Category: ကြားသိရသမျှ

လမ်းမလျှောက်နိုင်တဲ့မိခင်ကို (၁၅) နှစ်ကြာ သွားလေရာ ကျောပိုးခေါ်ခဲ့တဲ့ သား

Chongqing’s Qijiang ဒေသမှ Funiu ရွာရှိ အမျိုးသားတစ်ဦးဟာ မိခင်ဖြစ်သူကို သွားလေရာကျောပိုးပြီး ခေါ်သွားခဲ့တာ (၁၅)နှစ်လောက်ရှိနေပါပြီ။အသက်(၃၇)နှစ်အရွယ်WangXianqiangဟာသူ့ရဲ့ဘဝတစ်ခုလုံးကိုမိခင်ဖြစ်သူကိုပုံအောထားတာဖြစ်ပါတယ်။ “အမေကကျွန်တော့်အတွက်တော့ကမ္ဘာကြီးပါပဲ”တဲ့။Wangရဲ့မိခင်TianJingguiဟာWangအသက်(၁၄)နှစ်သားတုန်းကတည်းကအမြင့်မှပြုတ်ကျကာအောက်ပိုင်းသေသွားခဲ့တာပဲဖြစ်ပါတယ်။လမ်းမလျှောက်နိုင်တော့တဲ့အပြင်အိမ်အလုပ်တွေပါမလုပ်နိုင်တော့တာပါ။၂၀၀၃ခုနှစ်အထိWangရဲ့ဖခင်ကTianကိုကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။Wangရဲ့ဖခင်ရုတ်တရက်သေဆုံးသွားတဲ့အချိန်မှာတော့Wangဟာသူအလုပ်လုပ်နေတဲ့Zhejiangပြည်နယ်ကအလုပ်ကိုထွက်လိုက်ခဲ့ပြီးမိခင်ကိုပြုစုစောင့်ရှောက်ဖို့အတွက် Funiu ရွာကို ပြန်လာခဲ့ရပါတယ်။ ဆင်းရဲချို့တဲ့အပြင်ဝင်ငွေကလည်းမရှိတဲ့အတွက်နောက်ထပ်အလုပ်တစ်ခုထပ်ရှာဖို့Wangတစ်ယောက်စီစဉ်ထခဲ့ပါတယ်။ဒါပေမဲ့အောက်ပိုင်းသေနေတဲ့အတွက်တစ်ကိုယ်ရည်တစ်ကာယကိစ္စများပါသူများအားကိုးနေရတဲ့မိခင်ကြီးကိုအိမ်မှာတစ်ယောက်တည်းပစ်ထားလို့မရတဲ့အတွက်အလုပ်သွားရှာတိုင်းခေါ်သွားခဲ့ပါတယ်။ပိုက်ဆံခြွေတာနေရတဲ့အခြေအနေကြောင့်ပိုက်ဆံပေးစီးရတဲ့ယာဉ်တွေမစီးနိုင်တာမို့ခွန်အားသုံးကာမိခင်ကိုကျောပိုးရင်း(၁၅)နှစ်တိုင်တိုင်အလုပ်ရှာလိုက်ရတဲ့အလုပ်ဝင်လုပ်လိုက်နဲ့ နေနေရပါတယ်။ အရင်တုန်းကလည်းWangတို့သားအမိအကြောင်းသတင်းစာတွေထဲပါခဲ့ဖူးပါတယ်။အဲဒီသတင်းကိုဖတ်မိသွာားတဲ့စက်ရုံပိုင်ရှင်ဟာ Wang ကို ဆက်သွယ်ပြီး မိခင်ကို ခေါ်လာခွင့်ပါပြုကာ စက်ရုံမှာ သန့်ရှင်းရေးလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုံဟာ တစ်နှစ်မှာ (၆) လသာ ကုန်ထုတ်လုပ်မှုပြုလုပ်တာကြောင့်တစ်နှစ်ပတ်လုံးနေမှ(၆)လအလုပ်လုပ်ပြီးနောက်ထပ် (၆) လမှာတော့ Wang ဆီမှာ အလုပ်မရှိခဲ့ပါဘူး။“အမေကကျွန်တော့်အတွက်တော့ ကမ္ဘာကြီးပါပဲ” တဲ့။ အလုပ်လုပ်နေရတဲ့အချိန်အတိုင်းအတာတစ်ခုအတွင်းတော့စားဝတ်နေရေးအတွက်အဆင်ပြေပေမယ့်ကျန်တဲ့(၆)လမှာတော့စားဝတ်နေရေးအတွက်တနယ်ပြီးတစ်နယ်သွားရင်းကျပန်းအလုပ်လိုက်ရှာရပါတယ်။အချိန်ပြည့်လုပ်ရမယ့်အလုပ်ကိုလျှောက်ပြန်တော့လည်းမိခင်ကိုခေါ်လာခွင့်ပြုရမယ်တို့နားချိန်ပိုပေးရမယ်တို့စတဲ့တောင်းဆိုချက်တွေများလွန်းနေတဲ့အတွက် Wang ကို ဘယ်သူမှ အလုပ်မခန့်ကြပါဘူး။ ဒါကြောင့်သူတို့သားအမိဘဝကိုမကြည့်ရက်တော့တဲ့ရပ်ရွာမှတာဝန်ရှိသူများကစုပေါင်းပြီးအစိုးရဆီသို့ထောက်ပံ့ကြေးတင်ခဲ့ပါတယ်။နောက်တော့နေလို့ရတဲ့အိမ်တစ်လုံးဆောက်လုပ်ပေးတဲ့အပြင်မိခင်နဲ့လည်းခွဲနေဖို့မလိုတော့အောင်သန့်ရှင်းရေးအလုပ်ပါ ပေးလိုက်ကြပါတယ်။ မသန်စွမ်းတွေအတွက်အစိုးရမှပေးအပ်တဲ့ထောက်ပံ့ငွေဟာသိပ်ကိုနည်းပါးလွန်းလှပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့လူမှုကွန်ယက်တစ်ခုဖြစ်တဲ့Weiboအသုံးပြုသူများကတော့အခုလိုနာမည်ကြီးသွားတဲ့ဒုက္ခသည်တွေကိုအလှူငွေထည့်ထည့်ပေးတတ်တဲ့ ဓလေ့တစ်ခုရှိပါတယ်။ အောက်ပိုင်းသေနေတဲ့ ဖခင်ကိုပြုစုပေးနေတဲ့ (၆) နှစ်အရွယ်ကလေးလေးတို့၊ သီချင်းအဆိုကောင်းတဲ့ မသန်စွမ်းညီအစ်မ (၃)ယောက်တို့ဆိုWeiboမှာနာမည်ကြီးသွားပြီးလူတွေကအလှူငွေတွေအစဉ်မပြတ်ရရှိနေခဲ့တာဖြစ်ပါတယ်။အခုWangတို့သားအမိကိုလည်းအလှူရှင်တွေစတင်သတိထားမိလာပြီဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ဝှီးချဲဝယ်ပေးချင်တယ်ဆိုတဲ့လူတွေ များပြားလို့နေပါတယ်။ Credit: Shwemom.com

ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့၏အယူခံကို အမိန့်ချတော့မည်

ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့၏အယူခံကို ယခုလပိုင်းအတွင်းအမိန့်ချတော့မည် ထိုင်းနိုင်ငံလိပ်ကျွန်းတွင်ဗြိတိန်နိုင်ငံသားနှစ်ဦးအသတ်ခံရသည့်အမှုအတွက်သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့၏အယူခံကို ယခုလပိုင်းအတွင်းအမိန့်ချမှတ်ဖွယ်ရှိနေကြောင်း ဝင်းနှင့်ဇော်အရေး ကူညီဆောင်ရွက်ပေးနေသူဦးအောင်မျိုးသန့်က ဒီဇင်ဘာ ၃ရက်ကပြောပါတယ်။ ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့၏အယူခံကို အမိန့်ချတော့မည် လက်ရှိတွင်ဝင်းနှင့်ဇော်၏ကျန်းမာရေးအခြေအနေမှာကောင်းမွန်ကာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကလည်း၎င်းတို့နှစ်ဦးကိုသွားရောက်တွေ့ဆုံရန်စီစဉ်နေကြောင်း၎င်းကရှင်းပြသည်။ ဒီလပိုင်းအတွင်းမှာ ချမယ်ပြောပါတယ်ခင်ဗျ ကျွန်တော်တို့ဥပဒေအရ ၁၄ရက်ကြိုပြီးကျွန်တော်တို့ဆီအကြောင်းကြားစာပို့ ပါတယ်။ကျွန်တော်တို့ခဏစောင့်ပေးရမှာပါ။အဲဒီစာရတာနဲ့တရားခွင်မှာသွားပြီးနားထောင်ဖို့ ပါ ဟု ဦးအောင်မျိုးသန့်က ပြောပါတယ်။ ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့၏အယူခံကို အမိန့်ချတော့မည် မတ်လအတွင်းကပင်နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ပြီးနောက်ထိုင်းနိုင်ငံဥပဒေအရ ခြောက်လခန့်အကြာတွင်အမိန့်ချမှတ်လေ့ရှိသည့်အတွက် ယခုလပိုင်းအတွင်ူအမိန့်ချမှတ်ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်းလည်းဦးအောင်မျိုးသန့်ကရှင်းပြသည်။ လက်ရှိအယူခံမှာထိုင်းနိုင်ငံ၏အမြင့်ဆုံးတရားရုံးသိုဒ့တင်ထားပြီးယခုတရားရုံးကသေဒဏ်ကိုဆက်လက်အတည်ပြုပါကထိုင်းဘုရင်မင်းမြတ်ထံ အသနာူခံစာတင်ရန်နည်းလမ်းတစ်မျိုးသာရှိတော့ကြောင်ူသိရသည်။ ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့၏အယူခံကို အမိန့်ချတော့မည် 4 ကိုဝင်းဇော်ထွန်းနဲ့ကိုဇော်လင်းကို ကော့စမီတရားရုံးကသေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသေဒဏ်အတွက်အယူခံတင်ခြင်းကိုပယ်ချခံရပြီးနောက် ထိုင်းနိုင်ငံ၏အဆင့်မြင့်ဆုံးတရားရုံးသို့အယူခံဆက်လက်တင်ခဲ့ခြင်းဖြစ်သည်။ ပြည်မြန်မာဂျာနယ် Credit-tawthu.com

ကမ္ဘာ့ရတနာဘဏ် က ဦးစိုးထွန်းရှိန်အပါအဝင် ဒါရိုက်တာ ၄ ဦးကို အမှုဖွင့်

ကမ္ဘာ့ရတနာဘဏ်မှ ချေးယူထားငွေ ကျပ်သိန်းတစ်သောင်းခွဲကို ပြန်လည်ပေးဆပ်ခြင်း မရှိသဖြင့် အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ အပါအဝင် လေးဦးကို ဒီဇင်ဘာ ၃ ရက်နေ့က ပန်းဘဲတန်းမြို့မ ရဲစခန်းတွင် လိမ်လည်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ကုန်သည်လမ်းရှိ ကမ္ဘာ့ရတနာဘဏ်တွင် အာရှကြီးပွားတိုးတက်ရေး ပို့ကုန် သွင်းကုန် ကုမ္ပဏီမှ​အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးထွန်းရှိန်က လာရောက်၍ ကုမ္ပဏီပိုင် စက်ရုံမှတ်ပုံတင် မိတ္တူ၊ ကုမ္ပဏီ မှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီ မှတ်ပုံတင်ရုံး၏ ပုံစံ (င)၊ ပုံစံ (၆)၊ ပုံစံ (၂၆) မိတ္တူတို့ကို တင်ပြခဲ့သည်။ ယင်းနောက် အမေရိကန်ဒေါ်လာ သိန်း ၄၀ နီးပါးရှိ အေးခဲထားသော ရေထွက်ပစ္စည်း ကုန်ချောတန်ချိန် ၃၅၄၁ တန်ရှိကြောင်းနှင့် ကုမ္ပဏီရှိ ရင်းနှီးမြှုပ်နှံထားသည့် ငွေပမာဏတို့နှင့်အတူ ရေထွက်ကုန်ချောပစ္စည်းများ အမှန်တကယ်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏...

၂၃ နှစ်တိုင်တိုင် ယာဉ်မောင်းဘ၀နဲ့ သမီးပျောက်ရှာဖွေခဲ့သူ အမျိုးသားရဲ့ ကြည်နူးဖွယ်မိသားစုဆုံစည်းမှု

ပြီးခဲ့တဲ့နှစ်တုန်းက ပျောက်ဆုံးသွားတဲ့သမီးလေးကို ရှာဖွေဖို့အတွက် အငှားယာဉ်မောင်းသမား လုပ်နေခဲ့တဲ့တရုတ်အမျိုးသားတစ်ယောက်ရဲ့ သတင်းဟာ တစ်ကမ္ဘာလုံးကလူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ အဆိုပါအမျိုးသား နာမည်ကတော့ Wang Mingqing ဆိုသူဖြစ်ပါတယ်။ (၁၉၉၄)ခုနှစ် ဇန်န၀ါရီ(၈)ရက်နေ့တုန်းက Wang နဲ့ ဇနီးဖြစ်သူတို့ဟာ လမ်းဘေးမှာ သစ်သီးဆိုင်ကလေးတစ်ဆိုင်ဖွင့်ပြီး ဈေးရောင်းခဲ့ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်က သစ်သီးတန်းမှာ ဈေးဝယ်သူတွေနဲ့ အလုပ်ရှုပ်နေတုန်း သူတို့ရဲ့(၃)နှစ်အရွယ် သမီးလေးဟာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် Wang ဟာ သမီးဖြစ်သူပျောက်ဆုံးကြောင်းပိုစတာတွေကို လိုက်ဝေငှပြီး ရဲကိုလည်း အကြောင်းကြားကာ နှစ်ပေါင်းများစွာကြာအောင် သမီးပျောက်ရှာဖွေခဲ့ပါတယ်။ (၂၀၁၅)ခုနှစ်မှာတော့ Wang ဟာ အငှားယာဉ်မောင်းတစ်ဦးအနေနဲ့ အလုပ်ဝင်ခဲ့ပါတယ်။ Wang ရဲ့ ရည်ရွယ်ချက်ကတော့ အငှားယာဉ်မောင်းတဲ့အခါ နေရာစုံလဲရောက်ပြီး သူ့ရဲ့ ပျောက်ဆုံးနေဆဲ သမီးလေးကို ရှာတွေ့ဖို့ ပိုပြီးအထောက်အကူ ဖြစ်စေချင်တာကြောင့်ပါ။ Wang တို့ဇနီးမောင်နှံဆီကနေ သမီးလေးပျောက်ဆုံးသွားတာ (၂၄)နှစ်တောင် ကျော်နေပြီဖြစ်ပေမယ့် ဖခင်မေတ္တာကြီးတဲ့ Wang...

ဖားအောက်ဆရာတော်ကြီးထံ၌ အပြီးတိုင်သာသနာ့အမွေခံယူမယ့် ဗီယက်နန် နိုင်ငံမှ ဆရာလေး

ဗီယက်နန် နိုင်ငံမှ ဖားအောက်ဆရာတော်ကြီးထံ၌ အပြီးတိုင်သာသနာ့အမွေ. ခံယူသော. ဆရာလေး. ပညာဝတီ. ပါ။ သာသနာ့အာဇာနည်လို့ပြောလို့ရပါတယ်။ ဆရာလေးက ပတ်စပို့လဲလုပ်ခဲ့ပါတယ် အသက်ကတော့ ၄ နှစ် ၆ လ သာရှိပါသေးတယ်။ ဆရာလေးပညာဝတီက အသက်၎နှစ်၆လသာရှိပေမဲ့ အတိက်ဘဝများစွာကပြုခဲ့တဲ့ပါရမီဓါတ်ခံရှိသောကြောင့် ယ္ခုလိုသာသနာ့အမွေကိုခံယူ၍ သီလရှင်ဆရာလေးအနေနှင့်ငြိမ်းချမ်းသောဘဝပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိနှိုင်ပါစေ နိုင်ငံ၇ပ်ခြားမွေးဖွားသော်လည်းပါရမီဆုတောင်းအကြောင်းကောင်းမှု့ကြောင့် သာသနာအမွေခံယူနိုင်တဲ့ဆရာလေးမို့ ချီးကျူးဂုဏ်ယူပါတယ် သာဓု သာဓု သာဓု လဲခေါ်ပါတယ်ဘုရား ။ Crd-Ko Win Aung Chanmyae

သိန်း၁၀၀၀ ကျော်တန်ကျောက်စိမ်းကြီးကို မြို့လယ်မှာထားဖို့လှူတဲ့ ကချင်ကျောက်စိမ်းသူဌေး

၉ တန်ခွဲရှိတဲ့ ကျောက်စိမ်း (ငုတ်ကျောက်) ကိုမြစ်ကြီးနားမြို့လယ် အထက ၁ နားက Myitkyina City တြိဂံအပတ် လမ်းဆုံမှာ ထားဖို့ အလှူပေးလိုက်ပြန်ပြီတဲ့။ အဆိုပါကျောက်စိမ်းကို သိန်းထောင်ထပ်ဈေးပေးခဲ့ပေမယ့် ကချင်ပြည်နယ်သားတွေဂုဏ်ယူနိုင်အောင် မြို့လယ်မှာထားရှိဖို့ ပေးလှူတာဖြစ်ကြောင်းသိရပါတယ်။ လက်ရှိမှာ ကျောက်စိမ်းအလှပြင်ခြင်းလုပ်ငန်းမှာ ဒေါက်တာဘွမ်ယွန်ကိုယ်တိုင် ရေလောင်း ရေဆေး ပြီး အားတက်တရောပါဝင်နေတာကို လမ်းသွားလမ်းလာများစွာ တွေ့မြင်နေရပါတယ်။ ဒါ့အပြင် နောက်ထပ် ၆ တန်ခွဲရှိတဲ့ ကျောက်စိမ်းကိုလည်းပြည်နယ်အစိုးရထံ ပေးလှူထားကြောင်း လေဆိပ်မှာထားမလို ကြားနေရကြောင်းပါ။အင်မတန်မှ ရက်ရောတဲ့ ပုဂ္ဂိုလ်ကြီးပါလေးစားပါတယ်။  Credit – Jan Khone,,Kachin View

ဒါရိုက်တာမိုက်တီး၏ဖခင်ဖြစ်သူ ဒါရိုက်တာဦးခင်ဇော် ကွယ်လွန်

ဒါရိုက်တာမိုက်တီး၊ချစ်ချစ်ဇော်နဲ့ သရုပ်ဆောင်လင်းဇာနည်ဇော် တို့ဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတွေဖြစ်ပါတယ်။ ဒါရိုက်တာမိုက်တီးတို့ မောင်နှမတွေရဲ့ဖခင်ဖြစ်သူဟာ သူ့ခေတ်သူ့အခါက ရုပ်ရှင်ကားကောင်းတွေအများကြီးကိုရိုက်ကူးခဲ့သူ ဒါရိုက်တာဦးခင်ဇော်ဖြစ်လို့ပါပဲ။ ဒါရိုက်တာဦးခင်ဇော်ဟာ ကျော်ဟိန်းကိုနာမည်ကြီးစေခဲ့တဲ့ ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ နွဲ့ဆိုးဇာတ်ကားကိုရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။တစ်နိုင်ငံလုံးကချစ်ကြတဲ့ ဒါရိုက်တာကြီးဟာ သိပ်မကြာခင်နာရီပိုင်းကပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ဒါရိုက်တာမိုက်တီးနဲ့မောင်နှမတွေကို အနုပညာအမွေအပြည့်အဝပေးခဲ့တဲ့ ဖခင်ကြီးဟာ ဒီဇင်ဘာလ (၃) ရက်၊ ည ၁၁ နာရီ ၅၅ မိနစ်အချိန်မှာကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း အွန်လိုင်းသတင်းမီဒီယာတွေက အချိန်နဲ့တပြေးညီတင်ထားကြပါတယ်။ ဒါရိုက်တာမိုက်တီးဟာဆိုရင် ကံမကောင်းအကြောင်းမလှစွာပဲ မူးယစ်ဆေးပြားတွေလက်ဝယ်တွေ့ရှိမှုနဲ့ စွဲချက်တင်ခံထားရတာအချိန်အတန်ကြာခဲ့ပြီဖြစ်ပြီးအခုထိ ရုံးထုတ်လို့မပြီးနိုင်သေးပဲ ပြစ်ဒဏ်လည်းသတ်သတ်မှတ်မှတ်ချမခံရသေးတာကြောင့် ရုံးထုတ်လိုက်ပြန်ဝင်လိုက်နဲ့ပဲ အနုပညာအလုပ်တွေကို ဆိုင်းငံ့ထားရတာပါ။ ဒါ့အပြင် ဆေးပြား 26 ပြား လက်ဝယ်တွေ့ရှိမှုရဲ့ အကျိုးဆက်ကြမ္မာငင်မှုအဖြစ် ဖခင်ကြီးရဲ့နောက်ဆုံးအချိန်မှာတောင် အနားမှာမရှိလိုက်ရရှာပါဘူး။ အခုအချိန်မှာ ဒါရိုက်တာမိုက်တီးဘယ်လောက်တောင်ခံစားနေရရှာမလဲဆိုတာ ဘယ်သူမှကိုယ်ချင်းစာပေးနိုင်မယ်မထင်တော့ပါဘူး။ ပရိသတ်တွေကတော့ ဒါရိုက်တာဦးခင်ဇော်ကွယ်လွန်သွားပြီဆိုတဲ့ ပို့စ်တွေရဲ့ အောက်မှာ ဒါရိုက်တာမိုက်တီးအတွက် စိတ်မကောင်းဖြစ်တဲ့ comment တွေနဲ့...

မင်္ဂလာဆောင်မှာ မေတ္တာလက်ဆောင်ပြန်ပေးတဲ့ ထီလက်မှတ်ထဲက သိန်းတစ်ထောင် ဆုကြီး ပေါက်ခဲ့သူ

အထူးဂုဏ်ယူဝမ်းမြောက် အမှတ်တရဖြစ်ရပါတယ်ခင်ဗျာကျွန်တော်တို့မင်္ဂလာဆောင် တွင်မေတ္တာလက်ဆောင်ပြန်လည်ချီးမြှင့်သောထီလက်မှတ်ထဲက သိန်းတစ်ထောင်ဆုကြီးကို ဆွတ်ခူးရရှိသွားသောမန်ကျည်းကန်ကျေးရွာမှ ဒေါ်မြင့်စန်း ဖြစ်ပါတယ်ခင်ဗျာ အထူးဂုဏ်ယူဝမ်းမြောက် အမှတ်တရဖြစ်ရပါတယ်ခင်ဗျာ  Credit – Ko Lay

မြွေကိုက်လို့သေသွားပြီး နှစ်၄၀အကြာမှ ပြန်ရောက်လာတဲ့ အမျိုးသမီးကြီး

ဒီအဖြစ်ပျက်ကတော့တကယ့်ကို ကြုံဖူးမှပဲယုံရမယ့်အဖြစ်ပါ။အိန္ဒိယနိုင်ငံကKanpur’s Bidhnoo အမည်ရရွာကလေးတစ်ရွာမှာလက်ရှိအချိန်ထိအသက်ရှင်နေဆဲဖြစ်တဲ့အဖွားVilasaရဲ့အဖြစ်ဟာအလွန်ကိုအံ့သြစရာ ကောင်းပါတယ်။သူမဟာ အခုဆိုအသက်82 နှစ်ရှိပါပြီ။Vilasaအသက်40အရွယ်တုန်းက နွားစာရှာဖွေစဉ်မှာ တောကြီးမြွေဟောက်ကိုက်တာကိုခံခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်ဟာလွန်ခဲ့တဲ့1976ခုနှစ်က ဖြစ်ခဲ့တာပါ။Vilasa မှာသမီးနှစ်ယောက်ရှိပြီး၊ကလေးတွေကသူမကို ဒေသန္တရ ဆေးခန်းဆီကို ပို့ခဲ့ကြပါတယ်။ဒါပေမယ့်လမ်းမှာတင်ပဲကျွမ်းကျင်သူတွေက Vilasa သေဆုံးသွားပြီဆို တာ သိရှိခဲ့တယ်လို့ဆိုပါတယ်။ ဆေးခန်းမှာရှိနေတဲ့ဆရာဝန်ကလည်းအမျိုးမျိုးစမ်းသပ်ပြီး သေဆုံးကြောင်းအတည်ပြု ခဲ့ကြပါတယ်။ ဒါကြောင့်သမီးဖြစ်တဲ့ Ram Kumari နဲ့ Munniတို့ဟာမိခင်ရဲ့ ရုပ်အလောင်းကို ပြင်ဆင်ပြီး၊ဘာသာရေးထုံးစံအတိုင်းဂင်္ဂါမြစ်ထဲကို မျှောခဲ့ကြပါတယ်။ဆယ်စုနှစ် လေးစုကျော် ကျော်လွန်တဲ့အခါမှာတော့သမီးတွေတောင်အသက်60နီးပါးကို ရောက်နေကြပါပြီ။ဒါပေမယ့်အိမ်ရှေ့တံခါးဝမှာဘယ်သူလဲလို့ ကြည့်လိုက်တော့ညီမနှစ်ယောက်စလုံးအံ့သြမင်သက်သွားကြပါတယ်။ သူမတို့အမေVilasa ဖြစ်နေလို့ပါ။သေချာမှ နှစ်ယောက်သားအမေလို့ ပြေးပြီး ခေါ်ခဲ့ကြပါတယ်။သေရွာကဘယ်လိုလုပ် ပြန်ရှင်လာတာလဲဝမ်းသာအားရ မေးတော့Vilasa ကသူမဟာ သေဆုံးခြင်းမဟုတ်ပဲ မေ့မျော့နေခဲ့တာသာ ဖြစ် ကြောင်းသူမကိုတင်ဆောင်လာတဲ့ဝါးဖောင်ငယ်ဟာRamsaran မြို့နယ်ကSarai Thekuရွာကလေးမှာသောင်တင်ခဲ့ကြောင်း၊ ထိုရွာဟာKannaujဒီစတြိတ်မှာတည်ရှိကြောင်းဆိုပါတယ်။ အဲဒီရွာကလူတွေကသူမကိုသတိပြန်လည်လာအောင် ပြုလုပ်ခဲ့ပြီး ဆေးဝါးလည်းကုသပေးခဲ့ကြောင်း၊သူမအသက်မ သေတာတစ်ရွာလုံးသက်သေရှိနေသေးကြောင်းရှင်းပြပါတယ်။Vilasaရွာကို ပြန်ရောက်ကာစမှာမှတ်ဉာဏ်အချို့ဆုံးရှုံးနေခဲ့လို့ဦလေးကိုခေါ်ကာဇာတ်ကြောင်းတွေ ပြန်ပြောခဲ့ရသေးတယ်လို့ဆိုပါတယ်။ အစကတော့ရုပ်ချင်းဆင်တူသူတစ်ယောက်ကဟန်ဆောင်နေတာတို့သမီးနှစ်ယောက်ကထင်ခဲ့ပေမယ့်သူမတို့မှတ်သာထားတဲ့မိခင်ရဲ့ အမှတ်အသား တွေကအထင်အရှားရှိနေသေးလို့အမေအရင်းဖြစ်ကြောင်းအတည်ပြုခဲ့ကြတယ်လို့သိရပါတယ်။ဘာလို့ နှစ်ပေါင်း40မှ ပြန်လာခဲ့ရတာလဲဆိုတဲ့...

(၂၁)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့ မှ ကံထူး

(၂၁)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို ယနေ့ (ဒီဇင်ဘာ ၁)နံနက်ကပြုလုပ်ခဲ့ရာ အမြင့်ဆုံးထီဆုကြီးဖြစ်သည့် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးတိုင်းဒေသကြီးမှပင် ဆွတ်ခူးသွားခဲ့သည်။ အဆိုပါ ကျပ်သိန်း တစ်သောင်းဆု ဎ ၃၉၃၀၂၀ နံပတ်ကို ပဲခူးမြို့ ရှိ ရွှေမြန်မာ ရတနာမိုး ပဲခူးတက်နေဝင်းပင်ရင်းထီဆိုင်မှတစ်ဆင့်ဝေါဘုရားကြီးအနားရှိ မြတ်သိန်းစိုး(ဝေါ)ထီဆိုင်တွင် ကံစမ်းခဲ့သူတစ်ဦးကဆွတ်ခူးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် (၂၀ )ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးမြို့ မှ စက်ဘီးပြင်ဆိုင်ဖွင့်သည့် အသက် ၇၄ နှစ်အရွယ်ရှိအဘိုးနှင့်အဘွားမောင်နှံက ဆွတ်ခူးခဲ့သလို ယခု ၂၁ ကြိမ်မြောက်တွင်လည်း ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ် ရှမ်းစုရွာမှ မဝင်းအေးက ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကာ ဝေါဈေးတွင် ဈေးရောင်းချနေသူဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။ ရတနာမိုးပဲခူးတက်နေဝင်းပင်ရင်းထီဆိုင်ကမူကျပ်သိန်း တစ်သောင်းဆုကို ၂ လဆက်တိုက်ဆွတ်ခူးပေးနိုင်ခဲ့ကြောင်းနှင့် ကံထူးရှင်ကို အတိအကျ ဆက်လက်ကြေညာပေးမည်ဟု ကြေညာထားသည်ကို တွေ့ ရသည်။ Creditး Tnw...