Category: အနုပညာ

အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်များအတွက် ကိုရီးယားငွေ သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ So Ji Sub

မင်းသား So Ji Sub က NGO Good Neighbors ကို ကိုရီးယားငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၈၉၀၀၀ နီးပါ) လှူဒါန်းခဲ့ပါတယ်။ Good Neighbors က “မင်းသား So Ji Sub က ဝင်ငွေနည်းတဲ့ မိသားစုက မိန်းကလေးတွေနဲ့ နှိပ်စက်ခံရတဲ့ ကလေးတွေကို ကုသဖို့အတွက် ကိုရီးယားငွေ သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ သူက ‘The Good Neighbors Club’ ရဲ့ ပမာဏအများကြီး လှူဒါန်းတတ်တဲ့ အဖွဲ့ဝင်လည်းဖြစ်လာပါပြီ” လို့ ပြောပါတယ်။ သူက ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ ‘TWENTY: The Moment’ fanmeeting က ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို လှူဒါန်းတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ သူက “အဓိပ္ပာယ်ရှိတဲ့နေရာမှာ...

အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဒါရိုက်တာ ဏကြီးနဲ့ ဝိုင်း တို့ ဆုရရှိ

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ ဏကြီးနဲ့ ဝိုင်း တို့လည်း ဆုရရှိခဲ့ပါတယ်။ ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားဟာ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဓာတ်ပုံဒါရိုက်တာဆု ရရှိသွားပါတယ်။ ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားဟာ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Asean International Film Festival & Awards – AIFFA 2019) မှာ အကောင်းဆုံး ဓာတ်ပုံဒါရိုက်တာဆု ရရှိခဲ့ပါတယ်။ “မီ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် နေတိုးနဲ့ ပိုင်ဖြိုးသု တို့ ဦးဆောင်ပါဝင် သရုပ်ဆောင်ထားကြတာပါ။ အဲဒီ ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “ရွှေကြာ” ဇာတ်ကား ဟာလည်း ဆုပေးရွေးချယ်ရေး အဖွဲ့က ပေးအပ်တဲ့ အထူးဆု ရရှိခဲ့ပါတယ်။ ၂၀၁၉...

နှစ်ဆန်းတစ်ရက်နေ့လေးမှာ ချစ်သူနဲ့အတူခိုစားကျွေးရင်း ကုသိုလ်ကောင်းမှုတွေနဲ့ အစပျိုးလိုက်တဲ့ မအေးသောင်း

ပရိသတ်အချစ်တော် မအေးသောင်းကတော့ အနုပညာလောကထဲကို ပြန်လည်ခြေချခဲ့တာ မကြာသေးပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကတော့ ဟိုးအရင်ကထက်တောင် ပိုပြီးများပြားလာပါတယ်။အေးဝတ်ရည်သောင်းက တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ပေမယ့် ခဏလောက် အနုပညာအလုပ်တွေနဲ့စိမ်းသက်သွားခဲ့ပါတယ်။ယခုချိန်မှာတော့ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေပြီး ကြော်ငြာတွေလည်း ပြန်လည်ရိုက်ကူးနေတာကိုတွေ့ရပါတယ်။ အေးသောင်းရဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေကတော့ နှစ်တွေဘယ်လိုပြောင်းပြောင်း ဘယ်လောက်ကြာကြာ ဟိုးအရင်တုန်းကလိုပဲ ပိုင်နိုင်တိကျတဲ့အိုင်တင်တွေနဲ့ ပရိသတ်တွေကို ဇာတ်ကားအဆုံးထိဆွဲခေါ်သွားနေတာဖြစ်ပါတယ်။အေးသောင်းက အခုဆိုရင် အရင်ကထက် အများကြီးပိုလှလာပြီး အရမ်းလှတဲ့ခန္ဓာကိုယ်လေးမှာ မြန်မာဝတ်စုံလေးဆင်မြန်းရင် မိန်းကလေးချင်းလည်ပြန်ငေးရလောက်အောင် လှလွန်းတာဖြစ်ပါတယ်။အေးသောင်းက ပုရိသတွေကြားမှာလည်း အရမ်းကိုရေပန်းစားပြီး သူမရဲ့အလှတွေကို ချီးကျူးနေကြတာပါ။ အခုဆိုရင်တော့ အေးသောင်းက မြန်မာ့နှစ်ကူးအတာသင်္ကြန်ပွဲတော်ကို သင်္ကြန်မတိုင်ခင် တစ်ရက်လောက်အလိုကတည်းက သူမတို့မိသားစုက စတုဒီသာကျွေးမွေးကာ ကုသိုလ်ယူခဲ့ကြပါတယ်။အေးသောင်းကတော့ သင်္ကြန်အကြိုနေ့ကတည်းက နောက်ဆုံးနေ့အထိ အလန်းစားဒီဇိုင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရေကစားခဲ့တာကို တွေ့ခဲ့ရမှာပါနော်။အခု နှစ်ဆန်းတစ်ရက်နေ့မှာလည်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်ဦးမှာဖြစ်ပြီး ယခုဆိုရင်တော့ ခိုစာကျွေးရင်းချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေထားပါတယ်နော်။ Source:Aye Thaung...

အကယ်ဒမီ ပွဲတက်ဖိတ်စာ ခုံအမှတ်ပါ တူနေတယ် လို့သတင်းထွက်နေတဲ့ ကျော်ကျော်နန္ဒ နဲ့ ခြိမ့်ကေကို

ပရိသတ်တွေကြားမှာ နာမည်ကြီးပြီးဆယ်လီဖြစ်နေကြတဲ့ ကျော်ကျော်နန္ဒ ဟာဆိုရင် အကယ်ဒမီ ပွဲတက် ပိတ်ပင်ခံရတယ် လို့ သတင်းထွက်နေသလို နောက်ထပ် အကယ်ဒမီ ပွဲကို ပြန်တက်ခွင့်ရပြီ လို့လဲ ပြောနေကြတာ တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီး အတွက် အကယ်ဒမီ ပွဲတက်ဖိတ်စာ နဲ့ ခုံအမှတ်တူနေတယ်လို့ သတင်းထွက်နေတဲ့ ကျော်ကျော်နန္ဒနဲ့ ခြိမ့်ကေကို တို့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ အကယ်ဒမီပွဲကြီး ကျင်းပတော့မှာ ဖြစ်တဲ့ အနုပညာရှင်များစွာ တို့ကလည်းပွဲတင်ဖို့ ကြိုတင်ပြင်ဆင် နေကြတာတွေ့ရပါတယ်။ ခုလတ်တလောမှာတော့ ကျော်ကျော်နန္ဒ က အကယ်ဒမီ ပွဲ တက်ခွင့်မရဘူး လို့ ပြောနေကြသလို သူ့ကို လူကြီးများထောက်ခံပေးမှုကြောင့် အကယ်ဒမီ ပွဲတက်ခွင့်ရပြီလို့လဲ သိရပါတယ်။ ခုတစ်ခါမှာတော့ ကျော်ကျော်နန္ဒ နဲ့ ခြိမ့်ကေကို တို့နှစ်ဦးက အကယ်ဒမီ ပွဲတက် ခုံအမှတ်များတူနေတယ်လို့ သတင်းထွက်ပြန်ပါတယ်...

လမ်းပြင်တဲ့ အလုပ်သမား ၁၀၀ အတွက် မွန်မြတ်တဲ့ အလှူလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

တစ်ချိန်တုန်းက ကောင်းမွန် ပိုင်နိုင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးလက်ခံမှုချစ်ခင်မှုတို့ကို ရရှိထားခဲ့သလို အခုလက်ရှိအချိန်မှာလည်း ပရဟိတလုပ်ငန်းတွေ ကိုယ်တိုင် ဦးစီးဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေကတော့ လမ်းပြင်တဲ့ အလုပ်သမား ၁၀၀ အတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းဖြစ်တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ခိုင်နှင်းဝေက “ဒီနေ့ အစ်မပေါ့နော် တစ်လ လစဉ် အိမ်ထောင်စုအစား အစ်မ ဒီလိုမျိုးလေးတွေ လှူမယ်လို့ စဉ်းစားထားတယ်ပေါ့နော် ဒီနေ့ဆိုရင်တော့ လမ်းလုပ်သားတွေပေါ့ ဟိုတစ်ခေါက်တုန်းကလည်း လမ်းလုပ်သားတွေနဲ့ ဆိုက္ကားသမားတွေနဲ့ အလှူပေးဖြစ်တယ် အခုကျတော့ ဒီဘက်မှာ လမ်းပြင်တာတွေ အရမ်းများတယ်ဆိုတော့ ကိုယ်နိုင်သလောက်ပေါ့ လူတစ်ရာစာပါ။ လူတစ်ရာစာကို အစ်မလာလှူပေးဖြစ်တာပါ။ အရမ်းဝမ်းသာတယ် အစ်မတို့က ဒီလိုမျိုး လုပ်သားတွေကို ဘာကြောင့်လှူဖြစ်လဲဆိုရင် အောက်ခြေလူတန်းစားပေါ့နော် အဓိကတော့ အလုပ်ကို တန်ဖိုးထားတဲ့လူတွေအခုက နေအရမ်းပူတယ်လေ အစ်မတို့အခု လာလှူတာလေးကိုတောင် အရမ်းပင်ပန်းတယ်။ သူတို့ဆို...

ကိုကိုဦးရဲ့သားလေး အကယ်ဒမီရွှေကြိုမှာပါဝင်ဖို့ အရွေးမခံရတဲ့အပေါ်ပြောပြလာတဲ့ နေထက်လင်း

ပရိသတ် ကြီးရေ သရုပ်ဆောင်နေထက်လင်းရဲ့ သားလေး ထက်လင်းအောင် ကတော့ ၂၀၁၈ အကယ်ဒမီရွေးပွဲမှာ ရွှေကြိုမောင်အဖြစ်ရွေးချယ်ခံရတာပဲဖြစ်ပါတယ်။ သားဖြစ်သူ ရွှေကြိုရွေးခံရလို့ နေထက်လင်းက ” ဝမ်သားပီတိဖြစ်ရပါတယ်။ အဲ့အတွက် ရွှေကြိုရွေးတဲ့အဖွဲ့ကို အကိုတွေ အမတွေကိုလဲ ဒီနေရာကနေကျေးဇူးတင်ပါတယ်။ အစည်းအရုံး ဥက္ကဋ္ဌ အတွင်းရေးမှူးတွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ အဲ့လိုမျိုးစီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆို သူတို့စီစဉ်ပေးမှ ဒါက မျိုးဆက်သစ်ကို ရွေးတယ်ဆိုတာကလဲ ကောင်းစေချင်လို့ရွေးခဲ့ကြတာကို။အဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။ နေထက်လင်းကတော့ သားဖြစ်သူရွှေကြိုရွေးခံရလ်ို့ အရမ်းကိုပျော်ရွှေင်နေပါတယ်။   လူကြမ်းသရုပ်ဆောင်ကိုကိုဦးရဲ့သားလေး အကယ်ဒမီရွှေကြိုမှာပါဝင်ဖို့ အရွေးမခံရတဲ့အပေါ် နေထက်လင်းက “ဒီနှစ်မပါလဲ အားမငယ်ပါနဲ့။ အခုဒီဇာတ်ကားထဲမှာ Line Walker မှာ မင်းရာဇာပါသွားတယ်။ ကျွန်တော်တို့ဘာမှမဖြစ်ဘူး။ ဘာမှမခံစားရဘူး။ ကျွန်တော်ဒီထက်ကောင်းတဲ့စကားပြောချင်တာက ကျွန်တော့်ညီလေးရွေးတာက ကျွန်တော့်ရွေးတာနဲ့တူတူပဲ။ ကျွန်တော် အဲ့လိုပဲ မုဒိတာ ပွားပေးနိုင်တယ်။ မေတ္တာ ဂရုနာ မုဒိတာ ဥပေက္ခာ ပေါ့လေ။...

ရန်ကုန်ပြန်ပြီးမိသားစုနဲ့တွေ့ရတော့မှာမို့ အပျော်လွန်ပြီးလမ်းမကြီးပေါ်မှာကနေကြတဲ့ မြင့်မြတ်နဲ့ Kညီရဲ့ video

သရုပ်ဆောင်တဲ့နေရာမှာ ပြောစရာမလိုလောက်အောင် အပိုအလိုမရှိဘဲ ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင်ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်ပြသပေးနိုင်ခဲ့ကြတဲ့ သရုပ်ဆောင် မင်းသား မြင့်မြတ်နဲ့ Kညီတို့ အနုပညာရှင် ညီအစ်ကိုနှစ်ယောက်ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားခဲ့ကြရတဲ့ သူလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာဆိုရင် စိတ်သဘောထား ပြည့်ဝလွန်းတဲ့ သူလေးတွေလည်း ဖြစ်ပါတယ်။ အရမ်းကို စိတ်သဘောထား ပြည့်ဝပြီး စိတ်ရင်းစေတနာ ကောင်းလွန်းကြတဲ့ သူတို့ သူငယ်ချင်း ညီအစ်ကို နှစ်ယောက်ဟာဆိုရင် ချစ်ရတဲ့ သူတွေနဲ့အတူ VeVe ပရိုမိုးရှင်းအတွက် နယ်ကို ရောက်ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ VeVe ပရိုမိုးရှင်းအတွက် နယ်ကိုရောက်ရှိနေတဲ့ သူတို့က ညီအစ်ကို နှစ်ယောက်ကတော့ VeVe ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးလို့ အိမ်ပြန်ပြီး မိသားစုနဲ့ တွေ့ဆုံရတော့မှာကြောင့် အရမ်းကို ပျော်ရွှင်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ရန်ကုန်ကိုပြန်ပြီး မိသားစုနဲ့...

အရိုးတွေပွနေတာကြောင့် ဆေးရုံအိပ်ရာထဲမှာလှဲနေရတဲ့ ဧရာ

မြန်မာ့ရုပ်ရှင်ပရိသတ်တော်တော်များများကို လွန်ခဲ့သေညာ ၁၉၉၀ ပြည့်နှစ်တွေကတည်းက ပျော်ရွှင်စရာတွေ အမြဲချပြနေတဲ့ လူရွှင်တော် သရုပ်ဆောင် ဦးဧရာကတော့ အသက်အရွယ်ရလာပြီး ဇရာထောင်းလာတာကြောင့် ဆေးရုံတက်နေရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အရိုးတွေက ပွနေပြီး တင်မှာ အပေါက်ဖောက်ထားတာကြောင့် အိပ်ရာထဲမှာပဲ လှဲနေရတယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ လက်ရှိအခြေအနေကိုတော့ MC နဲ့ အင်တာဗျူးမှာ ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။ အင်တာဗျူးမှာတော့ ဦးဧရာက “ဒီနေ့ လမ်းနည်းနည်းလျှောက်နိုင်နေပါပြီ။ ကျန်တဲ့နေ့တွေကတော့ ပက်လက်ပါပဲ။ တင်မှာ အပေါက်ဖောက်ထားတော့ အရည်တွေနဲ့ သွေးတွေက ရောပြီး ကျနေတယ်။ အဲ့တိုင်းပဲနေနေရတယ်။ တကယ့်ကို ဝဋ်ပါပဲ လွန်ခဲ့တဲ ၂ နှစ်က ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး “အရိုး ၂ ရိုးကို ပိုးစားတာ။ အရိုးတွေက ပွနေပြီ။ ဒါပေမယ့်လည်း မသိဘူးပေါ့။ အခုရိုက်စားကားရိုက်တော့ မော်တော်ဘုတ်ကနေ ခုန်ချတဲ့အခန်းရိုက်တာ...

နိုင်ငံကျော်ဟာသ သရုပ်ဆောင်ဦးမျိုးမြင့်(ခ)ကင်းကောင်၏ ဈာပနအခမ်းအနား

နိုင်ငံကျော်ဟာသ သရုပ်ဆောင်ဦးမျိုးမြင့်(ခ)ကင်းကောင်၏ ဈာပနအခမ်းအနားကို ၂၄ရက်နေ့မနက် ၈:၃၀ခန့်က ရေဝေးသုဿ န်တွင်ပြုလုပ်ခဲ့သည့် မြင်ကွင်းများ….. Photo::victor

သရုပ်ဆောင် အံ့မင်းညို ၏ မွေးရာပါ နှလုံးအပေါက်ပါသော သမီးငယ် အလှူရှင်ပေါ်ပြီ

သရုပ်ဆောင်အံ့မင်းညို ၏ မွေးရာပါ နှလုံးအပေါက်ပါသော သမီးငယ်အတွက် လိုအပ်သည်များကို ခေတ်သစ် ဖောင်ဒေးရျင်က ဆောင်ရွက်ရန် တွေ့ဆုံစကားပြောခဲ့ကြောင်း အဆိုတော် လင်းလင်းက ၄င်း ၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။ ၅ နှစ်အောက် ကလေးငယ်များကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် အတွက် လင်းလင်း နှင့် ချစ်သုဝေတို့က ခေတ်သစ်ဖောင်ဒေးရှင်း ကို တည်ထောင်လိုက်ခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း နှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် မီဒီယာများကို ဖြေကြားခဲ့သည်။ ကိုအံ့မင်းညိုရဲ့ သမီးလေး မွေးရာပါ နှလုံးအပေါက်ပါ ကျန်းမာရေး ကိစ္စနဲ့ ပတ်သက်ပြီး ဆရာဝန်ကြီးများ နှင့် တွေ့ဆုံ ပြင်ဆင်ခါ လုပ်ဖို့ လိုအပ်တာ...