Monthly Archive: January, 2019

တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးည အိမ်မက်မြူ အပိုင်း ( တစ် )

ဘဝဟောင်းမှ အစ်မ မီးရထား၏ မှန်ကာပြတင်းပေါက်မှ မျှော်ကြည့်လျှင် စိမ်းလန်းသော လယ်ကွင်းတို့ထက် ကျသက်စပြုပြီဖြစ်သော မိုးသီးမိုးပေါက်တို့ကို မြင်ရသည် ။ သီတင်းကျွတ်လ အစတွင်ဖြစ်၍ စပါးပင်တို့သည် ခါးလယ်မျှအမြင်ဆောင်ကြကုန်ပေပြီ ။ လေဝယ် လှိုင်းထ၍ ငြိမ့်အိနေသော ဤစပါးမြပင်လယ် တစ်ကြောကို လွန်၍ မျက်လုံးကို ဆန်းကြည့်သော် အရှေ့ဆီ၌မိုးမြူသင်တိုင်း ဆင်သိုင်းစ မှိုင်းပျပျ ပဲခူးရိုးမအား မြင်ရသည် ။ မီးရထား၏အရှိန်မှာ လျှော့သွားသည်နှင့် မရှေးမနှောင်းပင်ကြီးမား သော သံတံတားကို ဖြတ်ကျော်စဉ် ကြားရတက်သည့် ပဲတင်ရိုက်သံပေါ်လာ၏ ။ တံတားကြီး၏အောက်၌ ဒေါသတကြီးနှင့် တဟဲဟဲ စီးဆင်းနေသော ချောင်းရေညိုညို တွေ့ရ၏ ။ ” အဲ့ဒါ ဖိုးသားအောင် ကုန်တံတားပဲ တူမကြီး ၊ သာယာဝတီခရိုင်နဲ့ ပြည်ခရိုင်နယ်စပ်လေ ၊ နောက်ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ဆိုရင် ပေါင်းတည်ကို ရောက်တော့မယ်… ။...

ဆရာတက္ကသိုလ်ဘုန်းနိုင် ကိုယ်ရေးရာဇဝင်အကြောင်း

ဆရာတက္ကသိုလ်ဘုန်းနိုင် ကိုယ်ရေးရာဇဝင်အကြောင်း ၁။ အမည်ရင်း – ဦးခင်မောင်တင့် (ငယ်နာမည် – မောင်ဖေသိန်း ) ၂။ မိဘအမည် – ဦးထွန်းဖေ + ဒေါ်ကြင်မေ ၃။ မွေးသက္ကရာဇ် – ၁၉၃၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက် ၄။ မွေးဖွားရာဒေသ – သန်လျင်မြို့ ၅။ ကလောင်အမည်ခွဲများ – ဒဂုန်ဖေသိန်း၊ သုမောင် ကိုယ်ရေးအကျဉ်း တက္ကသိုလ်ဘုန်းနိုင် ကလောင်အမည်ခံ ဦးခင်မောင်တင့်ကို ၁၉၃၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သန်လျင်မြို့၌ အဖ ဦးထွန်းဖေနှင့် အမိ ဒေါ်ကြင်မေ တို့က မွေးဖွားခဲ့သည်။ မွေးချင်းငါးဦးအနက် ဒုတိယမြောက်ဖြစ်ပြီး အကြီးဆုံး သားယောက်ျားဖြစ်သည်။ ငယ်မည်မှာ မောင်ဖေသိန်းဖြစ်သည်။ ပြည်ခရိုင် ပေါင်းတည်မြို့ မူလတန်းလွန်ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး...

မင်းကွန်းဆရာတော်ကြီး၏ ငယ်စဉ်ဘဝ ထူးထူးခြားခြားဖြစ်စဉ်တချို့

မင်းကွန်းဆရာတော်ကြီး ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည့် ကျဉ်ပင်ရွာကား မြင်းခြံမြို့ အနောက်ဘက် ယွန်းယွန်းတွင် တည်ရှိပါသည်။မြို့နင့် တစ်မိုင်ကျော်လောက်သာ ဝေးသော ရွာ ဖြစ်၍ လောကရေး ဓမ္မရေး အရေးရေးတွင် နောက်မကျလှပါ။ ထိုရွာ၏ သူကြီးမှာ ဦးဆုံဖြစ်၍ ရွာသူကြီးကတော်မှာ ဒေါ်ဆင်ဖြစ်ပါသည်။ထိုခေတ်က ကျေးရွာ အုပ်စု တစ်ခုကို ရွာသူကြီးတစ်ယောက်တည်း အုပ်ချုပ်ရပါသည်။ရွာသူကြီးမှာ အမျိုးအနွယ်အားဖြင့်လည်း အထက်တန်းကျပြီး ပစ္စည်းဥစ္စာ ပေါများသူဖြစ်၍ ကျေးရွာအုပ်စုအပေါ် အတော်သြဇာ ညောင်းပါသည်။ မင်းကွန်းတိပိဋကဓရ လောင်းလျာကား ထိုခေတ်က သူကြီးဦးဆုံ သူကြီးကတော် ဒေါ်ဆင် တို့မှ ၁၂၇၃ခု တန်ဆောင်းမုန်းလဆန်း ၁၁ရက် ဗုဒ္ဓဟူး နေ့တွင်ဖွားမြင်သော သားကောင်းရတနာ တစ်ပါးဖြစ်ပါသည်။သား သမီးသုံးယောက်အနက် ဒုတိယမြောက် သားရတနာဖြစ်ပါသည်။ ပထမ သမီးကြီးမှာ မသုံ ဖြစ်၍ သားထွေမှာ မောင်ဘသင်ဖြစ်ပါသည်။ မင်းကွန်းဆရာတော်ကြီး၏ ငယ်နာမည်မှာ မောင်ခင်ဖြစ်သည်။...

သမိုင်းတလျှောက် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်အကြောင်း

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လို့ ဆိုလိုက်ရင် ဘီဂိတ်စ် ၊ ရောခ့်ဖဲလား ၊ အင်ဒရူးကာနယ်ဂျီ စတဲ့သူဌေးကြီးတွေကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် အားလုံးနီးပါးလက်ခံထားတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူရဲ့ နာမည်ကိုတော့ မိတ်ဆွေကြားဖူးချင်မှ ကြားဖူးမှာပါ။ သူဟာ ယနေ့အချမ်းသာဆုံး သူဌေးကြီးဘီဂိတ်စ်ထက် ၅ဆကျော် ချမ်းသာသူဖြစ်ပါတယ်။ သူကတော့ မာလီအင်ပါယာရဲ့ ဘုရင် Mansa Musa ပဲဖြစ်ပါတယ်။ ၁၃ရာစုဝန်းကျင်မှာ အုပ်စိုးခဲ့တဲ့ ၁၀ဆက်မြောက် Mansa ဘုရင်ဖြစ်ပါတယ်။ Mansa ကို Sultan(king), Conqueror, emperor စသဖြင့် အမျိုးမျိုးဘာသာပြန်နိုင်ပါတယ်။ Mansa Musa ရဲ့ ဘုရင်နာမည်က Musa Keita I ဖြစ်ပြီး သူ့ကို ၁၂၈၀ခုနှစ် မာလီမှာ မွေးဖွားခဲ့ပါတယ်။ ၁၃၁၂ ခုနှစ် အသက် ၃၂နှစ်အရွယ်မှာ ဘုရင် Abubakari Keita II ကိုအောင်နိုင်ပြီးတဲ့နောက်...

ရန်ကုန်ပြန်ပြီးမိသားစုနဲ့တွေ့ရတော့မှာမို့ အပျော်လွန်ပြီးလမ်းမကြီးပေါ်မှာကနေကြတဲ့ မြင့်မြတ်နဲ့ Kညီရဲ့ video

သရုပ်ဆောင်တဲ့နေရာမှာ ပြောစရာမလိုလောက်အောင် အပိုအလိုမရှိဘဲ ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင်ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်ပြသပေးနိုင်ခဲ့ကြတဲ့ သရုပ်ဆောင် မင်းသား မြင့်မြတ်နဲ့ Kညီတို့ အနုပညာရှင် ညီအစ်ကိုနှစ်ယောက်ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားခဲ့ကြရတဲ့ သူလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာဆိုရင် စိတ်သဘောထား ပြည့်ဝလွန်းတဲ့ သူလေးတွေလည်း ဖြစ်ပါတယ်။ အရမ်းကို စိတ်သဘောထား ပြည့်ဝပြီး စိတ်ရင်းစေတနာ ကောင်းလွန်းကြတဲ့ သူတို့ သူငယ်ချင်း ညီအစ်ကို နှစ်ယောက်ဟာဆိုရင် ချစ်ရတဲ့ သူတွေနဲ့အတူ VeVe ပရိုမိုးရှင်းအတွက် နယ်ကို ရောက်ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ VeVe ပရိုမိုးရှင်းအတွက် နယ်ကိုရောက်ရှိနေတဲ့ သူတို့က ညီအစ်ကို နှစ်ယောက်ကတော့ VeVe ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးလို့ အိမ်ပြန်ပြီး မိသားစုနဲ့ တွေ့ဆုံရတော့မှာကြောင့် အရမ်းကို ပျော်ရွှင်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ရန်ကုန်ကိုပြန်ပြီး မိသားစုနဲ့...

ဓာတ်ပုံထဲက စနိုက်ပါသမားကို မြင်ရလား …?

စစ်မြေပြင်မှာ စစ်ပွဲတစ်ခုကို အနိုင်ရဖို့အတွက် သေနင်္ဂဗျူဟာအမျိုးမျိုးကို ကျင့်သုံးရပါတယ်။ မဟုတ်ရင် ရန်သူရဲ့ လွှမ်းမိုးမှုကို ခံရပြီး၊ တိုက်ပွဲ အရေးနိမ့်တတ်ပါတယ်။ အခု ဖော်ပြပေးသွားမယ့် ဓာတ်ပုံတွေကတော့ စနိုက်ပါသမားတွေရဲ့ ကိုယ်ယောင်ဖျောက်နိုင် စွမ်းရည်ပါ။ သင်ကိုယ်တိုင် စစ်မြေပြင်က ပစ်ကွင်းတစ်ခုထဲကို ရောက်နေတဲ့ အခါမျိုးမှာ အမြင်အာရုံကောင်းမှ အသက်အန္တရာယ်က လွတ်မှာပါ။ ဆိုရရင် အခုနောက်ပိုင်း စနိုက်ပါသမားတွေ ဝတ်တဲ့ဝတ်စုံတွေကလည်း သဘာဝပတ်ဝန်းကျင်နဲ့ အကိုက်ညီဆုံးကို တွက်ချက်ပြီး အထူးစီမံထားတဲ့ ဝတ်စုံတွေမို့ ရှာရခက်ပါတယ်။ စနိုက်ပါသမားကို ရှာကြည့်ပါဦး။ အဖြေများ လင်းသုတ (MyanmarNote)  

မြန်မာပြည်ထွက် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်ကျောက်မျက်ရတနာ ၁၀ ခု

၁၀။ မြန်မာ့ပုလဲရတနာကြီး ၂၀၀၁ ခှုနစ်၊ဧပြီလ (၁၈)ရက်နေ့တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ဇာဒက်ကြီးကျွန်းအနောက်မြောက်ဘက် မက်ကလောင်မုတ်ကောင်ငုပ်ကွက် ဧရိယာမှဆယ်ယူရရှိခဲ့ပါသည်။ အလေးချိန်(၈၄၅)ကာရက်၊ အလျား(၆.၂) ၊အနံ(၅.၃) ၊အမြင့်(၃) ရှိပါသည်။ အလေးချိန်(၁၆၉)ဂရမ်၊ ၉၂၅.၅၀ရတီနှင့် ငွေရောင်အဆင်းရှိသော မြန်မာ့ပုလဲရတနာကြီးဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး သဘာဝခွံကပ်ပုလဲ ရတနာကြီးဖြစ်သည်။ ၉။ ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းနဂါး သက္ကရာဇ် ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလအတွင်း နအဖအစိုးရ လက်ထက်၌ ကချင်ပြည်နယ်၊ ဖါးကန့်ဒေသ၊ လုပ်ကွက်အမှတ်(၁) ပအိုဝ့်ငြိမ်းချမ်းရေးအဖွဲ့ကတွေ့ရှိသည့် တန်ချိန်ပေါင်း(၂၀၀၀)ကျော်ခန့်ရှိ အလျား(ပေ ၇၀)၊ အနံ(၁၆ ပေ)၊ အမြင့်(ပေ ၂၀) ရှိကြောင်းသိရှိရပါသည်။ ၈။ ကမ္ဘာ့အကြီးဆုံး ပတ္တမြား သက္ကရာဇ် ၁၉ ခုနှစ်၊ လတွင် န ၀ တ လက်ထက်၌ မိုးကုတ်မြို့၊ ကင်းရွာ၊လုပ်ကွက်အမှတ်(၁၄) စခန်းမှတူးဖေါ်တွေ့ရှိ၍ အလေးချိန်မှာ -(၂၁၄၅)ကာရက် အလျား(၇လက္မ)၊ အနံ(၄.၅လက္မ)၊...

မြန်မာ့သိုင်းပညာကို ကမ္ဘာကိုဖော်ထုတ်ပြခဲ့သူ ဒေါက်တာမောင်ကြီး

မြန်မာ့သိုင်းပညာရှင်တစ်ယောက်ဖြစ်သော ဒေါက်တာမောင်ကြီးကို ၁၉၃၆ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူ့အား ၁၉၆၀ ခုနှစ်ဝန်းကျင်ကမြန်မာ့သိုင်းပညာတစ်မျိုးဖြစ်သည့် ဗန်တိုပညာရပ်ကို အမေရိကန်နိုင်ငံတွင် စတင်ပြန့်ပွားစေခဲ့သူအဖြစ် လူသိများသည်။ သူ့အားဒေါက်တာကြီး(Dr. Gyi)ဟု ခေါ်လေ့ရှိသည်။ ဒေါက်တာမောင်ကြီး၏ ဖခင်မှာ ပညာရေးဝန်ကြီးဌာန အားကစားနှင့် ကာယပညာဒါရိုက်တာ နှင့် သိုင်းပညာရှင်ဖြစ်သူ ဆရာဘသန်း(ကြီး) ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဆရာဘသန်းကြီးသည် မန္တလေးမြို့တွင်အခြေချခဲ့ပြီး ၁၉၅၀နောက်ပိုင်းတွင်မူ ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သားဖြစ်သူ အားငယ်စဉ်ကတည်းက ကျန်းမာရေးကောင်းမွန်စေရန် အားကစား နှင့် သိုင်းပညာရပ်များ အထူးတလည်သင်ကြားစေခဲ့သည်။ ဖခင်၏ တိုက်တွန်းသင်ကြားမှုနှင့်အတူ သိုင်းပညာကိုဝါသနာပါသည့် မောင်ကြီးသည် ငယ်စဉ်ကတည်းက သိုင်းပညာမျိုးစုံကို သင်ကြားခဲ့သည်။ အရှေ့တိုင်း အနောက်တိုင်း သိုင်းပညာရပ်များကို ဆရာမျိုးစုံထံတွင်ဆည်းပူးခဲ့သည်။ မန္တလေးရှိ Gymkana ကလပ် ၊ မေမြို့ နှင့် ရန်ကုန်မြို့ရှိ အားကစားကလပ်များ ၊ ရန်ကုန်ချိုင်းနားတောင်းရှိ တရုတ်အားကစားစင်တာများတွင် သိုင်းပညာများလေ့ကျင့်ခဲ့သည်။ ဒေါက်တာမောင်ကြီး၏ ဆရာများမှာ...

အင်္ဂါသားသမီးများအတွက်”၂၀၁၉”ခုနှစ်အတွင်း ဆောင်ရန်ရှောင်ရန် ၁နှစ်စာ ဟောစာတမ်း

၁၃၈၁-ပြည်နှစ်(၂၀၁၉)အတွက် (၇) ရက်သားသမီးများအတွက် # ၁၃၈၀ပြည့် (၁)နှစ်စာဟောစာတမ်း အင်္ဂါ အင်္ဂါသားသမီးတို့သည် ယခု2019နှစ်တွင် မိမိပတ်ဝန်းကျင် မိမိအပေါင်းသင်တို့နှင့် ဆန့်ကျင့်ပြိး သီခြားနေထိုင်လိုသူများ ဖြစ်လာတတ်သည်။ စိတ်အလိုမကျမှုများ မကြာခဏတွေ့ရမည်။ ထိုအပြင် မိမိဒေါသကြောင့် မိမိဘဝထိနှစ်နာမှုများ ဖြစ်တတ်သည်။ *တမဂုဏ် အင်္ဂါဂြိလ်* အပုပ်နံဖြစ်၍ စိတ်ခက်ထန်ခြင်း၊ ဒေါသအမျက်ကြီးထွားခြင်း၊ မသမာသောနည်းများ အထူးသဖြင့် တရားမဝင် စစ်လက်နက်ပစ္စည်းများ ရောင်းဝယ်ဖောက်ခြင်း ၊ လူကုန်ကူးခြင်း၊ အရွယ်မရောက်သော ကလေးငယ်များကို ဓားစာခံအသုံချမှု၊ ပြည်နယ်အချို့တွင် အချုပ် အခြာ အာဏာ လုယှက်မှုများလည်း မကြာခဏဖြစ်ပေါ်တတ်၍ ဤနှစ် ပိတ်ပင် ပြင်ထန်းစွာအရေးယူ အဖမ်ဆီးများဖြစ်ပေါ်လာတတ်သည်။ ၂၀၁၉ခုနှစ် January (1)ရက် ဤနေ့ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထက်၊ အိမ်တတ်၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ဆေးဖော်၊ ဆေးခန့်ဖွင့်ခြင်း၊ ခွဲစိတ်ကုသခံယူခြင်း၊ ခရီးသွာခြင်းကောင်း၏။(15)ရက်...

ဓာတ်ပုံဆရာတို့ရဲ့ လက်ရာအမြောက်ဆုံး ကမ္ဘာကျော် ဓာတ်ပုံရိုက်ချက်များ

ဓာတ်ပုံဆရာများစွာတို့ရဲ့ သန်းပေါင်းများစွာသော ဓာတ်ပုံရိုက်ချက်များအနက်မှ ဘာနဲ့မှ မလဲနိုင်တဲ့ လက်ရာမြောက် ဓာတ်ပုံမျိုးတွေ ရှိပါတယ်။ အဲဒီ့လို ဓာတ်ပုံတွေဟာ ဓာတ်ပုံဆရာရဲ့ အရည်အသွေး၊ ကျွမ်းကျင်မှု၊ အချိန် တိုက်ဆိုင်မှုတို့ အားလုံးပေါင်းစပ်ပြီးမှ ရလာနိုင်တာပါ။ ဒါကြောင့် ဒီတစ်ခါမှာ Lifestyle ပရိသတ်တွေအတွက် မြင်ရခဲလှတဲ့ လက်ရာမြောက် ဓာတ်ပုံရိုက်ချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ သားကောင်ကို ချီမသုတ်ခင် အခိုက်အတန့်လေး ဒိန်းမတ်နိုင်ငံက ချယ်ရီရာသီ ချီကာဂိုက မော်ဒန်အနုပညာပြတိုက် ဂျပန်နိုင်ငံက အလင်းပွဲတော် လွတ်လပ်မှုလို့ အမည်ရတဲ့ ရိုက်ချက် မနက်ခင်း အလင်းရောင် မိုးကုပ်စက်ဝိုင်း ဆုံးတဲ့ တစ်နေရာအလား ဆီယက်တယ်မြို့ရဲ့ ရိုက်ချက် ကန္တာရအလယ်က ဟိုင်းဝေးလမ်းမကြီး ဘယ်လ်ဂျီယမ်နိုင်ငံ ကျေးလက်တစ်နေရာ တရုတ်နိုင်ငံက Tianmen လိုဏ်ဂူ အိုက်စလန်နိုင်ငံက ရေခဲလိုဏ်ဂူများ Ref: Bright Side