Category: အားကစား

၂၀၂၀ တိုကျိုအိုလံပစ်မှာ ဉာဏ်ရည်တုအကူဒိုင်နည်းပညာကို အသုံးပြလိုတဲ့ ဖူဂျစ်စု နည်းပညာကုမ္ပဏီကြီး

လာမယ့်နှစ် ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်ကြီးမှာ ဂျပန်နည်းပညာကုမ္ပဏီကြီး ဖူဂျစ်စု (Fujitsu)က ဉာဏ်ရည်တု (AI) နည်းပညာကို ဒိုင်အဆုံးအဖြတ်နေရာတွေမှာ အသုံးပြုဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဂျပန်နည်းပညာဘီလူကြီးက နိုင်ငံတကာ ကျွမ်းဘားအဖွဲ့ချုပ် (FIG) နဲ့ ပူးပေါင်းလိုက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဉာဏ်ရည်တုအကူဒိုင်နည်းပညာကို မိတ်ဆက်သွားဖို့ ရည်ရွယ်ထားပါတယ်။ တိုကျို အိုလံပစ်ပြိုင်ပွဲမှာ ကျင့်သုံးလာနိုင်ဖို့ အခုချိန်မှာ စမ်းသပ်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဖူဂျစ်စုက ဉာဏ်ရည်တုနည်းပညာဟာ ဖြစ်လာနိုင်တဲ့ မှားယွင်းဆုံးဖြတ်မှုတွေ မရှိနိုင်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကုမ္ပဏီက သူ့နည်းပညာအကြောင်းကို ဒီတစ်ပတ် တိုကျိုမှာ ပြုလုပ်တဲ့ Fujitsu Forum event မှာ ပြသခဲ့ပါတယ်။ အဆိုပါနည်းပညာမှာ ကျွမ်းဘားကစားသူရဲ့ လှုပ်ရှားမှုတွေကို ဖမ်းယူဖို့ 3D လေဆာစကင်နာအာရုံခံကိရိယာ (3D laser scanner sensors)တွေကို အသုံးပြုထားပြီး လက်မောင်း၊ ခြေထောက်၊ အထူးသဖြင့် အမြင့်ရွေ့လျားမှုတွေလို...

နည်းပြ ဆိုးလ်ရှားပုံကို တက်တူးထိုးခဲ့သည့် မန်ယူပရိသတ်

မန်ချက်စတာယူနိုက်တက် ပရိသတ်တဦးဟာ နည်းပြ ဆိုးလ်ရှားရဲ့ပုံ တက်တူးတခုကို သူ့ရဲ့ပေါင်မှာ ထိုးခဲ့ပါတယ်။ မန်ယူအသင်း ပရိသတ်တဦးဖြစ်တဲ့ နော်ဝေနိုင်ငံသား တော်ဟင်းနရစ် စတန်စ်လန်ဟာ ချန်ပီယံလိဂ် ဒုတိယအကျော့မှာ မန်ယူက ပီအက်စ်ဂျီကို ကျော်ဖြတ်နိုင်မယ်ဆိုရင် နည်းပြ ဆိုးလ်ရှားရဲ့ပုံကို တက်တူးထိုးမယ်လို့ တွစ်တာမှာတင်ပြီး စိန်ခေါ်ခဲ့တာပါ။ မန်ယူအသင်းဟာ ပထမအကျော့က ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်ယူပရိသတ်တဦးဖြစ်တဲ့ စတန်စ်လန်ဟာလည်း သူပြောထားတဲ့အတိုင်း နည်းပြဆိုးလ်ရှားရဲ့ ပုံကို သူ့ရဲ့ ညာဘက်ပေါင်မှာ တက်တူးထိုးခဲ့ရတာ ဖြစ်ပါတယ်။ တက်တူးထိုးအပြီးမှာတော့ တွစ်တာပေါ်မှာ တင်ခဲ့ပြီး သူပြေထားခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ ပျော်ရွှင်ကျေနပ်ကြလိမ့်မယ်လို့ ထင်ကြောင်းလည်း စတန်စ်လန်က ရေးသားခဲ့ပါတယ်။ DVB News

ရန်ကုန်ယူနိုက်တက် ကစားမယ့် AFC Cup ပွဲစဉ်ကို ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင် (၃)ဦး ကိုင်တွယ်မည်

၂၀၁၉ အာရှဘောလုံးအဖွဲ့ချုပ်ဖလား (AFC Cup) ပြိုင်ပွဲရဲ့ အမျိုးသားပွဲစဉ်တစ်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင်အဖွဲ့က ကိုင်တွယ်သွားမှာဖြစ်တယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က ယနေ့ (မေ ၁၄ ရက်) ကြေညာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားသွားမယ့် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်နဲ့ ကမ္ဘောဒီးယားကလပ် နာဂဝေါလ် (Naga World) တို့ရဲ့ AFC Cup ပွဲစဉ်ကို ဂျပန်အမျိုးသမီးဒိုင်လူကြီး ယိုရှီမီ ယာမာရှီဒါနဲ့ အမျိုးသမီးအကူဒိုင် မာကိုတို ဘိုဇိုနိုနဲ့ နောမိ တက်ရှီရိုဂီတို့က တရားဝင် ကြီးကြပ်သွားမှာပဲဖြစ်ပါတယ်။ “ဒါဟာ အာရှဘောလုံးအဖွဲ့ချုပ် ကလပ်ပြိုင်ပွဲတွေမှာ အမျိုးသမီး ဒိုင်လူကြီး (၃)ဦးက ပထမဆုံးကိုင်တွယ်မယ့် ပွဲစဉ်ဖြစ်ပြီး အာရှဒိုင်လူကြီးတွေအတွက် မှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်တာလည်းဖြစ်ပါတယ်။”လို့ အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောပါတယ်။ ယခုမတိုင်မီက တရားဝင် အမျိုးသမီးဒိုင်အဖြစ် ၂၀၁၄ ခုနှစ်က AFC Cup ပွဲစဉ်တွေမှာ...

ကားမောင်းရင်း ဖုန်းသုံးခဲ့တဲ့အတွက် ယာဉ်မောင်းခွင့် ၆ လ အပိတ်ခံရတဲ့ ဒေးဗစ်ဘက်ခမ်း

ကမ္ဘာကျော် ဘောလုံး ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ယာဉ်မောင်းနေစဉ် မိုဘိုင်းဖုန်းကို အသုံးပြုခဲ့တဲ့အတွက် ၆ လကြာ မော်တော်ယာဉ် မောင်းနှင်ခွင့် အပိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဘက်ခမ်းဟာ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တုန်းက လန်ဒန်မြို့လယ်မှာ သူ့ရဲ့ Bentley ကားကို မောင်းနှင်နေစဉ် ဖုန်းကို အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ အပြစ်ရှိကြောင်း ဝန်ခံထားပြီး ဖြစ်ပါတယ်။ ဖြည်းညင်းစွာသွားနေတဲ့ ယာဉ်ကြောမှာ သူမောင်းနှင်နေစဉ် ဖုန်းပြောနေခဲ့တာကို ပြည်သူတဦးက ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့တဲ့အကြောင်း တရားရုံးမှာ ကြားနာခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် ဘက်ခမ်းဟာ ယာဉ်မောင်းလိုင်စင်မှာ အရင်တုန်းက အရှိန်လွန်မောင်းနှင်မှုမှာ အပြစ်ဒဏ် ၆ မှတ်ရရှိထားတာကို အခု ယာဉ်မောင်းစဉ် ဖုန်းပြောမှုကြောင့် နောက်ထပ် ၆ မှတ် ထပ်တိုး ရရှိသွားခဲ့ပါတယ်။ သူဟာ ပေါင်...

နိုင်ငံတကာ စစ်တုရင်ဖိတ်ခေါ် ပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပမည်

နိုင်ငံတကာ စစ်တုရင်ဖိတ်ခေါ်ပြိုင်ပွဲ (Soe International Open 2019) ကို မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်နှင့် စိုးလျှပ်စစ် ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ သုခစိုးဟိုတယ်တွင် မေလ ၉ ရက် မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ယခုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြင့် မြန်မာစစ်တုရင်ကစားသမားများ နိုင်ငံတကာအဆင့် ပွဲကစားသည့် အတွေ့အကြုံရရှိပြီး လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် အခြေအနေပေးပါက ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အသိအမှတ်ပြု အင်တာနေရှင်နယ် မာစတာ၊ ဂရင်းမာစတာစသည့် ဆုများရရှိနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင် က ပြောသည်။ စိုးလျှပ်စစ် ဖောင်ဒေးရှင်း အနေဖြင့် ၂၀၁၇ ခုနှစ်ကလည်း ယခုကဲ့သို့ နိုင်ငံတကာ စစ်တုရင် ဖိတ်ခေါ်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး နိုင်ငံကိုယ်စားပြုမှ နိုင်ငံဂုဏ်ဆောင် ကစားသမားများ ပေါ်ထွက်လာရေး...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် နိုင်ငံတကာ တွဲဆိုင်း ၄ ပွဲတွင် မြန်မာက ၂ ပွဲနိုင် ၂ ပွဲရှုံး

၈ ကြိမ်မြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် WLC-8 ပြိုင်ပွဲကို မေလ ၅ ရက်က ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတကာတွဲဆိုင်း ၄ ပွဲနဲ့ ပြည်တွင်းတွဲဆိုင်း ၄ ပွဲ ပါဝင်ထိုးသတ်ခဲ့ရာ နိုင်ငံတကာတွဲဆိုင်း ၄ ပွဲမှာ မြန်မာက ၂ ပွဲနိုင်ပြီး ၂ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အဓိကတွဲဆိုင်းဖြစ်တဲ့ မြန်မာက မိုက်ရိုင်းနဲ့ ကမ္ဘောဒီးယားက မန်းဆာမက်တို့ရဲ့ပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး ၅ ချီအပြီးမှာ အနိုင်အရှုံးမပေါ်လို့ အမှတ်နဲ့ ဆုံးဖြတ်ရာမှာ မိုက်ရိုင်းက အနိုင်ရခဲ့ပါတယ်။ သွေးသစ်အောင်နဲ့ အိုင်ယာလန်က ဒေးဗစ်မက္ကာသီတို့ရဲ့ ပွဲစဉ်ကလည်း ၅ ချီအထိ အကြိတ်အနယ် ထိုးသတ်ခဲ့ပြီး သွေးသစ်အောင်က အမှတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် နိုင်ငံတကာတွဲဆိုင်း နှစ်ပွဲမှာတော့ မြန်မာက ကျော်ဇင်လတ်က ဂျာမနီနဲ့ ထိုင်းနိုင်ငံသား ဘရုလစ်ခ်ကို...

ကိုယ်ခံပညာ သိုင်းပေါင်းစုံ စာမျက်နှာသစ်ကို နိုင်ပွဲနှင့် ဖွင့်လှစ်မည့် အဲအဲ

စိန်ခေါ်မှုအသစ်များအတွက် ရိုးရာလက်ဝှေ့သမားဘဝမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားအဖြစ် ပြောင်းလဲရပ်တည်ခဲ့သူ အဲအဲသည် ၎င်း၏ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားလေ့ကျင့်လျက်ရှိသည်။ ၎င်းအနေဖြင့် ပထမဆုံး အဖွင့်ပြိုင်ပွဲကို အနိုင်ပွဲဖြင့်စတင်ရန် စိတ်အားထက်သန်လျက်ရှိသည်။ ကရင်တိုင်းရင်းသူ တစ်ဦးဖြစ်သည့် အဲအဲသည် လာမည့် မေလ (သို့မဟုတ်) ဇွန်လအတွင်း ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ရန်မျှော်လင့်ထားပြီး ယင်းပွဲစဉ်သည် ၎င်းအတွက် ပထမဆုံးပရော်ဖက်ရှင်နယ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။ ”ပထမဆုံးထိုးမယ့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ အကောင်းဆုံးရလဒ်ကို ပဲလိုချင်ပါတယ်။ ရက်အတိအကျ မသိရသေးပေမဲ့ မကြာခင် ယှဉ်ပြိုင်ရတော့မှာပါ။”ဟု အဲအဲ က ဆိုသည်။ အသက် ၂၄နှစ်အရွယ် ကရင်တိုင်းရင်းသူ အဲအဲသည် အမျိုးသမီးရိုးရာလက်ဝှေ့သမား အဖြစ် ကိုယ်ခံပညာမှတ်တမ်းကို စတင်ခဲ့သော်လည်း ၂ဝ၁၈ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရေပန်းစားလာသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ...

ပီရူးနိုင်ငံက အခေါင်းဖလား ဖူဆယ်ပြိုင်ပွဲ

Copa Ataues ဆိုတာ ပီရူးနိုင်ငံ ဂျူလီယာကာမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ ဖူဆယ်ပြိုင်ပွဲပါ။ ဒီပြိုင်ပွဲဟာ ဒေသတွင်းမှာ အခေါင်းဖလားလို့ နာမည်ကြီးပါတယ်။ အကြောင်းကတော့ ပွဲစီစဉ်သူတွေဟာ ဆုကို ငွေကြေးအစား အခေါင်းတွေ ချီးမြှင့်လို့ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ပီရူးနိုင်ငံ အရှေ့တောင်ပိုင်း ပူနိုဒေသမှာရှိတဲ့ ကြီးမားတဲ့ နာရေးအေဂျင်စီပေါင်း ၁၂ ခုကို ကိုယ်စားပြုတဲ့ အသင်းပေါင်း ၁၂ သင်းက ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ဒါ့ကြောင့် ဒီပြိုင်ပွဲမှာပေးတဲ့ ဆုဟာ တခြားသော ပြိုင်ပွဲတွေထက် ပိုထူးခြားနေတာဖြစ်ပြီး အနိုင်ရတဲ့ အသင်းတွေကတော့ အခေါင်းထမ်းပြီး အိမ်ပြန်ရမှာဖြစ်ပါတယ်။ ကွင်းထဲမှာ အင်တိုက်ာအားတိုက် ယှဉ်ပြိုင်ကစားရပြီး အနိုင်ရတဲ့အခါမှာ အခေါင်းကြီး ထမ်းပြန်ရတာ တချို့တွေအတွက်တော့ အဆင်မပြေနိုင်လောက်ပေမယ့် ဒီဒေသက နာရေး အေဂျင်စီတွေကတော့ နှစ်စဉ်မပျက်မကွက် ဒီပြိုင်ပွဲကို ကျင်းပလေ့ရှိကြပါတယ်။ ဒီနှစ်မှာလည်း ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး အသင်းတွေရဲ့...

ONE: For Honor ပြိုင်ပွဲကြီးမှ စိတ်ဝင်စားဖွယ်အကောင်းဆုံး တွဲဆိုင်း ၅ ခု

ONEChampionship က ၂ဝ၁၉ ခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ကျင်းပသောပြိုင်ပွဲကြီးဖြစ်သည့်ForHonor ပြိုင်ပွဲကြီးကို လာမည့် မေလ ၃ ရက်နေ့တွင်အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Istora Senayan မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ စုစုပေါင်းတွဲဆိုင်း ၁၄ ခုပါဝင်သည့် အဆိုပါပြိုင်ပွဲကြီးတွင် ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲအပါအဝင် မွေထိုင်း တွဲဆိုင်း ၄ ခုအထိ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။အဆိုပါ For Honor ပြိုင်ပွဲ၏ ပွဲစဉ်များအနက်မှ စိတ်ဝင်စားဖွယ်ရာအကောင်းဆုံး တွဲဆိုင်း ၅ ခုကို ရွေးချယ်ဖော်ပြလိုက်ရပါသည်။ Sam-A Gaiyanghadao နှင့် Jonathan Haggertyမွေထိုင်းလက်ဝှေ့လောကတွင် ၂၅ နှစ်ကျော်ကြာ ကျင်လည်ခဲ့ပြီး ပွဲပေါင်း၎ဝဝ ကျော် ထိုးသတ်ထားသည့် ဝါရင့်လက်ဝှေ့သမားကြီး Sam-AGaiyanghadao သည် ၎င်း၏ ဖလိုင်းဝိတ်တန်းမွေထိုင်းကမ္ဘာ့ချန်ပီယံဆုကိုစိန်ခေါ်လာသည့် အင်္ဂလန်နိုင်ငံသားလူငယ်လက်ဝှေ့ကစားသမား JonathanHaggerty နှင့်ရင်ဆိုင်ကာ ချန်ပီယံခါးပတ်ကို ကာကွယ်သွားရမည်ဖြစ်သည်။ Sam-A သည် ထိုင်းနိုင်ငံ၏ နာမည်ကြီး...

အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် မြန်မာအသင်း ခြေစစ်ပွဲအောင်

အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် ဧပြီ ၃၀ ရက်နေ့၊ ည ၇ နာရီက မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းတွင် နီပေါနှင့် မြန်မာ ယူ-၁၉ အသင်းတို့ယှဉ်ပြိုင်ရာ မြန်မာအသင်း အနိုင်ရရှိခဲ့ပြီး ၆ နှစ်ကြာ ဝေးကွာနေပြီးနောက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ နီပေါယူ-၁၉ အမျိုးအသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာမြန်မာအသင်းမှ တစ်ယောက် ထုတ်ပယ်ခံရသော်လည်း မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းက (၂- ၁) ဂိုး ဖြင့် အနိုင်ရခဲ့သည်။ ” ဒီနေ့ ပွဲ ပထမပိုင်းမှာ အသင်းက အမှားတွေများပြီး ကစားပုံတည်လို့ မရဘဲ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပါတယ်။ ဒုတိယပိုင်း ပြန်အစမှာတော့ အကောင်းဆုံးနဲ့ ကစားသမားတွေ အစွမ်းကုန် ကြိုးစားကစားပေးခဲ့လို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါပြီ။ တစ်ယောက်လျော့နဲ့ အကောင်းဆုံး ကစားပေးခဲ့တဲ့ ကစားသမားတွေကိုလည်း ချီးကျူးပါတယ်။ ကစားသမားတွေအတွက်...