Category: ပြည်တွင်းသတင်း

ပြည်သူ့ရှေ့ဆောင်ပါတီ မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက်အတွင်း ပိုးသတ်ဆေးဖျန်း

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ဦးဆောင်၍ မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက်အတွင်း ပိုးသတ် ဆေးဖျန်းခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း အောက်တိုဘာ ၁၀ ရက် တွင် ပါတီကထုတ်ပြန်သည်။

စက်ရုံတွေပြန်ဖွင့်ခွင့်ပြုလိုက်တဲ့အပေါ် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂ ကန့်ကွက်

အစိုးရအနေနဲ့ စက်ရုံ၊အလုပ်ရုံတွေကို အခုလို ရုတ်တရက် ပြန်လည်ဖွင့်လှစ်ပေးခဲ့တာက လွန်စွာလွဲမှားတဲ့ စီမံခန့်ခွဲမှု ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က သဘောထားထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကွာရန်တင်းစင်တာတွေမှာ ကွမ်းယာ၊ဆေးလိပ်ခိုးပို့နေတဲ့ဖြစ်စဉ်တွေရှိနေ၊ စုံစမ်းစစ်ဆေးပြီး အရေးယူမည်

ကွာရန်တင်း ဝင်ရောက်နေတဲ့သူတွေဆီ မိသားစုတွေက အသုံးအဆောင်ပစ္စည်းတွေလာပို့တဲ့အခါမှာ တားမြစ်ထားတဲ့ပစ္စည်းတွေဖြစ်တဲ့ ကွမ်းယာ၊ဆေးလိပ်တွေကို ခိုးထည့်ကာပို့ဆောင်လာမှုဖြစ်စဉ်တွေရှိနေတယ်လို့သိရပါတယ်။

မဲဆွယ်လှည့်လည်ပွဲအပြီး ပြန်လာသော ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ အကြမ်းဖက်မှုကြောင့် ဒေသခံအချို့ဒဏ်ရာရ

ဟင်္သာတမြို့တွင် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံခဲ့သူများကိုတွေ့ရစဉ်။ ထောက်ခံသူများထဲမှ ထော်လာဂျီ လေးစီးပေါ်မှ လူများက လိုက်လံပြဿနာရှာအကြမ်းဖက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယနေ့ ဆေးရုံဆင်းခွင့်ရလူနာ ၂၆၀၀ ကျော်နဲ့ စံချိန်တင်၊ ယခင်နေ့တွေကထက် ၅ ဆ ကျော်များ

ကိုဗစ်လူနာတွေကို ဆေးရုံဆင်းရက် ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် ဒီနေ့ အောက်တိုဘာ (၁၁) ရက်တစ်ရက်တည်း လူနာ ၂၆၀၀ ကျော် ဆေးရုံဆင်းခွင့်ရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

၁၉၈၈ ခုနှစ်က မြင်းခြံခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့သည့်လှည်းယာဉ်ကို လေလံတင်မည်

၁၉၈၈ ခုနှစ်က လူထုခေါင်းဆောင်အဖြစ်နဲ့ဒေါ်အောင်ဆန်းစုကြည် မြင်းခြံမြို့ကို ပထမဆုံးအကြိမ်အဖြစ် လာရောက်စဉ်မှာ စီးနင်းခဲ့တဲ့ လှည်းယာဉ်ကို ပိုင်ရှင်ဖြစ်သူက လေလံတင်ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ဖန်နဲ့ ငွေစက္ကူပေါ်မှာ ၂၈ ရက်ကြာ ရှင်သန်နေနိုင်ကြောင်း ဩစတြေးလျသုတေသီများပြော

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) က ငွေစက္ကူများ၊ မိုဘိုင်းဖုန်း ဖန်သားပြင်များနဲ့ သံချေးမတက်တဲ့ စတီးလ်ကဲ့သို့ မျက်နှာပြင်တွေပေါ်မှာ ကူးစက်နိုင်တဲ့အခြေအနေဖြင့် ၂၈ ရက်ကြာ ရှိနေနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။

ပရိသတ်ဝေဖန်မှုမြင့်တက်နေတဲ့ ရွှေတိဂုံစေတီပုံ အောက်ခံထားတာနဲ့ ပတ်သက်ပြီးဖြေရှင်းလာတဲ့ Project K

Asia Song Festival 2020 ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ခဲ့တဲ့ Project K အဖွဲ့ဟာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံရိပ်ကို နင်းပြီး ကပြဖျော်ဖြေခဲ့တာတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။

ရန်ကုန်မြို့နေပြည်သူတွေ ကိုဗစ်သံသယလက္ခဏာ ခံစားရပါက Test Kit နဲ့ စစ်ဆေးနိုင်မည်

ရန်ကုန်မြို့နေ ပြည်သူလူထုတွေအနေနဲ့ ဖျားနာခြင်း၊ အနံ့ပျောက်ခြင်းစတဲ့ ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာခံစားရပါက လာရောက်ပြသပြီး COVID-19 Rapid Diagnostic Test (RDT) နဲ့ စမ်းသပ်စစ်ဆေးနိုင်တော့မယ်လို့လည်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြေညာလိုက်ပါတယ်။

မဖြစ်မနေအကူအညီလိုတဲ့ ကိုဗစ်လူနာတွေအတွက် မိသားစုဝင်တစ်ဦးကို စောင့်ခွင့်ပေးမည်

ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာတွေထဲမှာအခြားလူတစ်ဦးရဲ့အကူအညီကိုမဖြစ်မနေရယူဖို့လိုအပ်ရင် လူနာကို ပြုစုဖို့မိသားစုဝင်တစ်ဦးကို ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။