Category: သတင်း

ရုရှားနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကြာသပတေးနေ့ ထိပ်သီးညီလာခံ ကျင်းပမည်

ရုရှား သမ္မတ Vladimir Putin နဲ့ ထိပ်သီးဆွေးနွေးပွဲ အတွက် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ဒီသတင်းပတ် အတွင်းမှာဘဲ ရုရှား အရှေ့ပိုင်းက Vladivostok မြို့ကို သွားရောက်ဖို့ ရှိနေပါတယ်။ ခေါင်းဆောင် နှစ်ဦးတို့ ကြာသပတေးနေ့မှာ တွေ့ဆုံမယ်လို့ ရုရှား အစိုးရက အင်္ဂါနေ့မှာ အတည်ပြုထားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ နျူကလီးယား အရေး ဆွေးနွေးမှုတွေ ရပ်တန့်နေချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင် Kim အနေနဲ့ ဒဏ်ခတ်မှု ဖြေလျှော့ပေးဖို့ ရုရှား သမ္မတ Putin ကို တိုက်တွန်းလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ နှစ် အတွင်းမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က အမေရိကန် သမ္မတ Donald Trumpနဲ့...

အင်ဒိုနီးရှား ရွေးကောက်ပွဲ – နာရီပေါင်းများစွာ မဲရေရလို့ မဲရုံဝန်ထမ်း ၂၇ဝ ကျော် သေဆုံး

အင်ဒိုနီးရှား နိုင်ငံ ရွေးကောက်ပွဲအတွင်း ထည့်ခဲ့ကြတဲ့ သန်းပေါင်းများစွာသော မဲဆန္ဒတွေကို နာရီပေါင်းများစွာ ဆက်တိုက် ရေတွက်ကြရတဲ့ မဲရုံဝန်ထမ်းတွေ အလုပ်ဖိစီးမှုဒဏ်ကြောင့် အပင်ပန်းလွန် မကျန်းမမာတွေ ဖြစ်ကုန်ပြီး အခုဆို သေဆုံးသွားသူ အယောက် ၂၇ဝ ကျော် သွားပြီလို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ နာမကျန်း ဖြစ်နေတဲ့ မဲရုံဝန်ထမ်းပေါင်း ၁၈၇၈ ယောက် ရှိတယ်လို့ အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့် ရှိသူ အာရစ်ဖ် ပရီယို ဆူဆန်တိုက ဆိုပါတယ်။ ဧပြီလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ ရရှိထားတဲ့ မဲတွေကို ရေတွက်ရာမှာ လူ ပေါင်း ၇ သန်း ဝန်းကျင် စေတနာ့ ဝန်ထမ်း ပါဝင် ကူညီပါတယ်။ အင်မတန် ပူပြင်းနေပြီး အလွန်...

အသတ်မခံရခင် ရဲနဲ့ ရပ်ကွက်လူကြီးကို ကြိုပြောတယ်..သူတို့ ဘာမှ လုပ်မပေးဘူး .( မိသားစုဝင်၏ ရင်ဖွင့်သံ)

ရပ်ကွက်လူကြီးကို ကျွန်မတို့ သွားပြောတယ်။ မင်းမဲ့တိုင်းပြည် မဟုတ်ဘူးဆိုပြီးတော့ မစောင့်ပေးဘဲ ထွက်သွားကြတယ်။ ဘယ်သူမှ မရှိတဲ့အချိန်မှာ ကလေးတွေ ရှေ့ မှာပဲ တစ်ယောက်ပြီးတစ်ယောက် လည်ပင်းကို လှီးတာ ” – မိသားစုဝင်၏ ရင်ဖွင့်သံ။ အမျိုးသားလေးဦးက ဆွေးမျိုးမကင်းတဲ့ အမျိုးသားတစ်ဦးရဲ့ အိမ်ပေါ်ကို တက်သွားပြီး ကလေးငယ်တွေရဲ့ ရှေ့ မှာပဲ ဆံပင်ကိုလှန်ပြီးတော့ လည်ပင်းကို တစ်ယောက်တစ်လှည့်စီ ခဲတံချွန်တဲ့ဓါးနဲ့ လှီးဖြတ်ပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့ နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အချို့ သော မိသားစုဝင်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေကို ဒီလိုအသတ်ခံရမယ့်အနေအထားအကြောင်း ကြိုတင်အသိပေးခဲ့ကြပေမယ့် ဘယ်သူကမှ တာဝန်ယူ တာဝန်ခံပြီး ကြိုတင်ကာကွယ်ပေးတာမျိုးမလုပ်ခဲ့ဘူးလို့ လည်း အသတ်ခံရသူရဲ့ မိသားစုဝင်အမျိုးသမီးက အကုန်သိ သတင်းဌာနကို ရင်ဖွင့်ပြောကြားလာပါတယ်။ ရိုက်ကူး – သီဟ ၊ တည်းဖြတ်...

သင်တန်းသူရဲ့ အသက်ကို မိမိရဲ့အသက်နဲ့ လဲပြီးကာကွယ်သွားခဲ့တဲ့ သင်တန်းဆရာ

အမေရိကန်က Skydiving သင်တန်းနည်းပြဆရာ Robert Cook ဟာ သူ့ရဲ့စွန့််လွှတ်မှုအတွက် သြစတြေးလျှရဲ့မြင့်မြတ်တဲ့ဆုတစ်ခုဖြစ်တဲ့ Australian Bravery Award ဆုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒီဆုကို အသက်ရှင်လျှက်နဲ့ လက်ခံနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ တကယ်တော့ Robert Cook ဟာ အသက် ၂၂နှစ် အရွယ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ Skydiving လုပ်တဲ့နေရာမှာထူးချွန်ပြီး နည်းပြဆရာအဖြစ် အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ skydiving ဆိုတာ လေယာဉ်ပေါ်ကနေ ကောင်းကင်ထဲကို အလွတ်ထိုးဆင်းပြီး မိမိလိုရာသို့ ဦးတည်ဝဲဆင်းကာ သင့်တင့်သည့် အမြင့်ပေရောက်မှ လေထီးဖွင့်ရတဲ့ လေထီးခုန်နည်းတစ်မျိုးဖြစ်ပါတယ်။ အဲဒီနေ့က အမေရိကန် Missouri မှာ သူဟာ အသက် ၂၁အရွယ် Kimberly ဆိုတဲ့ သြစတြေးလျှက အလည်လာတဲ့ မိန်းကလေးတစ်ယောက်ကို Skydiving သင်ခန်းစာသင်ပေးဖို့ လေယာဉ်ပေါ်မှာ ရှိနေပါတယ်။ အဲဒီအချိန်မှာ လေယာဉ်ငယ်ဟာ အင်ဂျင်...