Category: ပြည်တွင်းသတင်း

ပိုးတွေ့လူနတွေ့ရှိမှုကြောင့် Lockdown ချထားသော မြို့နယ်အသီးသီးက အိမ်ထောင်စုများထံ အစားအသောက်ထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပိုးတွေ့လူနာတွေ့ရှိမှု ကြောင့် Lockdown ချခံထား ရသော မြို့နယ်အသီးသီးက အိမ်ထောင်စုများထံ အစားအ သောက်များ ထောက်ပံ့လျက်ရှိ ကြောင်း We Love Yangon အ ဖွဲ့ အထွေထွေအတွင်းရေးမှူး ဦး ဇော်ဝင်းခိုင်က အတည်ပြုပြော ကြားသည်။

ကိုဗစ်-၁၉ လူနာသစ် ၂၅၆ ဦး တွေ့ရှိ၊ လူနာ ၁ ဦး ထပ်မံသေဆုံး

ဓာတ်ခွဲနမူနာ ၃,၅၅၄ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၂၅၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၁ ဦး သေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၆၁ ဦးနဲ့ အတည်ပြုလူနာ ၄,၂၉၉ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်း ၂၀ ကို ရန်ကုန်သို့ စေလွှတ်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်တိုက်မြင့်တက်နေတဲ့ ရန်ကုန်တိုင်းကို ကူညီဖို့အတွက် မွန်ပြည်နယ်က ကျန်းမာရေး ဝန်ထမ်း ၂၀ ကို စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ စေလွှတ်လိုက်ပြီလို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ပေါင်းများစွာ ပစ်ထားတဲ့မြေကြီးကို တန်ဖိုးရှိတဲ့ ဥယျာဉ်ဖြစ်အောင် ကြိုးပမ်းနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံကို မြေရိုင်းအဆင့်ကနေ ဉယျာဉ်ကြီးတစ်ခုလို သာယာနေချင်ဖွယ်ဖြစ်အောင်ဆောင်ရွက်နိုင်ဖို့ လာမယ့် ရွေးကောက်ပွဲမှာလည်း NLD ပါတီအနေနဲ့ နိုင်ငံတာဝန်တွေကို ဆက်လက်ဆောင်ရွက်ချင်တယ်လို့ NLD ပါတီဥက္ကဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လူပေါင်းများစွာ ကူးစက်ခဲ့တဲ့ Music Zone တရားစွဲဆိုရန်အတွက် ပိုင်ရှင်မဲ့ဖြစ်နေဟုဆို

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင်ဖွင့်လှစ်ထားသည့် Music Zone ကို အရေးယူရန်မှာဘဲဥအစရှာသလိုမခက်ခဲဘဲ မြေပိုင်ရှင်နှင့် ငှားရမ်းသူရှိမည်ဟု သင်္ဃန်းမြို့နယ် မဲဆန္ဒနယ်အမှတ်၂မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဦးကပြောသည်။ပိုင်ရှင်အမည်မပေါ်ဟု သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ စက်တင်ဘာ

စက်တင်ဘာလ (၁၉)ရက်နေ့ကနေ (၂၂)ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့ မိုးကြီးမည်

အရှေ့ဘက်မှ လာတဲ့ အပူပိုင်းမုန်တိုင်း နိုလ်(NOUL)ရဲ့ တိမ်တိုက်အကြွင်းအကျန်များနဲ့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် မြန်မာနိုင်ငံ အနှံ့ ဒေသအလိုက် နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။

ကိုဗစ်ကိုမနိုင်ဘဲရွေးကောက်ပွဲနိုင်ခဲ့ရင် ဒယိမ်းဒယိုင်နိုင်ငံကြီးမှာအောင်လံစိုက်ထူရမှာ စိတ်ချမ်းမြေ့စရာမရှိဟုပြည်ခိုင်ဖြိုးဥက္ကဌပြော

ကိုဗစ်ကို နိုင်အောင် မလုပ်နိုင်ဘဲ ရွေးကောက်ပွဲ နိုင်ခဲ့မယ်ဆိုရင် ဘယ်သူပဲနိုင်နိုင် တကယ့်အောင်နိုင်မှုမဖြစ်နိုင်ဘဲ အလဲလဲအပြိုပြို ပြည်သူလူထုကြီးနဲ့ ဒယိမ်းဒယိုင်နိုင်ငံကြီးမှာ အောင်လံစိုက်ထူရမှာဖြစ်လို့ စိတ်ချမ်းမြေ့စရာမရှိဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။

ရိုးမရိပ်သာကွာရန်တင်းစင်တာမှာ စေတနာ့ဝန်ထမ်းအင်အား မလုံလောက်မှုများဖြစ်ပေါ်နေ

ပိုးတွေ့လူနာတွေကိုဆေးရုံမပို့သေးဘဲ ပိုးမတွေ့တဲ့ လူနာတွေနဲ့ ရက်ကာလအတန်ကြာ ထားရှိနေတာပါ။

မန္တလေးမှာ ပိုးတွေ့လူနာတစ်ဦး ပထမဆုံးစတင်သေဆုံး

“ဟုတ်ပါတယ် ညက ဆုံးသွားတာပါ၊ အသက်ရှစ်ဆယ်ကျော်အမျိုးသမီးကြီးပါ” လို့ မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းက Duwun ကိုပြောပါတယ်။သေဆုံးသူအမျိုးသမီးကြီးက မနေ့က UAB ဘဏ်ကပိုးတွေ့လူနာအမျိုးသမီးရဲ့အဖွားဖြစ်တယ်လို့သိရပြီး မြေးဖြစ်သူရောဂါကူးစက်ခံရလို့ သံသယလူနာအဖြစ်နဲ့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ စစ်ဆေးကုသစဉ် ပိုးတွေ့ကြောင်းသိရပြီးနောက် ည ၁၁နာရီခွဲအချိန်မှာ သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်ရောဂါတိုက်ဖျက်ရေး ရန်ကုန်ကိုနိုင်မှ တစ်နိုင်ငံလုံးကို ကာကွယ်နိုင်မည်

COVID-19 ရောဂါနှင့်ပတ်သက်ပြီး ရန်ကုန်ကိုနိုင်မှတစ် နိုင်ငံလုံးကို ကာကွယ်နိုင်မည်ဟု ရန်ကုန်တိုင်း COVID-19 ကာ ကွယ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဒုဥက္ကဋ္ဌ ရန်ကုန် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောကြား သည်။