Category: Uncategorized

မိုးကြိဳးပဈနေၿခိန်မွာ မိုဘိုင်းလ်ဖုန်းသုံးရင် ကိုယ့်ကို ထိမွန်မွာလား

နိုင်ငံတကာမှာရော မြန်မာပြည်က လူတွေဆီမှာပါ ယူဆချက်တစ်ခုရှိပါတယ်။ မိုးပြင်းထန်နေချိန်၊ မိုးကြိုး တွေ တစ်ဒိုင်းဒိုင်းပစ်နေချိန်တွေမှာ မိုဘိုင်းလ်ဖုန်းသုံးတာ၊ ဖုန်းပြောတာတွေ ပြုလုပ်မယ်ဆိုရင် လျှပ်စစ်ဓာတ်ကို ဆွဲယူမိပြီး အသုံးပြုနေသူကို လာရောက်ထိမှန်တတ်တယ်ဆိုတာပါပဲ။

ကိုဗစ်ကို လက်ရှိအချိန်အထိ အနိုင်ရရှိခြင်း မရှိသေးဟု အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး

မြန်မာႏိုင်ငံမွာ ကိုဗဈ-၁၉ေရာဂါကို အႏိုင်ရခြင်းမရွိေသးတဲ့အတွက် စည်းကမ်းမဲ့နေထိုင်မႈတွေကို ဂရုစိုကျဖို့ ႏိုင်ငံေတာ်အတိုင်ပင်ခံပုဂ္ဂိုလ် ေဒါ်ေအာင်ဆန်းစုကြည်က ဒီနေ့ညနပေိုငျးက လူမှုကှနျရကျစာမကျြနှာမှာရေးသားဖျောပွခဲ့ပါတယျ။

ဗီလိန်ဇာတ်ရုပ်တွေ ရိုက်ကြည့်ချင်တဲ့ သရုပ်ဆောင်ညိမ်းသော်

မော်ဒယ်တယောက်အနေနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာ သရုပ်ဆောင်တယောက်အနေနဲ့ ခြေလှမ်းများစွာလှမ်းလာခဲ့တဲ့ ညိမ်းသော်ကတော့ ဗီလိန်ဇာတ်ရုပ်ကို သရုပ်ဆောင်ကြည့်ချင်တယ်လို့ ပြောပါတယ်။

အာရှအလင်းရောင်ဆရာတော် တောင်ဒဂုံအစ္စလာမ်ဘာသာဝင်တွေကို နှစ်သိမ့်အားပေး

ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရခွင့်ပြုထားတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းရာနေရာကို ရဟန်းတချို့နဲ့ လူအယောက် ၁၀၀ ကျော်လောက်က မေလ ၁၅ရက် ညပိုင်းမှာ အကြမ်းဖက်အင်အားသုံး ပိတ်ပင်တားဆီးခဲ့တာကြောင့် မြို့နယ်အာဏာပိုင်တွေက ဒီဝတ်ပြုတဲ့နေရာကို ယာယီပိတ်ထားခဲ့ရပါတယ်။ ဒီကနေ့မနက်ပိုင်းကစပီး ၃နေရာလုံးမှာ ဝတ်ပြုမိန့် ခွင့်ပြုလိုက်ပြီလို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းမေတ္တာ အဖွဲ့မှ အစ္စလာမ် ကိုယ်စားလှယ် ဦးအေးလွင်က အခုလို ပြောပါတယ်။

တရားမဝင် ဝင်ရောက်မယ့် မြန်မာ ၁၀၀ ကျော် ထိုင်းနယ်ခြားစောင့်နဲ့ တိုး

ထိုင်းနယ်ခြားစောင့်တပ်တွေဖြစ်တဲ့ အမှတ် ၁၄၆ နဲ့ အမှတ် ၁၉ တပ်ရင်း တပ်ဖွဲ့ဝင်တွေဟာ ထိုင်းမြန်မာနယ်စပ် ပကျော့ခီရိကန်ခရိုင်အတွင်းမှာ လူမှောင်ခိုဂိုဏ်းတွေ ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းအရ ဟွေ့စိုင်ကျေးရွာ ဟွေရမ်ရေတံခွန် အနီး တောအုပ်အတွင်းမှာ စောင့်ဆိုင်း နေခဲ့တာပါ။ မေလ ၁၆ ရက်နေ့ကတော့ လူမှောင်ခိုသမားတွေ လာခေါ်မယ့် နေရာကို မြန်မာနိုင်ငံသား ၁၀၀ ဟာ လူပွဲစားလမ်းပြခေါ်ဆောင်သူတွေနဲ့ အတူ တောလမ်းအတိုင်း ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့ပါတယ်။

ကမ္ဘာ့အမြန်ဆုံးဖြစ်လာနိုင်မယ့် ကျည်ဆန်ရထားကိုစမ်းသပ်ခဲ့တဲ့ ဂျပန်နိုင်ငံ

တနာရီကို မိုင် ၂၅၀ နီးပါးသွားနိုင်တဲ့ ကမ္ဘာ့အမြန်ဆုံးဖြစ်လာနိုင်မယ့် ကျည်ဆန်ရထားကို ဂျပန်နိုင်ငံမှာ မေလ ၁၀ ရက်က စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ ၃ နှစ်ကြာ စမ်းသပ်မှုတွေအပြီးမှာတော့ Shinkansen ကျည်ဆန်ရထား မျိုးဆက်သစ် ALFA-X ကို ချပြနိုင်ခဲ့တာပါ။ ကျည်ဆန်ရထားတွေရဲ့ အစပြုရာ ဂျပန်နိုင်ငံဟာ တနှစ်ထက်တနှစ် အမြန်ဆုံးနဲ့ အရည်အသွေးမြင့် ကျည်ဆန်ရထား တွဲတွေကို စမ်းသပ်လာခဲ့ရာ အခုနောက်ဆုံးစမ်းသပ်မောင်းနှင်ပြသခဲ့တဲ့ အမျိုးအစားကတော့ ကမ္ဘာ့အမြန်ဆုံး စာရင်းဝင်ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ်တွေအတွက် အဆိုပါကျည်ဆန်ရထားကို အသုံးပြုနိုင်ဖို့အတွက်တော့ နောက်ထပ် ၁၀ နှစ်လောက်အချိန်ယူရမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်လောက်မှပဲ ပြေးဆွဲနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ မျိုးဆက် သစ် ALFA-X ဟာ နောက်ဆုံးပေါ်နည်းပညာသစ်တွေအသုံးပြုပြီး ပြင်ဆင်ထားတာမို့ ယခင်မျိုးဆက်ဟောင်း တွေထက် လိုဏ်ခေါင်းထဲဖြတ်သန်းသွားတဲ့အခါ အသံဆူညံမှုလျော့ချထားပြီး ငလျင်ဒဏ်ကိုလည်း ခံနိုင်ရည် ပိုရှိအောင် ပြင်ဆင်ထားပါတယ်။ ကမ္ဘာ့အမြန်ဆုံးဖြစ်လာမယ့်...

ထိုင်းရွေးကောက်ပွဲ Pheu Thai ပါတီ မဲအများစုရ

မတ်လ ၂၄ ရက်နေ့ကကျင်းပတဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲတွေမှာ ပြည်ပမှာရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ အဆက်အစပ်ရှိတဲ့ Pheu ထိုင်းပါတီက မဲဆန္ဒနယ်မြေ ၁၃၆ နေရာမှာ အနို်င်ရပြီး အများဆုံးအနိုင်ရတဲ့ပါတီဖြစ် တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ တရားဝင်ကြေညာလိုက်ပါတယ်။ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ Palang Pracharath ပါတီက ၉၇ နေရာမှာအနိုင်ရပြီး ဒုတိယ လိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဟာ ရလဒ်ထုတ်ပြန်ဖို့ အချိန်ဆွဲထားတယ်။ ရှုပ်ထွေးနေတဲ့ ကနဦး မဲရလဒ်တွေကို ထုတ်ပြန်ခဲ့တယ်ဆိုပြီး အပြင်းအထန် ဝေဖန်ခံနေရသလို စစ်တပ်ဘက်ကို ယိမ်းတယ်လို့လည်း စွပ်စွဲခံခဲ့ရတာပါ။ ထိုင်းအောက်လွှတ်တော်မှာ အမတ်နေရာ ၅၀၀ ရှိပြီး ၃၅၀ ကို လူထု တိုက်ရိုက်မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တာဖြစ်ပါတယ်။ အဲဒီထဲက ၃၄၉ နေရာကို ကော်မရှင်က အတည်ပြုထားပြီးပါပြီ။ ကျန်တဲ့အမတ်နေရာ ၁၅၀ ကိုတော့...

သရုပ်ဆောင် မိုးအောင်ရင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်

မူးယစ်ဆေးဝါးမှုနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်မိုးအောင်ရင်ဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ မေလ ၇ ရက်နေ့မှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ဖခင် အဆိုတော်အောင်ရင်ကတော့ “ကျနော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေ ဒီနေ့ လွတ်မြောက်ပါပြီခင်ဗျာ၊ လွတ်မြောက်ခွင့် ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူ လူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာ ပို့သပေးကြသူများအားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကျနော်တို့မိသားစုကို စောင့်ရှောက် ဖေးမကူညီကြသူများအားလုံးကိုရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၉ ရက်က မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်ရှိ သူ့ ရည်းစား နေအိမ်မှာ ရဲတပ်ဖွဲ့ကသွားရောက် ဖမ်းဆီးခဲ့ရာမှာ အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နဲ့ အတူ ဖမ်းမိခဲ့တာပါ။ ဒီနောက် ပုဇွန်တောင်မြို့နယ်တရားရုံးကနေ မူးယစ်​ဆေးဝါးနဲ့ စိတ်​ကိုပြောင်းလဲ...