Category: အနုပညာ

လမ်းပြင်တဲ့ အလုပ်သမား ၁၀၀ အတွက် မွန်မြတ်တဲ့ အလှူလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

တစ်ချိန်တုန်းက ကောင်းမွန် ပိုင်နိုင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးလက်ခံမှုချစ်ခင်မှုတို့ကို ရရှိထားခဲ့သလို အခုလက်ရှိအချိန်မှာလည်း ပရဟိတလုပ်ငန်းတွေ ကိုယ်တိုင် ဦးစီးဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေကတော့ လမ်းပြင်တဲ့ အလုပ်သမား ၁၀၀ အတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းဖြစ်တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ခိုင်နှင်းဝေက “ဒီနေ့ အစ်မပေါ့နော် တစ်လ လစဉ် အိမ်ထောင်စုအစား အစ်မ ဒီလိုမျိုးလေးတွေ လှူမယ်လို့ စဉ်းစားထားတယ်ပေါ့နော် ဒီနေ့ဆိုရင်တော့ လမ်းလုပ်သားတွေပေါ့ ဟိုတစ်ခေါက်တုန်းကလည်း လမ်းလုပ်သားတွေနဲ့ ဆိုက္ကားသမားတွေနဲ့ အလှူပေးဖြစ်တယ် အခုကျတော့ ဒီဘက်မှာ လမ်းပြင်တာတွေ အရမ်းများတယ်ဆိုတော့ ကိုယ်နိုင်သလောက်ပေါ့ လူတစ်ရာစာပါ။ လူတစ်ရာစာကို အစ်မလာလှူပေးဖြစ်တာပါ။ အရမ်းဝမ်းသာတယ် အစ်မတို့က ဒီလိုမျိုး လုပ်သားတွေကို ဘာကြောင့်လှူဖြစ်လဲဆိုရင် အောက်ခြေလူတန်းစားပေါ့နော် အဓိကတော့ အလုပ်ကို တန်ဖိုးထားတဲ့လူတွေအခုက နေအရမ်းပူတယ်လေ အစ်မတို့အခု လာလှူတာလေးကိုတောင် အရမ်းပင်ပန်းတယ်။ သူတို့ဆို...

ကိုကိုဦးရဲ့သားလေး အကယ်ဒမီရွှေကြိုမှာပါဝင်ဖို့ အရွေးမခံရတဲ့အပေါ်ပြောပြလာတဲ့ နေထက်လင်း

ပရိသတ် ကြီးရေ သရုပ်ဆောင်နေထက်လင်းရဲ့ သားလေး ထက်လင်းအောင် ကတော့ ၂၀၁၈ အကယ်ဒမီရွေးပွဲမှာ ရွှေကြိုမောင်အဖြစ်ရွေးချယ်ခံရတာပဲဖြစ်ပါတယ်။ သားဖြစ်သူ ရွှေကြိုရွေးခံရလို့ နေထက်လင်းက ” ဝမ်သားပီတိဖြစ်ရပါတယ်။ အဲ့အတွက် ရွှေကြိုရွေးတဲ့အဖွဲ့ကို အကိုတွေ အမတွေကိုလဲ ဒီနေရာကနေကျေးဇူးတင်ပါတယ်။ အစည်းအရုံး ဥက္ကဋ္ဌ အတွင်းရေးမှူးတွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ အဲ့လိုမျိုးစီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆို သူတို့စီစဉ်ပေးမှ ဒါက မျိုးဆက်သစ်ကို ရွေးတယ်ဆိုတာကလဲ ကောင်းစေချင်လို့ရွေးခဲ့ကြတာကို။အဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။ နေထက်လင်းကတော့ သားဖြစ်သူရွှေကြိုရွေးခံရလ်ို့ အရမ်းကိုပျော်ရွှေင်နေပါတယ်။   လူကြမ်းသရုပ်ဆောင်ကိုကိုဦးရဲ့သားလေး အကယ်ဒမီရွှေကြိုမှာပါဝင်ဖို့ အရွေးမခံရတဲ့အပေါ် နေထက်လင်းက “ဒီနှစ်မပါလဲ အားမငယ်ပါနဲ့။ အခုဒီဇာတ်ကားထဲမှာ Line Walker မှာ မင်းရာဇာပါသွားတယ်။ ကျွန်တော်တို့ဘာမှမဖြစ်ဘူး။ ဘာမှမခံစားရဘူး။ ကျွန်တော်ဒီထက်ကောင်းတဲ့စကားပြောချင်တာက ကျွန်တော့်ညီလေးရွေးတာက ကျွန်တော့်ရွေးတာနဲ့တူတူပဲ။ ကျွန်တော် အဲ့လိုပဲ မုဒိတာ ပွားပေးနိုင်တယ်။ မေတ္တာ ဂရုနာ မုဒိတာ ဥပေက္ခာ ပေါ့လေ။...

ရန်ကုန်ပြန်ပြီးမိသားစုနဲ့တွေ့ရတော့မှာမို့ အပျော်လွန်ပြီးလမ်းမကြီးပေါ်မှာကနေကြတဲ့ မြင့်မြတ်နဲ့ Kညီရဲ့ video

သရုပ်ဆောင်တဲ့နေရာမှာ ပြောစရာမလိုလောက်အောင် အပိုအလိုမရှိဘဲ ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင်ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်ပြသပေးနိုင်ခဲ့ကြတဲ့ သရုပ်ဆောင် မင်းသား မြင့်မြတ်နဲ့ Kညီတို့ အနုပညာရှင် ညီအစ်ကိုနှစ်ယောက်ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားခဲ့ကြရတဲ့ သူလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာဆိုရင် စိတ်သဘောထား ပြည့်ဝလွန်းတဲ့ သူလေးတွေလည်း ဖြစ်ပါတယ်။ အရမ်းကို စိတ်သဘောထား ပြည့်ဝပြီး စိတ်ရင်းစေတနာ ကောင်းလွန်းကြတဲ့ သူတို့ သူငယ်ချင်း ညီအစ်ကို နှစ်ယောက်ဟာဆိုရင် ချစ်ရတဲ့ သူတွေနဲ့အတူ VeVe ပရိုမိုးရှင်းအတွက် နယ်ကို ရောက်ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ VeVe ပရိုမိုးရှင်းအတွက် နယ်ကိုရောက်ရှိနေတဲ့ သူတို့က ညီအစ်ကို နှစ်ယောက်ကတော့ VeVe ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးလို့ အိမ်ပြန်ပြီး မိသားစုနဲ့ တွေ့ဆုံရတော့မှာကြောင့် အရမ်းကို ပျော်ရွှင်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ရန်ကုန်ကိုပြန်ပြီး မိသားစုနဲ့...

အရိုးတွေပွနေတာကြောင့် ဆေးရုံအိပ်ရာထဲမှာလှဲနေရတဲ့ ဧရာ

မြန်မာ့ရုပ်ရှင်ပရိသတ်တော်တော်များများကို လွန်ခဲ့သေညာ ၁၉၉၀ ပြည့်နှစ်တွေကတည်းက ပျော်ရွှင်စရာတွေ အမြဲချပြနေတဲ့ လူရွှင်တော် သရုပ်ဆောင် ဦးဧရာကတော့ အသက်အရွယ်ရလာပြီး ဇရာထောင်းလာတာကြောင့် ဆေးရုံတက်နေရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အရိုးတွေက ပွနေပြီး တင်မှာ အပေါက်ဖောက်ထားတာကြောင့် အိပ်ရာထဲမှာပဲ လှဲနေရတယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ လက်ရှိအခြေအနေကိုတော့ MC နဲ့ အင်တာဗျူးမှာ ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။ အင်တာဗျူးမှာတော့ ဦးဧရာက “ဒီနေ့ လမ်းနည်းနည်းလျှောက်နိုင်နေပါပြီ။ ကျန်တဲ့နေ့တွေကတော့ ပက်လက်ပါပဲ။ တင်မှာ အပေါက်ဖောက်ထားတော့ အရည်တွေနဲ့ သွေးတွေက ရောပြီး ကျနေတယ်။ အဲ့တိုင်းပဲနေနေရတယ်။ တကယ့်ကို ဝဋ်ပါပဲ လွန်ခဲ့တဲ ၂ နှစ်က ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး “အရိုး ၂ ရိုးကို ပိုးစားတာ။ အရိုးတွေက ပွနေပြီ။ ဒါပေမယ့်လည်း မသိဘူးပေါ့။ အခုရိုက်စားကားရိုက်တော့ မော်တော်ဘုတ်ကနေ ခုန်ချတဲ့အခန်းရိုက်တာ...

နိုင်ငံကျော်ဟာသ သရုပ်ဆောင်ဦးမျိုးမြင့်(ခ)ကင်းကောင်၏ ဈာပနအခမ်းအနား

နိုင်ငံကျော်ဟာသ သရုပ်ဆောင်ဦးမျိုးမြင့်(ခ)ကင်းကောင်၏ ဈာပနအခမ်းအနားကို ၂၄ရက်နေ့မနက် ၈:၃၀ခန့်က ရေဝေးသုဿ န်တွင်ပြုလုပ်ခဲ့သည့် မြင်ကွင်းများ….. Photo::victor

သရုပ်ဆောင် အံ့မင်းညို ၏ မွေးရာပါ နှလုံးအပေါက်ပါသော သမီးငယ် အလှူရှင်ပေါ်ပြီ

သရုပ်ဆောင်အံ့မင်းညို ၏ မွေးရာပါ နှလုံးအပေါက်ပါသော သမီးငယ်အတွက် လိုအပ်သည်များကို ခေတ်သစ် ဖောင်ဒေးရျင်က ဆောင်ရွက်ရန် တွေ့ဆုံစကားပြောခဲ့ကြောင်း အဆိုတော် လင်းလင်းက ၄င်း ၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။ ၅ နှစ်အောက် ကလေးငယ်များကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် အတွက် လင်းလင်း နှင့် ချစ်သုဝေတို့က ခေတ်သစ်ဖောင်ဒေးရှင်း ကို တည်ထောင်လိုက်ခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း နှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် မီဒီယာများကို ဖြေကြားခဲ့သည်။ ကိုအံ့မင်းညိုရဲ့ သမီးလေး မွေးရာပါ နှလုံးအပေါက်ပါ ကျန်းမာရေး ကိစ္စနဲ့ ပတ်သက်ပြီး ဆရာဝန်ကြီးများ နှင့် တွေ့ဆုံ ပြင်ဆင်ခါ လုပ်ဖို့ လိုအပ်တာ...

သရုပ်ဆောင်ကင်းကောင်ကွယ်လွန်

သရုပ်ဆောင်ကင်းကောင်ကွယ်လွန် ပုပ္ပါးကို ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရောက်ရှိနေတဲ့ ဟာသသရုပ်ဆောင် ကင်းကောင်ဟာ ဒီကနေ့ မနက်ပိုင်း ခြောက်နာရီ အချိန်ခန့်က ချွဲကျပ်ပြီး ကွယ်လွန်သွားတယ်လို့သိရပါတယ်။ သရုပ်ဆောင်ကင်းကောင်ဟာကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရုပ်အလောင်းကို ရန်ကုန်ပြန်သယ်ဖို့စီစဉ်နေတဲ့အကြောင်း အနုပညာရှင် အချို့ကပြောပါတယ်။ အနုပညာလောကမှာ နှစ်ပေါင်းသုံးဆယ်ကျော်ရပ်တည် ခဲ့ပြီး ပရိတ်သတ်တွေကို အနုပညာနဲ့ပျော်စေခဲ့သူ ကင်ကောင်ကွယ်လွန်သွားတဲ့အပေါ် အနုပညာရှင်တွေ နဲ့ ပရိတ်သတ်တွေက ဝမ်းနည်မိကြောင်း မှတ်ချက်စကားသံ တွေကို ဖေ့ဘွတ်ခ်စာမျက်နှာတွေမှာရေးသားထားကြတာ ကိုတွေ့ရပါတယ်။ သတင်း-ဇွဲဥာဏ်

ဦးမင်းစိန်မရှိပေမယ့် ရေသန့်ဘူးကို ကိုယ်တိုင်ထမ်းပြီးပို့မယ့်ဇနီးဖြစ်သူ ဆုလဲ့ဝင်း

လူကြမ်းသရုပ်ဆောင် ဦးမင်းစိန်ဟာ ဇန်နဝါရီလ၅ရက်နေ့ မနက်၂နာရီခွဲအချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပြီး ဇန်နဝါရီလ၇ရက်နေ့မှာ ရေဝေးသုဿာန်မှာ မီးသင်္ဂြုခဲ့ပါတယ်။ သေဆုံးသွားသူ ဦးမင်းစိန်နဲ့ ပတ်သက်ပြီး လက်ရှိပေါင်းသင်းနေထိုင်နေတဲ့ ဇနီးဖြစ်သူ မဆုလဲ့ဝင်းက အင်တာဗျူးတစ်ခုမှာ သူမရှိတော့ သုံးဘီးနဲ့ ရေသန့်ဘူး လိုက်ပို့တာ ကိုယ်တိုင် လုပ်မှာပါလို့ ပြောသွားခဲ့ပါတယ်။ မဆုလဲ့ဝင်းက “လာလှူကြတာတော့အများကြီးပဲ ကိုလူချောအဖွဲ့က လိုက်ပြီး စုပေးတာပေါ့နော် သူတို့ အကူအညီတွေ အများကြီးရတယ်။ အမတို့ နှစ်အိမ်ထောင်လုံး ဟိုဘက်အိမ်ထောင်ရော ဒီဘက်အိမ်ထောင်ရော အဆင်ပြေအောင်လို့ အကုန်လုံးကို လုပ်ပေးတယ်။ အလှူငွေကျတော့ များပါတယ် ဘာပဲပြောပြော ၇ရက်လုံးအတွက်လည်း ဘာမှစိတ်ပူမှုမရှိရလေအောင် အလှူအတန်းကို အများကြီးပေးနိုင်အောင် သူတို့တွေ ကူညီထောက်ပံ့ပေးကြတယ်။ ဦးမင်းစိန်သွားတဲ့ ခရီးအေးချမ်းလောက်အောင် အစ်မတို့ အနောက်ကနေ အလှူတွေ အများကြီး လုပ်ပေးနိုင်တယ်ပေါ့ သားရယ်။ သူခရီးမသွားခင် သူ့ကိုယ်သူလည်း သိပုံမရပါဘူး။ သူသွားရင် အဆင်ပြေလားပေါ့...

ကျိုက်ထီးရိုးဘုရားကို ရောက်ရှိနေတဲ့ သရုပ်ဆောင် သူထူးစံနဲ့ ဇနီး ထိုက်ဆုဝင်း

သရုပ်ဆောင် သူထူးစံ နဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းတို့ဟာ ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက တပ်ကုန်းမြို့နယ် ဘုန်းကြီးကျောင်းမှာ ပကာသန မပါဘဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။   အချစ်ရေးမှာ လျို့ဝှက်လွန်းတဲ့ သူထူးစံရဲ့ မင်္ဂလာပွဲသတင်းဟာ ရုတ်တရကဆိုသလို ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာတော့ အမှန်ပါပဲ။ အနုပညာရှင်အချို့ရဲ့ပြောကြားချက်အရ သူထူးစံဟာ ထိုက်ဆုဝင်းကို တော်တော်ချစ်လွန်းလို့ လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့တာလို့ ဆိုကြပါတယ်။   သရုပ်ဆောင်သူထူးစံနဲ့ ထိုက်ဆုဝင်းဟာ မင်္ဂလာဦးဆွမ်းကျွေးအပြင် အလှူအတန်းတချို့ကိုပါ ပြုလုပ်ခဲ့ပါသေးတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ သူတို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘုရားကို ရောက်ရှိဖူးမြော်နေကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပပြီး ရောက်ရှိနေတဲ့ ခရီးစဉ်လေးကတော့ ဘုရားဖူးခရီးစဉ်လေးဖြစ်ပြီး ဒီခရီးစဉ်လေးမှာ ပရိသတ်တွေကလည်း သူထူးစံတို့ဇနီးမောင်နှံနဲ့အတူ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတာတွေ့ရပါတယ်။   သူထူးစံတို့ဇနီးမောင်နှံရဲ့ ကျိုက်ထီးရိုးခရီးစဉ်မှာအတူတွေ့ရတဲ့ အဆိုတော် ဟဲလေး နဲ့ ပရိသတ်တွေကလည်း သူထူးစံတို့ဇနီးမောင်နှံနဲ့ ဓာတ်ပုံတွေတွဲရိုက်ခဲ့ကြပါတယ်။ သူထူးစံတို့ ဇနီးမောင်နှံနှစ်ယောက်...

အတိတ်က ပုံဟောင်းလေးတင်ပြီး မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်နေတဲ့ သန္တာဗိုလ်

ပရိသတ်ကြီးရေ.. မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး အနုပညာလောက်မှာ အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကိုတော့ ယနေ့ ဒီဇင်ဘာ(၁၂)ရက်နေ့လေးမှာပဲ ထောင်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်နော်။ မူးရစ်ဆေးဝါးအမှုနဲ့ နှစ်အတော်ကြာ ပရိသတ်တွေနဲ့ဝေးကွာနေဦးမယ့် မိုးအောင်ရင်အတွက် ပရိသတ်တွေနဲ့ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေကလည် စိတ်မကောင်းဖြစ် ဝမ်းနည်းနေကြတာ တွေ့ရပါတယ်။ မင်းသားမိုးအောင်ရင်ကတော့ ဒီကနေ့ ဒီဇင်ဘာ(၁၂)ရက်နေ့မှာပဲ မူးရစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း ပုဇွန်တောင်တရားရုံးက ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့တာမို့ စုစုပေါင်း ထောင်ဒဏ်(၁၇)နှစ် ကျခံရမှာပဲ ဖြစ်ပါတယ်။ \ အဆိုပါ စိတ်မကောင်းစရာ သတင်းနဲ့ ပတ်သက်ပြီးတော့ မိသားစုများအပြင် ပရိသတ်တွေနဲ့ အနုပညာရှင်များတွေ အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ မိုးအောင်ရင်နဲ့ သူငယ်ချင်းဖြစ်သလို အနုပညာမောင်နှမလည်းဖြစ်တဲ့ မော်လ်ဒယ်မင်းသမီးချောလေး သန္တာဗိုလ်ကလည်း ထောင်ဒဏ်(၁၇)ကျခံရမယ့် မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်ကာ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံဟောင်းလေးကို တင်ပြီး သူမရဲ့စိတ်ကို ဖော်ပြလိုက်တာ တွေ့ရပါတယ်။...