Category: အနုပညာ

ကိုရီးယားသင်္ကြန်ပွဲ ပါဝင်ဆင်နွှဲတဲ့ သင်ဇာဝင့်ကျော်

တောင်ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့မှာ မေလ ၅ ရက်က ကျင်းပတဲ့ မြန်မာမိသားစု နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်မှာ နာမည်ကြီး ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် သင်ဇာဝင့်ကျော်အပါအ၀င် အနုပညာရှင်တွေလည်း တောင်ကိုရီးယားရောက်မြန်တွေနဲ့ အတူ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဓာတ်ပုံ- Thin Zar Wint Kyaw DVB News

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ရုပ်ရှင်ဒါရိုက်တာတွေ တောင်းဆို

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ဦးဆောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို နယ်သာလန် အခြေစိုက် မှတ်တမ်းရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့ နှစ်ခုက ဦးဆောင်စီစဉ်နေပါတယ်။ အမ်စတာဒမ် အခြေစိုက် နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့နဲ့ ရော့တာဒမ် အခြေစိုက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပရေးအဖွဲ့က ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို စုစည်းနေတာဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်စတဲ့ ဥရောပနိုင်ငံတွေအပါအဝင် အာရှနိုင်ငံတွေက ရုပ်ရှင်ဒါရိုက်တာတွေပါ ပါဝင်လက်မှတ်ရေးထိုးပြီး တောင်းဆိုထားတာကို တွေ့ရပါတယ်။ အလားတူ မြန်မာနိုင်ငံက ဒါရိုက်တာတွေလည်း ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုထားပြီး မေလ ၂ ရက်နေ့အထိ ဒါရိုက်တာ စုစုပေါင်း ကိုးရာခန့်က ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပြန်လွှတ်ပေးဖို့ ပါဝင်တောင်းဆိုထားပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ ဖေဖော်ဝါရီလ...

ကေပေါ့ယဉ်ကျေးမှုကို တွန်းလှန်းမည့် တရုတ်နိုင်ငံက လေ့ကျင့်ရေးကျောင်း

ကေပေါ့ ယဉ်ကျေးမှုဟာ တကမ္ဘာလုံအတိုင်းအတာနဲ့ အောင်မြင်ကျော်ကြားမှုကို ရှရှိထားမယ့် တရုတ်နိုင်ငံမှာတော့ ဒါကိုလက်မခံလိုကြပါဘူး။ ကေပေါ့ယဉ်ကျေးမှုဟာ နိုင်ငံရဲ့အနာဂတ်ကို ဖျက်ဆီးဖို့ ခြိမ်းခြောက်နေတဲ့ ခြိမ်းခြောက်မှု တခုအဖြစ်တောင် မှတ်ယူနေကြပါတယ်။ ဒါ့ကြောင့် ကေပေါ့ယဉ်ကျေးမှုကို တွန်းလှန်ဖို့ လေ့ကျင့်ရေးစခန်းတခုလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ကျောင်းဆရာဟောင်းတဦး တည်ထောင်ထားတဲ့ ဒီလေ့ကျင့်ရေးစခန်းဟာ ဘေကျင်းမြို့မှာ တည်ရှိပြီး “Real Man Training Club” လို့အမည်ရပါတယ်။ ဒီကလပ်ဟာ ကလေးငယ်တွေကို အဓိကထားလေ့ကျင့်ပေးပြီး ကလေးတွေကို ကျားကျားယားယား သန်သန်မာမာ ကြီးထွားလာစေရမယ်လို့ အာမခံချက်ပေးထားပါတယ်။ ဒီလေ့ကျင့်ရေးစခန်းမှာ ကလေးတွေကို American Football၊ နပမ်းနဲ့ ဘောက်ဆင်တို့လို ကြမ်းတမ်းတဲ့ အားကစားနည်းတွေ လေ့ကျင့်စေပြီးတော့ သူတို့ရဲ့ကာယပိုင်းကို တိုးတက်အောင် ပြုလုပ်စေပြီး တောင်တက်ခြင်း၊ ကန္တာရတွေကကို ဖြတ်ခြင်း စတာတွေကိုလည်း လေ့ကျင့်ရေးအစီစဉ်တွေမှာ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို မြင့်တက်စေဖို့ နည်းပြဆရာ...

ပထမဆုံးအကြိမ် ရေကူးဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံခဲ့သည့် ဆိုမာလီနွယ်ဖွား မော်ဒယ် အဒန်

ဆိုမာလီယာနွယ်ဖွား အမေရိကန်မော်ဒယ်နဲ့ တက်ကြွလှုပ်ရှားသူ ဟာလီမာ အဒန်ဟာ Sports Illustrated Swimsuit မဂ္ဂဇင်းအတွက် ပထမဆုံးအနေနဲ့ ကင်ညာနိုင်ငံမှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံအရိုက်ခံပေးခဲ့ပါတယ်။ အဒန်ဟာ မွတ်စလင်အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့ မျက်နှာတခုပဲ ဖော်ထားတဲ့ ရေကူးဝတ်စုံဒီဇိုင်းကို ဝတ်ဆင်ထားပါတယ်။ ဒါဟာ သူ့အနေနဲ့ နာမည်ကျော် အမေရိကန်မဂ္ဂဇင်းမှာ ပထမဆုံး ဖော်ပြခံရမှာပါ။ အဒန်ကို ကင်ညာနိုင်ငံက ကာကူမာ ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့ပါတယ်။ ဒီအခွင့်အရေးကနေ ကျမတို့ ဆိုမာလီယာ လူမှုအသိုင်းအဝိုင်း၊ မွတ်စလင် အသိုင်းအဝိုင်းနဲ့ ဒုက္ခသည်အသိုင်းအဝိုင်းအတွက် တံခါးတခုပွင့်သွားဖို့ မျှော်လင့်တယ်လို့ အဒန်က ပြောပါတယ်။ အဒန်ဟာ ၂၀၁၆ ခုနှစ်က Miss Minnesota USA အလှမယ်ပြိုင်ပွဲမှာ ခေါင်းမြီးခြုံဝတ်ပြီး မျက်နှာတခုပဲ ဖော်ထားတဲ့ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ပြီး သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီကစပြီး အဒန်ဟာ နာမည်ကျော် မော်ဒယ်အေဂျင်စီတခုနဲ့...

အပြာလောကထဲ ဝင်ရောက်ဖို့အတွက် ဥပဒေကျောင်းသူဘဝကို စွန့်ပစ်ခဲ့သူ

Game of Thrones ဇာတ်လမ်းတွဲကို အဆက်မပြတ် ကြည့်ခဲ့ဖူးသူတွေဆိုရင် မင်းသမီး Ella Hughes ကို ကောင်းကောင်းကြီး မှတ်မိနေမယ်ထင်ပါတယ်။ သူမှာ GOT ဇာတ်လမ်းတွဲထဲမှာ ပြည့်တန်ဆာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး သူမအနေနဲ့ ဘာကြောင့် အပြာဇာတ်ရုပ်ကို ရွေးချယ်ခဲ့သလဲဆိုတာကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၂နှစ်အရွှယ်ရှိ အင်္ဂလန်နိုင်ငံသူ Ella ဟာ သာမာန်ဥပဒေကျောင်းသူလေးတစ်ယောက် ဖြစ်နေပေမယ့် ရုတ်တရက်ကြီး အပြာလောကထဲကို ဝင်ရောက်သွားခဲ့တာဖြစ်လို့ အတော်လေးကို အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ တကယ်တော့ Ella ဟာ အရမ်းကို အရှက်အကြောက်ကြီးလွန်းသူ ဖြစ်ခဲ့ပြီး ကိုယ်အလေးချိန် မြင့်မားခဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူမအနေနဲ့ သူမရဲ့ပုံစံတွေကို လုံးဝဘဝင်မကျမိရာကနေ လူအများ စိတ်ဝင်စားတဲ့ သူတစ်ယောက်အဖြစ်ကို ပြောင်းလဲဖို့အတွက် အခုလို အပြာလောကကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့လိုက်တာပဲဖြစ်ပါတယ်။ Ella ဟာ အခုဆိုရင် အင်တာနက်ပေါ်ကနေ အဖော်အချွတ်...

ထိုင်းတောဝက်ဘောလုံးအသင်း ဂူတွင်းပိတ်မိတြဲ့ဖစ်ရပ် အခန်းဆက်ရုပ်ရှင်ရိုက်ကူးမည်

ထိုင်းနိုင်ငံ မဲဆိုင်က Tham Luang လှိုဏ်ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံး အသင်းသား ၁၂ ယောက်နဲ့ သူတို့ရဲ့နည်းပြဆရာကို ကယ်တင်ခဲ့တဲ့ ကမ္ဘာကျော် ဖြစ်ရပ်မှန် ဇာတ်လမ်းကို နာမည်ကြီး “Crazy Rich Asians” ရုပ်ရှင်ထုတ်လုပ်တဲ့ SK GLOBAL ကုမ္ပဏီက Netflix နဲ့ လက်တွဲပြီး ရုပ်ရှင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။ မဲဆိုင်လှိုဏ်ဂူထဲမှာ မနှစ်နွေတုန်းက ပိတ်မိပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရသူတွေကို ကယ်ထုတ်ခဲ့ရတဲ့ ဖြစ်ရပ်ကို ကမ္ဘာတ၀ှမ်းက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီတွေက ဒီတောဝက်ဘောလုံး အသင်းဝင် ၁၃ ယောက်ရဲ့ အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမူပိုင် ရိုက်ကူးခွင့်ရဖို့ ကြိုးစားခဲ့ကြ ပေမယ့် ထိုင်းအစိုးရက အရင်တုန်းကတော့ ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်၊...

အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်များအတွက် ကိုရီးယားငွေ သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ So Ji Sub

မင်းသား So Ji Sub က NGO Good Neighbors ကို ကိုရီးယားငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၈၉၀၀၀ နီးပါ) လှူဒါန်းခဲ့ပါတယ်။ Good Neighbors က “မင်းသား So Ji Sub က ဝင်ငွေနည်းတဲ့ မိသားစုက မိန်းကလေးတွေနဲ့ နှိပ်စက်ခံရတဲ့ ကလေးတွေကို ကုသဖို့အတွက် ကိုရီးယားငွေ သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ သူက ‘The Good Neighbors Club’ ရဲ့ ပမာဏအများကြီး လှူဒါန်းတတ်တဲ့ အဖွဲ့ဝင်လည်းဖြစ်လာပါပြီ” လို့ ပြောပါတယ်။ သူက ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ ‘TWENTY: The Moment’ fanmeeting က ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို လှူဒါန်းတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ သူက “အဓိပ္ပာယ်ရှိတဲ့နေရာမှာ...

အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဒါရိုက်တာ ဏကြီးနဲ့ ဝိုင်း တို့ ဆုရရှိ

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ ဏကြီးနဲ့ ဝိုင်း တို့လည်း ဆုရရှိခဲ့ပါတယ်။ ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားဟာ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဓာတ်ပုံဒါရိုက်တာဆု ရရှိသွားပါတယ်။ ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားဟာ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Asean International Film Festival & Awards – AIFFA 2019) မှာ အကောင်းဆုံး ဓာတ်ပုံဒါရိုက်တာဆု ရရှိခဲ့ပါတယ်။ “မီ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် နေတိုးနဲ့ ပိုင်ဖြိုးသု တို့ ဦးဆောင်ပါဝင် သရုပ်ဆောင်ထားကြတာပါ။ အဲဒီ ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “ရွှေကြာ” ဇာတ်ကား ဟာလည်း ဆုပေးရွေးချယ်ရေး အဖွဲ့က ပေးအပ်တဲ့ အထူးဆု ရရှိခဲ့ပါတယ်။ ၂၀၁၉...

နှစ်ဆန်းတစ်ရက်နေ့လေးမှာ ချစ်သူနဲ့အတူခိုစားကျွေးရင်း ကုသိုလ်ကောင်းမှုတွေနဲ့ အစပျိုးလိုက်တဲ့ မအေးသောင်း

ပရိသတ်အချစ်တော် မအေးသောင်းကတော့ အနုပညာလောကထဲကို ပြန်လည်ခြေချခဲ့တာ မကြာသေးပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကတော့ ဟိုးအရင်ကထက်တောင် ပိုပြီးများပြားလာပါတယ်။အေးဝတ်ရည်သောင်းက တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ပေမယ့် ခဏလောက် အနုပညာအလုပ်တွေနဲ့စိမ်းသက်သွားခဲ့ပါတယ်။ယခုချိန်မှာတော့ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေပြီး ကြော်ငြာတွေလည်း ပြန်လည်ရိုက်ကူးနေတာကိုတွေ့ရပါတယ်။ အေးသောင်းရဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေကတော့ နှစ်တွေဘယ်လိုပြောင်းပြောင်း ဘယ်လောက်ကြာကြာ ဟိုးအရင်တုန်းကလိုပဲ ပိုင်နိုင်တိကျတဲ့အိုင်တင်တွေနဲ့ ပရိသတ်တွေကို ဇာတ်ကားအဆုံးထိဆွဲခေါ်သွားနေတာဖြစ်ပါတယ်။အေးသောင်းက အခုဆိုရင် အရင်ကထက် အများကြီးပိုလှလာပြီး အရမ်းလှတဲ့ခန္ဓာကိုယ်လေးမှာ မြန်မာဝတ်စုံလေးဆင်မြန်းရင် မိန်းကလေးချင်းလည်ပြန်ငေးရလောက်အောင် လှလွန်းတာဖြစ်ပါတယ်။အေးသောင်းက ပုရိသတွေကြားမှာလည်း အရမ်းကိုရေပန်းစားပြီး သူမရဲ့အလှတွေကို ချီးကျူးနေကြတာပါ။ အခုဆိုရင်တော့ အေးသောင်းက မြန်မာ့နှစ်ကူးအတာသင်္ကြန်ပွဲတော်ကို သင်္ကြန်မတိုင်ခင် တစ်ရက်လောက်အလိုကတည်းက သူမတို့မိသားစုက စတုဒီသာကျွေးမွေးကာ ကုသိုလ်ယူခဲ့ကြပါတယ်။အေးသောင်းကတော့ သင်္ကြန်အကြိုနေ့ကတည်းက နောက်ဆုံးနေ့အထိ အလန်းစားဒီဇိုင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရေကစားခဲ့တာကို တွေ့ခဲ့ရမှာပါနော်။အခု နှစ်ဆန်းတစ်ရက်နေ့မှာလည်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်ဦးမှာဖြစ်ပြီး ယခုဆိုရင်တော့ ခိုစာကျွေးရင်းချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေထားပါတယ်နော်။ Source:Aye Thaung...

အကယ်ဒမီ ပွဲတက်ဖိတ်စာ ခုံအမှတ်ပါ တူနေတယ် လို့သတင်းထွက်နေတဲ့ ကျော်ကျော်နန္ဒ နဲ့ ခြိမ့်ကေကို

ပရိသတ်တွေကြားမှာ နာမည်ကြီးပြီးဆယ်လီဖြစ်နေကြတဲ့ ကျော်ကျော်နန္ဒ ဟာဆိုရင် အကယ်ဒမီ ပွဲတက် ပိတ်ပင်ခံရတယ် လို့ သတင်းထွက်နေသလို နောက်ထပ် အကယ်ဒမီ ပွဲကို ပြန်တက်ခွင့်ရပြီ လို့လဲ ပြောနေကြတာ တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီး အတွက် အကယ်ဒမီ ပွဲတက်ဖိတ်စာ နဲ့ ခုံအမှတ်တူနေတယ်လို့ သတင်းထွက်နေတဲ့ ကျော်ကျော်နန္ဒနဲ့ ခြိမ့်ကေကို တို့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ အကယ်ဒမီပွဲကြီး ကျင်းပတော့မှာ ဖြစ်တဲ့ အနုပညာရှင်များစွာ တို့ကလည်းပွဲတင်ဖို့ ကြိုတင်ပြင်ဆင် နေကြတာတွေ့ရပါတယ်။ ခုလတ်တလောမှာတော့ ကျော်ကျော်နန္ဒ က အကယ်ဒမီ ပွဲ တက်ခွင့်မရဘူး လို့ ပြောနေကြသလို သူ့ကို လူကြီးများထောက်ခံပေးမှုကြောင့် အကယ်ဒမီ ပွဲတက်ခွင့်ရပြီလို့လဲ သိရပါတယ်။ ခုတစ်ခါမှာတော့ ကျော်ကျော်နန္ဒ နဲ့ ခြိမ့်ကေကို တို့နှစ်ဦးက အကယ်ဒမီ ပွဲတက် ခုံအမှတ်များတူနေတယ်လို့ သတင်းထွက်ပြန်ပါတယ်...