုံ ယုံယုံကြည်ကြည်အသုံးချပြီး ချော့မော့ပြုစု ၍...

သရုပ်ဆောင်ကင်းကောင်ကွယ်လွန်

သရုပ်ဆောင်ကင်းကောင်ကွယ်လွန် ပုပ္ပါးကို ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရောက်ရှိနေတဲ့ ဟာသသရုပ်ဆောင် ကင်းကောင်ဟာ ဒီကနေ့ မနက်ပိုင်း ခြောက်နာရီ အချိန်ခန့်က ချွဲကျပ်ပြီး ကွယ်လွန်သွားတယ်လို့သိရပါတယ်။ သရုပ်ဆောင်ကင်းကောင်ဟာကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရုပ်အလောင်းကို ရန်ကုန်ပြန်သယ်ဖို့စီစဉ်နေတဲ့အကြောင်း အနုပညာရှင် အချို့ကပြောပါတယ်။ အနုပညာလောကမှာ နှစ်ပေါင်းသုံးဆယ်ကျော်ရပ်တည် ခဲ့ပြီး ပရိတ်သတ်တွေကို အနုပညာနဲ့ပျော်စေခဲ့သူ ကင်ကောင်ကွယ်လွန်သွားတဲ့အပေါ် အနုပညာရှင်တွေ နဲ့ ပရိတ်သတ်တွေက ဝမ်းနည်မိကြောင်း မှတ်ချက်စကားသံ တွေကို ဖေ့ဘွတ်ခ်စာမျက်နှာတွေမှာရေးသားထားကြတာ ကိုတွေ့ရပါတယ်။ သတင်း-ဇွဲဥာဏ်

ဆေးလိပ် အရက် လုံးဝ မသောက်ပါပဲ အသည်း၊အဆုတ်၊ကျောက်ကပ်တွေကို ပျက်စီးစေတဲ့ တရားခံ

ဆေးလိပ် အရက် လုံးဝ မသောက်ပါပဲ ဒီလိုရောဂါတွေ ဖြစ်နေရ တဲ့တရားခံ ဒီနေ့ညစာ စားပြီးတော့ခံတွင်းနည်းနည်း ချဉ်သလိုလိုရှိတာမို့မလျက်တာ ကြာပြီဖြစ်တဲ့ လျက်ဆားပုလင်းကိုလှမ်းယူပြီး ဖွင့်လိုက်မိတယ်…လက်နဲ့နှိုက်ပြီး လျက်မယ်ပေါ့…လက်နဲ့နှိုက်ကြည့်တဲ့အခါလက်ရဲ့အထိအတွေ့က မွမွလေးဖြစ်နေတော့စိတ်ထဲ မသင်္ကာတာနဲ့လျက်ဆားပုလင်းထဲကို ဓာတ်မီးနဲ့ထိုးကြည့်မိတယ်… လားလား…မှိုတွေ… ပုလင်းထဲမှာ ပြည့်လို့…ဒါက မျက်စေ့နဲ့မြင်ရတဲ့အရွယ်ရောက်လာလို့…သူတို့တော်တော်ကြီးနေရောပေါ့…ဒါနဲ့ တစ်ဆက်ထဲ တွေးမိတယ်…အရပ်ထဲမှာ ပြောပြောနေကြတာလေးကိုပါ… အဲ့ဒီကလေးက လူကောင်းကလေး…အရက်လည်းမသောက်၊ အသည်းရောင်ပိုး တွေဘာတွေလည်းမရှိဘဲနဲ့အခုတော့ အသည်းကင်ဆာဖြစ်လို့တဲ့…´ ဆိုတဲ့ စကားလေး တွေအကြောင်းလေ… တကယ်တော့…မှို…အဲ့ဒီမှိုတွေကြောင့်ပါပဲလေ…အဲ့ဒီမှိုတွေက ထုတ်တဲ့ မှိုဆိပ်( Mycotoxin) တွေကြောင့်သာ အသည်းပျက်စီးကြတာ…ကျွန်တော်တို့နိုင်ငံလို ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိ နည်းတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး ခံရတာပဲလေ…ကမ္ဘာပေါ်မှာ မှိုမျိုးစိတ်ပေါင်း တစ်သန်းခွဲလောက်ရှိတဲ့အထဲက မျိုးစိတ် ၃၀၀ လောက်က လူတွေကို အန္တရာယ်ပေးကြတယ်လေ… စနစ်တကျ ထုပ်ပိုးမထားတဲ့ တိုင်းရင်းဆေး တွေအများစုမှာ အပူချိန်နဲ့ စိုစွတ်မှုတွေအပေါ်မှာ မူတည်ပြီးတော့ မှိုတွေ ပေါက်လာနိုင်ပါတယ်…...

လူတစ်ယောက်အတွက် မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး ဆိုတာ

သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ “သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်”တဲ့။ သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။ လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ “သူငယ်ချင်း”ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။ ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ? အမေရိကန်စာရေးဆရာ Todd Parrက “အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့...

ရွှေ နဲ့ ငွေ ဘယ်ဟာ ပိုတန်ဖိုး ရှိသလဲ

တစ်ခါက ရွာတစ်ရွာမှာ သင်္ချာပညာရှင် တစ်ယောက် နေထိုင်ခဲ့ပါတယ်။ အဲဒီနယ်ရဲ့ အကြီးအကဲ ဘုရင် ကိုယ်တိုင် သူ့ကို မကြာခဏ ခေါ်ပြီး စီးပွားရေးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေမှာ အကြံဥာဏ် တောင်းတတ်ပါတယ်။ သူ့ရဲ့ နာမည် ဂုဏ်သတင်းက အရပ်လေးမျက်နှာထိ ပြန့်နှံ့ကျော်ဇော နေပါတယ်။ ဒါပေမယ့် ရွာ အကြီးအကဲ က သူ့ကို ပြောတဲ့ စကားတစ်ခွန်းက သူ့ကို အတော် ထိခိုက် နာကျင်စေပါတယ်။ “ခင်ဗျားကသာ ဘုရင်ကြီးရဲ့ စီးပွားရေး အတိုင်ပင်ခံ ဖြစ်နေတာ၊ ခင်ဗျား သားကတော့ ရွှေ နဲ့ ငွေ မှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိတယ် ဆိုတာကိုတောင် မသိဘူးနော်” သင်္ချာပညာရှင်လည်း သူ့သားကို ခေါ်ပြီး မေးရတော့တယ်။ “ရွှေ နဲ့ ငွေ မှာ ဘယ်ဟာက...

ရွှေသားစစ်စစ် ၁ပိဿာ၂၀သားရှိတဲ့ ရွှေအင်္ကျီဝတ်ဆင်ခဲ့တဲ့ မုံရွာကအလှူဒါယကာမ

မုံရွာအလှူပွဲ ကြီိးအတွက်ဝတ်ဆင်ဖို့ တထည်လုံး ကို ရွှေသားစစ်စစ်နဲ့ ဖန်တီးထားတဲ့ ရွှေအင်္ကျီ(၁၅ပဲရည်) ၁ပိဿ၂၀သား နဲ့ ရွှေလက်ကိုင်အိတ် ရွှေတဆင်စာ ရွှေပုဝါ တွေ အားပေးလို့ကျေးဇူးတင်ပါတယ် မုံရွာ က အကိုနဲ့အမရေး လိုအပ်တဲ့ နေရာတွေအတွက် လှူဒါန်းတဲ့ အတွက်လည်းအထူးဂုဏ်ယူပါတယ် ရွှေသင်တန်းလည်းတတ်ပီး အောင်သမာဓိက အများနဲ့ မတူ ပိုမိုယုံကြည်မူ့ရှိပီး အားပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်ရှင့် ဒီထပ်မက လှူဒါန်းနိုင်ပါစေ ရှင့် အစစအရာရာ ချိတ်က အစ မိတ်ကပ် အဆုံး မဖြူစီစဉ်ပေးသလို ယုံကြည် စွာနဲ့ဝတ်ဆင်ပေးတာလဲကျေးဇူးပါ Makeup-Amara Mg ချိတ်- AMC Luxury Lace & Silk Credit to Ma Phyu Phyu Aung

ထောက်ဖောက်ပြေးပြီးမှ ထောင်အပြင်ဘက် အေးလို့ ထောင်ထဲပြန်ဝင်လာတဲ့ အအေးကြောက်သူကြီး

ထောက်ဖောက်ပြေးပြီးမှ ထောင်အပြင်ဘက် အေးလို့ ထောင်ထဲပြန်ဝင်လာတဲ့ အအေးကြောက်သူကြီး ထောင်ဖောက်ပြေးတဲ့ သမိုင်းကြောင်းတလျှောက်မှ အမေရိကန်နိုင်ငံက အကျဉ်းသားတစ်ဦးဟာ အားကြိုးမာန်တက်နဲ့ ကျားကုတ်ကျားခဲ ထောင်ဖောက်ပြေးခဲ့ရပြီးနောက် အဆုံးသတ်မလှခဲ့တဲ့ ရင်နာစရာအဖြစ်က လူတော်တော်များများကို စိတ်ဝင်စားစေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကန်တက်ကီအကျဉ်းထောင်တစ်ခုရဲ့ လုံခြုံရေးအစောင့်အင်အားနည်းတဲ့ အခြေအနေမှာ ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ အသက် (၄၂)နှစ်အရွယ် အကျဉ်းသား ရော်ဘတ်ဘတ်လို့ခေါ်တဲ့ အမျိုးသားကို ထောင်ဖောက်ထွက် ပြေးသွားတယ်လို့ သိသိချင်းမှာပဲ ထောင်လုံခြုံရေးနဲ့ အစောင့်တွေက သည်းကြီးမည်းကြီး လိုက်လံရှာဖွေနေခဲ့ကြပါတယ်။ တကယ်လို့ အကျဉ်းသားက လွတ်မြောက်သွားခဲ့တဲ့ တာဝန်ရှိတဲ့လူတွေအကုန်လုံး ကြီးလေးတဲ့ ပြစ်ဒဏ်ကို ခံရမှာမို့ အကုန် ပိုက်စစ်တိုက် ရှာဖွေခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ သိပ်ကြာကြာတောင်မရှာလိုက်ရဘူး ထွက်ပြေးသွားတဲ့ အကျဉ်းသားဟာ သူ့ဘာသာပြန်လာခဲ့ပါတယ်။ ဒါနဲ့ တာဝန်ရှိတဲ့ ထောင်အရာရှိတွေကလည်း ၎င်းအကျဉ်းသားကို စစ်ဆေးမေးမြန်းတဲ့အချိန်မှာ အကျဉ်းသားက အပြင်မှာ အရမ်းအေးတယ် .. ဘယ်လိုမှကို...

တကယ့်အံ့သြဖွယ်ရာ မြေအောက်ကမ္ဘာသစ်ကို တွေ့ရှိခြင်း

၁၉၉၁ ခုနှစ်တုန်းက ဗီယက်နမ်နိုင်ငံ Phon Nha-Ke Bang သဘာဝဥယျာဉ်ထဲမှာ တစ်ခါမှ လူသူအရောက်အပေါက်မရှိခဲ့တဲ့ ဂူကြီးတစ်ခုကို လယ်သမားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဝင်ပေါက်အစမှာ ရေကြောင့်ဖြစ်တဲ့ ကြောက်စရာမြည်ဟိန်းသံကြီးတွေကြောင့် သူ့အနေနဲ့ အထဲကို ဝင်မကြည့်ခဲ့ပါဘူး ။ ဒီဂူကြီးကို ဒေသခံတွေက Son Doong လို့ အမည်ပေးခဲ့ပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်စူးစမ်းဖို့ မရဲခဲ့ပါဘူး။ ဒါပေမယ့်လည်း ၂၀၀၉ ခုနှစ်မှာတော့ Howard Limbert ဦးဆောင်တဲ့ ဗြိတိသျှပညာရှင် အဖွဲ့ဟာ ဒီဂူကြီးထဲကို ဝင်ကြည့်ကြဖို့ ဆုံးဖြတ်ပြီး ဝင်ရောက်ခဲ့ကြပါတယ် ။ သူတို့ရှာဖွေတွေ့ရှိချက်အရ ဒီဂူကြီးဟာ ငါးကီလိုမီတာ ရှည်ပြီး ၁၅၀ မီတာ ကျယ်ပါတယ်တဲ့ ။ သူတို့က ဒါဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ဂူကြီးဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီထူးခြားတဲ့နေရာမှာ သူ့ကိုယ်ပိုင် ပန်းပွင့်တွေ ၊ တိရိစ္ဆာန်...

အရက်ကြောင့် ဆေးရုံတက်နေတဲ့ အမျိုးသား ဘီယာ(၁၅)ဘူးနဲ့ နာလန်ပြန်ထလာ

အမျိုးသားတစ်ဦးဟာ အရက်ပြင်းတွေ အသောက်များပြီး ဆေးရုံကို အရေးပေါ်အခြေနေအဖြစ် တက်ရောက်ခဲ့ရပါတယ်။ သူရဲ့အမည်ကတော့ Nguyen Van Nhat ဖြစ်ပြီး အသက် (၄၈)နှစ်ပါ။Alcohol poisoning ဆိုတာ အချိန်ပမာဏအနည်းငယ်လေးအတွင်းမှာ အရက်ပြင်း များများသောက်သူတွေ ဖြစ်တတ်ပါတယ်။ Van ကတော့ သတိလစ်အနေအထားနဲ့ ဗီယက်နမ်က ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှု ခံခဲ့ရပြီး အခြေအနေတိုးတက်မှုမရှိလို့ စောင့်ကြည့်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ပြောရရင် ဆေးကုသမှုမအောင်မြင်ဘူးဆိုရင် ဒီအတိုင်း သေသွားရဖို့ ရှိနေပါတယ်။ ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဒေါက်တာ Le Van Lam ရဲ့ အဆိုအရ Van ရဲ့ သွေးထဲမှာ Level of methanol ပမာဏမြင့်တက်နေပြီး ရှိသင့်တဲ့ပမာဏထက် အဆပေါင်း (၁၁၁၉)ဆအထိ ရှိပါတယ်။ဒီအခြေအနေဟာ လူတစ်ယောက် ငေါက်ကနဲ သေသွားနိုင်တဲ့အနေအထားပါ။ နောက်ဆုံးတော့ ဆရာတွေဟာ အသည်းကနေ Methanol ပမာဏဆက်တိုက်ထုတ်လွှတ်နေမှုကို ကာကွယ်ဖို့အတွက်...

ဦးမင်းစိန်မရှိပေမယ့် ရေသန့်ဘူးကို ကိုယ်တိုင်ထမ်းပြီးပို့မယ့်ဇနီးဖြစ်သူ ဆုလဲ့ဝင်း

လူကြမ်းသရုပ်ဆောင် ဦးမင်းစိန်ဟာ ဇန်နဝါရီလ၅ရက်နေ့ မနက်၂နာရီခွဲအချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပြီး ဇန်နဝါရီလ၇ရက်နေ့မှာ ရေဝေးသုဿာန်မှာ မီးသင်္ဂြုခဲ့ပါတယ်။ သေဆုံးသွားသူ ဦးမင်းစိန်နဲ့ ပတ်သက်ပြီး လက်ရှိပေါင်းသင်းနေထိုင်နေတဲ့ ဇနီးဖြစ်သူ မဆုလဲ့ဝင်းက အင်တာဗျူးတစ်ခုမှာ သူမရှိတော့ သုံးဘီးနဲ့ ရေသန့်ဘူး လိုက်ပို့တာ ကိုယ်တိုင် လုပ်မှာပါလို့ ပြောသွားခဲ့ပါတယ်။ မဆုလဲ့ဝင်းက “လာလှူကြတာတော့အများကြီးပဲ ကိုလူချောအဖွဲ့က လိုက်ပြီး စုပေးတာပေါ့နော် သူတို့ အကူအညီတွေ အများကြီးရတယ်။ အမတို့ နှစ်အိမ်ထောင်လုံး ဟိုဘက်အိမ်ထောင်ရော ဒီဘက်အိမ်ထောင်ရော အဆင်ပြေအောင်လို့ အကုန်လုံးကို လုပ်ပေးတယ်။ အလှူငွေကျတော့ များပါတယ် ဘာပဲပြောပြော ၇ရက်လုံးအတွက်လည်း ဘာမှစိတ်ပူမှုမရှိရလေအောင် အလှူအတန်းကို အများကြီးပေးနိုင်အောင် သူတို့တွေ ကူညီထောက်ပံ့ပေးကြတယ်။ ဦးမင်းစိန်သွားတဲ့ ခရီးအေးချမ်းလောက်အောင် အစ်မတို့ အနောက်ကနေ အလှူတွေ အများကြီး လုပ်ပေးနိုင်တယ်ပေါ့ သားရယ်။ သူခရီးမသွားခင် သူ့ကိုယ်သူလည်း သိပုံမရပါဘူး။ သူသွားရင် အဆင်ပြေလားပေါ့...