Category: သတင်း

ဆားဘီးယားရဲ့ ရာကီဂျာ အရက်သောက်ပြိုင်ပွဲ

ဆားဘီးယားနိုင်ငံက ဘော်လကန်မှာ သစ်သီးတွေနဲ့ ထုတ်လုပ်ထားတဲ့ အရက်ပြင်း ရာကီဂျာ (Rakija) လို့ခေါ်တဲ့ ဘရန်ဒီအရက်သောက်ပြိုင်ပွဲမှာ တစ်ခွက်ပြီး တစ်ခွက် အမြန်သောက်ရတဲ့ ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ဘော်လကန် ကျေးလက်ဂီတသံတွေကြားမှာ တနင်္လာနေ့က လူ ၄ ယောက်ပါ တစ်သင်း အဖွဲ့ဖွဲ့ပြီး ၁ လီတာ အရက်ပုလင်းကို ၁၅ မိနစ်ကြာလောက် အသောက်ပြိုင်ကြပါတယ်။ ဒါ့အပြင် သစ်သားလုံးတန်းပေါ် မယိမ်းမယိုင်ဘဲ လမ်းလျှောက်ဖြတ်ပြိုင်ရတဲ့ အစီအစဉ်တွေအပါအဝင် အစီအစဉ်များစွာ ပါရှိပါတယ်။ ဒိုင်တွေက အနိုင်ရသူတွေကို ရွေးချယ်ရာမှာ “မြန်နှုန်း ပေါ်မူတည်ပြီး ဆုံးဖြတ်သလို အဖွဲ့သားတွေနဲ့ ဝိုင်းကျတဲ့ ခံစားမှု”ကိုလည်း ထည့်သွင်း တွက်ချက်တယ်လို့ ရာကီဂျာပွဲတော်ရဲ့ တည်ထောင်သူ ဘရားလိုဗစ်က ပြောပါတယ်။ ဒီအရက်သောက်ပွဲတော်ကို ပန်ဂျာနီရဲ့ အလယ်ပိုင်းရွာမှာ လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက ကျင်းပခဲ့တာဖြစ်ပါတယ်။ ရာကီဂျာအရက်မှာ အယ်လ်ကိုဟာ ၄၀...

အခြေခံအထက်တန်းပညာပြီးဆုံး ကျောင်းသားတိုင်းအတွက် လက်မှတ်ထုတ်ပေးဖို့စီစဉ်

အခြေခံပညာ အထက်တန်းကျောင်းပြီးဆုံးတဲ့အထိ တက်ခဲ့တဲ့ ကျောင်းသားတိုင်းကို အခုပညာသင်နှစ်ကစလို့ အစိုးရ အခြေခံအထက်တန်းပညာ ပြီးဆုံးကြောင်း လက်မှတ်ထုတ်ပေးဖို့ စီစဉ်နေတဲ့အကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ဒီလိုပြောင်းလဲလိုက်တဲ့စနစ်သစ်က ကျောင်းပြင်ပ ရောက်သွားတဲ့ ကျောင်းသားဦးရေကို လျှော့ချနိုင်မှာဖြစ်တယ်လို့လည်း ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်းမေးမြန်းထားတဲ့ ကိုဇော်ထက်က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။ အထက်တန်း ပညာပြီးဆုံးကြောင်းလက်မှတ်က အထက်တန်းအောင်/ရှုံး ကို ဖော်ပြတဲ့လက်မှတ်မဟုတ်ဘဲ အထက်တန်းပြီးဆုံးအောင် တက်ရောက်ခဲ့တယ်ဆိုတဲ့ လက်မှတ်သာဖြစ်တယ်။ အထက်တန်းပြီးမြောက်သွားတဲ့ လက်မှတ်ကို ရထားတဲ့ ကျောင်းသားအနေနဲ့ သူ့ကိုလက်ခံတဲ့ အသက်မွေးဝမ်း ကြောင်းအလုပ်၊ ဒါမှမဟုတ် သက်မွေးပညာသင်တန်းကျောင်း၊ ဘွဲ့ကြို ဒစ်ပလိုမာလိုမျိုး၊ ကာလတို ဒစ်ပလိုမာတွေ၊ အဲဒီကတစ်ဆင့် တက္ကသိုလ်ပညာ အဆင့်ကို ပြန်ပြီး တက်လှမ်းနိုင်ကြောင်း အခြေခံပညာညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဗွီအိုအေကိုပြောပါတယ်။ “အခြေခံ ပညာပြီးဆုံးကြောင်းလက်မှတ် ပေးဖို့အတွက်က စီစဉ်နေတယ် ဟုတ်တယ်။ ပြီးခဲ့တဲ့...

ရေငုပ်သင်္ဘော မကြာမီပိုင်တော့မယ့် မြန်မာ့တပ်မတော်

မြန်မာ့တပ်မတော်က ရေငုပ်သင်္ဘောကိုမကြာမီအချိန်အတွင်းမှာပဲ ပိုင်ဆိုင်နိုင်တော့မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။ ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ဆိုတာက ဝယ်ရတာသိပ်မခက်ဘူး။ အရေးကြီးတာက သူရဲ့ အခြေချမယ့်နေရာ တွေ၊ သူနဲ့ဆက်စပ်တဲ့အထောက်အပံ့ပစ္စည်းတွေ၊ အသုံးပြုနိုင်ဖို့လေ့ကျင်သင်ကြားမှုတွေက ပိုအရေးကြီးတယ်။ ကျွန်တော်တို့ဆီမှာ ရေငုပ်သင်္ဘောမှာသုံးနိုင်တဲ့ သင်တန်းပြီးထားတဲ့သူတွေရှိနေပါပြီလို့ သူကဆို ပါတယ်။ “သင်တန်းကာလက ၅နှစ်ကနေ ၇နှစ်အတွင်းရှိတယ်။ ဒါကရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ ပြင်ဆင်တဲ့အချိန်ထဲမှာ သင်တန်းကာလကိုထည့်တွက်တယ်။ သင်တန်းကာလက အောင်မြင်ပြီးပြီဖြစ်ပါတယ်။ အဲဒီတော့ ဆယ်စုနှစ် တစ်ခုအတွင်းမှာ ပိုင်ဆိုင်နိုင်မယ်ဆိုတာက ဘယ်တော့ဆိုတာကိုတွက်ကြည့်လို့ရပါတယ်” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။ ဒါကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အဖွဲ့ဝင်တွေ ဧပြီလ ၂၆ ရက်၊ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ ရုရှားရေတပ်စခန်းရဲ့ အက်မာတိုင်စကီဗာဖီ သင်္ဘောကျင်းမှာ ရေငုပ်သင်္ဘော ထုတ်လုပ်နေမှု အခြေအနေတွေနဲ့ ရေငုပ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းတဲ့ အခြေအနေတွေ ကိုသွားရောက်ခဲ့ကြည့်ရှုပြီးနောက်ပိုင်း ဘီဘီစီရဲ့မေးမြန်းမှုကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက...

ရန်ကုန်က နိုင်ငံတကာ ကျောင်း တချို့ကျောင်းလခတွေ မကြာခင်ဈေးတက်ဖိုရှိတယ်

မြန်မာနိုင်ငံက နိုင်ငံတကာ ကျောင်းတချို့ကျောင်းလခတွေ မကြာခင်ဈေးတက်ဖို့ရှိနေပါတယ်။ ဈေးတက်တာမတူကြပေမဲ့ နိုင်ငံခြားသားဆရာတွေသင်တဲ့ ကျောင်းအများစုကတော့ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်ကို တက်ကြတယ်လို့ Network International School ကကျောင်းသားမိဘ ဒေါ်မီးမီးကပြောပါတယ်။ အချို့နိုင်ငံတကာ ကျောင်းတွေကတော့ မနှစ်ကထက် တနှစ်ကို ဒေါ်လာ ၈၀၀ လောက် ထိဈေးတက်ဖို့ရှိတယ်လို့ ဒေါ်မီးမီးကပြောပါတယ်။ လက်ရှိ အမေရိကန်ဒေါ်လာငွေဈေးကတက်နေသလို ကျောင်းလခတွေ မကြာခင်ဈေးတက်ဖို့ရှိတာကြောင့် မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းတွေမှာ ကျောင်းထားနေရတဲ့ မိဘတချို့ဟာ ဒီနှစ်ကျောင်းဖွင့်ရာသီအတွက် အတော့်ကို ရုန်းကန်နေရပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာငွေလဲနှုန်းကြောင့် ကုန်ကျငွေနှစ်ဆနီးပါး သုံးနေရတယ် လို့ကျောင်းသားမိခင်တချို့က ပြောပါတယ်။ တချို့နိုင်ငံတကာကျောင်းလခတွေ လာမယ့်ကျောင်းဖွင့်ရာသီမှာ ဈေးတက်ဖို့လည်းရှိပြီး နိုင်ငံစီးပွားရေးအခြေနေနဲ့ လုပ်ငန်းတွေ မကောင်းတာကြောင့် ကလေးတွေ ပညာသင်စရိတ်ဟာ မိဘတွေအတွက် ဝန်ထုပ် ဝန်ပိုး ပို ဖြစ်လာတယ်လို့လည်း ပုဂ္ဂလိကကျောင်းတွေမှာ...

တောင်ကြီးမြို့ လေးလောင်းပြိုင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်၌ ဧပြီ ၂၈ ရက် က ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ တင်အုန်း (ခ)အိုက်အုံးအား ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ တစ်ပိဿာနီးပါးခန့်နှင့် ငွေကျပ် ၇ သိန်းကျော်တို့ကို ယနေ့တွင် ရှာဖွေဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ဖြစ်စဉ်မှာ တောင်ကြီးမြို့ ကန်သာယာရပ်ကွက် မင်္ဂလာလမ်း အမှတ် ၁၁၈ နေ မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေသည် ပင်လုံမြို့ ကမ္မဌာန်း ကျောင်းတိုက်ဆွမ်းကပ်လှူပွဲသို့ သွားရောက်ပြီး ဧပြီ ၂၈ ရက် နံနက်ပိုင်းကနေအိမ်သို့ ပြန်ရောက်စဉ် သမက်ဖြစ်သူ စိုင်းဆေမွန် (ခ) ဆေမွန် ၊ သမီးဖြစ်သူ မနန်းခမ်းလှိုင် ၊ မြေးဖြစ်သူ စိုင်းဖဖ၊ အိမ်အကူဖြစ်သူ...

အပူပိုင်းဆိုင်ကလုန်း FANI မုန်တိုင်းလမ်းကြောင်း ပြောင်းလဲသွားနိုင်

အပူပိုင်းဆိုင်ကလုန်း FANI သည် နောက် ၇ နာရီအကြာတွင် အနောက်ဖက်မှ ချဉ်းကပ်လာသော လေဖိအားနည်းချိုင့်ဝှမ်းတစ်ခုကြောင့် မြောက်အရှေ့ မြောက်ယွန်းယွန်းသို့ ပြောင်းလဲရွေ့လျားသွားနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။ မေ ၁ ရက်နေ့၊ ညနေ ၃ နာရီခွဲတွင် ပြောင်းလဲရွေ့လျားသွားမည် ဖြစ်ပြီး မုန်တိုင်းလမ်းကြောင်းတလျှောက် မိုးရွာသွန်းနိုင်မှု အခြေအနေအရ မြန်မာနိုင်ငံဖက်သို့ မိုးရွာသွန်းမှု လျော့နည်းနိုင်ကြောင်း မေ ၁ ရက် အစောပိုင်းက ခန့်မှန်းရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများဒေသများကို ယခင် ဦးတည်နေရာမှ မေလ ၄ ရက်နေ့ နံနက် ၃ နာရီခွဲတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ရှိ Odisha ကမ်းခြေနှင့် Gopalpur၊ Chandba မြို့များ အကြားမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်ကြောင်း သိရသည်။ ဆိုင်ကလုန်းမုန်တိုင်း FANI သည် အနောက်မြောက်...

ကောလင်းမြို့အရှေ့ ထီးချိုင့်သွားရာလမ်းမှာ ရွှေကြောတွေ့လို့ ဒေသခံထောင်ချီ တူးဖော်နေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ဘက် ထီးချိုင့်မြို့နယ်ကို သွားရာလမ်းပိုင်း ကညို့အင်းရွာ အလွန်မှာ လမ်းဖောက်လုပ်ရာနေရာက မြေစာတွေမှာ ကျောက်ရွှေ တွေ့ရှိတယ်ဆိုပြီး ဒေသခံထောင်ချီက လာရောက် တူးယူနေတယ်လို့ ကောလင်းမြို့ခံတွေက ပြောပါတယ်။ “လမ်းဖောက်ဖို့ တောင်ကြောမြေစာ တူးချရာကနေ ရွှေရတယ်ဆိုပြီး ပြောရာကနေ တဆင့်စကားတဆင့်နဲ့ မြေတွေလာသယ်ကြတာ မနေ့က လူထောင်ချီ လာတူးကြတယ်။ မြေတွေကို ဆာလာအိတ်တွေနဲ့ တူးယူပြီး ရွှေပြန်ချက်ကြတာ။ ၂ ရက် ၃ ရက် လောက် ရှိပြီ။ လမ်းဖောက်တာကိုလည်း ရပ်ထားရတယ်” လို့ ကောလင်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။ ထီးချိုင့်၊ ကောလင်း မြို့နယ်တွေက အုပ်ချုပ်သူ အာဏာပိုင်တွေက မနေ့က (ဧပြီ ၂၃ ရက်) ကွင်းဆင်း လာရောက်ကြည့်ရှုပေမယ့် ဟန့်တားပိတ်ပင်တာမျိုး မရှိသေးဘူးလို့ ဒီနေ့အထိ မြေစာတွေ...

Executive Master in Leadership, Strategy & Innovation အတွက် Study Grant များရရှိနိုင်

သြစတြေးလျတက္ကသိုလ်တစ်ခုဖြစ်သည့် Murdoch University, Australia မှပေးအပ်ချီးမြှင့်သောExecutive Master in Leadership, Strategy & Innovation တက်ရောက်ရန်အတွက် Nanyeng International College တွင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်းနှင့် ဧပြီလ ၂၄ရက်နေ့ ညနေ (၄)နာရီတွင် လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဝင်ခွင့်လျှောက်လွှာ တင်သွင်းသူများအနေဖြင့် ဝင်ခွင့်ဖြေဆိုမှုကို ဧပြီလ ၂၈ ရက်နေ့၊ နေ့ခင်း (၃)နာရီမှ ညနေ (၅)နာရီအတွင်း ဖြေဆိုကြရမည်ဖြစ်ပြီး ဝင်ခွင့်အောင်စာရင်းကိုတော့ ဧပြီလ ၃၀ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ဝင်ခွင့်အောင်မြင်သူများအနေဖြင့် မေလ ၆ရက်၊ တနင်္ဂနွေနေ့တွင် တွင် စတင် တက်ရောက်နိုင်မည်ဖြစ်သည်။ Master of Business Administration (MBA) နှင့် Executive Master Degree များအကြား ကွာခြားပုံနှင့် ဝင်ခွင့်စာမေးပွဲအကြောင်းနှင့် ပတ်သက်၍...

အခေါင်းထဲကနေ အော်ဟစ်နိုးထလာပြီးနောက် နောက်တစ်ကြိမ်ပြန်သေဆုံးသွားတဲ့ ဆယ်ကျော်သက်

အသုဘလာတဲ့သူတွေဟာ ကွန်ကရစ်အုတ်ဂူကို ကမန်းကတန်း ဖြိုဖျက်ပြီး အခေါင်းထဲက သေဆုံးပြီးသား ဆယ်ကျော်သက်ကို ပြန်လည်ကယ်ဆယ်ခဲ့ရပါတယ်။ သေဆုံးသူ Ms Perez ဟာ ကိုယ်ဝန်သုံးလရှိနေပြီး Honduras နိုင်ငံအနောက်ပိုင်း၊ La Entrada က သူမရဲ့ နေအိမ်မှာ ညတစ်ရေးနိုး အိမ်အပြင်က အိမ်သာကို သွားဖို့ လုပ်နေချိန်မှာ သတိပြန်မလည်လာ တော့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ သေနတ်ပစ်သံကို ကြားလိုက်ရပြီး ကြောက်စိတ်မွှန်ကာ မေ့လဲခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။ သူမရဲ့ ပါးစပ်က အမြှပ်တွေထွက်နေတာကို မြင်လိုက်ရတဲ့ မိဘတွေဟာ သရဲပူးကပ်တယ်ထင်ပြီး ဒေသခံဘုန်းကြီးကို ပင့်ဆောင်ခဲ့ပါတယ်။ ဘုန်းကြီးဟာ မကောင်းဆိုးဝါးနှင်ဖို့ ကြိုးစားခဲ့ပေမယ့် Ms.Perez ဟာ မကြာခင်မှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူမကို ဆေးရုံကို ပို့ ဆောင်လိုက်ပြီး သုံးနာရီအကြာမှာ ဆရာဝန်တွေက သူမ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။ Ms.Perez ကို...

ထိုင်းတောဝက်ဘောလုံးအသင်း ဂူတွင်းပိတ်မိတြဲ့ဖစ်ရပ် အခန်းဆက်ရုပ်ရှင်ရိုက်ကူးမည်

ထိုင်းနိုင်ငံ မဲဆိုင်က Tham Luang လှိုဏ်ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံး အသင်းသား ၁၂ ယောက်နဲ့ သူတို့ရဲ့နည်းပြဆရာကို ကယ်တင်ခဲ့တဲ့ ကမ္ဘာကျော် ဖြစ်ရပ်မှန် ဇာတ်လမ်းကို နာမည်ကြီး “Crazy Rich Asians” ရုပ်ရှင်ထုတ်လုပ်တဲ့ SK GLOBAL ကုမ္ပဏီက Netflix နဲ့ လက်တွဲပြီး ရုပ်ရှင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။ မဲဆိုင်လှိုဏ်ဂူထဲမှာ မနှစ်နွေတုန်းက ပိတ်မိပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရသူတွေကို ကယ်ထုတ်ခဲ့ရတဲ့ ဖြစ်ရပ်ကို ကမ္ဘာတ၀ှမ်းက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီတွေက ဒီတောဝက်ဘောလုံး အသင်းဝင် ၁၃ ယောက်ရဲ့ အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမူပိုင် ရိုက်ကူးခွင့်ရဖို့ ကြိုးစားခဲ့ကြ ပေမယ့် ထိုင်းအစိုးရက အရင်တုန်းကတော့ ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်၊...