Monthly Archive: December, 2018

ကမ္ဘာ့အမြင့်မားဆုံး ဗုဒ္ဓရုပ်ပွားတော် ဖူးမြှော်ဖို့ မျှဝေလိုက်ပါပြီ

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ တည်ထားတဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် ကြီးက ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဗုဒ္ဓရုပ် ပွားတော်ကြီးလည်း ဖြစ်ပါတယ်။ ဉာဏ် တော်အမြင့်က ပေ ၄၂၀ ရှိပြီး ဧရာမ ကြေး နီအတုံးပေါင်း ၁၁၀၀ နဲ့ တည်ထားတဲ့ ဗုဒ္ဓ ရုပ်ပွားတော်ကြီးလည်းဖြစ်ပါတယ်။ ၆၅ ပေရှိတဲ့ ကြာပလ္လင်ပေါ်မှာ တည်ထားတာ ဖြစ်ပြီး အနီးအနားမှာတည်ရှိတဲ့ ရေပူစမ်း တစ်ခုကို အစွဲပြုကာ စမ်းရေကျောင်း တော်ဗုဒ္ဓရုပ်ပွားတော် (Spring Temple Buddha)လို့ ခေါ်ဆိုကြတယ်လို့လည်း သိရပါတယ်။ ရုပ်ပွားတော်တစ်ခုလုံးမှာ ကြေးနီနဲ့စတီးလ်တွေကို အများ ဆုံးအသုံး ပြုထားပြီး ရွှေလည်းပါရှိတယ် လို့သိရပါ တယ်။ အာဖဂနစ္စတန်နိုင်ငံမှာ ဘာမီယန် ဗုဒ္ဓရုပ်ပွားတော်တွေကို တာလီဘန်အ ကြမ်းဖက်အဖွဲ့က ဖြိုဖျက်ပစ်ခဲ့တာကို တုံ့ ပြန်တဲ့အနေနဲ့ ဒီရပ်တော်မူ ရုပ်ပွားတော် ကြီးကို တည်ထားခဲ့တာလို့လည်း သိရပါ...

မန်လည်ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် ထူးခြားသောဖြစ်ရပ်

မန်လည်ဆရာတော်ဟု ဆိုလျှင် ယနေ့ခေတ်တိုင် သိသူများစွာ ရှိနေကြဦးမည်။ ဆရာတော်ကြီး၏ လက်ရာမွန်များအနက် မာဃဒေ၀လင်္ကာသစ်ကို ယနေ့ထိတိုင် သုံးနေကြတုန်းပင်။ ထိုကျမ်းကို ဆရာတော်ကြီးသည် ရဟန်း ၁၀ ၀ါတွင် စတင်ရေးခဲ့ပြီး မအားမလပ်သော သာသနာ့တာဝန်များကြောင့် ၃၃နှစ်ကြာ ၁၂၆၆ ခုနှစ်မှ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ဆရာတော်ကြီးအား သာယာဝတီမင်းလက်ထက် စစ်ကိုင်းမြို့ အင်းတော်မြို့နယ် မန်လည်မြို့တွင် မွေးဖွားခဲ့ပြီး မိဘနှစ်ပါး မှာ ဦးထင်ညို နှင့်ဒေါ်ဖြေ ဖြစ်ပြီး လူနာမည် မောင်မာ ဖြစ်သည်။ ပိဋကတ်စာပေကျမ်းဂန်များကို ငယ်စဉ်ကပင် ဆရာနည်းကျကျသင်ယူခဲ့ပြီး ဘင်္ဂလီ ၊ နာဂရီ ၊ သီဟိုဠ် ၊ သက္ကတ ၊ မာဂဓ စသည့် ဘာသာမျိုးစုံကို တတ်ကျွမ်းခဲ့သူဖြစ်သည်။ ထိုခေတ်ထိုအခါက ဆရာတော်ကြီးများ အတုယူခဲ့ရပြီး စာပေေ လာကအတွက် အဖိုးမဖြတ်နိုင်သူဖြစ်သည်။ အရေး ၊ အဟော...

မင်္ဂလာဆောင်မှာ မေတ္တာလက်ဆောင်ပြန်ပေးတဲ့ ထီလက်မှတ်ထဲက သိန်းတစ်ထောင် ဆုကြီး ပေါက်ခဲ့သူ

အထူးဂုဏ်ယူဝမ်းမြောက် အမှတ်တရဖြစ်ရပါတယ်ခင်ဗျာကျွန်တော်တို့မင်္ဂလာဆောင် တွင်မေတ္တာလက်ဆောင်ပြန်လည်ချီးမြှင့်သောထီလက်မှတ်ထဲက သိန်းတစ်ထောင်ဆုကြီးကို ဆွတ်ခူးရရှိသွားသောမန်ကျည်းကန်ကျေးရွာမှ ဒေါ်မြင့်စန်း ဖြစ်ပါတယ်ခင်ဗျာ အထူးဂုဏ်ယူဝမ်းမြောက် အမှတ်တရဖြစ်ရပါတယ်ခင်ဗျာ  Credit – Ko Lay

မြွေကိုက်လို့သေသွားပြီး နှစ်၄၀အကြာမှ ပြန်ရောက်လာတဲ့ အမျိုးသမီးကြီး

ဒီအဖြစ်ပျက်ကတော့တကယ့်ကို ကြုံဖူးမှပဲယုံရမယ့်အဖြစ်ပါ။အိန္ဒိယနိုင်ငံကKanpur’s Bidhnoo အမည်ရရွာကလေးတစ်ရွာမှာလက်ရှိအချိန်ထိအသက်ရှင်နေဆဲဖြစ်တဲ့အဖွားVilasaရဲ့အဖြစ်ဟာအလွန်ကိုအံ့သြစရာ ကောင်းပါတယ်။သူမဟာ အခုဆိုအသက်82 နှစ်ရှိပါပြီ။Vilasaအသက်40အရွယ်တုန်းက နွားစာရှာဖွေစဉ်မှာ တောကြီးမြွေဟောက်ကိုက်တာကိုခံခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်ဟာလွန်ခဲ့တဲ့1976ခုနှစ်က ဖြစ်ခဲ့တာပါ။Vilasa မှာသမီးနှစ်ယောက်ရှိပြီး၊ကလေးတွေကသူမကို ဒေသန္တရ ဆေးခန်းဆီကို ပို့ခဲ့ကြပါတယ်။ဒါပေမယ့်လမ်းမှာတင်ပဲကျွမ်းကျင်သူတွေက Vilasa သေဆုံးသွားပြီဆို တာ သိရှိခဲ့တယ်လို့ဆိုပါတယ်။ ဆေးခန်းမှာရှိနေတဲ့ဆရာဝန်ကလည်းအမျိုးမျိုးစမ်းသပ်ပြီး သေဆုံးကြောင်းအတည်ပြု ခဲ့ကြပါတယ်။ ဒါကြောင့်သမီးဖြစ်တဲ့ Ram Kumari နဲ့ Munniတို့ဟာမိခင်ရဲ့ ရုပ်အလောင်းကို ပြင်ဆင်ပြီး၊ဘာသာရေးထုံးစံအတိုင်းဂင်္ဂါမြစ်ထဲကို မျှောခဲ့ကြပါတယ်။ဆယ်စုနှစ် လေးစုကျော် ကျော်လွန်တဲ့အခါမှာတော့သမီးတွေတောင်အသက်60နီးပါးကို ရောက်နေကြပါပြီ။ဒါပေမယ့်အိမ်ရှေ့တံခါးဝမှာဘယ်သူလဲလို့ ကြည့်လိုက်တော့ညီမနှစ်ယောက်စလုံးအံ့သြမင်သက်သွားကြပါတယ်။ သူမတို့အမေVilasa ဖြစ်နေလို့ပါ။သေချာမှ နှစ်ယောက်သားအမေလို့ ပြေးပြီး ခေါ်ခဲ့ကြပါတယ်။သေရွာကဘယ်လိုလုပ် ပြန်ရှင်လာတာလဲဝမ်းသာအားရ မေးတော့Vilasa ကသူမဟာ သေဆုံးခြင်းမဟုတ်ပဲ မေ့မျော့နေခဲ့တာသာ ဖြစ် ကြောင်းသူမကိုတင်ဆောင်လာတဲ့ဝါးဖောင်ငယ်ဟာRamsaran မြို့နယ်ကSarai Thekuရွာကလေးမှာသောင်တင်ခဲ့ကြောင်း၊ ထိုရွာဟာKannaujဒီစတြိတ်မှာတည်ရှိကြောင်းဆိုပါတယ်။ အဲဒီရွာကလူတွေကသူမကိုသတိပြန်လည်လာအောင် ပြုလုပ်ခဲ့ပြီး ဆေးဝါးလည်းကုသပေးခဲ့ကြောင်း၊သူမအသက်မ သေတာတစ်ရွာလုံးသက်သေရှိနေသေးကြောင်းရှင်းပြပါတယ်။Vilasaရွာကို ပြန်ရောက်ကာစမှာမှတ်ဉာဏ်အချို့ဆုံးရှုံးနေခဲ့လို့ဦလေးကိုခေါ်ကာဇာတ်ကြောင်းတွေ ပြန်ပြောခဲ့ရသေးတယ်လို့ဆိုပါတယ်။ အစကတော့ရုပ်ချင်းဆင်တူသူတစ်ယောက်ကဟန်ဆောင်နေတာတို့သမီးနှစ်ယောက်ကထင်ခဲ့ပေမယ့်သူမတို့မှတ်သာထားတဲ့မိခင်ရဲ့ အမှတ်အသား တွေကအထင်အရှားရှိနေသေးလို့အမေအရင်းဖြစ်ကြောင်းအတည်ပြုခဲ့ကြတယ်လို့သိရပါတယ်။ဘာလို့ နှစ်ပေါင်း40မှ ပြန်လာခဲ့ရတာလဲဆိုတဲ့...

ရောင်းစားခြင်းခံလိုက်ရတဲ့ ဆေးတက္ကသိုလ်ရှေ့က လိပ်ခုံး

“လိပ်ခုံးပါလားဟေ့” ဆိုတဲ့ ကားစပါယ်ယာရဲ့ အသံနဲ့အတူ ဆေးတက္ကသိုလ် ကျောင်းသားတွေ၊ ပညာရေးတက္ကသိုလ် ကျောင်းသားတွေ ဒီမှတ်တိုင်မှာဆင်းပြီး မိမိတို့ဆိုင်ရာဆိုင်ရာ စာသင်ခန်း သွားခဲ့ကြတာတွေကို သတိရနေမိတယ်။ လိပ်ခုံးလို့ ခရီးသည်အများ သိနေတာက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ပြည်လမ်းပေါ်ကကြည့်ရင် လိပ်ကျောကုန်းနဲ့တူတဲ့ အဆောက်အုံငယ်လေးတခုပဲ။ သူ့နောက်ဘက်မှာတော့ ဆေးတက္ကသိုလ် စာသင်ခန်းမကြီးရှိတယ်။ ဆေးကျောင်းသားတို့ရဲ့ စာသင်ခန်း နောက်ဘက်မှာတော့ ပညာရေးတက္ကသိုလ် ကျောင်းဆောင်နဲ့ စာသင်ခန်းတွေ ရှိတာပေါ့။ အဲဒီအဆောက်အုံတွေရဲ့ ရှေ့မျက်နှာစာမှာတော့ ပြည်လမ်းမပေါ်ကနေ လှမ်းမြင်နိုင်တဲ့ လိပ်ခုံးခန်းမကို အထီးထီး မြင်နေရတယ်။ သူ့ရှေ့မှာ ရေကန်ငယ်နဲ့ မြက်ခင်းပြင်လေးကလည်း အဆောက်အအုံရဲ့ အလှကို ဖော်ညွှန်းနေပါတယ်။ အဲဒီ လိပ်ကလေးရဲ့ရှေ့မှာ “အဆည” လို့ခေါ်တဲ့ အဆင့်မြင့်ပညာဦးစီးဌာနဆိုတဲ့ အဆောက်အအုံရှိတယ်။ အဲဒီအချိန်က ကျောင်းသားတွေက အဲဒီအဆောက်အအုံဝန်းကြီးကို ကြည့်ပြီး ပညာရေးညံ့တာလည်း မပြောနဲ့၊ အဆင့်မြင့်ပညာဆီကို လိပ်ကလေးရဲ့ အလျင်နှုန်းနဲ့ သွားနေတာကိုးလို့ ပြောစမှတ်ပြုခဲ့ကြတယ်။...

ချောင်းအရမ်းဆိုးပြီး ရင်ကြပ်တဲ့ သူတွေအတွက် အရမ်းလွယ်ကူပြီး ငွေကုန်သက်သာစေမယ့် ဆေးနည်း

ချောင်းအရမ်းဆိုးပြီးရင်ကြပ်တဲ့သူတွေအတွက်ဒီဆေးနည်းလေးလမ်းညွှန်ပါရစေကိုယ်တိုင်လည်းတပတ်လောက်ချောင်းဆိုးလို့ဒီနည်းလေးနဲ့ပျောက်ခဲ့တာလက်တွေ့ပါပဲ။အလွယ်ကူဆုံးသဘာဝနည်းလမ်းလေးကိုဝေမျှပါရစေ။အရမ်းလွယ်ကူပီးငွေကုန်သက်သာစေမယ့် နည်းလေးပါ။ ပါဝင်တဲ့ပစ္စည်းကတော့လိမ္မော်သီး(သို့မဟုတ်)ကဗ္ဗလာသီး(သို့မဟုတ်)ရှောက်ချိုသီးသုံးလို့ရပါတယ်။ကျွန်မကတော့လိမ္မော်သီးလေးနဲ့အဆင်ပြေသွားပါတယ်။ဆားအနည်းငယ်(လက်ဖက်ရည်ဇွန်းတဇွန်း)သွားကြားထိုးတံပြုလုပ်ပုံအဆင့်အဆင့်ကိုတော့ ပုံအောက်မှာရေးသားထားပါသည်။ Credit : မူရင်းရေးသားသူ

(၂၁)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့ မှ ကံထူး

(၂၁)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို ယနေ့ (ဒီဇင်ဘာ ၁)နံနက်ကပြုလုပ်ခဲ့ရာ အမြင့်ဆုံးထီဆုကြီးဖြစ်သည့် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးတိုင်းဒေသကြီးမှပင် ဆွတ်ခူးသွားခဲ့သည်။ အဆိုပါ ကျပ်သိန်း တစ်သောင်းဆု ဎ ၃၉၃၀၂၀ နံပတ်ကို ပဲခူးမြို့ ရှိ ရွှေမြန်မာ ရတနာမိုး ပဲခူးတက်နေဝင်းပင်ရင်းထီဆိုင်မှတစ်ဆင့်ဝေါဘုရားကြီးအနားရှိ မြတ်သိန်းစိုး(ဝေါ)ထီဆိုင်တွင် ကံစမ်းခဲ့သူတစ်ဦးကဆွတ်ခူးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် (၂၀ )ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးမြို့ မှ စက်ဘီးပြင်ဆိုင်ဖွင့်သည့် အသက် ၇၄ နှစ်အရွယ်ရှိအဘိုးနှင့်အဘွားမောင်နှံက ဆွတ်ခူးခဲ့သလို ယခု ၂၁ ကြိမ်မြောက်တွင်လည်း ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ် ရှမ်းစုရွာမှ မဝင်းအေးက ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကာ ဝေါဈေးတွင် ဈေးရောင်းချနေသူဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။ ရတနာမိုးပဲခူးတက်နေဝင်းပင်ရင်းထီဆိုင်ကမူကျပ်သိန်း တစ်သောင်းဆုကို ၂ လဆက်တိုက်ဆွတ်ခူးပေးနိုင်ခဲ့ကြောင်းနှင့် ကံထူးရှင်ကို အတိအကျ ဆက်လက်ကြေညာပေးမည်ဟု ကြေညာထားသည်ကို တွေ့ ရသည်။ Creditး Tnw...

တစ်နေ့(၈)နာရီထက် ပိုအိပ်လိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ်ဆိုးကျိုးများ

ကျန်းမာရေး ကောင်းချင်လား အိပ်ရေး၀၀အိပ်ပါ၊ လှချင်လား အိပ်ရေး၀၀ အိပ်ပါ၊မှတ်ဉာဏ်ကောင်းချင်လားအိပ်ရေး၀၀အိပ်ပါ စသဖြင့်အိပ်ချိန်လုံလုံလောက်လောက်အိပ်ဖို့အကြံပေးတဲ့စကားတွေနဲ့အိပ်ချိန်မလုံလောက်တဲ့အခါဖြစ်လာမယ့်ဆိုးကျိုးတွေအကြောင်းကိုအမြဲလိုလိုကြားဖူးနေမှာပါ။ဒါပေမယ့်တစ်နေ့မှာအိပ်သင့်တဲ့အချိန်ထက်ပိုပြီးအိပ်လိုက်တဲ့အခါမှာဖြစ်လာမယ့်ဆိုးကျိုးတွေကိုလည်း သိထားသင့်တာမို့ ဖော်ပြပေးလိုက်ပါတယ်။ (၁) အ၀လွန်ရောဂါ အလွန်အကျွံအိပ်ခြင်းဟာခန္ဓာကိုယ်ထဲမှာအဆီတွေစုလာစေပြီးနောက်ပိုင်းအဲ့ဒီအဆီတွေကလည်းချရအင်မတန်ခက်လာတဲ့အထိဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အိပ်ချိန်တွေအများကြီးအိပ်ပြီးရင်ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးဖို့လိုပါတယ်။ (၂)ခေါင်းကိုက်ရောဂါ အိပ်သင့်တဲ့အချိန်ထက်အများကြီးပိုအိပ်လိုက်တဲ့အခါလေးလံထိုင်းမှိုင်းမှုတွေဖြစ်လာပြီးခေါင်းကိုက်တတ်ပါတယ်။အလွန်အကျွံအိပ်ပြီး ခေါင်းကိုက်တာမျိုးက ပိတ်ရက်တွေမှာ ပိုဖြစ်နိုင်တာမို့WeekendHeadacheလို့ခေါ်ပါတယ်။အဲ့ဒီလိုဆက်တိုက် ဖြစ်လာရင် ခေါင်းတစ်ခြမ်းကိုက်ရောဂါတောင် ဖြစ်သွားနိုင်ပါတယ်။ (၃) နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ၉ နာရီနဲ့အထက်အိပ်လိုက်တဲ့အခါ သွေးထဲကသကြားတွေစုပုံလာပြီး ဆီးချိုရောဂါနဲ့နှလုံးရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။ (၄) အရေးအကြောင်းများ နောက်တစ်မျိုးကတော့ပျိုမေတို့ကိုလုံးဝခြိမ်းခြောက်နိုင်မယ့်အရာပါ။အဲ့ဒါကအိပ်ချိန်များများအိပ်လိုက်တဲ့အခါအရွယ်မတိုင်မီအိုမင်းရင့်ရော်မှုကိုဖြစ်စေပြီးမျက်နှာပေါ်မှာအရေးအကြောင်းတွေပိုများလာစေတာကြောင့်ရှိရင်းစွဲအသက်ထက်နှစ်နှစ်ပိုကြီးတဲ့ရုပ်ရည်ကိုဖြစ်စေနိုင်ပါတယ်။ (၅) စိတ်ကျရောဂါ အိပ်ချိန်များများအိပ်လိုက်တဲ့အခါခန္ဓာကိုယ်ထဲကပုံမှန်လည်ပတ်နေတဲ့ဖြစ်စဉ်တွေကိုကမောက်ကမဖြစ်စေတာကြောင့်နောက်ရက်တွေမှာ အိပ်ချိန်မမှန်ခြင်း၊ အိပ်ရေးမ၀ခြင်းတွေဖြစ်စေပါတယ်။ အဲ့ဒါကတဆင့် စိတ်ကျရောဂါကိုပါဖြစ်စေနိုင်တာပါ။ (၆) ကလေးမရနိုင်ခြင်း အလွန်အကျွံအိပ်တာရဲ့အရမ်းကြောက်စရာကောင်းတဲ့ဆိုးကျိုးတစ်ခုကကလေးရနိုင်ချေနည်းလာခြင်းပဲဖြစ်ပါတယ်။အရွယ်ရောက်ပြီးသားလူတစ်ယောက်ကတစ်နေ့မှာ၆နာရီကနေ၈နာရီလောက်အိပ်တာကအသင့်တော်ဆုံးပါတစ်နေ့တာအိပ်စက်ချိန်က ၉ နာရီအထက်များနေရင် ကလေးရနိုင်ချေတဖြည်းဖြည်းနည်းလာနိုင်ပါတယ်။ (၇) သေဆုံးခြင်း အိပ်စက်နေတဲ့အချိန်မှာလည်းခန္ဓာကိုယ်ထဲမှာပုံမှန်လည်ပတ်နေပါတယ်။ဒါကြောင့်အိပ်တဲ့အချိန်အရမ်းများသွားတဲ့အခါခန္ဓာကိုယ်ထဲမှာသွေးလှည့်ပတ်မှုကအစပုံမှန်မဟုတ်တော့ဘဲကမောက်ကမတွေဖြစ်လာပါတယ်။အခန့််မသင့်ရင်အိပ်နေရင်းသေဆုံးတာမျိုးတွေပါ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။ Credit -Aunty May

ဝါးတရာကျေးရွာက သိန်းပေါင်း(၅၀၀)ကျော် ကွန်ကရစ်လမ်း ခင်းကျင်းလှူဒါန်းတဲ့ တစ်ဦးတည်းအလှူရှင်

စာရေးသူမှ အကြောင်းကိစ္စတစ်ခုဖြင့် ရွှေပြည်သာ မြို့နယ် အမှတ်(၂၃)ရပ်ကွက် ဝါးတရာကျေးရွာသို့ လိန်ကုန်း-ဝါးတရာ စက်မှုလမ်းမကြီးအတိုင်းဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ရာလမ်းတစ်လျှောက်တွင်ဖုန်တွေကတစ်ထောင်းထောင်းချိုင့်ခွက်တွေကလည်း(လ)မျက်နှာပြင်ထဲဆိုင်ကယ်မောင်းနေရသလိုဘယ်ချိုးလိုက်ညာဝိုက်လိုက်နဲ့ချိုင့်တွေရှောင်လိုက်ရတာလက်တွေလဲညောင်း လို့ စိတ်လဲမသက်မသာ ဖြစ်ခဲ့ရတယ်။ အဲ့လိုနဲ့မောင်းလာလိုက်တာတော်တော်ကြာကြာလေးမောင်းလိုက်မှဝါးတရာကျေးရွာကိုညနေ(၅)နာရီလောက်မှာရောက်ရှိသွားတယ် တစ်ကိုယ်လုံးလဲ ဖုန်တွေနဲ့ဖြူဖွေးနေသလို ပါးစပ်ထဲမှလဲကျလိကျလိဖြစ်နေပြီစိတ်ထဲမှာလဲဒီလမ်းမကြီးခင်းပေးဖို့ တစ်မြို့ နယ်လုံး ဝိုင်းအော်နေကြတာ ဖုန်တွေသာ ပိုထူလာတယ် ဘာမှထူးမလာဘူးလို့ တွေးနေမိတယ်။ ဝါးတရာရွာထဲရောက်တာတော့ ရွာရဲ့အဓိကဈေး လမ်းဖြစ်တဲ့ ဘုန်းကြီးကျောင်းလမ်းပေါ်မှာ ကွန်ကရစ်လမ်း ကြီးခင်းနေတာ တွေ့လိုက်ရတယ်စာရေးသူကလဲလမ်းခင်းတာတွေ့ရင်ဘယ်နေရာမှာလမ်းခင်းခင်းဝမ်းသာပီတိဖြစ်တဲ့အကျင့်ကရှိနေတယ်လေအဲ့ဒါနဲ့ဒီလမ်းကြီးကိုဘယ်ကခင်းတာလဲလို့မေးလိုက်တော့ရွာသူရွာသားတွေကအားတက်သရောနဲ့ပြောပြတယ်အလှူရှင်တစ်ဦး တည်းကနေ ခင်းတာပါတဲ့ စာရေးသူလည်းသိလိုက်ရ တော့ ပီတိဖြစ်ပြီး သာဓုခေါ်လိုက်တယ်ဗျ။ စာရေးသူကသတင်းထောက်တစ်ဦးလည်းဖြစ်နေပြန်တော့တတ်သည့်ပညာမနေသာဘဲလိုက်စပ်စုတော့တာပေါ့အဲ့ဒါနဲ့လမ်းခင်းနေတဲ့နေရာတစ်ပိုင်းမှာဝါးတရာကျေးရွာအုပ်ချုပ်ရေးမှူးကိုလေးမြင့်နဲ့တွေ့တော့လမ်းနဲ့ပတ်သတ်ပြီးမေးမြန်းကြည့်တဲ့အခါ??ဒီလမ်းကိုဝါးတရာကျေးရွာနေအလှူရှင်ဦးအောင်ဖြိုးဇနီးဒေါ်မြင့်မြင့်မော်(အောင်ဖြိုးအုတ်သဲကျောက်ရောင်းဝယ်ရေး)က တစ်ဦးတည်းအကုန်အကျခံပြီးခင်းပေးနေတာဖြစ်ပြီးဘုန်းကြီးလမ်းမှာထု(၇)လက္မအကျယ်(၁၈)ပေနဲ့ပေအရှည်(၁၅၅၀)ပေ ခင်းမည်ဖြစ်ပြီး မဂ္ဂင်လမ်းတွင် ထု(၆)လက္မ အကျယ်(၁၂)ပေနဲ့ ပေအရှည်(၃၀၀)ပေ ခင်းမှာဖြစ်ပြီး စုစုပေါင်း ပေအရှည် (၁၈၅၀)ပေဖြစ်ကြောင်းခန့်မှန်းကုန်ကျငွေသိန်းပေါင်း(၅၀၀)ကျော်အကုန်အကျခံကာလှူဒါန်း၍ခင်းပေးသွားမည်ဖြစ်ကြောင်း နှင့် အလှူရှင်မှာ လက်ရှိဝါးတရာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလေးမြင့်၏ အကိုအရင်းဖြစ်ကြောင်း လည်းသိခဲ့ရသည်။ မှတ်တမ်းတင် သာဓုခေါ်ဆိုလို၍ အလှူရှင်ကို တွေ့လိုကြောင်း ပြောရာ အလှူရှင် ဦးအောင်ဖြိုးမှာလမ်းခင်းသည့်နေရာတွင်...