Category: အနုပညာ

ပြစ်မှုတခုတည်းကို ပုဒ်မနှစ်ခုဖြင့် တရားစွဲသည့်အပေါ် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဝေဖန်

ပြစ်မှုတခုတည်းကို ပုဒ်မနှစ်ခုနဲ့ တရားစွဲတဲ့အပေါ် တပ်မတော်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မေးခွန်းထုတ်လိုက်ပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံနေရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို မေလ ၉ ရက်က အင်းစိန်မြို့နယ် တရားရုံးမှာ တတိယ အကြိမ်ရုံးထုတ်ခဲ့ပါတယ်။ ရုံးချိန်းအပြီးမှာ ဒါရိုက်တာမင်းထင်ကိုကိုကြီးက “တပ်မတော်က ပြစ်မှုတခုတည်းကို ဘာကြောင့်ပုဒ်မ နှစ်ခုတပ်ပြီးတရားစွဲ ဆိုရတာလဲ။ ဥပဒေကို နားမလည်လို့လား။ သိသိကြီးနဲ့ တမင်လုပ်တာလား။” ဆိုပြီး တပ်မတော်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါ ခံစားနေရတဲ့အတွက် အာမခံပေးဖို့ တရားရုံးကို နောက်တကြိမ်ရုံးချိန်းမှာ ထပ်မံလျှောက်ထားမယ်လို့ သူ့ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလိုတွေဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကိုယ်စားလှယ် တပ်မတော်သား အရာရှိ ၅ဦးကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ တပ်မတော်ကို ပြည်သူတွေ အထင်အမြင်လွဲအောင်စာသားတချို့ရေးခဲ့တယ်ဆိုပြီး မတ် ၂၉ရက်မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က နိုင်ငံတော်အကြည်အညိုပျက်စေမှု၊...

စိတ်ဝင်စားမှုရှိတဲ့ “ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း”တွေဆို ကိုယ်တိုင်သီဆိုဖြစ်တယ်လို့ နေတိုးပြော

သရုပ်ဆောင်ကောင်းရုံမက တချို့သော ရုပ်ရှင်ဇာတ်ကားများမှာ ရုပ်ရှင်ဇာတ်ဝင်သီချင်းများကို ကိုယ်တိုင် ပါဝင်သီဆိုလေ့ရှိတဲ့ သရုပ်ဆောင်နေတိုးကတော့ ဇာတ်ဝင်တေးများသီဆိုဖြစ်တာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်သီဆိုနိုင်တဲ့ တေးသီချင်းတွေဆို ပါဝင်သီဆိုလေ့ရှိတယ်လို့ဆိုပါတယ်။ “ဘယ်လိုမျိုးမှ ဆိုဖြစ်လဲဆိုတာတော့ မဟုတ်ပါဘူး။ အကုန်လုံးလည်းသိမှာပါ။ ဇာတ်ဝင်သီချင်းတွေအနေနဲ့ပဲ သီချင်းဆိုဖြစ်နေတာပေါ့နော်။ ဆိုဖြစ်တဲ့ ဇာတ်ဝင်သီချင်းတွေကလည်း ကိုယ်ကိုယ်တိုင်လုပ်နိုင်တဲ့ဟာ ကိုယ်တိုင် ပရိသတ်ကို အနုပညာကို ပေးဆပ်နိုင်တဲ့ အနေအထားမျိုးရှိမှသာ ဆိုဖြစ်တာပေါ့။ ကာရိုက်တာနဲ့လည်းလိုက်ဖက်မယ်။ ကိုယ်တိုင်လည်း စိတ်ဝင်စားမှုရှိမယ်ဆိုရင် ဆိုဖြစ်တာများပါတယ်” လို့ သရုပ်ဆောင် နေတိုးကပြောပါတယ်။ နောက်ပိုင်းမှာ ဇာတ်ဝင်တေးသီချင်းတွေ အရင်ကထက် ဆိုတာများလာတာကလည်း ပရိသတ်အတွက်နဲ့ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်အပေါ်မှာ မူတည်ပြီး လိုအပ်ပါက ဆိုဖြစ်တယ်လို့ ပြောပါတယ်။ သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုသင်ယူမှုတွေပြုလုပ်လဲဆိုတာကိုလည်း နေတိုးက “အလုပ်ကပဲ ပြန်သင်ပေးတာပေါ့။ အမြဲတမ်းတော့ ကြိုးစားနေရတာပေါ့။ ကိုယ့်ဆီကိုရောက်လာတဲ့ အခွင့်အရေးက ဘယ်လိုမျိုးလဲ။ ဘယ်လိုမျိုး အနုပညာစိန်ခေါ်မှုရောက်လာမလဲဆိုတာ မသိနိုင်ဘူး။ ဘဝမှာဖြတ်သန်းနေတဲ့အချိန်...

မကြာမီထွက်ရှိလာမည့် ရုပ်ရှင်တွင် “ ဂေးစူပါဟီးရိုး” ပါဝင်လာမည်ဟု Russo Brothers အတည်ပြု

Marvel Cinematic Universe (MCU) ကနေ ဂေးစူပါဟီးရိုး ဇာတ်ကောင်တခုကို မကြာမီ မိတ်ဆက်တော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။ MCU ရဲ့ သူဌေးဖြစ်တဲ့ Kevin Feige ဟာ မကြာတော့တဲ့ အနာဂတ်ကာလမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက်ကို ချပြတော့မယ်လို့ Avengers: Endgame ရုပ်ရှင်ဒါရိုက်တာတွေ ဖြစ်တဲ့ Joe နဲ့ Anthony Russo တို့က ပြောဆိုလိုက်တာပါ။ ဒါရိုက်တာ Joe က ကုထုံးအခန်းထဲမှာ ပူဆွေးဝမ်းနည်းနေတဲ့ အမျိုးသားတဦးအနေနဲ့ မထင်မရှားဇာတ်ရုပ်ကနေ သရုပ်ဆောင်ခဲ့တဲ့အကြောင်း ပြောကြားရာကနေ အခုလိုမျိုး ထုတ်ပြောလိုက်တာလည်း ဖြစ်ပါတယ်။ EW Morning Live အစီအစဉ်မှာ မကြာမီ Marvel ရုပ်ရှင်တခုမှာ ပထမဆုံး ဂေးဇာတ်ကောင်ကို သရုပ်ဆောင်မှာလား ဆိုတဲ့ မေးခွန်းကို မေးမြန်းတဲ့အခါ ဒါရိုက်တာ Joe...

“ဟစ်တိုင်”ကို ဝတ္ထုဖတ်ချိန်ကတည်းက ရင်ထဲဆို့နင့်နေလို့ နားပြီးမှ ဖတ်ခဲ့ရတဲ့ အိန္ဒြာကျော်ဇင်

မကြာခင် ရုံတင်ပြသတော့မယ့် သက်ငယ် မုဒိမ်းပညာပေး “ဟစ်တိုင်”ရုပ်ရှင်ကားကြီးမှာ အကယ်ဒမီအိန္ဒြာကျော်ဇင်က ‘ဒေါင်းနီ’အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့ အကောင်းဆုံးကြိုးစားပြင်ဆင်ခဲ့ရတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။ “ဒေါင်းနီ ကာရိုက်တာကို ပီပြင်အောင်တော့ အူဝဲ အကောင်းဆုံး ကြိုးစားထားပါတယ်။ တကယ့်ဒေါင်းနီ ဇာတ်ရုပ်အတိုင်းဖြစ်အောင် စိတ်တွေရော၊ ပုံပန်း သဏ္ဍာန်တွေကအစ အများကြီး ဖြစ်အောင် အူဝဲ ကြိုးစား ထားပါတယ်”လို့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က ဧရာဝတီကို ပြောပါတယ်။ ဒီကားကို လက်ခံ ရိုက်ကူးဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း အခုလို ဆိုပါတယ်။ “ဆရာမ သျှင်မရဲ့ ဒီဝတ္ထုထဲမှာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်တဲ့ ပညာပေးတွေ ပါတယ်။ အမေတွေ၊ မိသားစုတွေ အားလုံး သက်ငယ် မုဒိမ်းပညာပေးကို ရစေချင်တယ်။ ဒီကား ရိုက်ရင် ခက်ခဲမယ်၊ ပင်ပန်းမယ်ဆိုတာ သိလျက်နဲ့ နယ်မှာနေတဲ့ အမေတွေ အားလုံးအတွက်...

မြန်မာနိုင်ငံကနေ စတင်ခဲ့တဲ့ “ပိုးဟပ် Challenge” လတ်တလော လူမှုကွန်ရက်မှာ ရေပန်းစားနေ

လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ အမျိုးမျိုးသော Challenge တွေထဲမှာမှ အခုဖော်ပြပေးမယ့် “Cockroach Challenge” လို့ခေါ်တဲ့ ပိုးဟပ်အရှင်ကို မျက်နှာပေါ်တင် ဓာတ်ပုံအရိုက်ခံပြီး ဆိုရှယ်မီဒီယာပေါ်တင်ကာ Challenge ခေါ်တဲ့ ဒီပိုးဟပ် Challenge ဟာတော့ အနည်းငယ် အသည်းယားစရာကောင်းသလို လူတိုင်း လိုက်မလုပ်နိုင်တဲ့ Challenge တခုလည်း ဖြစ်ပါတယ်။ ပိုးဟပ်အရှင်ကို မျက်နှာပေါ်တင်ပြီး Selfie ဆွဲထားတဲ့ ဓာတ်ပုံကို မြန်မာနိုင်ငံက Alex Aung လို့ခေါ်တဲ့ အကောင့်ပိုင်ရှင်ကနေ ဧပြီလ ၂၀ ရက်နေ့မှာ New challenge, Can you do this? ဆိုပြီး Challenge ခေါ်ထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီ Challenge ဟာ လက်ရှိအချိန်မှာတော့ Reaction ပေါင်း ၅၆၀၀ နဲ့ Share ၁၈၀၀၀ ကျော်...

အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးရဲ့ လက်ရှိ ကျန်းမာရေးအကြောင်း ပြောပြတဲ့ လင်းဇာနည်ဇော်

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ မိုက်တီးဟာ အူမကြီးကင်ဆာ ရောဂါဖြစ်ပွားနေပြီး ဆေးကုသရန် အာမခံ ရရှိထားကာ အခုအချိန်မှာတော့ ဆေး ၄ ကြိမ်သွင်းပြီးသွားပြီ ဖြစ်ပြီး ရောဂါကြောင့် ပိုးမွေးသလို မွေးနေရတယ်လို့ ညီမဖြစ်သူ သရုပ်ဆောင် လင်းဇာနည်ဇော်က ဆိုပါတယ်။ “အစ်ကိုက ရောဂါအရ ကျန်းမာရေးအရ အာမခံရထားတယ်။ တရားကလည်း ရင်ဆိုင်ရဆဲပါ။ လွတ်ပီလားလို့ မေးကြရင် အစ်ကိုက အမိန့်ချပြီးသား ထောင်ကျနေတဲ့သူ မဟုတ်တော့ လွတ်ငြိမ်းထဲ မပါခဲ့သေးဘူးပေါ့။ ဆရာဝန်က ပြောတယ်လေ။ ကင်ဆာရောဂါဆိုတာ စိတ်ညစ်လို့ မရဘူး။ ဒေါသထွက်လို့ မရဘူး။ ပျော်ပျော်နေဖို့ ပြောတယ်။ ဆရာဝန်ကြီးက ဘာစိတ်ညစ်စရာရှိလဲ မေးတယ်။ ကိုမိုက် ပျော်ပျော်နေပါလားလို့ ပြောလည်း သူကွင်းလုံးကျွတ် မပျော်နိုင်ဘူးပေါ့”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။ “ရောဂါကလည်း တမျိုး။ အမှုရင်ဆိုင်နေရတာ အချိန်တန်ရင် ပြန်သွားရမှာပဲပြောတော့ ညီမ...

ကိုယ်အလေးချိန် လျှော့ချဖို့ တူနဲ့ အစာစားတဲ့ မော်ဒယ်

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ လန်ဒန်က မော်ဒယ် Lisa Snowdon ဟာ ကိုယ်အလေးချိန် ကျဆင်းဖို့ အတွက် တူကို အသုံးပြုပြီး အစားစားခဲ့တယ်လို့ သိရပါတယ်။ ဇွန်းကို အသုံးပြုပြီး အစားစားတဲ့အခါ အစားတွေ အများကြီး စားဖြစ်တာကြောင့် ကိုယ်အလေးချိန် တက်လာတဲ့အတွက် တူကို အသုံးပြုခဲ့တာဖြစ်တယ်လို့ သူမက ဆိုပါတယ်။ မဂ္ဂဇင်းတခုက ပြုလုပ်တဲ့ အင်တာဗျူးမှာ သူမက “ကျမက ဗိုက်ဆာတဲ့အခါ လောဘတကြီးနဲ့ အများကြီး စားမိတယ်။ ဇွန်းနဲ့ အစားစားရတာ လွယ်တော့ စိတ်အလို လိုက်မိတာပေါ့။ ဒီလို မဖြစ်ရအောင် ဇွန်းအစား တူကို သုံးခဲ့တာပါ။ တူကို သိပ်မကိုင်တတ်တော့ နည်းနည်းနဲ့ ကြာကြာစားရတယ်လေ” လို့ ဆိုပါတယ်။ ၂၀၀၀ ပြည့်နှစ်တွေက မင်းသားကြီး George Clooney နဲ့ တွဲခဲ့တဲ့ Lisa...

ရိုက်တာသတင်းသမား ၂ ဦး လွတ်မြောက်မှု၊ ဟောလိဝုဒ် မင်းသားကြီး ဂျော့ကလူနီ ၀မ်းမြောက်

ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြန်မာ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ၀မ်းသာမိကြောင်း ဟော လိဝုဒ် ၀ါရင့်သရုပ်ဆောင် မင်းသားကြီး ဂျော့ကလူးနီက ပြောလိုက်ပါတယ်။ အမေရိကန်ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ Jimmy Kimmel Live အစီအစဉ်နဲ့ တွေ့ဆုံချိန်မှာတော့ ကလူးနီက “နောက်ဆုံးမှာတော့ သူတို့ထောင်ထဲက ပြန်ထွက်နိုင်ခဲ့ပြီပေါ့။ ဒီအတွက် ကျနော်တို့ အရမ်းကို ၀မ်းမြောက်မိပါတယ်”လို့ ပြောလိုက်ပါတယ်။ မင်းသားကြီးရဲ့ ဇနီးဖြစ်တဲ့ အမောလ်ကလူးနီဟာ ရိုက်တာသတင်းထောက် ၂ ဦးရဲ့ အမှုမှာ ဥပဒေအကြံပေး တယောက်အနေနဲ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်သမ္မတက အကျဉ်းသား ၆၅၀၀ ကျော်ကို လွတ်ငြိမ်းခွင့်နဲ့ မနေ့က...

ဝတ်စုံ ၄ စုံချွတ်ပြပြီး ပရိသတ်ကို အံ့အားသင့်စေခဲ့သည့် လေဒီဂါဂါ

သီချင်းတွေမှာရော၊ သရုပ်ဆောင်မှုတွေ၊ ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေမှာပါ ပရိသတ်ရဲ့ အသည်းနှလုံးကို သိမ်းကျုံးရယူထားနိုင်ခဲ့တဲ့ ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ ဒီတခါမှာလည်း ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ အားလုံးကို အံ့အားသင့်စေခဲ့ပြန်ပါတယ်။ သူဟာ နယူးယောက်မြို့မှာ ကျင်းပတဲ့ ဖက်ရှင်လောကမှာ အခမ်းနားဆုံးလို့ တင်စားပြောဆိုကြရတဲ့ ၂၀၁၉ ခုနှစ် Met Gala ပွဲတော်ကို တက်ရောက်လာခဲ့ပြီး ဝတ်စုံ ၄ စုံနဲ့ အားလုံးကို အံ့အားသင့်စေခဲ့တာပါ။ ပွဲတော်ရဲ့ အခုနှစ်ဆောင်ပုဒ်ကတော့ Camp: Notes on Fashion လို့ သတ်မှတ်ထားခဲ့ပြီး ကမ့်ပ်ဆိုတဲ့ အောက်ဒိုးလှုပ်ရှားမှုဆိုတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေး လှုပ်ရှားတက်ကြွသူ စာရေးဆရာမတဦးဖြစ်တဲ့ ဆူဆန်ဆန်းတက်ဂ်ရဲ့ ၁၉၆၄ ခုနှစ်က အက်ဆေးတပုဒ်ဖြစ်တဲ့ Notes on Camp ကို ယူထားခဲ့တာဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အလွန်အကြူး ချဲ့ကားတာတွေ၊ လှည့်ဖျားတာတွေကို...

ဇာအင်္ကျီ ဒေါက်မြင့်ဖိနပ်နဲ့ ပုလဲနားကပ် ပန်ပြီး ပွဲတက်လာခဲ့တဲ့ ဟယ်ရီစတိုင်

နယူးယောက်က Metropolitan အနုပညာပြတိုက်မှာ တနင်္လာနေ့က ကျင်းပတဲ့ Met Gala 2019 ပွဲကို ဟယ်ရီစတိုင် ပွဲတက်လာတော့ သူ့အချစ်တော် ပရိသတ်တွေက အံ့သြသွားရပါတယ်။ One Direction ဂီတဝိုင်းတော်သားဟောင်း အသက် အစိတ်ရှိတဲ့ ဟယ်ရီဟာ ရှေးခေတ်အဝတ်အစားတွေ ဝတ်ဆင်ပြသတဲ့ ဒီပွဲရဲ့ ပူးတွဲဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ အခု ပွဲကို တက်ရောက်လာတဲ့အခါမှာတော့ ဟယ်ရီဟာ ဖက်ရှင်အလန်းစားနဲ့ တက်ရောက်လာတာကြောင့် အားလုံးရင်သပ်ရှုမော ဖြစ်သွားစေပါတယ်။ အနက်ရောင် တစ်ကိုယ်လုံး ဝတ်ဆင်ထားတဲ့ ဟယ်ရီဟာ အင်္ကျီကတော့ လက်စည်းဖောင်းပွတွေပါ ဇာအနက်ရောင်အင်္ကျီကို ဆင်မြန်းထားပါတယ်။ စီးလာတဲ့ ဖိနပ်ဟာလည်း ဒေါက်မြင့်ဖိနပ်ဖြစ်ပြီး နားတစ်ဖက်က ပုလဲနားကပ်ကို ပန်ထားတော့တာပဲ ဖြစ်ပါတယ်။ ဟယ်ရီနဲ့အတူ လေဒီဂါဂါ၊ တင်းနစ်ကြယ်ပွင် ဆီရီနာဝီလီယံ၊ Gucci ဒီဇိုင်နာ အလကဆန်ဒရိုမစ်ရှဲလ်နဲ့ Vogue အယ်ဒီတာ အန်နာဝင်းတာဝါတို့လည်း အခုနှစ်ပွဲကို အတူတက်ရောက်လာကြပါတယ်။...