Monthly Archive: December, 2018

အံ့သြဖွယ်ရာ ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓဘာသာမြို့ တော်ကြီး

အံ့သြဖွယ်ရာ ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးမြို့တော် (ဗဟုသုတ အဖြစ် ရှဲယူထားနိုင်ပါသည်) (လာရန်ဂါ)ဘုန်းကြီးမြို့တော်ဟုနာမည်ပေးထားသော်လည်းတစ်ကယ်တော့ဗုဒ္ဓဘာသာအကယ်ဒမီစာသင်တိုက်များဖြစ်ပါတယ်..လူနေအိမ်များမဟုတ်အနီရောင်တဲအိမ်များဖြင့်တည်ဆောက်ထားသည့်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတဲကျောင်းများသာဖြစ်ပါတယ်..အဓိက မိမိတို့လေ့လာလိုသည့်ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒများကိုသာ လေ့လာခွင့်ရှိပါတယ်။ အချို့ဘုန်းကြီးများကလည်းစကားမပြောပဲဝစီပိတ်ကျင့်ကြံကြပါတယ်..အလွန့်အလွန်သာယာပြီးသူတော်ကောင်းတို့ရဲ့ဓမ္မစာပေများသာကြားရပြီးဆဲဆိုသံရန်ဖြစ်သံမကြားရပါ..အလွန်အေးချမ်းပြီးတိတ်ဆိတ်ငြိမ်သက်လှပါတယ်..အလွန်အံ့သြစရာနေရာတစ်ခုလည်းဖြစ်ပါတယ်..တရုတ်နိုင်ငံ ချန်ဒူမြို့မှ မိုင်၃၇၀အကွာရှိ လာရန်ဂါတောင်ကြားတွင်ဘုန်းတော်ကြီးနှင့် သီလရှင် အပါးလေးသောင်းကျော်သီတင်းသုံးနေထိုင်ကြပါတယ်။ ဘုန်းတော်ကြီးများနှင့်သီလရှင်များတို့ရဲ့သီတင်းသုံးနေထိုင်ရာနေရာနဲ့ကျောင်းကြားတွင်လမ်းမကြီးဖြင့်စည်းခြားထားပါတယ်.ထိုဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်ကိုထင်ရှားသည့်ယင်မာလာမာဘုန်းတော်ကြီးတစ်ပါးဖြစ်သူဂျင်မီဖန့်ဆော့စ်ကလူနေထိုင်ခြင်းမရှိသည့်တောင်ကြား၌၁၉၈၀တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်..ဝေးလံခေါင်သီသည့်ဒေသတွင်ရှိသော်လည်းလာရန်ဂါအကယ်ဒမီမှာ ကမ္ဘာ့ဗုဒ္ဓဘာသာ အခြေချနယ်မြေဖြစ်လာခဲ့ပါတယ်။ ချန်ဒူမြို့မှမိုင်၃၇၀အကွာဆာတာဒေသရှိထိုဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်သွားရောက်လိုပါကနာရီ၂၀ကြာခရီးကိုဖြတ်သန်းရမှာဖြစ်ပါတယ်..သာယာလှပသည့်ထိုဒေသတွင်tvများကိုပိတ်ပင်ထားပြီးဘုန်းတော်ကြီးနှင့်သီလရှင်များမှာဘာသာရေးစာပေများ လေ့လာသင်ယူခြင်းဘုရားရှိခိုးခြင်းတို့ဖြင့် ကောင်းကျိုးရရှိရန် နေထိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးမြို့တွင်တရုတ်လူမျိုးစာသင်သားများအပြင်ထိုင်ဝမ်တိဘက်ဟောင်ကောင်စင်္ကာပူနှင့်မလေးရှားမှစာသင်သားများပါသင်ကြားဆည်းပူးလျက်ရှိပါတယ်..သီးခြားစီခွဲခြားထားသည့်စာသင်ခန်းများတွင်မန်ဒရင်းတရုတ်ဘာသာဖြင့်သင်ကြားပြီးစာသင်ခန်းကျယ်ကြီးများတွင် တိဘက်ဘာသာဖြင့် သင်ကြားလျက်ရှိပါတယ်။ Credit: SearchMyanmar

ကျိုက်ထီးရိုးဘုရားကို ရောက်ရှိနေတဲ့ သရုပ်ဆောင် သူထူးစံနဲ့ ဇနီး ထိုက်ဆုဝင်း

သရုပ်ဆောင် သူထူးစံ နဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းတို့ဟာ ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက တပ်ကုန်းမြို့နယ် ဘုန်းကြီးကျောင်းမှာ ပကာသန မပါဘဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။   အချစ်ရေးမှာ လျို့ဝှက်လွန်းတဲ့ သူထူးစံရဲ့ မင်္ဂလာပွဲသတင်းဟာ ရုတ်တရကဆိုသလို ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာတော့ အမှန်ပါပဲ။ အနုပညာရှင်အချို့ရဲ့ပြောကြားချက်အရ သူထူးစံဟာ ထိုက်ဆုဝင်းကို တော်တော်ချစ်လွန်းလို့ လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့တာလို့ ဆိုကြပါတယ်။   သရုပ်ဆောင်သူထူးစံနဲ့ ထိုက်ဆုဝင်းဟာ မင်္ဂလာဦးဆွမ်းကျွေးအပြင် အလှူအတန်းတချို့ကိုပါ ပြုလုပ်ခဲ့ပါသေးတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ သူတို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘုရားကို ရောက်ရှိဖူးမြော်နေကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပပြီး ရောက်ရှိနေတဲ့ ခရီးစဉ်လေးကတော့ ဘုရားဖူးခရီးစဉ်လေးဖြစ်ပြီး ဒီခရီးစဉ်လေးမှာ ပရိသတ်တွေကလည်း သူထူးစံတို့ဇနီးမောင်နှံနဲ့အတူ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတာတွေ့ရပါတယ်။   သူထူးစံတို့ဇနီးမောင်နှံရဲ့ ကျိုက်ထီးရိုးခရီးစဉ်မှာအတူတွေ့ရတဲ့ အဆိုတော် ဟဲလေး နဲ့ ပရိသတ်တွေကလည်း သူထူးစံတို့ဇနီးမောင်နှံနဲ့ ဓာတ်ပုံတွေတွဲရိုက်ခဲ့ကြပါတယ်။ သူထူးစံတို့ ဇနီးမောင်နှံနှစ်ယောက်...

နွားနို့ထဲ ကြက်သွန်ဖြူထည့်သောက်တဲ့ အခါ

နွားနို့ပူပူထဲ ကြက်သွန်ဖြူထည့်ပြီင်္း သောက်ကြည့်ဖူးပါသလား? အနည်းငယ် ထူးဆန်းမယ်လို့ ထင်ပေမယ့် ဒီနည်းဟာ ရောဂါဘယတွေ ကင်းဝေဖို့ ရှေးနှစ်ပေါင်းများစွာက ကျင့်သုံးခဲ့တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် ပြည့်ဝတဲ့ နွားနို့နဲ့ ရောဂါတွေကို တွန်းလှန်နိုင်တဲ့ ကြက်သွန်ဖြူတို့ တွေ့တဲ့ အခါ အဆုတ်ရောင်၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ အသားဝါ၊ အဆစ်ရောင်၊ ချောင်းဆိုးနဲ့ တီဘီရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ညဘက် အိပ်မပျော်တဲ့အခါ နွားနို့ ပူပူကို ကြက်သွန်ဖြူလေးနဲ့ သောက်ပေးရင် ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ကြက်သွန်ဖြူဟာ ရောဂါပိုးတွေကို သေစေနိုင်ပြီး အစာခြေစနစ်ကို မြင့်တင်ပေးတဲ့ အတွက် အစာခြေဖျက်အားကို ကောင်းမွန်စေပါတယ်။ အစာအိမ်နဲ့ အူမကြီးအတွက်တော့ ကောင်းမွန်တဲ့ ဓာတ်စာ တစ်မျိုးပါ။ ဒါ့အပြင် ကလေးလိုချင်တဲ့ အိမ်ထောင်ရှင်တွေ အနေနဲ့ အမျိုးသားရော အမျိုးသမီးပါ သောက်ပေးသင့်ပါတယ်။ မျိုးပွားကျန်းမာရေးကို အထောက်အကူ ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ...

ရုတ်တရက် ပြဲရှ ၊ ပွန်းပဲ့ဒဏ်ရာများဖြစ်လျှင် အိမ်မှာ အလွယ်တကူကုသနိုင်တဲ့ နည်းလမ်းများ

ဘဝမှာ ထိခိုက်ဒဏ်ရာမဖြစ်ဖူးတဲ့သူဆိုတာ မရှိသလောက် ရှားပါတယ် ။ အကြောင်းကြောင်းကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာဖြစ်သွားတဲ့အခါမျိုးမှာ အိမ်မှာ ဆေးမရှိတဲ့အချိန်နဲ့ ကြုံတွေ့ကောင်း ကြုံတွေ့လာနိုင်ပါတယ် ။ ဒီလို ကြုံတဲ့အခါ ကိုယ့်အိမ်က မီးဖိုချောင်ပစ္စည်းလေးတွေနဲ့ ကုသလို့ရတဲ့ နည်းလမ်းတွေကိုလည်း သိရှိထားသင့်ပါတယ် ။ ကိုယ်တိုင် ဒဏ်ရာရလို့ဖြစ်စေ ၊ မိသားစု ၊ အပေါင်းအသင်း ဒဏ်ရာရလို့ဖြစ်စေ ဒီနည်းလမ်းလေးတွေနဲ့ ကုသပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin ဓါတ်က ဘတ်တီးရီးယားတွေကို တိုက်ဖျက်ခြင်း ၊ မှိုဖြစ်ပွါးခြင်းကို တိုက်ဖျက်ပေးခြင်းနှင့် မည်သည့်ဒဏ်ရာအနာတရကိုမဆို ကုသနိုင်တဲ့ အစွမ်းသတိရှိပါတယ် ။ ကြက်သွန်ဖြူ ၃ဥကို ကျိတ်ခြေပြီး ဝိုင်တစ်ခွက်ဖြင့် ရောလိုက်ပါ ။ ထို့နောက် ၂နာရီ ၊ ၃နာရီခန့်ကြာအောင် ထားပါ။ ပြီးလျှင် အဝတ်သန့်သန့်ဖြင့် အနာပေါ်သို့ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ခန့်ကြာလျှင်...

အတိတ်က ပုံဟောင်းလေးတင်ပြီး မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်နေတဲ့ သန္တာဗိုလ်

ပရိသတ်ကြီးရေ.. မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး အနုပညာလောက်မှာ အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကိုတော့ ယနေ့ ဒီဇင်ဘာ(၁၂)ရက်နေ့လေးမှာပဲ ထောင်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်နော်။ မူးရစ်ဆေးဝါးအမှုနဲ့ နှစ်အတော်ကြာ ပရိသတ်တွေနဲ့ဝေးကွာနေဦးမယ့် မိုးအောင်ရင်အတွက် ပရိသတ်တွေနဲ့ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေကလည် စိတ်မကောင်းဖြစ် ဝမ်းနည်းနေကြတာ တွေ့ရပါတယ်။ မင်းသားမိုးအောင်ရင်ကတော့ ဒီကနေ့ ဒီဇင်ဘာ(၁၂)ရက်နေ့မှာပဲ မူးရစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း ပုဇွန်တောင်တရားရုံးက ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့တာမို့ စုစုပေါင်း ထောင်ဒဏ်(၁၇)နှစ် ကျခံရမှာပဲ ဖြစ်ပါတယ်။ \ အဆိုပါ စိတ်မကောင်းစရာ သတင်းနဲ့ ပတ်သက်ပြီးတော့ မိသားစုများအပြင် ပရိသတ်တွေနဲ့ အနုပညာရှင်များတွေ အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ မိုးအောင်ရင်နဲ့ သူငယ်ချင်းဖြစ်သလို အနုပညာမောင်နှမလည်းဖြစ်တဲ့ မော်လ်ဒယ်မင်းသမီးချောလေး သန္တာဗိုလ်ကလည်း ထောင်ဒဏ်(၁၇)ကျခံရမယ့် မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်ကာ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံဟောင်းလေးကို တင်ပြီး သူမရဲ့စိတ်ကို ဖော်ပြလိုက်တာ တွေ့ရပါတယ်။...

ငွေစက္ကူ အတု၊ အစစ် ခွဲခြားသိနိုင်စေမယ့် နည်းလမ်း ၁နည်

(ဒီနည်းလမ်းကလည်း အများကြီးဆိုရင်တော့ အဆင်မပြေဘူးပေါ့ဗျာ ၊ ဘာပဲဖြစ်ဖြစ် ဗဟုသုတ အနေနဲ့ဝေမျှလိုက်ခြင်းပါ ) ကမ္ဘာကျော် ငွေစက္ကူအတုဂိုဏ်းတွေဟာ နည်းပညာ ဘယ်လို မြင့်မြင့် ရအောင် လိုက်တုပလုပ်တယ်။ ငွေစက္ကူအသား အမျိုးအစား ထပ်တူ၊ လုံခြုံရေးကြိုးတွေ၊ မှင်တွေကအစ၊ ရေစာ အဆုံး အကုန် အတုထွက် တယ်၊ တရုပ်ပြည်က ဒိုင်ခံ ရောင်းပေးနေတာ ခရမ်းလွန်ရောင်ခြည် မီးနဲ့ ထိုးကြည့်မှ မြင်ရတဲ့ Invisible ink , UV ink လိုမျိုးကတော့ ဘာအရောင် လိုချင်သလဲ အကုန်ရတယ်။ အခု တစ်သောင်းတန်မှာ ထည့်ရိုက်လာတဲ့ METALLIC INK လိုချင်လားရတယ်။ အရင် အမေရိကန် ငွေစက္ကူမှာ ပထမဆုံးအသုံးပြုတဲ့ OVI ခေါ်တဲ့ Optically Variable Ink လားရမယ်။ ဘယ်အရောင်ကနေ ဘယ် အရောင်ပြောင်းတာ...

စာသင်ခန်း မရောက်နိုင်တော့တဲ့ မူလတန်းပြ ဆရာမလေး…

ရမ်းဗြဲမြို့နယ် မီးကျောင်းတက်ရွာနဲ့ သပြေကျွန်းရွာအကြား ကျေးလက်ကားလမ်းမှာမှုခင်းဖြစ်ပွားခဲ့တာပါ..ဆရာမလေး နာမည်က မမေဇင်နှင်း လို့ ခေါ်ပါတယ်..။ ဆရာမ ဆိုတာ ..နာ (၃) နာနဲ့..တစ်ပြားမရှိ တပည့်မရှား ပီတိကိုစား အားရှိ၏ ဆိုသလို..ကျောင်းသား ကျောင်းသူ ကလေးလေးတွေကို စာတတ်မြောက်ဖို့ အတွက် (၃) မိုင်လောက် ဝေးတဲ့ ခရီးကို ခြေကျင်လျှောက်ပြီး လာခဲ့တယ်..။ ကံအကြောင်းရယ် မလှတော့… တစ်ယောက်တည်း လာတဲ့လမ်းမှာ..ယုတ်မာပြီး သွေးဆာနေတဲ့ ကာမ မိစ္ဆာတွေက အသင့်စောင့်နေခဲ့တာ.. ဆရာမလေး မသိရှာဘူး..လူသူပြတ်တဲ့ ဒီလမ်းခရီးမှာ.. ကယ်ပါယူပါ..တစာစာ အော်ပေမယ့်လည်း..ကူသူမဲ့..ကယ်သူမဲ့လို့… ဆရာမလေးရဲ့ အဖြစ်ဆိုးက.. မတွေးရက်စရာ..။ ယုတ်မာလိုက်တဲ့ ကာမ မိစ္ဆာတွေက အသွေး..အသား.. ကို ယူယုံ မျှ မက..ဆရာမလေး ရဲ့ အသက်ကိုပါ ယူခဲ့ပြီ…ရက်စက်လိုက်ကြတာ…တဖက်ရွာမှာ..တပည့်တွေ က တော့ ဆရာမလေး စာလာသင်ပေးမှာကို စာအုပ်လေးနဲ့ စောင့်နေကြလို့…ကျောင်းအုပ်ကြီး...

နှလုံး မရှိပဲ ၁ နှစ်ကျော် အသက်ရှင်ခဲ့သူ

အမေရိကန် မီချီကန်က အသက် ၂၅နှစ် အရွယ် Stan Larkin ဆိုသူဟာ နှလုံးမရှိပဲ ၁၇လကြာနေထိုင်ခဲ့ပြီးနောက် ဆေးလောကရဲ့ စံချိန်သစ်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Stan Larkin ရဲ့ နှလုံးဟာ မျိုးရိုးပြဿနာကြောင့် ငယ်စဉ်ကတည်းက ရောဂါခဏခဏဖြစ်ကာ ခြူခြာလေ့ရှိပါတယ်။ တဖြည်းဖြည်းနဲ့ ဆိုးရွားလာပြီးနောက် အစားမထိုးလို့မဖြစ်တဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် အစ်ကိုဖြစ်သူဟာ သူ့အတွက် အမျိုးအစားတူတဲ့ နှလုံးကို လိုက်လံရှာဖွေခဲ့ရပါတယ်။ ဒီလိုရှာဖွေနေတဲ့အချိန်မှာ မူလနှလုံးနဲ့အသရှင်ဖို့မဖြစ်နိုင်တော့တဲ့ Larkin အတွက် ဆေးသိပ္ပံအင်ဂျင်နီယာတွေက နှလုံးအတုတစ်ခုကို ဖန်တီးပေးခဲ့ကြပါတယ်။ အခြေခံအားဖြင့် နှလုံးရဲ့လုပ်ဆောင်ပုံနဲ့တူညီတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး ဒီပစ္စည်းကို သွားလေရာမှာ ယူဆောင်သွားရမှာဖြစ်ပါတယ်။ ဒီပစ္စည်းတပ်ဆင်ထားတာကြောင့် သာမန်လူတွေလိုတော့ ကစားနိုင် ၊ ပြေးနိုင်မှာ မဟုတ်ပါဘူး။ အစားထိုးခဲ့ရပေမယ့် ဆရာဝန်တွေကတော့ ဒီပစ္စည်းဟာ နှလုံးနေရာမှာ အချိန်အနည်းငယ်သာ အစားထိုးနိုင် လိမ့်မယ်လို့ ထင်ထားကြပါတယ်။ အမျိုးအစားတူတဲ့ လှူဒါန်းထားတဲ့နှလုံးတစ်ခု...

မြင်းခွာရွက်က သင့်ကျန်းမာရေးအတွက် အလွန်အထောက်အကူ ဖြစ်စေသည်

ဒီရောဂါတွေရှိရင် မြင်းခွါရွက်ပဲစားလိုက်ပါ မြင်းခွာရွက်က သင့်ကျန်းမာရေးအတွက် အလွန်အထောက်အကူ ဖြစ်စေတာကို သိပြီးသား ဖြစ်မှာပါ။မြင်းခွာရွက်ကို တစ်နေ့ (၃) ရွက်လောက် စားပေးခြင်းဖြင့် နုပျိုနေစေပြီး လိင်ကိစ္စမှာပါ အစွမ်းတက်စေပါတယ်။မြင်းခွာရွက်ကို အရွက်သုပ်အဖြစ်၊ တို့စရာအဖြစ် စားတာအပြင် အရည်ညှစ်ပြီးလည်း သုံးနိုင်ပါသေးတယ်။ ကျန်းမာကြံ့ခိုင်ပြီး ခွန်အားတိုးစေဖို့အတွက်ဆိုရင် သကြား၊ ပျားရည်နဲ့ ရောစပ်ထားတဲ့ ဖျော်ရည်ကို နေ့စဉ် သောက်ပေးပါ။အသက်ရှည်ပြီး အနာကင်းဝေးချင်တယ်ဆိုရင် မြင်းခွာရွက်အရည်ကို ငရုတ်ကောင်း၊ ပျားရည်နဲ့ ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးထဲ သွေးပါခြင်း နာကျင်ကိုက်ခဲခြင်း၊ တို့ကိုလည်း ပျောက်ကင်းစေပါတယ်။ သွေးတိုးရောဂါကို သက်သာစေချင်ရင် အရွက်ကို အခြောက်ခံပြီး အမှုန့်ကြိတ်ပြီး လက်ဖက်ခြောက်အဖြစ် သောက်ပေးလို့ ရပါတယ်။ခြေလက်နဲ့ ဒူးခေါင်း နာကျင်တာ၊ ခြေဆစ်၊ လက်ဆစ်ညပ်တာတွေအတွက် ရေနံဆီနဲ့ ရောစပ်ပြီး နှိပ်နယ်လိမ်းကျံပေးလိုက်ပါ။ အရေပြားမှာ ယားယံတာ၊ အရေပြားမှာ အနာ ဖြစ်တာပွန်းပဲ့ရှနာထိခိုက်ဒဏ်ရာဖြစ်တာတွေအတွက်...

တစ်မျိုးသားလုံးနဲ့သက်ဆိုင်လာပြီဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်မှ ကြောက်မက်ဖွယ် HIV အန္တရာယ်

နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုးအဓွန့်ရှည်တည်တံ့ဖို့ဆိုတာတစ်မျိုးသားလုံးမှာတာဝန်ရှိပါတယ်။အဲဒီလိုပဲကိုယ့်လူမျိုးရဲ့ကျန်းမာရေး၊ပညာရေးနဲ့စားဝတ်နေရေးတွေဟာလည်း လူတစ်ဦးတစ်ယောက်ချင်းစီမှာတာဝန်ရှိတယ်ဆိုရင်မမှားပါဘူး။အခုဆိုရင်တော့ တစ်မျိုးသားလုံးလျစ်လျူရှု့နေလို့မရတဲ့ ကြောက်မက်ဖွယ်အန္တရာယ်ကြီးက တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်ပွားပျံ့နှံ့လို့နေပါပြီ။ ဖြစ်ပုံကတော့ဒီလိုပါ။ တရုတ်-မြန်မာ နယ်စပ်က ထရပ်ကားဒရိုင်ဘာတစ်ယောက်မှာHIV နဲ့အလားသဏ္ဍာန်တူတဲ့ ကြောက်မက်ဖွယ်ကူးစက်ရောဂါပိုးတစ်မျိုးပျံ့နှံ့လျက်ရှိကြောင်းတရုတ်နိုင်ငံက စမ်းသပ်တွေ့ရှိချက်တစ်ခုကိုထုတ်ပြန်လိုက်ပါပြီ။ အဲဒီ ရောဂါပိုးက လောလောဆယ်HIV မဟုတ်သေးပေမယ့် AIDS ရောဂါ ဖြစ်လာဖို့အလားအလာအများကြီးရှိတဲ့ ရောဂါပိုးအမျိုးအစားဖြစ်တယ်လို့ဆိုပါတယ်။AIDS Research and Human Retro Viruses ဂျာနယ်မှာပါဝင်တဲ့ သတင်းထုတ်ပြန်ချက်အရAIDS ဖြစ်လာနိုင်တဲ့ ရောဂါပိုးဟာ အခြားသောရောဂါပိုးတွေထက် 14 ဆလောက် မျိုးပွားနှုန်းပိုမိုမြန်ဆန်ကြောင်းသိရပါတယ်။ဒါ့အပြင် ထရပ်ကားဒရိုင်ဘာမှာတွေ့ရှိရတဲ့ ရောဂါပိုးတွေက အလွန်များပြားတဲ့ပမာဏဖြစ်တဲ့အတွက်အဆိုပါကားဒရိုင်ဘာဟာ အကာအကွယ်မရှိတဲ့ လိင်ဆက်ဆံမှုကို ကြိမ်ဖန်များစွာပြုလုပ်ထားသူတစ်ဦးဖြစ်နိုင်ကြောင်းခန့်မှန်းရပြီးHIV ရောဂါပိုးရှိတဲ့ အပျော်မယ်တွေနဲ့ ခဏတိုင်းပျော်ပါးဖူးသူလည်းဖြစ်နိုင်ကြောင်းကောက်ချက်ဆွဲနိုင်ပါတယ်။ ဒရိုင်ဘာဖြစ်သူဟာ မြန်မာပြည်မြောက်ပိုင်းဇာတိဖြစ်ပြီး ယူနန်တောင်ပိုင်းနဲ့အခြားတရုတ်ပြည်နယ်တွေကို မကြာခဏဖြတ်သန်းသွားလာနေသူတစ်ဦိးဖြစ်ပါတယ်။ မြန်မာနဲ့တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့India မှာဆိုရင် ထရပ်ကားဒရိုင်ဘာတွေရဲ့ ပြည်တွင်းအပျော်မယ်တွေကိုကျယ်ပြန့်စွာအသုံးပြုခြင်းဟာနိုင်ငံတွင်း HIV ပြန့်ပွားနှုန်းရဲ့အဓိကအကြောင်းအချက်တစ်ခုလည်းဖြစ်ပါတယ်။ Kunming Institute of Zoology က Professor ZhengYongtang...