Category: သတင်း

အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် ကာကွယ်နိုင်ရေး ပြင်ဆင်ထားသည့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် ပြသ

ဖေ့စ်ဘွတ်ခ်ကော်ပိုရေးရှင်းဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်တဲ့ ကြိုးပမ်းမှုအဖြစ် ပြင်ဆင်ထားတဲ့ လူမှုကွန်ရက်ကို ဧပြီ ၃၀ ရက်နေ့က ပွဲထုတ်ပြသခဲ့ပါတယ်။ ၈၇ သန်းသော သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်ဟာ မနှစ်တုန်းက F8 ပွဲမှာ ပြသခဲ့တဲ့ ကုန်ပစ္စည်းတချို့ ဖြန့်ချိတာကို အချိန်ဆွဲခဲ့ပါတယ်။ ဧပြီ ၃၀ မှာ စီအီးအို ဇူကာဘတ်က News Feed ကို အဓိကမထားတဲ့ လူမှုကွန်ရက်စာမျက်နှာ ဒီဇိုင်းသစ်ကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဲဒီနောက် မက်ဆေ့ခ်ျ အပလီကေးရှင်း၊ အွန်လိုင်းဈေးဝယ်ဌာနနဲ့ video-on-demand ဆိုက်တွေကို ပြသခဲ့ပါတယ်။ ဇူကာဘတ်က “အသုံးပြုတဲ့ အုပ်စုတွေကြားမှာ လုံခြုံမှုကို အလေးထားပါတယ်။ အဲဒီ အုပ်စုတွေကို လူတွေလာဖို့ ထောက်ခံပြောဆိုနေချိန်မှာပဲ အဲဒီ ထောက်ခံချက်တွေဟာ သတင်းမှားတွေနဲ့ အန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရာတွေ ထပ်တလဲလဲ...

ထိုင်းဘုရင်ကြီးအတွက် အထူးလက်ဆောင် ဆင်ဖြူတော် ပြည်သူများကြား ရေပန်းစား

ထိုင်းဘုရင်ကြီးအတွက် အထူးလက်ဆောင် ဆင်ဖြူတော်ဟာ အတိတ်နိမိတ်ကောင်းတွေ နဲ့အတူ ပြည်သူတွေကြား ရေပန်းစားနေပါတယ်။ ပလိုင်ဧကချိုင် အမည်ရတဲ့ အဲဒီဆင်ဖြူတော်ဟာ ထီးနန်းသစ်လွှဲပြောင်းရယူမယ့် ဒသမမြောက် ရာမမင်းဆက် ဘုရင် မဟာဝဇီရာ လောင်ကွန်းကို အထူးလက်ဆောင်ပဏ္ဍာအနေနဲ့ ဆက်သသွားမယ့် အထူးဆင်တကောင် ဖြစ်ပါတယ်။ ဆင်ကြီးရဲ့ အဖြူရောင်အဆင်းက သန့်စင်မှုနဲ့ မင်းတပါးရဲ့ အဆောင်အယောင်လို ခမ်းနားကြီးကျယ်မှုကို ဖော်ပြနေတာဖြစ်ပြီး ရှားပါးတဲ့အတွက် တကယ့်နတ်ဘုရားတွေလို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဆင်ဖြူတော်ထိန်း ဗီချီယန် ပရထုံဒီးက “ကျနော့်အနေနဲ့ ဘုရင်ကြီးအတွက် ဆင်ဖြူတော်ကို ထိန်းသိမ်းစောင့်ရှောက်ရေးမှာ တစိတ်တပိုင်း ပါဝင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ဆင်ထိန်းတယောက်ရဲ့ဘဝမှာ အကြီးကျယ်ဆုံးနဲ့ ဂုဏ်ယူရမယ့် အံ့သြစရာတခုပါပဲ” လို့ ပြောပါတယ်။ ဒီဆင်ဖြူတော်ဟာ ထိုင်းဘုရင်ကြီးအတွက် ပေါ်ပေါက်လာရတယ်လို့ ထိုင်းပြည်သူတွေက ယုံကြည်နေကြပြီး ကံကောင်းလာဘ်ကောင်းစေဖို့ ဆင်ဖြူတော်နဲ့ ဓာတ်ပုံရိုက်တာတွေ၊ ဆင်ဖြူတော်နဲ့ ဆက်စပ်ပတ်သက်တဲ့ ထီထိုးတာတွေကို လုပ်ဆောင်နေကြပါတယ်။...

ONE: For Honor ပြိုင်ပွဲကြီးမှ စိတ်ဝင်စားဖွယ်အကောင်းဆုံး တွဲဆိုင်း ၅ ခု

ONEChampionship က ၂ဝ၁၉ ခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ကျင်းပသောပြိုင်ပွဲကြီးဖြစ်သည့်ForHonor ပြိုင်ပွဲကြီးကို လာမည့် မေလ ၃ ရက်နေ့တွင်အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Istora Senayan မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ စုစုပေါင်းတွဲဆိုင်း ၁၄ ခုပါဝင်သည့် အဆိုပါပြိုင်ပွဲကြီးတွင် ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲအပါအဝင် မွေထိုင်း တွဲဆိုင်း ၄ ခုအထိ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။အဆိုပါ For Honor ပြိုင်ပွဲ၏ ပွဲစဉ်များအနက်မှ စိတ်ဝင်စားဖွယ်ရာအကောင်းဆုံး တွဲဆိုင်း ၅ ခုကို ရွေးချယ်ဖော်ပြလိုက်ရပါသည်။ Sam-A Gaiyanghadao နှင့် Jonathan Haggertyမွေထိုင်းလက်ဝှေ့လောကတွင် ၂၅ နှစ်ကျော်ကြာ ကျင်လည်ခဲ့ပြီး ပွဲပေါင်း၎ဝဝ ကျော် ထိုးသတ်ထားသည့် ဝါရင့်လက်ဝှေ့သမားကြီး Sam-AGaiyanghadao သည် ၎င်း၏ ဖလိုင်းဝိတ်တန်းမွေထိုင်းကမ္ဘာ့ချန်ပီယံဆုကိုစိန်ခေါ်လာသည့် အင်္ဂလန်နိုင်ငံသားလူငယ်လက်ဝှေ့ကစားသမား JonathanHaggerty နှင့်ရင်ဆိုင်ကာ ချန်ပီယံခါးပတ်ကို ကာကွယ်သွားရမည်ဖြစ်သည်။ Sam-A သည် ထိုင်းနိုင်ငံ၏ နာမည်ကြီး...

အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် မြန်မာအသင်း ခြေစစ်ပွဲအောင်

အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် ဧပြီ ၃၀ ရက်နေ့၊ ည ၇ နာရီက မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းတွင် နီပေါနှင့် မြန်မာ ယူ-၁၉ အသင်းတို့ယှဉ်ပြိုင်ရာ မြန်မာအသင်း အနိုင်ရရှိခဲ့ပြီး ၆ နှစ်ကြာ ဝေးကွာနေပြီးနောက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ နီပေါယူ-၁၉ အမျိုးအသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာမြန်မာအသင်းမှ တစ်ယောက် ထုတ်ပယ်ခံရသော်လည်း မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းက (၂- ၁) ဂိုး ဖြင့် အနိုင်ရခဲ့သည်။ ” ဒီနေ့ ပွဲ ပထမပိုင်းမှာ အသင်းက အမှားတွေများပြီး ကစားပုံတည်လို့ မရဘဲ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပါတယ်။ ဒုတိယပိုင်း ပြန်အစမှာတော့ အကောင်းဆုံးနဲ့ ကစားသမားတွေ အစွမ်းကုန် ကြိုးစားကစားပေးခဲ့လို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါပြီ။ တစ်ယောက်လျော့နဲ့ အကောင်းဆုံး ကစားပေးခဲ့တဲ့ ကစားသမားတွေကိုလည်း ချီးကျူးပါတယ်။ ကစားသမားတွေအတွက်...

ကျေးလက်ဒေသ မီးလင်းရေးအတွက် အီတလီနိုင်ငံ ထံက ယူရိုသန်း(၃၀) ချေး

မြန်မာ့ကျေးလက်ဒေသ မီးလင်းရေးအတွက် အီတလီနိုင်ငံထံမှ ယူရို သန်း (၃၀) ကို Soft Loan Agreement ဖြင့် မြန်မာ- အီတလီ နှစ်နိုင်ငံ လက်မှတ်ရေးထိုးပြီး ချေးယူခဲ့သည်ဟု အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်း (NEP-IT) က ဧပြီလ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ အီတလီအစိုးရ၏ ချေးငွေဖြင့် လုပ်ဆောင်မည့် အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်းသည် မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ်အပါအဝင် အနီးတဝိုက်ရှိ ဒေသများ အတွက် မီးလင်းရေးဆောင်ရွက်ရန် လုပ်ဆောင်သွားမည်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး ဒေသဖြစ်သည့် ချင်းပြည်နယ်ကို မီးလင်းမှုရရှိစေရန် အီတလီနိုင်ငံကို ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ “အီတလီ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ ဆင်းရဲမွဲတေမှုကို အမြစ်ဖြတ်ရန် နှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုရန်အတွက်...

မေလအတွင်း ကျင်းပမည့် ONE Championship ပြိုင်ပွဲကြီး ၃ ရပ်

မေလသည် ONE Championship ပရိသတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးလတစ်လဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းလအတွင်း ONE ပြိုင်ပွဲကြီး (၃) ပွဲကို သီတင်းပတ် တစ်ပတ်စီခြားကာ ကျင်းပသွားရန် စီစဉ်ထားသောကြောင့်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း ပြိုင်ပွဲကြီး တစ်ပွဲသာ ကျင်းပခဲ့သည့် ONE သည် မေလ ပထမပတ်တွင် ONE: For Honor ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် လည်းကောင်း၊ ဒုတိယပတ်တွင် ONE: Warriors of Light ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် လည်းကောင်း၊ တတိယပတ်တွင် ONE: Enter the Dragon ပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် လည်းကောင်းကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲများတွင် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲများ၊ Super Series မွေထိုင်း ပွဲစဉ်များ၊ Kickboxing World Grand Prix ကွာတားဖိုင်နယ်ပွဲစဉ်များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သဖြင့်...

Facebook Dating ‘secret crushes’ ဆိုတဲ့ လုပ်ဆောင်ချက်သစ်ကို Facebook ထည့်သွင်း

Facebook Dating ဝန်ဆောင်မှုကို အမေရိကန်နိုင်ငံမှာ သုံးလို့ မရသေးပါဘူး။ ဒါပေမယ့် ၅ နိုင်ငံမှာ အသုံးပြုလို့ရနေပြီး ဒီကနေ့မှာတော့ ဒီဝန်ဆောင်ကို နောက်ထပ် ၁၄ နိုင်ငံမှာလည်း သုံးလို့ရပြီလို့ သိရပါတယ်။ ဒီလုပ်ဆောင်သစ်ကိုတော့ “Secret Crush” လို့ ခေါ်ပါတယ်။ သင် စိတ်ဝင်စားနေတဲ့ သူငယ်ချင်း ၉ ယောက်အထိ “Secret Crush” List ထဲ ထည့်သွင်းနိုင်ပါတယ်။ အဲဒီလို တစ်ယောက်ယောက်က သင့်ကို သူတို့ရဲ့ secret rushes ထဲကနေ ရွေးချယ်လိုက်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံး ကြိုက်နှစ်သက် စိတ်ဝင်စားနေကြောင်း အသိပေးမှာပါ။ Facebook Dating မှာ Dating profile မသုံးတဲ့ သင့်ရဲ့ သူငယ်ချင်းတွေကိုလည်း သင့်ရဲ့ Secret Crush စာရင်းထဲ ထည့်သွင်းနိုင်တယ်လို့ Facebook ကုမ္ပဏီက ပြောပါတယ်။...

YBS ယာဉ်လိုင်း သုံးခုမှ ယာဉ်ပိုင်ရှင်များနှင့် YUPTတို့ Cash Box အတွင်း ထည့်သွင်းငွေများအတွက် ဆွေးနွေးရာ အဆင်မပြေ

ရန်ကုန်တိုင်းဒေသကြီး သယ်ဆောင်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YUPT) နှင့် YBS ယဉ်လိုင်း ၃ လိုင်းမှ ယာဉ်ပိုင်ရှင်များသည် Cash Box အတွက်ထည့်သွင်းငွေ များအတွက် ဆွေးနွေးခဲ့ရာ အဆင်မပြေ ခဲ့ကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ YBS 7 ၊ YBS 4 ၊ YBS 29 ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တို့သည် ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် YUPT ရုံးချုပ်၌ Cash Box အတွက်ထည့်သွင်းငွေပါ အချက်၃ချက်ကို (YUPT) နှင့် ညှိနှိုင်းဆွေးခဲ့ခြင်း ဖြစ်သည်။ “ညှိနှိုင်းဆွေးနွေးတဲ့ အဓိကအချက် ၃ ချက်က ယာဉ်လိုင်းတွေမှာ CCTV ကင်မရာတပ်ဆင်ဖို့ လစဉ်(၁၀) ရာခိုင်နှုန်း ထည့်သွင်းခဲ့ပြီး ပိုသွင်းခဲ့တဲ့ ငွေများကို ရယူဖို့ ၊ ယာဉ်လိုင်း ၃ လိုင်းမှာ ယာဉ်အစီးရေ...

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေ ဆိုင်ကလုံး Fani ဒဏ်ခံရမည်ကို ကုလစိုးရိမ်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး တနာရီမိုင် ၁၁၀ နှုန်း နီးပါးနဲ့ တိုက်ခတ်မယ့် လေပြင်းဆိုင်ကလုံးမုန်တိုင်း Fani ဟာ ဒီသီတင်းပတ်နှောင်းပိုင်းမှာ လူပေါင်း သန်း ၁၀၀ ကျော်နေထိုင်တဲ့ အိန္ဒိယ အရှေ့ပိုင်း Andra Pradesh ပြည်နယ်မြောက်ပိုင်းနဲ့ Odisha ပြည်နယ် တွေမှာ ဝင်ရောက်ဖို့ ရှိနေပါတယ်။ မုန်တိုင်းဝင်ရောက်ချိန်မှာ မိုးသက်လေပြင်းနဲ့အတူ မိုးရေချိန် ၁၂ လက်မအထိ ရွာသွန်း နိုင်တဲ့အတွက် ရေကြီးရေလျှံမယ့် အန္တရာယ်လည်း ရှိနေပါတယ်။ Fani မုန်တိုင်းဟာ အင်အားသိပ်ကြီးမားတဲ့ ဆိုင်ကလုံး မုန်တိုင်းအသွင် ပြောင်းသွားနိုင်တယ်လို့ အိန္ဒိယ မိုးလေ၀သဌာနက သတိပေး ထားပါတယ်။ Fani မုန်တိုင်းဟာ သောကြာနေ့မနက်မှာ အိန္ဒိယရဲ့ လူနေထူထပ်တဲ့ Odisha ပြည်နယ်ကို မုန်တိုင်း အဆင့် ၄ ပြင်းအားနဲ့ လေပြင်း တိုက်ခတ်နှုန်းက တနာရီမိုင်...

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀ ထိုင်းရဲ ဖမ်းဆီး

မဟာသင်္ကြန်ကာလ နေရပ်ပြန်ပြီး ထိုင်းကိုပြန်ဝင်လာကြတဲ့ အလုပ်သမာတွေ အများအပြား ရှိနေချိန်မှာ ဒီလူတွေနဲ့ ပုံမှားရိုက်ပြီး ထိုင်း မြန်မာ နယ်စပ် ချင်းရိုင်ခရိုင် မဲဆိုင်-ဘန်ကောက် သွားလာနေတဲ့ ကား၂ စီးပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၄၀ ဦးဟာ ဧပြီလ ၃၀ ရက်နေ့ ညက ဖမ်းဆီးခံခဲ့ ရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် ကနေလာတဲ့ မြန်မာနိုင်ငံသား (၁၉) ဦးဟာ နိုင်ငံကူးလက်မှတ်နဲ့  အလုပ်သမား ကဒ် တခြား သက်သေ အထောက်အထား ဘာမှ မပါလာဘဲ မယ်ဆိုင်ကနေ ညပိုင်းအချိန် ထွက်လာတဲ့ ခရီးသည်တင် ယာဉ်နဲ့ လိုက်ပါလာချိန် ဖယောင် ရဲစခန်းက ဖမ်းဆီးလိုက်တာပါ။ သူတို့ကို ကားပေါ် တင်ပေးလိုက်တဲ့...