Monthly Archive: January, 2019

ပင်လယ်ဝါ ၊ ပင်လယ်ဖြူ ၊ ပင်လယ်နီ ၊ ပင်လယ်နက် တို့ အကြောင်း

ကမ္ဘာမှာ အရောင်နဲ့ အမည်မှည့်ခေါ်တဲ့ ပင်လယ်လေးခု ရှိတယ်ဆိုတာ သိကြပြီးဖြစ်မှာပါ။ ဒီပင်လယ်တွေရဲ့ အကြောင်းကို တစုတစည်းတည်းဖတ်နိုင်ဖို့ ပြန်လည်စုဆည်းပေးလိုက်ပါတယ်။ ၁။ ပင်လယ်ဝါ ပင်လယ်ဝါ ဆိုသည်မှာ တရုတ်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံအကြားတွင် တည်ရှိသောပင်လယ်ဖြစ်သည်။ ထိုပင်လယ်ကို အနောက်ပင်လယ် (သို့) Huang Hai ပင်လယ် ဟုလည်းခေါ်ကြလေ့ရှိသည်။ ပင်လယ်ဝါ၏ မြောက်ဘက်တွင် ကိုရီးယားပင်လယ်အော် ၊ အနောက်မြောက်ဘက်တွင် Bo Hai ပင်လယ်၊ တောင်ဘက်တွင် အရှေ့တရုတ်ပင်လယ် နှင့် အရှေ့တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့ တည်ရှိနေသည်။ ပညာရှင်များကတော့ ပင်လယ်ဝါသည် လွန်ခဲ့သောနှစ်ပေါင်း ၁သောင်းခန့် ရေခဲခေတ်ကတည်းက စတင်ဖြစ်ပေါ်နေခဲ့ပြီဟု ဆိုကြသည်။ ပင်လယ်ဝါ ဟုခေါ်ရခြင်းမှာ ဂိုဘီသဲကန္တာရမှ မုန်တိုင်းများကြောင့်လွင့်လာသော သဲအမှုန်များ ပင်လယ်ပြင်သို့ကျရောက်ခြင်း နှင့် စီးဝင်နေသောမြစ်ဝါမြစ်မှ ရေနှင့် အနှယ်အနှစ်များကြောင့် ပင်လယ်ရေ၏ အရောင်မှာ ၀ါကျင့်ကျင့်ဖြစ်နေတတ်သည့်အတွက် ပင်လယ်ဝါဟုခေါ်ကြခြင်းဖြစ်သည်။...

ရန်ကုန်မြို့ရဲ့ သမိုင်းကြောင်း

ရန်ကုန်၏ မူလအမည်မှာ ဒဂုံ ဖြစ်သည်။ ရန်တွေကုန်စင်သော အဓိပ္ပါယ်နှင့် အလောင်းမင်းတရားကြီးက ရန်ကုန်ဟု အမည်ပြောင်းလိုက်သည်။ မူလအမည်က ဒဂုံသည် မွန် ဝေါဟာရ ဒဂုင်၊ လွုင် တို့က ဆင်းသက်ပြီး ဒဂုံဖြစ်လာသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီးကို ပေးသော ဘွဲ့မည်ဖြစ်သည်။ မွန်ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ က်ျာဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့ဟု အဓိပ္ပါယ်ရသော တိကုမ္ဘနဂရဆိုသည့် ပါဠိဝေါဟာရက ဆင်းသက်ကြောင်း၊ တိကုမ္ဘက တိကုမ်၊ တကုမ်၊ ဒဂုံဟု ပြောင်းလဲလာကြောင်း ဆိုကြသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပါယ်ရသည်။ ရန်ကုန်မြို့ရဲ့ သမိုင်းကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ...

ဂရိရဲ့ အထင်ကရ ကျောက်တောင်ပေါ်က ဘုရားကျောင်းများ

ဂရိနိုင်ငံအလယ်ပိုင်းက Kalabaka မြို့အနီး ထာဝရဘုရားရဲ့တောင်အဖြစ် လူသိများတဲ့ Mount Athos ပေါ်မှာတော့ Meteora အမည်ရတဲ့ အရှေ့ပိုင်းခရစ်ယာန် ဘုရားကျောင်းတွေ တည်ရှိပါတယ်။ ရပ်သပ်ရှုမောစရာကောင်းတဲ့ ရှေးဗိသုကာလက်ရာတွေ ကြောင့်နာမည် ကျော်ကြားတဲ့ အဲဒီဘုရားကျောင်းတွေ တည်ဆောက်ခဲ့တဲ့ ခုနှစ်ကိုတော့တိတိကျကျ သိရှိခြင်းမရှိခဲ့ပေမဲ့ သမိုင်းပညာရှင်တွေကတော့ (၁၄) ရာစုလောက်ကတည်ဆောက်ခဲ့ တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ Meteora ဆိုတာကတော့ ဂရိဘာသာနဲ့ လေထဲတွင်မျောလွှင့်နေခြင်းလို့အဓိပ္ပါယ်ရပါတယ်။ အဲဒီ Mount Athos ပေါ်မှာရှိတဲ့ Eastern Orthodox monastries (ရှေးခရစ်ယာန် ဘုန်းတော်ကြီးကျောင်း ၊ ဘုရားရှိခိုးကျောင်း) တွေဟာ အလွန်ကြီးမားတဲ့ကျောက်တုံးကြီးတွေပေါ်မှာတည်ဆောက်ထားတာ ဖြစ်ပြီး ယင်းကသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျောက်သားတိုင်တွေရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း(၆၀)ထက်မနည်းရှိနေပါတယ်။ ယင်းနေရာမှာပဲမီတာ(၄၀၀)အထိမြင့်မားတဲ့ဘုရားကျောင်းတွေတည်ရှိနေတာဖြစ်ပြီးမူလကတော့ ဘုရားကျောင်းအရေအတွက် (၂၄)လောက်ရှိခဲ့ပေမဲ့ ယနေ့အချိန်မှာတော့ (၆)ခုသာ ကျန်ရှိပါတော့တယ်။ ဒီဘုရားကျောင်း(၆)ခုကတော့ Holy Monastery of Great...

ကမ္ဘာ့အလှဆုံးဖြစ်သလို အန္တရာယ်အများဆုံးလည်းဖြစ်တဲ့ နေရာ (၇)ခု

ကမ္ဘာပေါ်မှာ လှပလှတဲ့ နေရာများစွာ ရှိတဲ့အနက်မှ ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ အလှပဆုံးဖြစ်သလို အန္တရာယ်လည်း အများဆုံးဖြစ်တဲ့ နေရာ(၇)ခုကို ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။ Saltstraumen ရေလက်ကြားတော့ နော်ဝေနိုင်ငံမှာ တည်ရှိပါတယ်။ အဆိုပါ ရေလက်ကြားကတော့ လှပတဲ့ နေရာတစ်နေရာဖြစ်ပေမယ့် ရေဝဲများစွာ ရှိတာကြောင့် ရေကြောင်းမကျွမ်းကျင်ပါက မသွားသင့်တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီလိုဏ်ဂူကြီးကတော့ မီတာ(၁၂၀၀)အနက်ရှိတဲ့ ပြင်သစ်နိုင်ငံက ချောက်ကြီးဖြစ်ပါတယ်။ လိုဏ်ဂူကြီးဟာ လှလည်း လှပြီး အောက်ဘက်မှာ ရေကန်ကြီးလည်း ရှိပေမယ့် မတော်တဆ ပြုတ်ကျသေဆုံးမှု လွယ်ကူစွာ ဖြစ်နိုင်ချေရှိတဲ့နေရာအဖြစ်လည်း ကျော်ကြားပါတယ်။ နော်ဝေမှာ ရှိတဲ့ ကြီးမားမတ်စောက်လှတဲ့ ကျောက်ကမ်းပါးတောင်ကြီး ဖြစ်ပါတယ်။ ရေခဲခေတ်မှ လက်ကျန် သဘာဝအမွေအနှစ်လည်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း (၁)သောင်းခန့်က ဖြစ်တည်ခဲ့တာ ဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေ အလာများတဲ့ နေရာဖြစ်ပေမယ့် မီတာ(၆၀၀)ကျော် အမြင့်ရှိတာကြောင့် အန္တရာယ်များပါတယ်။ Great...

၃ မိုင်လောက် အထိရှည်တဲ့ မြန်မာနိုင်ငံက မြေအောက်ဥမင်လှိုဏ်ခေါင်းကြီး

ခုတလော မြင်နေရ ဖတ်နေရတဲ့ ကယားပြည်နယ်ထဲမှာ ရှိတဲ့ မြေအောက်က သဘာဝ ဥမင်လိုဏ်ခေါင်းတစ်ခုနဲ့ ရွာငံဖက်မှာ အသစ်တွေ့တဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုအကြောင်း လူတော်တော်များများ ဖတ်မိကြမယ် ထင်ပါတယ် တကယ်တော့.. အဲဒီလိုဏ်ခေါင်းတွေထဲမှာ လူတွေရဲ့ လက်နဲ့ ဘယ်လိုမှ လုပ်လို့ မဖြစ်နိုင်တဲ့ သဘာဝ အလှတရားတွေ တစ်ကယ့်ကိုပဲ မြောက်များစွာ ရှိပါတယ်။ မြေကြီးနဲ့ ကျောက်နံရံကြားထဲကနေ တစိမ့်စိမ့် စီးကျလာတဲ့ ရေစက်တွေဟာ နှစ်ကာလ များစွာကြာလာတာနဲ့အမျှ အရောင်တလက်လက်ထနေတဲ့ ကျောက်စက်ပန်းစွဲ အဖြစ် တည်ရှိသွားတာတွေ မြေပြင်ပေါ်မှာ ကျတဲ့ ရေစက်တွေကနေ နှစ်ကာလ များစွာကြာလာတာနဲ့အမျှ တောင်ပို့ကြီးလို ဖြစ်နေတဲ့ ငွေရောင် တဖိတ်ဖိတ်တောက်နေတဲ့ တောင်ပို့ကြီးတွေ တချို့ နေရာတွေမှာမှန်စီရွှေချထားတဲ့ အခန်းထဲ ရောက်သွားသလို ခန်းလုံးပြည့်နီးပါး တဖိတ်ဖိတ်တောက်နေတဲ့ ကျောက်သားနံရံတွေနဲ့ ကြမ်းပြင်တွေ။ တချို့နေရာတွေမှာတော့..သုံးတောင့်ထိုး ဓာတ်မီးနဲ့ လှမ်းပြီး ထိုးကြည့်ရင်တောင် လိုက်ဂူရဲ့...

ခဏခဏ ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်များ ကျောက်ကပ်လဲရမည့်သူများ ကတက်ခေါက်ကို သတိရပါလေ

ကွမ်းစားများ ခဏခဏ ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်များ ကျောက်ကပ်လဲရမည့်သူများအတွက် ကတက်ခေါက်သူငယ်ချင်းများ အားလုံး share ပေး ကြဖို့  မေတ္တာရပ်ခံ ချင်ပါတယ် ။ ကျွန်တော်ရဲ့ ဖခင်ဟာ ကျောက်ကပ် ပျက်စီးသွားသောကြောင့် ကျောက်ကပ်တု သွေးသန့် စင်ခန်း မှာ သုံးရက်လျင် တစ်ကြိမ် ၅၀၀၀၀ ခန့်  ကုန်ကျ နေပါ တယ် ။လေး ရက်မြောက် ဆေးမဲ့ နေ့  ညမှာ လုံးဝ အိပ်စက်ဖို့  အဆင်မပြေ ဖြစ်လာရှာပါတယ် အရမ်းအမောလာပါတယ်။ယခုအခါ (ကုန်းကတက် ) ပင် ရဲ့အခေါက်ကို သွေး ပြီး သံပုရာသီးအစစ်နဲ့ တစ်နေ့  တစ်ကြိမ် သောက်သုံး လာခဲ့ရာ ခြောက်ရက်လျင် တစ်ကြိမ်သာကျောက်ကပ်ဆေး ခြင်း ပြုလုပ် နေရပြီး ညစဉ်တိုင်းမှာလည်း...

တစ်ရက်အတွင်း မယုံနိုင်စရာ ပြောင်းလဲသွားတဲ့ မြန်မာအပါအဝင် ကမ္ဘာ့နေရာများ

ကမ္ဘာကြီးမှာ ၂၄နာရီအတွင်း ဘာမဆိုဖြစ်နိုင်တယ် ၊ ပြောင်းလဲသွားနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဘယ်လောက်ကြာရှည်ခဲ့တယ် ဘယ်လောက်ခိုင်ခန့်ပါတယ် ၊ ဘိလပ်မြေနဲ့တည်ဆောက်ထားတဲ့လမ်းမကြီး တွေ ၊ သံမဏိအဆောက်အဦးကြီးတွေသာမက နှစ်ပေါင်းကြာရှည်စွာတည်တံ့ခဲ့တဲ့ မီးတောင်လို သဘာဝနေရာတွေတောင် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲပျက်စီးသွားနိုင်ပါတယ်။ အခုပုံရိပ်တွေကတော့ တစ်ရက်တာအတွင်း ကမ္ဘာကြီးရဲ့နေရာတချို့ဟာ မယုံနိုင်လောက်အောင် ပြောင်းလဲသွားပုံကို နှိုင်းယှဉ်ပြထားတာပါ။ ဘာတွေဘယ်လောက်ပြောင်းလဲသွားသလဲ..ကြည့်လိုက်ရအောင်။ ၁၀။ စိန့်ဟယ်လင်မီးတောင်ပေါက်ကွဲမှု စိန့်ဟယ်လင်ဆိုတာ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အနီးက လူသိများတဲ့မီးတောင်ကြီးဖြစ်ပါတယ်။ ဒီမီးတောင်ကြီးဟာ ၁၉၈၀ခုနှစ် နွေဦးမှာပေါက်ကွဲခဲ့ပါတယ်။ ဒီမီးတောင်ပေါက်ကွဲမှုဟာ အလွန်ပြင်းထန်ခဲ့ပြီး ပြာတွေဟာ ၁၅မိုင်အမြင့်ထိ မြင့်တက်ခဲ့ကာ ပြည်နယ် ၁၁ခုကို ပြာတွေပျံ့ခဲ့ပါတယ်။ လူပေါင်း ၅၇ဦး သေဆုံးခဲ့တဲ့ ဒီမီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်အနီးဒေသတစ်ခုလုံးဟာ ကျောက်ခဲတွေ ချော်ရည်ကျောက်တုံးတွေနဲ့ ရစရာမရှိအောင်ပျက်စီးကာ မီးတောင်ကြီးဟာလည်း ၁ရက်အတွင်း အသွင်ပြောင်းခဲ့ပါတယ်။ ၉။ ချာနိုဘိုင်းနျူကလီးယားစက်ရုံပေါက်ကွဲမှု ၁၉၈၆ခုနှစ် မှာ ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ ယူကရိန်း(အဲဒီတုန်းက...

ဆရာမင်းသုခ၏ 25.1.2019 မှ 31.1.2019 ထိ တစ်ပတ်စာဟောစာတမ်း

ဟောစတမ်းအပြင် ယတြာလေးတွေပါလို့ သိမ်းထားဖို့မမေ့နဲ့နော် 2019နှစ်အတွက် မိမိကံကြမ္မာ အဆိုးအကောင်းကို ဆရာမင်းသုခထံ ဖုန်းဖြင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်သည်။ ခုနှစ်ရက် သားသမီးများ အားလုံး 2019 နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေ.. ကံဇာတာ အညံ့များလည်း ပပြောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အဆင်ပြေကြပါစေ တနင်္ဂနွေသားသမီး လုပ်သမျှအဆင်ပြေမည်။ ကြံစည်သမျှ အောင်မြင် ပါလိမ့်မယ်။ မိမိစိတ်ကူး ထားတာတွေ ရည်မှန်း ထားတာတွေ အကောင်အထည်ဖော် နိုင်ပါလိမ့်မယ်။ စပ်တူအလုပ်၊ ရှယ်ယာ အလုပ်တွေကနေ အကျိုး ဖြစ်ထွန်းမယ်။ မိတ်ဆွေကောင်းတွေရဲ့ အကူအညီ ရမယ်။ လုပ်ဖော်ကိုင်ဖက် တွေရဲ့ထောက်ခံမှုကြောင့် နေရာကောင်း ရပါလိမ့်မယ်။ အဝေးရောက် သားသမီးတွေရဲ့ ထောက်ပံ့ခြင်းမျိုး ကြုံရပါလိမ့်မယ်။ သားသမီးကြောင့် မိမိဂုဏ် တတ်ပါလိမ့်မယ်။ အလုပ်ထဲကိုတော့ ငွေအများကြီး...

အထူးအဆန်းဖြစ်လွန်းခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၉၀လောက်က ဓာတ်ပုံများ

ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ ဒုတိယကမ္ဘာစစ်ပွဲ အတွင်းနှင့် စစ်အေးတိုက်ပွဲကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းပုံရိပ်အချို့ကို ဖော်ပြပေးချင်ပါတယ်။ အာ့ဒီခေတ်ကလူတွေရဲ့နေထိုင်မှုပုံစံတွေဟာ ဒီဘက်ခေတ်လူတွေရဲ့ အမြင်ထဲမှာ ဘယ်လောက်တောင် ကွဲပြားလဲဆိုတာ သိရှိစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီပုံရိပ်တွေဟာ ၁၉၂၀ ခုနှစ်ကနေ ၁၉၅၀ ဝန်းကျင် အချိန်တွင်းက ပုံရိပ်တွေကို စုစည်းထားတာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ မတူညီတဲ့ လူနေမှုပုံစံတွေ အပြင် ထူးခြားဆန်းပြားလွန်းလှတဲ့ ပုံရိပ်လေးတွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။ ပရိသတ်ကြီး အမြင်မှာရော ထူးဆန်းနေတယ်လို့ ထင်ပါသလား… ။ အခုလို ထူးဆန်းတဲ့ ပုံရိပ်တွေဟာ လွန်ခဲ့တဲ့ နှစ် ၉၀ကျော်က ကမ္ဘာအနှံ့မှာ ဖြစ်ပွားခဲ့တဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အခုလို ထူးဆန်းတဲ့ ပုံရိပ်တွေကို နောက်လည်း ဖော်ပြပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်။ sOURCE : Tin Hlaing

သင်မသိသေးတဲ့ ပိုးဟပ်တွေရဲ့ ထူးထူးဆန်းဆန်း လျှို့ဝှက်ချက်များ

ပိုးဟပ်တို့သည် ဤကမ္ဘာမြေပေါ်တွင် ဒိုင်နိုဆောသတ္တ၀ါတို့အသက်ရှင်လှုပ်ရှားနေစဉ်ကတည်းကပင် ရှိ နေခဲ့ကြသည်။ ပိုးဟပ်တစ်ကောင်သည် အစာမစားဘဲ တစ်လခန့်အထိ အသက်ရှင်နေနိုင်သည်။ ရေလုံးဝမသောက်ဘဲ နှစ်ပတ်ခန့် အသက်မသေဘဲ ရှင်သန်နေနိုင်သည်။ အချို့သော ပိုးဟပ်မများသည် တစ်ကြိမ်သာ မိတ်လိုက်ထားရုံဖြင့် သားဥများကို အမြဲ သန္ဓေတည်ထား နိုင်သည်။ ပိုးဟပ်တစ်ကောင်သည် ဦးခေါင်းမရှိဘဲလည်း ၇ ရက်ခန့်အထိ အသက်ရှင်နိုင်သေးသည်။ အသက်မရှူဘဲ မိနစ် လေးဆယ်ခန့် အောင့်ထားနိုင်သည်။ပိုးဟပ်တစ်ကာင်သည် တစ်နာရီလျှင် သုံးမိုင်နှုန်းဖြင့် အမြန်ပြေးနိုင်သည်။ အံ့ဖွယ်ပိုးဟပ်ပါတစ်ကား။ ပိုးဟပ်တို့သည် လွန်ခဲ့သော နှစ်သန်းပေါင်း သန်း ၃၅၀ လောက်ကတည်းကရှိခဲ့သည်ဟု ယူဆနိုင်သည်။ လွန်ခဲ့သောနှစ် ၃၅၄ သန်းမှ နှစ်သန်းပေါင်း၂၉၅ သန်းအတွင်း သက်တမ်းရှိသည့် ပိုးဟပ်နှင့်တူသော ရုပ်ကြွင်းတစ်ခု ကို တွေ့ရှိခဲ့ဖူးရာ မျက်မှောက်ခေတ် ပိုးဟပ် နှင့်အနည်းငယ်ကွဲပြားကာ ဓားခုတ်ကောင်နှင့်ခပ်ဆင်ဆင်တူသည်ဟု ဆိုကြပါသည်။ ပိုးဟပ်ကို ကမ္ဘာတစ်ဝန်းလုံးတွင်မြင်တွေ့နိုင်ပြီး လူသားတို့၏ အနီးဝန်းကျင်တွင်နေထိုင်လေ့ရှိကြသည်။မိမိ...