Monthly Archive: January, 2019

ရေတံခွန်​မှာ ဓာတ်ပုံရိုက်ရင်း ခြေချော်ပြုတ်ကျမှု နှစ်ဦးလုံး သေဆုံးသွားရှာပြီ.. ရုပ်သံထွက်ပေါ်လာ

တောနော်​​ရေတံခွန်​ အထက်ပိုင်း အမြင့်ပေ(200)ခန့် မှပြုတ်ကျ၍ အသက်(19)နှစ်အရွယ် မိန်းခလေး (2)ဦး သေဆုံးခြင်း သတင်းအပြည့်အစုံ ထိုင်း.မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးအနီးမှ ကော့ကရိတ်မြို့ဘက်ခြမ်းရှိ တောနော်ရေတံခွန်တွင် ​ယနေ့(27-1-2019)ရက်နေ့ နံနက်​ (11:30)အချိန်ခန့်က အသက်(၁၉)နှစ် အရွယ် မိန်းခလေး(2) ဦး တောနော်ရေတံခွန်အထက်ပိုင်း အမြင့်​ပေ (200)ခန့် မှ အောက်သို့ ပြုတ်​ကျရာ (1)ဦးမှာ အခင်းဖြစ်​ပွားရာ နေရာတွင် ​သေဆုံးခဲ့ပြီး ကျန်​ (1)ဦးကို မြဝတီ​ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ​သေဆုံးသွားခဲ့တယ်​လို့ သိရပါတယ်​။ ဖြစ်စဉ်မှာ…2019 ဇန်နဝါရီ 27ရက်နေ့ နံနက်(11:10) အချိန်ခန့်က မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ပရိုဘောက်ယာဉ် အမှတ်.GG××××အဖြူရောင်ယာဉ်ဖြင့် တောနော်ရေတံခွန်တွင် ရေကူးရန်ထွက်လာသော မစုမြတ်ဝေ(19)နှစ် ဖလူးကျေးရွာ မြဝတီမြို့နယ်နေသူ နှင့် မမျိုးနန္ဒာကျော်(19)နှစ်ရွာမကျေးရွာ ဒိုက်ဦးမြို့နယ် ပဲခူးတိုင်းဒေသကြီး နေသူတို့သည် သူငယ်ချင်း(8)ဦးတို့နှင့်အတူ...

အဖြေရှာမရနိုင်သေးသော အီဂျစ်ပြည်မှ ပိရမစ်များအကြောင်း

အီဂျစ်မှ ပိရမစ်များသည် အီဂျစ်နိုင်ငံတွင် တည်ရှိသော ပိရမစ်ပုံသဏ္ဌာန် အဆောက်အဦးများ ဖြစ်သည်။ ပိရမစ် စုစုပေါင်း ၁၀ဝ ကျော်မျ ရှိပြီး အများစုမှာ ဘုရင်စနစ်ခေတ်ဦး နှင့် ဘုရင်စနစ်၏ အလယ်ခေတ်တို့တွင် တည်ဆောက်ခဲ့ကြသည်။ ပထမဦးဆုံး ပိရမစ်မှာ ဂျိုဇာပိရမစ် ဖြစ်ပြီး တတိယမြောက် ဘုရင်မင်းဆက် ဂျိုဇာဘုရင်လက်ထက်တွင် တည်ဆောက်ခဲ့သည်။ ဘုရင်၏ ဂူသင်္ချိုင်းအတွက် ပညာရှင် အင်မ်ဟိုတက်ပ်မှ ပုံစံထုတ် တည်ဆောက်ခဲ့သည်။ အထင်ရှားဆုံးသော အီဂျစ်ပိရမစ်မှာ ဂိုင်ဇာမဟာပိရမစ်ကြီးဖြစ်ပြီး ထိုပိရမစ်မှာ လူ့သမိုင်းတွင် အကြီးဆုံး တည်ဆောက်ခဲ့သော အဆောက်အဦးအဖြစ် သိရှိကြပြီး ရှေးခေတ် ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး တွင် တစ်ခုတည်း ကျန်ရှိခဲ့သော အဆောက်အဦးလည်း ဖြစ်သည်။ ဂိုင်ဇာတွင်ရှိသော ပိရမစ် အစုအဝေး ကို တောင်ဘက်ဆုံးအထိ ကုန်းမြေမြင့်မှ မြင်ရပုံ။ ဝဲမှယာသို့ ( ခူဖူး ပိရမစ်၊ ခါဖာ...

လူတိုင်းသွားချင်ကြတဲ့တောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းအကြောင်း

ဥတ္တရအလင်းတန်း(NorthernLight)ဆိုသည်မှာညဉ့်ကောင်းကင်ယံတွင်လှပစွာဖြာထွက်သောရောင်စုံအလင်းတန်းများကိုခေါ်ဆိုခြင်းဖြစ်သည်။၎င်းအလင်းတန်းများကိုAuroraအလင်းတန်းများဟုလည်းခေါ်ဆိုကြသေးသည်။ဥတ္တရအလင်းတန်းများသည်လွန်စွာထူခြားဆန်းပြားသည်သာမကမှော်ပညာဖြင့်ဖန်တီးထားသည်ဟုပင်ထင်မှတ်မှားလောက်အောင်လှပပေသည်။သို့သော်မြန်မာနိုင်ငံအတွင်း၌အပြင်ဘက်တွင်မြင်တွေ့နိုင်ရန်မဖြစ်နိုင်ပေ။အဘယ်ကြောင့်ဆိုသော်ဥတ္တရအလင်းတန်းများကို ကမ္ဘာမြောက်ဘက်စွန်းနှင့် တောင်ဘက်စွန်း ဒေသများတွင်သာ မြင်တွေ့ရလေ့ရှိသောကြောင့် ဖြစ်ပါသည်။ ဥတ္တရအလင်းတန်း(Northen Light) ဖြစ်ပေါ်လာပုံ အကြမ်းဖျင်းအားဖြင့် Aurora (သို့)NorthernLightsဖြစ်ပေါ်လာရခြင်းမှာနေမှထုတ်လွှတ်လိုက်သည့်လျှပ်စစ်ဓါတ်ဆောင် အမှုန်ကလေးများ ကမ္ဘာလေထုထဲသို့ရောက်ရှိလာပြီး လေထုထဲမှ မော်လီကျူးများနှင့်ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည်။ ဥတ္တရအလင်းတန်းများနှင့်နေပြောက်ဖြစ်စဉ်(Sunspotactivity)ဆက်နွယ်မှုကို၁၈⁠၈၀ခုနှစ်တွင်စတင်လေ့လာတွေ့ရှိခဲ့သည်။၁၉၅၀ပြည့်နှစ်များတွင်ပြုလုပ်သောသုတေသနလုပ်ငန်းများ၏အကျိုးကျေးဇူးကြောင့်နေမှအီလက်ထရွန်နှင့်ပရိုတွန်အမှုန်လေးများသည် Solar Wind ဟုသော ဖြစ်စဉ်ဖြင့် ကမ္ဘာလေထုထဲသို့ ဝင်ရောက်ကြောင်း သိရှိလာခဲ့ကြသည်။ နေ၏မျက်နှာပြင်အပူချိန်သည်၅၈၀ဝကယ်ဗင်ထိပူပြင်းပြီး၎င်းအပူချိန်သည်ဓာတ်ငွေ့မော်လီကျူးများအချင်းချင်းပွတ်တိုက်မှုအကြိမ်ပေါင်းများစွာဖြစ်ပေါ်၍ပြင်းထန်စွာပေါက်ကွဲကြသည်။နေသည်မိမိဝင်ရိုးပေါ်တွင်လှည့်ပါတ်နေသည်ဖြစ်ရာပေါက်ကွဲမှုဖြစ်ချိန်တွင် အီလက်ထရွန်နှင့် ပရိုတွန်အမှုန်များသည် နေမှ လွတ်ကာ အာကာသသို့ လွင့်စင်သွားကြသည်။ထိုဖြစ်စဉ်ကိုSolar Wind ဟုခေါ်ပြီး အဆိုပါနည်းလမ်းဖြင့် ကမ္ဘာလေထုထဲသို့ လျှပ်စစ်ဆောင် အမှုန်များ ရောက်ရှိလာကြသည်။ သို့သော်အားပြင်းသောကမ္ဘာသံလိုက်စက်ကွင်းကြောင့်၎င်းလျှပ်စစ်ဆောင်အမှုန်များသည်ကမ္ဘာမြေပေါ်သို့တိုက်ရိုက်မကျရောက်နိုင်ပဲသံလိုက်စက်ကွင်းအားအပျော့ဆုံးဖြစ်သည့်ဝင်ရိုးစွန်းဒေသများသို့လမ်းကြောင်းသွေဖယ်သွားကြသည်။ဝင်ရိုးစွန်းဒေသများသို့ရောက်ရှိသောအခါကမ္ဘာပေါ်မှဓာတ်ငွေ့အမှုန်များနှင့်နေမှလွင့်စင်လာသောလျှပ်စစ်ဆောင်အမှုန်များပွတ်တိုက်မှုဖြစ်ပြီး Northern Lights ဟုခေါ်သော ဥတ္တရအလင်းတန်းများ ထွက်ပေါ်လာကြသည်။ NorthernLightsကိုကမ္ဘာတောင်ဘက်စွန်းနှင့်မြောက်ဘက်စွန်းတွင်တွေ့နိုင်ပြီးမြောက်ဘက်စွန်းဒေသများတွင်ဖြစ်ပေါ်နေသောNorthernLightsများကို‘Auroraborealis’ဟုခေါ်ပြီးတောင်ပိုင်းတွင်‘Auroraaustralis’ဟုခေါ်ဝေါ်ကြသည်။Aurora အလင်းတန်းများကို အရောင်မျိုးစုံဖြင့်တွေ့မြင်နိုင်ပြီးအစိမ်းနုရောင်နှင့်ပန်းရောင်များမှာအတွေ့ရအများဆုံးဖြစ်သည်။ထို့ပြင် အနီ၊ အဝါ၊ အစိမ်း၊ အပြာ နှင့် မရမ်းရောင် များကိုလည်းတွေ့ရတက်သည်။လျှပ်စစ်ဓာတ်ဆောင်အမှုန်များနှင့်ပွတ်တိုက်သော ဓာတ်ငွေ့အမျိုးအစားပေါ်မူတည်၍ ဥတ္တရအလင်းတန်းများ၏ အရောင်သည် ပြောင်းလဲလေ့ရှိသည်။တွေ့ရအများဆုံးဖြစ်သော ဥတ္တရအလင်းတန်းအရောင်ဖြစ်သည့်စိမ်းဝါရောင်နု⁠နုသည်ကမ္ဘာမြေပြင်အထက်မိုင်၆၀တွင်ရှိသောအောက်ဆီဂျင်မော်လီကျူးများ...

အလောင်းတော် ကဿပ လှိုဏ်ဂူ အတွင်းသို့ ဝင်နိုင်ခဲ့သူ

အမရပူရမြို့ သတ္တမမြောက် ကျော်အောင်စံထား ဆရာတော် အရှင်ဝါယမာဘိဝံသ သည် ၁၃၁၆ ခု တပို့တွဲလဆန်း ၁ ရက်နေ့တွင် အလောင်းတော် ကဿ ပ လှိုဏ်ဂူရှိရာသို့ စတင်ခရီးထွက်လာ၏။ သက်တော် ၃၁ နှစ်။ ကပိုင်မှ တဆင့် တောကြီးအတွင်းသို့ခြေလျှင် ကြွခဲ့၏။ ချောင်းမကြီးကို ဖြတ်ကျော်ပြီး လူသွားလမ်းလေး အတိုင်းလာခဲ့ရာ သစ်ပင်ကွယ်မှ ခွေးတစ်ကောင်ထွက်လာပြီး ရှေ့တည့်တည့်မှ လမ်းပြသွား၏။နောက်ကျနေလျှင် စောင့်၏။ ကြေးစည်သံ ကြားရ၍ ဘုရားအာရုံရောက်၏။ ရဟန္တာ အရှင်မြတ်ကြီး ပရိနိဗ္ဗာန်ပြု နေပုံအာရုံတွင်ကိုဖူးရ၏။ ထိုနေရာမှ အောက်လှိုဏ်ဂူသို့ ကျောက်တုံးများ နင်းပြီး ဆင်းလာခဲ့၏။မှောင်နေ၍ စမ်းတဝါးဝါးဖြင့်သာ။ အောက်သို့ရောက်လျင် လှိုဏ်ဂူဝကို ကျောက်တုံးကြီး တစ်ခုက လျှာထိုးသကဲ့သို့ ပိတ်နေ၏။ ရေစီးကြောင်းတစ်ခုက ကျောက်တုံးကြီး အောက်ခြေအတွင်းစီးဝင်သွားပြီး တဖက်မှ ပြန်ထွက် လာ၏။ ထိုရေစီးကြောင်းများ ကြားတွင် ရေသနုပ်...

အရှေ့တောင်အာရှတွင် ပထမဆုံးလေကြောင်း တိုက်ပွဲဆင်နွဲခဲ့သော မြန်မာ့လေသူရဲသုံးဦး

ပြည်ပတရုတ်ဖြူကျူးကျော်မှုအရှေ့တောင်အာရှတွင်ပထမဆုံးလေယာဉ်ချင်းဝေဟင်စီးချင်းထိုးတိုက်ပွဲဆင်နွဲခဲ့သောမြန်မာ့လေသူရဲ သုံးဦး ကျူးကျော်သူ တရုတ်ဖြူများ၏ လေယာဉ် တစ်စီး ရိက္ခာပို့ရန်မြန်မာ့လေပိုင်နက်အတွင်းသို့ဝင်ရောက်လာကြောင်းသတင်းရ၍ လေယာဉ် သုံးစီးဖြင့် သွားရောက် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြရသည်။သတင်းရထားသည့် အတိုင်းပင် တရုတ်ဖြူဘက်မှ အမည်မသိလေယာဉ်ပျံကြီးကိုစတင်တွေ့ရှိလိုက်သည်နှင့်တစ်ပြိုင်နက်ဗိုလ်မောင်သိန်းသည်ချက်ချင်းတိုက်ပွဲဝင်ရန်သူ၏လေယာဉ်အုပ်စုကိုခွဲလိုက်ကာနေရာယူလိုက်ပြီးရန်သူ့လေယာဉ်ကိုကျိုင်းတုံသို့ဦးတည်ပျံသန်းရန်အမိန့်ပေးလိုက်သည်။ ထိုအချိန်မှာပင်ရန်သူ့လေယာဉ်ကပြန်လည်ဖြေကြားခြင်းမပြုဘဲစစ်သေနတ်များဖြင့်လှမ်းပစ်သည်။ဗိုလ်မောင်သိန်းကတရုတ်ဖြူလေယာဉ်ပျံကြီးကို၂ဝမမစက်အမြောက်လေးလက်ဖြင့်ပြိုင်တူပြန်လည်ပစ်ခတ်တိုက်ခိုက်လိုက်သည်။ထို့နောက်ဗိုလ်ပီတာ၊ ပြီးတော့ ဗိုလ်ချစ်ခိုင် တစ်စင်းပြီး တစ်စင်း ပစ်ခတ်ကြသည်။ ဗိုလ်မောင်သိန်းလက်ချက်ဖြင့်လေယာဉ်၏ကိုယ်ထည်အတွင်းမှပေါက်ကွဲမှုများထွက်ပေါ်လာပြီးနောက်မီးများတောက်လောင်၍ဘယ်ဘက်သို့စောင်းငဲ့ပြီးယိုးဒယားနိုင်ငံထဲသို့တဖြည်းဖြည်းနိမ့်ဆင်းသွားကာမီးလောင်ပေါက်ကွဲသွားသည်။လေယာဉ်မပေါက်ကွဲမီလေယာဉ်အပေါ်မှလေထီးဖြင့်ခုန်ဆင်းလာသူသုံးယောက်ကိုလှမ်းမြင်လိုက်ရသည်။တိုက်လေယာဉ်သုံးစင်းအနက်ဗိုလ်ချစ်ခိုင်၏ဆီးဖြူရီလေယာဉ်နောက်မြီးရှိ(TailWheel)နောက်ဘီးထိမှန်ပြုတ်ထွက်သွားကြောင်းသတင်းပို့သည်။ ဗိုလ်ပီတာ၏လေယာဉ်လည်းဘာသံမှမကြားပျောက်ဆုံးနေသည်။ဗိုလ်မောင်သိန်းသည်ထိုအနီးတစ်ဝိုက်လှည့်ရှာသေးသည်။ မတွေ့ရသောကြောင့်ဗိုလ်ချစ်ခိုင်၏လေယာဉ်ကိုအနီးကပ်စောင့်ကြပ်ပြီးကျိုင်းတုံကွင်းအရောက်ဗိုလ်ချစ်ခိုင်၏လေယာဉ်သည် ရှေ့ဘီးနှစ်လုံးခေါက်တင်ပြီးဝမ်းဗိုက်ဖြင့်မြေရှပ်ဆင်းရသည်။ဗိုလ်ချစ်ခိုင်အောင်မြင်စွာထိန်းကျောင်းပြီးဆင်းနိုင်ခဲ့သည်။ဗိုလ်မောင်သိန်းသည် သူ၏လေယာဉ်ကိုချက်ချင်းဆီဖြည့်ပြီးနေရောင်မပျောက်မီတိုက်ပွဲဖြစ်ပွားသောနေရာတွင်ရဲဘော်ဗိုလ်ပီတာကို တွေ့လိုတွေ့ငြား ထိုနေရာ တစ်ဝိုက် ပြန်ရှာသေးသည်။ မတွေ့သဖြင့် နေမဝင်မီ ကျိုင်းတုံသို့ ပြန်ခဲ့ရသည်။ နောက်တစ်ရက်တွင် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကျိုင်းတုံသို့ ရောက်ရှိ လာခဲ့သည်။(မှတ်ချက်အမှန်တကယ် ရောက်ရှိလာသူမှာဒုတိယကာကွယ်ရေးဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီးဖြစ်သည်)ထိုနေ့ညနေပိုင်းတွင်ထိုင်းနိုင်ငံရှိကောင်ဆယ်လာ ရုံးမှ ဗိုလ်ပီတာ၏ လေယာဉ် အပျက်နှင့် ဗိုလ်ပီတာ အလောင်းကို ထိုင်းနယ်မြေ အတွင်းတောထဲတွင်တွေ့ရှိကြောင်း သတင်း ပေးပို့ပါသည်။ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဗိုလ်မှူးကြီး သူရ တင်မောင်အေး အပါအဝင်...

တနလာင်္သားသမီးများအတွက် ၂၀၁၉ တစ်နှစ်စာဟောစာတမ်း နှင့် ဆောင်ရန် ၊ ရှောင်ရန်များ

၁၃၈၁-ပြည်နှစ်(၂၀၁၉)အတွက် (၇) ရက်သားသမီးများအတွက် # ၁၃၈၀ပြည့် (၁)နှစ်စာဟောစာတမ်း တနင်္လာ တနင်္လာသားသမီးတို့သည် ယခုနှစ်တွင် မိမိအလိုဆန္ဒများ မပြည်ဝတတ်ပေ။ ရှေ့ပိုင်းတွင် အဆင်ပြေသလို့ရှိပြိး နောက်ပိုင်းတွင် အခက်ကြုံနိုင်မည်(14-6-2019)မှစ၍ လုပ်ငန်းခွင်များ စတင်ဆောင်ရွက်ရမည်။ သိုသော် အကြံအစည်းအသစ်များဖြင့် ဆောင်ရွက်ရမည်နှစ်ဖြစ်ပါတယ်တနင်္လာသားသမီးများ ဤနှစ် ထီဆုကြီးပေါက်နိုင်သည်။ တနင်္လာသားသမီးများ ထီးထိုရန် အရှေ့မြောက်အရပ် (၄)ဂဏန်းအစ (၄)ဂဏန်း အဆုံး ထီးပါ။ အိမ်၊ ခြံ၊ မြေ အဆောက်အဦးဝင်လာတတ်သည်။ ဇိမ်ခံပစ္စည်းများ ဝင်လာမည်။ အဆိပ်ရှိသောသတ္တဝါများရန်မှုခြင်းခံရတတ်သည် အသက် ၁၁၊ ၁၃၊ ၁၄၊ ၁၆၊ ၁၈၊ ၃၁၊ ၃၆၊ ၃၈၊ ၄၁၊ ၄၃၊ ၄၆၊ ၄၈၊ ၆၁၊ ၆၃နှစ် အထူးကံကောင်းပါလိမ့်မည် ပညာရေး၊ အချစ်ရေး၊ အိမ်ထောင်းရေးနှင့် စီးပွားရေး မိမိလုပ်ငန်းမျာအောင်မြင်ခြင်းနှင့် ပြည်ပအလုပ်အကိုင်းများအကျိုးဖြစ်၍ ပြည်တွင်းပြည်ပနိုင်ငံရပ်ခြားဘာသာရပ်များဖြေဆိုမှုအောင်မြင်ခြင်း၊ ပြည်တွင်းပြည်ပခရီများ...

ထင်ရှားကျော်ကြား ကမ္ဘာတစ်လွှားက ရေတံခွန်ကြီးများအကြောင်း

၅။ အိန်ဂျယ်လ်ရေတံခွန် (ကမ္ဘာ့အမြင့်ဆုံးရေတံခွန် ) အိန်ဂျယ်လ်ရေတံခွန် ( Angel Falls) သည် ဗင်နီဇွဲလားနိုင်ငံ Bolívar ပြည်နယ်၊ Gran Sabana ဒေသအတွင်းရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်သော Canaima National Park အတွင်းရှိ Auyantepuiတောင်ပေါ်မှ စီးဆင်းနေသောရေတံခွန်ဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် ဖြစ်ပြီး စုစုပေါင်းအမြင့်မှာ ၉၂၉ မီတာ (၃၂၁၂ ပေ) ရှိသည်။ အထက်တွင် ဖော်ပြခဲ့သော ၉၂၉ မီတာ (၃၂၁၂ ပေ) တွင် ရေတံခွန်၏ အဓိက ရေစတင်စီးဆင်းရာမှ အောက်သို့ အမြင့်၊ နိမ့်ဆင်းသွားသော ရေတံခွန်ငယ်၏ အမြင့် ၄၀၀ မီတာ (၀.၂၅ မိုင်) ခန့်နှင့် ရေတံခွန်၏အောက် စမ်းချောင်းအဖြစ် စီးဆင်းသွားသော အမြင့် ၃၀ မီတာ (၉၈ ပေ)...

ကမ္ဘာပေါ်မှာသူခိုး မရှိသော နိုင်ငံ

ကမ္ဘာပေါ်မှာ သူခိုးတစ်ယောက်တောင်မရှိတဲ့ နိုင်ငံဟာ မြန်မာနိုင်ငံဖြစ်ခဲ့ဖူးတယ်ဆိုရင် သင်အံ့သြသွားမလား? မယုံရင် အောက်မှာ ဖတ်ကြည့်ပါ..။ “ကမ္ဘာပေါ်တွင်သူခိုးမရှိသောနိုင်ငံတစ်နိုင်ငံရှိခဲ့ဖူးသည်..ထိုသည်မှာမြန်မာနိုင်ငံပင်။”ထိုစကားကိုပြောခဲ့သူမှာအိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏ ဝိပဿနာ တရားတော်များကိုကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသော ဂုရုကြီး ဦးဂိုအင်ကာ ၏ အဘိုးတော်သူပင်ဖြစ်သည်..။ အရောင်းအဝယ် ကုန်သည် အလုပ်ဖြင့် ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီ သည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံနေပြည့်တော်တွင်အခြေချနေထိုင်ခဲ့သည်..ထိုချိန်ကအထက်မြန်မာပြည်သည်မြန်မာဘုရင်၏လက်ထဲမှာသာ ရှိသေးသောကြောင့် သူခိုးလူလိမ်ဆိုသည်မှာချိုနှင့်လားဟုမေးရလောက်အောင်မြန်မာတိုင်းစာရိတ္တသတ္တိအပြည့်ရှိနေချိန် ဖြစ်ပါ၏။ ထိုသူသည်ကုန်သည်ကြီးတစ်ဦးဖြစ်ရာအထက်မြန်မာပြည်ရှိမြို့ကြီးအသီးသီးသို့သွားရောက်ရောင်းဝယ်ရသည်။ပစ္စည်းပစ္စယများသယ်ရန်အတွက်မြင်းငါးကောင်နှင့်အတူမြန်မာမြင်းစီးသမားငါးယောက်ကိုလည်းတစ်ခါတည်းအသွားအပြန်ငှားလာခဲ့ရသည်။အရောင်းအဝယ်ပစ္စည်းများသောကြောင့်ရက်ကြာလာသည်နှင့်အမျှဘဆေဆ်လာလ်ဂျီ၏ပိုက်ဆံထည့်သည့်အိတ်ကြီးမှာလည်း ငွေဒင်္ဂါးများနှင့် ပြည့်ပြည့် လာခဲ့သည်။ နောက်ထပ်မြို့သုံးမြို့ငါးရက်ခရီးနှင်ပြီးလျှင်သည်တစ်ခေါက်အရောင်းအဝယ်ပြီးဆုံးပြီဖြစ်၍ဘဆေဆ်လာလ်ဂျီသည်အိမ်ပြန်ရတော့မည်ကိုတွေးပြီးဝမ်းမြောက်ဝမ်းသာဖြစ်နေလေသည်။နေဝင်စပြုနေပြီဖြစ်သည့်အတွက်လှမ်းမြင်နေရသောဇရပ်တစ်ခုပေါ်တွင်တစ်ညအိပ်ရန်မြင်းသမားများကိုအချက်ပြလိုက်သည်..ရှေးခေတ်ကဇရပ်ဆိုသည်မှာညအိပ်ညနေခရီးသည်များအတွက် လမ်းဆုံ လမ်းခွတွင် ဆောက်ထား သော ဇရပ်မျိုးသာ ဖြစ်သည်။ အမိုးနှင့်အခင်းကို အကောင်းဆုံး လုပ်ထားသော်လည်း အကာ မရှိသောကြောင့် အရပ် လေးမျက်နှာမှခရီးသွားများတံခါးမရှိ။ ဓားမရှိ လွတ်လပ်ချမ်းသာစွာ တည်းခိုနိုင်သည် ဟူသော အဓိပ္ပါယ်ကို ဆောင်သည်ဟု ယူဆရသည်။ တတ်နိုင်သောဇရပ်အလှူရှင်အချို့သည်ခရီးသွားများအတွက်ဆန်ဆီစသောစားသောက်ဖွယ်ရာများကိုပင်ထားပေးကြောင်းသိရသည်။ချက်ပြုတ်စားသောက်ပြီးနေလည်းမရှိတော့ပြီဖြစ်၍ဘဆေဆ်လာလ်ဂျီတို့ထိုဇရပ်မှာပင်ညအိပ်လိုက်ကြသည်။နောင်တစ်နေ့မိုးမလင်းမီမနက်စောစောခရီးဆက်ကြရန်မြင်းသမားတို့ကိုဆော်သြထားလိုက်သည်။အရေးအကြီးဆုံးဖြစ်သည့်ငွေဒင်္ဂါးအိတ်ကြီးကို...

သခိုးကြီး ငတက်ပြား…ဆိုတာ…..

မြန်မာသက္ကရာဇ် ၇၆၂-ခုနှစ် အင်းဝကို တည်၍ နန်းတက်သော သတိုးမင်းဖျား လက်ထက်တွင် ‘ငတက်ပြား’အမည်ရှိ သူခိုးကြီးတစ်ယောက် ရှိခဲ့ဖူးကြောင်း မှန်နန်း ရာဇ၀င်၌ ပါရှိလေသည်။ သူက စစ်ကိုင်း ရေ၀န်းသားဖြစ် ၏။ ရေ၀န်း ဆိုသည်မှာ ယခု စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်နှင့် စိန်ကုန်းရပ်ကွက် အကြားရှိ ရပ်ကွက်ကလေးတခုပင် ဖြစ်သည်။ “သတိုးမင်းဖျား ငါ့ကိုရလျှင်သော် သတ်အံ့။ မရသော်ကား အသူရအံ့နည်း” ဟု ငတက်ပြားက ကြုံးဝါးလိုက်သည်။ ငတက်ပြား၏ ကြုံးဝါးသံကို ဘုရင်ကြားသောအခါ သူကိုယ်တိုင် ဖမ်းမည်ဟု သတိုးမင်းဖျားက စိတ်ထဲ တေးထားလိုက်သည်။ ငတက်ပြားသည် စစ်ကိုင်းကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီးနောက် အင်းဝမြို့ သို့သွား၍ လူချမ်းသာများဆီကနေ ခိုးယူနေခြင်းဖြစ်သည်။ သူက ဆင်းရဲသူများ ထံမှ လုံးဝမခိုး။ သူနေထိုင်ရာ စစ်ကိုင်းတွင်လည်း မခိုးဟု ဆို၏။ ညတညမှာ ဧရာဝတီမြစ်ကို...

ပထမဆုံး မြန်မာအမျိုးသမီး ရှေ့နေ (သို့) ဒေါ်ဖွားမှီ

ဒေါ်ဖွားမှီသည် ရန်ကုန်မြို့ ကော်ပိုရေးရှင်းအခွန်ဝန် ဦးထွန်းသော်နှင့် ဒေါ်သဲနုတို့၏ သားသမီး ငါးယောက်အနက် အကြီးဆုံးဖြစ်၍ ၁၉၀၂ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က စိန်မေရီဒိုင်အိုနှင့် ရန်ကုန်ကောလိပ်မှ အိုင်အေအောင်ခဲ့ပြီး အင်္ဂလန်နိုင်ငံတွင် ဥပဒေပညာ သင်နေကြသော မြန်မာ ပညာတော်သင်တွေမှာ အင်္ဂလန်တွင် အတော်ရှိခဲ့သည်။ သို့သော် ၁၉၂၃ ခုနှစ်က ရှေ့နေအဖြစ် ရုံးတော်များ၌ လိုက်ပါ ဆောင်ရွက်နိုင်ရန် သင်ကြားနေသော ယောက်ျားများ နှင့်အတူ အင်္ဂလန်ပြည်သူ တစ်ဦးနှစ်ဦးသာ ရှိသေးသည့် အခြေအနေ၌ ဒေါ်ဖွားမှီသည် ကမ္ဘာ့ အရှေ့ပိုင်းဒေသ မြန်မာပြည်မှ အမျိုးသမီးတစ်ဦး အဖြစ် ပေါ်ပေါက်လာသည့်အတွက် တအံ့တသြ စိတ်ဝင်စားခဲ့ကြသည်။ ထိုခေတ်က ဗြိတိသျှ တရားလွှတ်တော်ချုပ်နှင့် အောက်ရုံများတွင် ဝတ်လုံတော်ရ ရှေ့နေအဖြစ်နှင့် လိုက်ပါ ဆောင်ရွက်နိုင်ရန် သင်ကြားပေးသည့် (Inns of Court) ခေါ် ကျောင်းကြီးလေးကျောင်း ရှိသည့်အနက်...