Category: အနုပညာ

သရုပ်ဆောင်ကင်းကောင်ကွယ်လွန်

သရုပ်ဆောင်ကင်းကောင်ကွယ်လွန် ပုပ္ပါးကို ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရောက်ရှိနေတဲ့ ဟာသသရုပ်ဆောင် ကင်းကောင်ဟာ ဒီကနေ့ မနက်ပိုင်း ခြောက်နာရီ အချိန်ခန့်က ချွဲကျပ်ပြီး ကွယ်လွန်သွားတယ်လို့သိရပါတယ်။ သရုပ်ဆောင်ကင်းကောင်ဟာကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရုပ်အလောင်းကို ရန်ကုန်ပြန်သယ်ဖို့စီစဉ်နေတဲ့အကြောင်း အနုပညာရှင် အချို့ကပြောပါတယ်။ အနုပညာလောကမှာ နှစ်ပေါင်းသုံးဆယ်ကျော်ရပ်တည် ခဲ့ပြီး ပရိတ်သတ်တွေကို အနုပညာနဲ့ပျော်စေခဲ့သူ ကင်ကောင်ကွယ်လွန်သွားတဲ့အပေါ် အနုပညာရှင်တွေ နဲ့ ပရိတ်သတ်တွေက ဝမ်းနည်မိကြောင်း မှတ်ချက်စကားသံ တွေကို ဖေ့ဘွတ်ခ်စာမျက်နှာတွေမှာရေးသားထားကြတာ ကိုတွေ့ရပါတယ်။ သတင်း-ဇွဲဥာဏ်

ဦးမင်းစိန်မရှိပေမယ့် ရေသန့်ဘူးကို ကိုယ်တိုင်ထမ်းပြီးပို့မယ့်ဇနီးဖြစ်သူ ဆုလဲ့ဝင်း

လူကြမ်းသရုပ်ဆောင် ဦးမင်းစိန်ဟာ ဇန်နဝါရီလ၅ရက်နေ့ မနက်၂နာရီခွဲအချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပြီး ဇန်နဝါရီလ၇ရက်နေ့မှာ ရေဝေးသုဿာန်မှာ မီးသင်္ဂြုခဲ့ပါတယ်။ သေဆုံးသွားသူ ဦးမင်းစိန်နဲ့ ပတ်သက်ပြီး လက်ရှိပေါင်းသင်းနေထိုင်နေတဲ့ ဇနီးဖြစ်သူ မဆုလဲ့ဝင်းက အင်တာဗျူးတစ်ခုမှာ သူမရှိတော့ သုံးဘီးနဲ့ ရေသန့်ဘူး လိုက်ပို့တာ ကိုယ်တိုင် လုပ်မှာပါလို့ ပြောသွားခဲ့ပါတယ်။ မဆုလဲ့ဝင်းက “လာလှူကြတာတော့အများကြီးပဲ ကိုလူချောအဖွဲ့က လိုက်ပြီး စုပေးတာပေါ့နော် သူတို့ အကူအညီတွေ အများကြီးရတယ်။ အမတို့ နှစ်အိမ်ထောင်လုံး ဟိုဘက်အိမ်ထောင်ရော ဒီဘက်အိမ်ထောင်ရော အဆင်ပြေအောင်လို့ အကုန်လုံးကို လုပ်ပေးတယ်။ အလှူငွေကျတော့ များပါတယ် ဘာပဲပြောပြော ၇ရက်လုံးအတွက်လည်း ဘာမှစိတ်ပူမှုမရှိရလေအောင် အလှူအတန်းကို အများကြီးပေးနိုင်အောင် သူတို့တွေ ကူညီထောက်ပံ့ပေးကြတယ်။ ဦးမင်းစိန်သွားတဲ့ ခရီးအေးချမ်းလောက်အောင် အစ်မတို့ အနောက်ကနေ အလှူတွေ အများကြီး လုပ်ပေးနိုင်တယ်ပေါ့ သားရယ်။ သူခရီးမသွားခင် သူ့ကိုယ်သူလည်း သိပုံမရပါဘူး။ သူသွားရင် အဆင်ပြေလားပေါ့...

ကျိုက်ထီးရိုးဘုရားကို ရောက်ရှိနေတဲ့ သရုပ်ဆောင် သူထူးစံနဲ့ ဇနီး ထိုက်ဆုဝင်း

သရုပ်ဆောင် သူထူးစံ နဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းတို့ဟာ ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက တပ်ကုန်းမြို့နယ် ဘုန်းကြီးကျောင်းမှာ ပကာသန မပါဘဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။   အချစ်ရေးမှာ လျို့ဝှက်လွန်းတဲ့ သူထူးစံရဲ့ မင်္ဂလာပွဲသတင်းဟာ ရုတ်တရကဆိုသလို ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာတော့ အမှန်ပါပဲ။ အနုပညာရှင်အချို့ရဲ့ပြောကြားချက်အရ သူထူးစံဟာ ထိုက်ဆုဝင်းကို တော်တော်ချစ်လွန်းလို့ လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့တာလို့ ဆိုကြပါတယ်။   သရုပ်ဆောင်သူထူးစံနဲ့ ထိုက်ဆုဝင်းဟာ မင်္ဂလာဦးဆွမ်းကျွေးအပြင် အလှူအတန်းတချို့ကိုပါ ပြုလုပ်ခဲ့ပါသေးတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ သူတို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘုရားကို ရောက်ရှိဖူးမြော်နေကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပပြီး ရောက်ရှိနေတဲ့ ခရီးစဉ်လေးကတော့ ဘုရားဖူးခရီးစဉ်လေးဖြစ်ပြီး ဒီခရီးစဉ်လေးမှာ ပရိသတ်တွေကလည်း သူထူးစံတို့ဇနီးမောင်နှံနဲ့အတူ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတာတွေ့ရပါတယ်။   သူထူးစံတို့ဇနီးမောင်နှံရဲ့ ကျိုက်ထီးရိုးခရီးစဉ်မှာအတူတွေ့ရတဲ့ အဆိုတော် ဟဲလေး နဲ့ ပရိသတ်တွေကလည်း သူထူးစံတို့ဇနီးမောင်နှံနဲ့ ဓာတ်ပုံတွေတွဲရိုက်ခဲ့ကြပါတယ်။ သူထူးစံတို့ ဇနီးမောင်နှံနှစ်ယောက်...

အတိတ်က ပုံဟောင်းလေးတင်ပြီး မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်နေတဲ့ သန္တာဗိုလ်

ပရိသတ်ကြီးရေ.. မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး အနုပညာလောက်မှာ အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကိုတော့ ယနေ့ ဒီဇင်ဘာ(၁၂)ရက်နေ့လေးမှာပဲ ထောင်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်နော်။ မူးရစ်ဆေးဝါးအမှုနဲ့ နှစ်အတော်ကြာ ပရိသတ်တွေနဲ့ဝေးကွာနေဦးမယ့် မိုးအောင်ရင်အတွက် ပရိသတ်တွေနဲ့ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေကလည် စိတ်မကောင်းဖြစ် ဝမ်းနည်းနေကြတာ တွေ့ရပါတယ်။ မင်းသားမိုးအောင်ရင်ကတော့ ဒီကနေ့ ဒီဇင်ဘာ(၁၂)ရက်နေ့မှာပဲ မူးရစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း ပုဇွန်တောင်တရားရုံးက ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့တာမို့ စုစုပေါင်း ထောင်ဒဏ်(၁၇)နှစ် ကျခံရမှာပဲ ဖြစ်ပါတယ်။ \ အဆိုပါ စိတ်မကောင်းစရာ သတင်းနဲ့ ပတ်သက်ပြီးတော့ မိသားစုများအပြင် ပရိသတ်တွေနဲ့ အနုပညာရှင်များတွေ အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ မိုးအောင်ရင်နဲ့ သူငယ်ချင်းဖြစ်သလို အနုပညာမောင်နှမလည်းဖြစ်တဲ့ မော်လ်ဒယ်မင်းသမီးချောလေး သန္တာဗိုလ်ကလည်း ထောင်ဒဏ်(၁၇)ကျခံရမယ့် မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်ကာ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံဟောင်းလေးကို တင်ပြီး သူမရဲ့စိတ်ကို ဖော်ပြလိုက်တာ တွေ့ရပါတယ်။...

ရွှေအိမ်စည့် အကြောင်းတွေကို အကုန်ဖွင့်ချဖြေရှင်းလိုက်တဲ့ Organization

ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supernational ပြိုင်ပွဲကြီးက ပြီးဆုံးခဲ့ပေမယ့် နောက်ဆက်တွဲ ဂယက်တွေကတော့ အခုထိ မပြီးသေးပါဘူး။ ဝတ်စုံ ကိစ္စကနေစလို့ နောက်ဆုံး organization ကနေ တာဝန်ယူမှု support ပေးမှုတွေနဲ့ ပတ်သက်ပြီး Organization နဲ့ ရွှေအိမ်စည်၊ ရွှေအိမ်စည်ရဲ့ မိသားစုဝင်တွေကြား အပြန်အလှန် ပြောဆိုမှုတွေ ဆက်တိုက်ရှိနေခဲ့တာပါ။ အခုအချိန်မှာတော့ organization ဖက်ကနေလည်း သူတို့ဖက်က တာဝန်ယူမှုရှိတယ်ဆိုတဲ့ အကြောင်းကို ပြန်ရှင်းပြလိုက်တာပါ။ အမှန်တရားအတွက် ဖြေရှင်းခြင်းဆိုတဲ့ စာအရှည်ကြီးတစ်စောင်ကို ထုတ်ပြန်ကြေညာပြီး ပြန်လည်ဖြေရှင်းထားတာပါ။ အဲ့ဒီစာလေးကို ဖတ်ကြည့်လိုက်ပါဦး။ ဒီအသိုင်းအဝိုင်းက အကြောင်းသိတဲ့ လူတော်တော်များများက တားကြပေမယ့် Potential ရှိတဲ့သူဖြစ်လို့ ကိုယ်အတတ်နိုင်ဆုံး ပြုပြင်ပံ့ပိုးပေးမယ်ဆိုတဲ့စိတ်နဲ့ အများကြီးသည်းခံပေးပြီး သူ့အပေါ်အများကြီးမှန်းထားတဲ့ ပရိသတ်ဆန္ဒသာကြည့်ပြီး ရွေးပေးခဲ့တယ် ပြုပြင်ရင် ပြုပြင်သလောက် တက်လမ်းရှိသူဖြစ်ပေမယ့် ပွဲကာလ စည်းကမ်းလိုက်နာမှု မရှိသလို တစ်နိုင်ငံလုံးကြည့်နေတဲ့...

သရုပ်ဆောင် ဝေဠုကျော်က ကျပ်သိန်းတစ်သောင်းနဲ့ လာရောက်ညှိနှိုင်းတယ်လို့ ဖွင့်ဟလိုက်တဲ့ အလှမယ်သင်းသင်း

အလှမယ်သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုတော့မယ့်အကြောင်းကို မီဒီယာတွေကနေ တဆင့်ဖြေကြားလိုက်တာဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်တွေအပေါ်မှာလည်း ဝေဠုကျော်က တရားရင်ဆိုင်သွားမှာဖြစ်ပြီးတော့ ဒီအကြောင်းတွေကြောင့် နောက်နှစ်အတွင်းမှာ အိမ်ထောင်ပြုရတော့မယ်လို့ဆိုပါတယ်။ သူအိမ်ထောင်ပြုမယ့် အမျိုးသမီးကလည်း သူ့အပေါ်နားလည်မှုအပြည့်ရှိတဲ့အမျိုးသမီးဖြစ်ရမယ်လို့ ဆိုပြီးတော့ နောက်နှစ်ထဲမှာ အိမ်ထောင်မဟုတ်ရင် ထောင်တော့ တစ်ခုခုကျမှာပါလို့ မီဒီယာတွေကနေတဆင့် ဖြေရှင်းလိုက်တာဖြစ်ပါတယ်။ သရုပ်ဆောင် ဝေဠုကျော် နဲ့ အလှမယ်သင်းသင်းတို့ရဲ့ ပြသာနာရပ်တွေဟာ ယနေ့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေစိတ်ဝင်စားနေခဲ့တဲ့ ပြသာနာဖြစ်နေခဲ့ပါတယ်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွှဲပိုင်းလောက်မှာ အလှမယ် သင်းသင်းက ပွဲတစ်ခုကနေပြီး Live လွှင့်ခဲ့တာဖြစ်ပါတယ်။ သူမပွဲတွေသွားခဲ့တဲ့တလျှောက် သူမရဲ့ မည်သည့်ပစ္စည်းမှပျောက်ရှခြင်းမရှိခဲ့ပေမယ့် ယနေ့မှာတော့ သူမရဲ့ အထုပ်အပိုးတစ်ခုခိုးခံရတယ်လို့ဆိုပါတယ်။ အထုတ်တွေအများကြီးရှိတဲ့ထဲမှာမှ သူမရဲ့အထုတ်တစ်ထုတ်သာခိုးခံရခြင်းဖြစ်ပြီးတော့ အဲဒီအထုတ်မှာလည်း ဖိနပ်နဲ့ အဝတ်အစားတွေသာပါသွားတာကြောင့် ဘာမှမရှိဘူး မရှာပါနဲ့လို့ Live ကနေတဆင့်ပြောခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ ယခုလိုမျိုးပစ္စည်းတွေခိုးယူခံရနေပြီဖြစ်တာကြောင့် နောက်နောင်မှာလည်း...

ပရဟိတမင်းသား ကိုဝေဠုကျော်ကို ထိထိရောက်ရောက် ပြန်လည်ပြောဆိုလိုက်တဲ့ ပန်ဆယ်လို

ပန်ဆယ်လို ဆိုတာ သူ့မျက်စိထဲအမြင်မတော်တာတွေ၊ သူမတရားဘူးလို့ထင်တာမှန်သမျှတွေကို စိတ်ထဲရှိတဲ့အတိုင်း ( လူမှုကွန်ယက် ) ပေါ်မှာ တက်ပြောတတ်တဲ့သူတစ်ယောက်ပါ။ အဲ့ဒီလိုအမြင်မတော်တာတွေ ပြောလွန်း၊ ရေးလွန်းအားကြီးလို့ ပွဲတိုင်းကျော် လို့ ပြောခံရသူပါ။ ဒါပေမယ့် သူ့ပရိသတ်နဲ့သူနဲ့ကတော့ အဆင်ပြေပါတယ်။ အခုလည်း ပရဟိတသမား ကိုဝေဠုကျော် ကို ပန်ဆယ်လိုက ထပ်ပြီးဝုန်းလိုက်ပြန်ပါပြီ။ ကိုဝေဠုကျော် ဟာ ပရဟိတ အကြောင်းပြပြီး အမျိုးသမီးတစ်ယောက်ကို ကာမလိမ်လည်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး ပန်ပန် က ဝေဖန်ခဲ့တာပါ။ ဘယ်လိုတွေ ဝေဖန်သလဲဆိုတော့ ။ ငယ်သေးလို့ မရင့်ကျက်သလို တုန့်ပြန်တယ်ဆိုရအောင်လည်း အသက်နဲ့တွက်ရင် သေဖို့ ဘွတ်ကင်ကြိုယူထားလောက်တဲ့ အရွယ်ရောက်နေပြီ။ပြောပုံဆိုပုံကြီးက ကလေးကွက်တွေ…ဟီလာထနေတာပဲ။သမီးရည်းစားကိစ္စ၊ သမီးရည်းစား ပြသနာဆိုတာ အမှန်တရားဟာ တစ်ဖက်တည်းမှ မရှိသလို ဝင်ရောက်ဆုံးဖြတ်လို့ ရတဲ့ကိစ္စမဟုတ်ဘူး။ နှစ်ဖက်စလုံး အမှန်တွေ အမှားတွေ ရှိနေမှာပဲ။ ပြောတဲ့လူတွေကလည်း ကိုယ်ပြောရင် ကိုယ်မှန်တယ်ထင်အောင် ပြောမှာပဲ။...

ပြတ်သွားတဲ့ရည်းစားကတရားစွဲမယ်ဆိုတဲ့အပေါ် ဝေဠုကျော်ရဲ့ ဖြေရှင်းချက်

ရည်းစားထားမိတယ်ရည်းစားပြတ်သွားတယ်အဲ့ဒါတရားဆွဲခံရတယ် အဲ့ဒါကျွန်တော်ပါအထူးခြားဆုံးမြန်မာပြည်က လူတစ်ယောက်ပါ ”ဆိုတဲ့သရုပ်ဆောင် ဝေဠုကျော်။ဝေဠု​ကျော်​ Video ကြည့်ရန် #Popularjournal #Wailukya

အောင်ဇမ္မူတောရကျောင်းကို သွားရောက်ရင်း ဘောလိဝုဒ်မင်းသားချောလေး Sunil Sharmaနဲ့ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ ချောရတနာ

သရုပ်ဆောင်ချောရတနာကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး သရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်လွန်းတာကြောင့် အကယ်ဒမီတွေပါရရှိခဲ့သည်အထိ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အနပညာအလုပ်တွေကနေ အနားယူနေပြီး ချစ်စရာကောင်းတဲ့ သမီးလေးကို အချိန်ပေးနေပါတယ်။ယနေ့မှာတော့ ချောရတနာတစ်ယောက် အောင်ဇမ္ဗူတောရ ဂျပန်ဘုရား ၃၀၁ဆူ ၅ ထပ်ကျောင်းဆောင်ဖွင့်ပွဲကို သွားရောက်ခဲ့ပါတယ်။ ဂျပန်ဘုရား၅ထပ်ဆောင် ဖွင့်ပွဲကို သွားရောက်ရင်းဘောလိဝုဒ်က ရိုက်ကူးထားတဲ့ Buddha ဇာတ်ကားမှာ ဂေါတမဗုဒ္ဓအဖြစ်သရုပ်ဆောင်ခဲ့တဲ့ဘောလိဝုဒ်မင်းသား Sunil Sharmaနဲ့ အမှတ်မထင်ဆုံတွေခဲ့ပါတယ်။ sunil sharmaဟာ အောင်ဇမ္ဗူတောရဓမ္မရိပ်သာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၃၀၁)ဆူသီတင်းသုံးတော်မူမည့် “ဗုဒ္ဓဂန္ဓကုဋီကျောင်းဆောင်သစ်ကြီး”ဖွင့်လှစ်ပွဲကိုတက်ရောက်ဖူးမြော်ခဲ့တာပဲဖြစ်ပါတယ်။ချောရတနာကတော့ ” အောင်ဇမ္ဗူတောရ ဂျပန်ဘုရား ၃၀၁ဆူ ၅ ထပ်ကျောင်းဆောင်ဖွင့်ပွဲ ” ဆိုပြီး ချစ်စရာပုံလေးတွေနဲ့ အတူ ရေးထားခဲ့တာပဲဖြစ်ပါတယ်။ myanmarload

သရုပ်ဆောင်သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ရဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူပုံရိပ်များ

အချစ်ရေးမှာ အင်မတန်တိတ်ဆိတ်လွန်းလှတဲ့ လူပျိုကြီးစာရင်းဝင် အနုပညာရှင်တွေထဲမှာ သူထူးစံတစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ သိပ်မကြာခင်မှာလည်း သူပါဝင်သရုပ်ဆောင်ထားပြီး ခွန်းဆင့်နေခြည်နဲ့တွဲဖက်ရိုက်ကူးထားတဲ့ မှော်ဝင်သမန်းကျားရုပ်ရှင်ကားကြီးပြသတော့မှာဖြစ်ပါတယ်။ ပရိသတ်တွေကို အချစ်ရေးနဲ့ပတ်သက်ပြီး တစွန်းတစတောင် အသိပေးတတ်ခြင်းမရှိတဲ့ လူပျိုကြီးသူထူးစံရဲ့ မင်္ဂလာပွဲကိုတော့ မင်္ဂလာဆွမ်းကပ်အလှူမလုပ်ခင် တစ်ရက်အလိုမှ ပရိသတ်တွေသိရှိရတာဖြစ်ပါတယ်။ သူထူးစံကတော့ အနုပညာလောကထဲက မော်ဒယ်တစ်ဦးဖြစ်သူ ထိုက်ဆုဝင်းနဲ့ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ မင်္ဂလာဆောင်သွားခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီဗန်းကိုင်တစ်ဦးဖြစ်တဲ့ ထိုက်ဆုဝင်းဟာ သူထူးစံနဲ့အတူ တွဲဖက်ပြီးတော့ ဗီဒီယိုကားတွေလည်း ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပါတယ်။ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ သရုပ်ဆောင် သူထူးစံနဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းတို့နှစ်ဦး က နေပြည်တော် တပ်ကုန်းမြို့ရှိ ငွေတောင်တောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကပ်ပြုလုပ်နေတာဖြစ်ပါတယ်။ မင်္ဂလာမောင်နှံနှစ်ဦးရဲ့ပုံရိပ်များကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ သာယာချမ်းမြေ့တဲ့ဘဝလမ်းခရီးလေးကို သူထူးစံတို့ဇနီးမောင်နှံရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။