Category: သတင်း

တောင်ကြီး မြို့ပေါ်တွင် ၁ နှစ်အောက်ကလေး ပါဝင်သည့် ၄ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

အသက် ၁ နှစ်အောက်ကလေးတဦးအပါအ၀င် ၄ လောင်းပြိုင်လူသတ်မှုတခု သျှမ်းပြည်နယ် မြို့တော်တောင်ကြီးမြို့တွင် ဖြစ်ပွါးခဲ့သည်။ ဧပြီလ ၂၈ ရက် ယနေ့မနက်ပိုင်းက တောင်ကြီးမြို့၊ ကံသာရပ်ကွက် တိုင်းရင်းဆေးဝါး ထုတ်လုပ်သည့် (မြင်းဖြူ နှစ်ကောင်ဆေးတိုက်)တွင် မိသားစုအလိုက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည် ။ ” ဖြစ်တာက မနေ့ညက ၁၂ နာရီ လောက်ကလို့ ရဲတွေပြောတာကြားတယ် ၊ လူသတ်သမားက အိမ်သာတောင်တက်သွားသေးတယ်လို့ လဲပြော ကြတယ် ၊ သူတို့အိမ်ဝန်းက ကျနော်တို့ အိမ်ဝင်းထက်တောင် ပိုလုံခြုံသေးတယ် ၊ သွေးတွေ အိမ်ရှေ့ဖက်စီးကျလာလို့ အိမ်နီးချင်းတွေသွားကြည့်တော့ခြံရှေ့မှာ ကလေးအဖေက သေနေပြီ ။ အဖွားနဲ့အဒေါ်ကပင်လုံမှာ အလှူ ရှိလို့သွားကြတာ လွှတ်သွားတာပေါ့ ၊အဆိုးဆုံးကတော့ တစ်နှစ်တောင်မပြည့်သေး တဲ့ ကလေးငယ်ပါ သတ်သွားတာ ” ဟု အသတ်ခံရသည့် မိသားစု၏ အိမ်နီးချင်း...

သင်္ကြန်ပြန် မြန်မာအလုပ်သမားများ ထိုင်းနယ်စပ်ဂိတ်မှာ ပြည့်နှက်

၂၀၁၉ ခုနှစ် ဧပြီလအတွင်း သင်္ကြန်ပြန်ကြမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ၂၅ ရက် ဗီဇာအခမဲ့ ကင်းလွတ်ခွင့် ပြုပေးထားတာကုန်ဆုံးတော့မယ့် အချိန်မှာ လုပ်ငန်းခွင်ကိုပြန်ဝင်ဖို့ ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေ ၂သိန်းကျော် ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ် ။ မဲဆောက်- မြ၀တီ နယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို ပြန်ဝင်ရောက်လာသူတွေ များတာကြောင့် ထိုင်းဘက်က စီစစ်လက်ခံပေးတဲ့ ကောင်တာတွေ ၂၅ခု လောက်ထိဖွင့်ပေးရတယ်လို့ ဆိုပါတယ် ။ ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။ မဟာသင်္ကြန်ကာလ နေရပ်ပြန်ဖို့အတွက် ၂၅ရက်အတွင်း Re entry တုံးဖိုးပေးစရာမလိုပဲ အသွားအပြန် ခွင့်ပြုပေးထားတာပါ။ ထိုင်းဘက်က ဗီဇာကင်းလွတ်ခွင့်ပြု ထားတဲ့ ရက်ကုန်ဆုံးတော့မယ့် အချိန်မှာ ထိုင်း-မြန်မာနယ်စပ် မြ၀တီမဲဆောက်လမ်းကနေ ၀င်ရောက်လာတဲ့ လူဦးရေ အလွန်များပြားလာနေလို့  တပ်ခရိုင် လ၀က...

Huawei က ကမ္ဘာ့ အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အား မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ထုတ်ဖော် ပြသ

Huawei က “အပြည့်အ၀ ချိတ်ဆက်ပြီး အသိဥာဏ် ရှိသော မြန်မာနိုင်ငံ တည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် Huawei Myanmar ICT Congress 2019 အား ယနေ့ တွင် ရန်ကုန်မြို့ ၌ ပြုလုပ်ခဲ့ရာ ကမ္ဘာ့ အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အား မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ထုတ်ဖော် ပြသခဲ့သည်။ Huawei Mate X သည် ခေါက်ထားသည့် အချိန်တွင် ၆.၆ လက်မ အရွယ် ရှိသည့် စမတ်ဖုန်း အဖြစ် အသုံးပြုနိုင်မည် ဖြစ်ပြီး ဖြန့် ချလိုက်သည့် အခါတွင် ၈ လက်မ အရွယ် ရှိသည့် ပါးလွှာသော တတ်ဘလက် အဖြစ်သို့ ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း...

အဂတိ ကော်မရှင်ကြောင့် ဘဏ္ဍာငွေ ကန်ဒေါ်လာ လေးသန်းကျော် ပြန်လည်ရရှိ

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်း စစ်ဆေးမှုကြောင့် မြန်မာငွေ ၃၀ ဒသမ ၈၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၀၃ သန်းတို့ အား ပြည်သူ့ ဘဏ္ဍာငွေအဖြစ် ပြန်လည် ပေးသွင်းနိုင်ခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့သည်။ “ကော်မရှင်ရဲ့ စုံစမ်း စစ်ဆေးမှုကြောင့် ၂၀၁၈ ခုနှစ်အတွင်း သက်ဆိုင်ရာဌာနများတွင် ဆုံးရှုံးမှု ဖြစ်နိုင်ဖွယ်ရှိသော မြန်မာငွေ ၃၀ ဒသမ ၈၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၀၃ သန်းတို့  အား ပြည်သူ့ ဘဏ္ဍာငွေအဖြစ် ပြန်လည် ပေးသွင်းနိုင်ခဲ့ကြောင်း တင်ပြအပ်ပါတယ်” ဟု...

အင်ဒိုနီးရှား မြို့တော် ဂျာကာတာ ကနေ တခြား နေရာကို ပြောင်းဖို့ သမ္မတ ဂျိုကို ဝီဒိုဒို လမ်းညွှန်

အင်ဒိုနီးရှား နိုင်ငံ ရဲ့ မြို့တော် ကို ပြောင်းရွှေ့ မယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒို က ဆုံးဖြတ် ထားတယ်လို့ သိရပါတယ်။ လက်ရှိ မြို့တော် ဂျာကာတာ က ကမ္ဘာ မှာ စတုတ္ထ မြောက် လူဦးရေ အထူထပ် ဆုံး မြို့တော် ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ ဂျားဗား ကျွန်းစု တွေ ထဲက ပင်မ ကျွန်း ကြီး ကို မြို့တော် အဖြစ် သတ်မှတ် ထားပေမယ့် မြို့တော် အသစ် ကိုတော့ ဘယ်နေရာ ကို ပြောင်းရွှေ့ မှာလဲ ဆိုတာ ကိုတမသတ်မှတ်ရ သေးဘူးလို့ စီမံကိန်း ဝန်ကြီး က ဧပြီလ ၂၉ ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာ...

ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို သူရဦးရွှေမန်းပါတီမှာ ပါဝင်ဖို့ ကမ်းလှမ်း

ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က ပါတီဝင်ဖို့ ပါတီက ကမ်းလှမ်းထားကြောင်း သိရပါတယ်။ UBP က ပါတီမှာ ပါဝင်ဆောင်ရွက်ဖို့ ကမ်းလှမ်းထားတာမှန်ကန်ကြောင်းနဲ့ အဲဒီကိစ္စကို မဆုံးဖြတ်ရသေးကြောင်း ရန်ကုန်ခေတ်သစ်မီဒီယာကို ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောကြားထားပါတယ်။ ဒါ့အပြင် မနေ့က မန္တလေးမြို့မှာ ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲမှာလည်း နိုင်ငံရေးကို လေ့လာနေကြောင်း ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ထွက်ဆိုခဲ့တာကြောင့် ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ် တစ်နှစ် ကျခံခဲ့ရပါတယ်။ သူဟာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်...

ဆိုင်ကလုန်း ဖာနီ အန္တရာယ်ကနေ မြန်မာနိုင်ငံစိတ်မချရသေးတာကြောင့် သတိထားဖို့ နှိုးဆော်ထား

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖာနီဟာ လာမယ့် (၉၆) နာရီအတွင်း အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး အဆင့်ကို ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် လုံးဝစိတ်ချရတဲ့ အခြေအနေမဟုတ်သေးဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ဧပြီလ ၂၉ရက် ညနေ (၅)နာရီခန့်က တိုက်တွန်းထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖာနီဟာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (Severe Cyclonic Storm) အဖြစ် ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံ Chennai မြို့ရဲ့ အ ရှေ့တောင် ယွန်းယွန်း (၄၅၀) ကီလိုမီတာအကွာ ရေပြင်ပေါ်မှာ ဗဟိုပြုနေတယ်လို့ ဒေါက်တာထွန်းလွင်က ဆိုပါတယ်။ နောက်(၉၆)နာရီအကြာမှာ လေတိုက်နှုန်း 110 knots ခန့်ရှိလာနိုင်ပြီး အားအလွန် ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး အဖြစ်ကိုရောက်ရှိလာနိုင်ပြီး နောက် နာရီ (၁၂၀)အကြာမှာ အိန္ဒိယအရှေ့မြောက်...

ကမ္ဘာ့အကြီးဆုံး လေယာဉ် စတင်ပျံသန်း

အတောင်ဖျားနှစ်ဘက်အစအဆုံး ၃၈၅ ပေ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံးလေယာဉ်ဟာ အမေရိကန်နိုင်ငံမှာ ပထမဆုံး စတင်စမ်းသပ် ပျံသန်းခဲ့ပါတယ်။ အာကာသထဲ ဂြိုဟ်တုတွေ လွှတ်တင်ရာမှာ သုံးဖို့ အဓိက တည်ဆောက်ထားတဲ့ လေယာဉ်ဟာ ထိပ်ဖျားကနေ အမြီးထိဆိုရင်၂၃၈ ပေ ရှိပါတယ်။ ဒီလေယာဉ်ကို မိုက်ခရိုဆော့ဖ် ကုမ္ပဏီပူးတွဲတည်ထောင်သူ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ပေါလ်အယ်လန်ရဲ့ Stratolaunch ကော်ပိုရေးရှင်းက တည်ဆောက်တာပါ။ ဂြိုဟ်တုတွေ အာကာသထဲလွှတ်တဲ့အခါ ဒီလေယာဉ်ဟာ အမြင့်ပေ သုံးသောင်းခွဲ လောက်ကို တက်သွားပြီး ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်လိုက်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်း အောင်မြင်သွားရင်တော့ ဂြိုဟ်တုနဲ့ အာကာသယာဉ် စတာတွေကို မြေပြင်ကနေ အာကာသထဲ ဒုံးပျံနဲ့တိုက်ရိုက်လွှတ်တင်တာထက် စရိတ်သက်သာသွားတော့မှာပါ။ ဒီလေယာဉ်ဟာ အရှည် ပေ ၅၀ နဲ့ ပေါင် ငါးသိန်းလောက်ထိ လေးတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်မှာ...

ဖူးခက် ပင်လယ်ပြင်မှာ ရေပေါ်အိမ် ဆောက်တဲ့ အမေရိကန် နိုင်ငံသား နဲ့ သူ့ချစ်သူ စုံတွဲကို ထိုင်း တာဝန်ရှိသူတွေ ရှာဖွေနေ

ထိုင်းနိုင်ငံ ရဲ့ ရေပိုင်နက် ပင်လယ်ပြင်မှာ ရေပေါ်အိမ် တည်ဆောက်ခဲ့သူ အမေရိကန် နိုင်ငံသား တစ်ဦး သူ့ရဲ့ ချစ်သူ မိန်းကလေး ကို ထိုင်း တာဝန် ရှိသူတွေက အပူတပြင်း လိုက်လံ ရှာဖွေ နေပါတယ်။ ချက် အယ်လ်ဝါတိုးစကီး နဲ့ သူ့ချစ်သူ မိန်းကလေး ဆုပနီး သက်ဒပ် တို့ ဟာ နိုင်ငံရဲ့ အချုပ် အခြာအာဏာ ကို ချိုးဖောက် ခဲ့တယ်လို့ ထိုင်း ရေတပ် က ပြောပါတယ်။ သူတို့ဟာ ဖူးခက် ကျွန်း နဲ့ ၁၂ မိုင် အကွာအဝေးမှာ ထိပ်ဖျား ၆၅ ပေ အမြင့် ရှိတဲ့ ရေပေါ် အိမ် ကို တည်ဆောက် ခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ ဟာ ရေပေါ်အိမ်...

အိန္ဒိယရွေးကောက်ပွဲမှာ ပါတီမှားပြီး မဲပေးမိလို့ လက်ညှိုးဖြတ်ပစ်

အိန္ဒိယ ရွေးကောက်ပွဲမှာ သူမကြိုက်တဲ့ လက်ရှိ အာဏာရ ဘီဂျေပီပါတီကို မဲမှားပေးမိလို့ ကိုယ့်လက်ညှိုးကိုယ်ဖြတ်တဲ့ ဗီဒီယို အင်တာနက် စာမျက်နှာတွေမှာ ပြန့်နှံ့နေပါတယ်။ ပဝန်ကူးမားက ဒေသတွင်းပါတီကို မဲပေးချင်တာဖြစ်ပေမဲ့ မဲပေးတဲ့စက်မှာ ပါတီတွေကို ကိုယ်စားပြုတဲ့ အရုပ်တွေများလို့ မှားပြီး မဲပေးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ မှာက မဲပေးပြီးသွားရင် မဲပေးသူတိုင်းရဲ့ လက်ညှိုးတွေကို ဖျက်ဖို့မလွယ်တဲ့ မင်တို့ပေးလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ခုနစ်ပိုင်းခွဲပြီးလုပ်နေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဧပြီလ ၁၈ ရက်နေ့ ကြာသပတေးနေ့က လုပ်ခဲ့တဲ့ ဒုတိယပိုင်း မဲပေးတဲ့အခါမှာ သူက အူတာပရာဒက်ရှ်ပြည်နယ်မှာ မဲပေးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်က ဆင်ကို မဲပေးချင်တာ။ မှားပြီး ပန်းကို ထည့်လိုက်မိတာ” လို့ ကူးပါးက ဗီဒီယိုထဲမှာ ပြောထားပါတယ်။ မဲပေးတဲ့စက်တွေမှာ အမတ်လောင်းဘေးမှာပါတဲ့ ပါတီအမှတ်တံဆိပ်တွေကို သူမှားမဲပေးမိတဲ့အကြောင်းကို ပြောပြထားတာဖြစ်ပါတယ်။ ဘီဂျေပီပါတီရဲ့ တံဆိပ်က...