Category: ရသစာပေ

ကားလ်မာ့က်စ်ရဲ့ ကျေးဇူးတရား ၅ ခု

သီတင်းပတ် အကုန်မှာ အားလပ်ရက် ရတာ ကြိုက်သလား။ အများပြည်သူပိုင် လမ်းပေါ်မှာ ကားမောင်းရတာ၊ ပြည်သူ့ စာကြည့်တိုက်တွေထဲ ဝင်ရတာတွေကိုကော ကြိုက်သလား။ မတရားမှု၊ မမျှတမှုနဲ့ အမြတ်ထုတ်တာတွေကို အဆုံးသတ်တာ မြင်ချင်သူတွေထဲမှာ ပါသလား။ ဒါဆိုရင် မေလ ၅ ရက်မှာ ကျတဲ့ ကားလ်မာ့က်စ် နှစ် ၂ဝဝ ပြည့်ကို သတိရမိမှာ အမှန်ပါ။ ဘာကြောင့်ဆိုတော့ သူက ဒီကိစ္စတွေမှာ ချန်ပီယံ တဆူ ဖြစ်ခဲ့တာကိုး။ ၂ဝ ရာစု သမိုင်းကို ဖြတ်သန်းခဲ့သူတွေကတော့ မာ့က်စ် အဘိဓမ္မာ နိုင်ငံရေးရဲ့ ကြမ်းတမ်းတဲ့ အတိတ်ကို သတိရနေကြပါလိမ့်မယ်။ လူမှု ပြုပြင်ပြောင်းလဲရေးမှာ သူ့အတွေးအခေါ်တွေက လွှမ်းမိုးခဲ့ပေမယ့်လည်း အလျင်အမြန် ပြောင်းလဲမှု လိုချင်တဲ့ ဆန္ဒကြောင့် ပရမ်းပတာ ရလဒ်တွေ ရခဲ့ပါတယ်။ သူ့ရဲ့ သဘောတရားတွေကို အာဏာရှင် စနစ်၊...

အလုပ်ထဲက ဒေါသကို ထိန်းချုပ်နိုင်မည့်နည်းလမ်းလေးများ

လုပ်ငန်းခွင် စားဝတ်နေရေး အတွက်ဖြစ်ဖြစ် ဘဝအဓိပ္ပာယ် ပြည့်စုံမှုအတွက် ဖြစ်ဖြစ် အရွယ် ရောက်သူတိုင်း အလုပ်ကိုယ်စီ လုပ်ကိုင်ကြရသည်။ ထို့ကြောင့် လုပ်ငန်းခွင်သည် ကျွန်မတို့၏ ဒုတိယအိမ်သဖွယ်ဖြစ်လာတော့ သည်။ လုပ်ငန်းခွင်တွင် နေ့စဉ် ပြောဆိုဆက်ဆံနေရသည့် ပတ်ဝန်း ကျင်ရှိလူများ၊ လုပ်ဖော်ကိုင်ဖက် များကြောင့် အနည်းနှင့်အများဆို သလို စိတ်သဘောထား မတိုက်ဆိုင်သည့်အခါ စိတ်ဆိုးဒေါသထွက်မိတတ်ကြသည်။ လုပ်ငန်းခွင်သည် ပျော်ရွှင်ဖွယ်အတိဖြစ်နေသောနေရာဟု ဘယ်သူမှ အာမမခံ။ သို့သော် လုပ်ရင်းကိုင်ရင်းပင် အလုပ်၏အနှစ်သာရ၊ ပျော်ရွှင်မှုကို ခံစားကြရခြင်း ဖြစ်သည်။ အလုပ်လုပ်ရင်းပင် စိတ်မကျေနပ်မှု၊ ဒေါသဖြစ်မှုတို့ကိုလည်း ကြုံတွေ့ ခံစားရနိုင်ပါသေးသည်။ အလုပ်သည် သင်ပေါက်ကွဲပွင့်ထွက်စရာနေရာမဟုတ်ပါ။ ထို့ကြောင့် လုပ်ငန်းခွင်အတွင်း သင့်ဒေါသများ ထိန်းချုပ်နိုင်မည့်နည်းလမ်းအချို့ကို ပြန်လည်မျှဝေလိုက်ပါသည်။ အခြေအနေကို လက်ခံခြင်း အခြေတကျဖြစ်နေသည့် လုပ်ငန်းတစ်ခု၏ လည်ပတ်မှုယန္တရားကို သင်မကြိုက် လို့ ပြုပြင်ပြောင်းလဲမည်ဟုတွေးရင်း ဒေါသဖြစ်နေပါက ယင်းအတွေးများကို ရပ်တန့်...

အောင်မြင်သူတို့၏ မနက်ခင်းအကျင့်(၅)သွယ်

အောင်မြင်သူတို့၏ မနက်ခင်းအကျင့်(၅)သွယ် ၁။ မနက် စောစောထခြင်း အောင်မြင်သူအများစုဟာ မနက်စောစော ထတက်တဲ့ အလေ့အကျင့် ရှိကြပါတယ်။ လူတော်တော်များများ အိပ်ယာထ ပျင်းတက်ကြပါတယ်။ အောင်မြင်သူ တွေကတော့ အိပ်ယာက ထရတာကို ပိုကြိုက်ကြပါတယ်။ သူတို့ အိပ်ယာက နိုးပြီဆိုတာနဲ့ သူတို့ဖြစ်ချင်တဲ့ အိမ်မက်တွေ ဆက်လက်အကောင်အထည် ဖေါ်နိုင်မှာ မို့်လို့ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်တဲ့ အချိန်မှာတော့ ကောင်းကောင်းမွန်မွန် သေသေချာချာ ခန္ဓာကိုယ်အားပြည့်အောင် အိပ်တက်ကြပါတယ်။ ဥပမာ စစ်ဘုရင် နပိုလီယန် ကိုကြည့်ပါ။ စစ်ပွဲတိုင်းမှာ တက်တက်ကြွကြွ နိုးနိုးကြားကြား ရှိသလို၊ အိပ်စက်နားယူချိန်မှာလည်း ကလေးတစ်ယောက်လို နှစ်ချိုက်စွာ အိပ်ပျော်တတ်တဲ့ အကျင့်ရှိပါတယ်။ တခါတလေများ အိပ်တဲ့ တဲနန်းနားမှာ ဗုံးကျတာတောင် သူမသိလိုက်တဲ့ အဖြစ်အပျက်ရှိခဲ့ဘူးပါတယ်။ အိပ်စက် အနားယူချိန် ကို ၇ နာရီနဲ့ ၈ နာရီ ကြားသတ်မှတ်ကြပါတယ်။...

ပိုက်ဆံတစ်ကျပ်မှ မရှိဘဲ စတင်လုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်း (၆) မျိုး

တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန်ဖြစ်ပါတယ်။ အင်တာနက် ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ ကုမ္ပဏီထောင်နိုင်ပါတယ်ဗျာ တစ်ချိန်က American Dream ဆိုတဲ့ စကားတစ်ခွန်းဟာ စီးပွားရေးအသိုက်အမြုံကောင်းတစ်ခုကို ရွှေတွင်းတူးသလို တူးချင်တဲ့ လူတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သန်းနဲ့ ချီတဲ့ အမေရိကန်တွေ ချမ်းသာကြွယ်ဝခြင်းဟာ ရွှေတွင်း၊ ငွေတွင်းတွေ တူးမိလို့ ချမ်းသာခဲ့တာ မဟုတ်ပါဘူး။သင်လည်း ချမ်းသာတဲ့သူ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သူ့ ဦးနှောက်ထဲက ရတနာသိုက်ကို ဖောက်နိုင်ပြီ ဆိုရင်ပေါ့။ သင့် ဦးနှောက်ထဲမှာ ဘယ်လိုရတနာတွင်းရှိသလဲဆိုတာကို ဒီလုပ်ငန်း (၆) ခုနဲ့ နှိုင်းယှဉ်သုံးသပ် နိုင်ပါတယ်နော် (၁) အိမ်တွင်းလက်မှု ဖန်တီးချက်လေးများ တကယ်တော့ လူတိုင်း အမှတ်တမဲ့ နေမိတတ်တဲ့ တစ်ကိုယ်ရည် ကျွမ်းကျင်တဲ့ အနုပညာစွမ်းရည်လေးတွေ ရှိတတ်ပါတယ်။ ဥပမာ- ပလတ်စတစ်အမှိုက်ကနေ ဒီဇိုင်းလှပတဲ့...

အောင်မြင်ခြင်းအတွက် စိတ်ခွန်အားပေးတဲ့စာတစ်ပုဒ်

လူတိုင်းသည် ကိုယ့်ဘ၀ကို အောင်မြင်ဖို့ကြိုးစားနေကြတယ်။ ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊ ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း မချိန်တွယ်မစဉ်းစားတတ်ဘူး။ အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင်။ (၁) စဉ်းစားပါ– ဘာကိုစဉ်းစားရမှာလဲ ? အခုငါဘယ်ဘ၀ရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ ငါ့ဘ၀နဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား? ငါ့ဘ၀နဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊ (၂) ကြိုးစားပါ — ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊ ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ ကိုယ်ပိုင်ဖြစ်စေ ကြိုးစားဖို့လိုအပ်တယ် အဓိကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊ ( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ ) (၃) ယုံကြည်အောင်နေပါ — ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်ရှင်ဖြစ်ဖြစ် ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို ရဖို့လိုအပ်တယ် အဓိက ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်။ အလုပ်ရှင်အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ်။ ဒါကြောင့် ကိုယ်ရဲ့ ကတိကို...

ငှက်ကလေးပြောတဲ့ မှတ်သားဖွယ် စကား ၃ ခွန်း

အကယ်၍သာ…….. သင့်အနေနဲ့ ကောင်းတယ်လို့ယူဆထားတဲ့ အလုပ်တစ်ခုကို လုပ်ပြီးတဲ့နောက်မှာ….. ပညာရှိကြီးတစ်ယောက်က အဲဒီလိုလုပ်တာဟာ မှားယွင်းကြောင်း ကျမ်းကိုးကျမ်းကားနဲ့တကွ ဝေဖန်ထောက်ပြလာခဲ့ရင် သင့်အနေနဲ့ဘယ်လိုခံစားမှာလဲ။ …………….နောင်တရမိမှာလား………။ တစ်ခါက ပညာရှိကြီးလို့ အများက အသိအမှတ်ပြု အရိုအသေပေးရတဲ့ အဘိုးအို တစ်ယောက်ရှိပါတယ်။ သူဟာ ကျမ်းစာအုပ်ကြီးတွေထဲက အဆိုအမိန့်တွေ၊ အတွေးအခေါ်တွေကို အလွတ် အာဂုံဆောင်နိုင်ယုံတင် မကဘူး သွားလေရာ ယူသွားပြီး လူအများကို ဟောပြောပို့ချနေတဲ့ သူတစ်ဦးပေါ့…။ တစ်နေ့မှာတော့ ရွာတစ်ရွာကို ဟောပြောဖို့လာရင်း ငှက်ခတ်သမားနဲ့တွေ့လို့ ငှက်တစ်ကောင်ကို ၀ယ်ခဲ့တယ်…။ အိမ်ရောက်ရင် ငှက်ကို သတ်ပြီး ချက်စားရမယ်လို့ ပြောလိုက်မိတာနဲ့ တစ်ပြိုင်တည်း… “မလုပ်ပါနဲ့ ကျွန်ုပ်အသက်ကို ချမ်းသာပေးပါ” လို့ လူလို ပြောလိုက်တော့ ပညာရှိကြီးက အံ့သြသွားတာပေါ့..။ ပြီးတော့ “သင်က လူလို စကားပြောတတ်တယ်၊ ဟုတ်လား” “ဟုတ်ပါတယ်၊ ကျွန်ုပ်ဟာ သာမန်ငှက် မဟုတ်ပါဘူး၊...

အိပ်မက်တွေ လက်တွေ့ဖြစ်လာစေဖို့

ဘယ်လောက်ပဲကံကောင်းကောင်း ကိုယ့်ရဲ့အိမ်မက်တွေ လက်တွေ့ဖြစ်ဖို့ရန် ကြိုးစားဖို့လိုပါတယ်။ ဘယ်လိုလုပ်ရင် အိမ်မက်တွေ အကောင်အထည်ပေါ်လာမှာလဲ။ ၀၁. ဘယ်လောက်ပဲခက်ခဲပါစေ ကိုယ့်အတွက် ကတော့ အခွင့်အရေးလို့ တွေးစေချင်ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ လက်မလျှော့ပဲ ရဲရဲတင်းတင်းသာ ရှေ့သို့ ဆက်လျှောက်သင့်ပါတယ်။ ၀၂. ဘဝဟာ အမြဲတမ်း တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ အရှုံးတွေကို ရင်ဆိုင်ပြီး ဆက်ပြီး ကြိုးစားပါ။ ကိုယ့်ဘဝကို အစစအရာရာ ချုပ်တည်းထားတာ ထက် လုပ်သင့်တဲ့ကိစ္စကို လုပ်သာလုပ်ပါ။ အကယ်၍ မှားခဲ့ရင်လည်း နောက်တစ်ကြိမ် ကြိုးစားပါ။ ၀၃. အလုပ်ထွက်၊ နေရာပြောင်း၊ အိမ်ပြောင်းပါ။ အိမ်မက်တွေကို အကောင်အထည်ဖော်နေသူများဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ လက်တွေ့လုပ်နေသူများဖြစ်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အနှောက်အယှက်ပေးသူများရှိခဲ့ရင်လည်း အဲဒီနေရာကနေ မရရသောနည်းဖြင့် ထွက်ပြီး အိမ်မက်ကို လက်တွေ့ဖြစ်စေမှာပါ။ ၀၄. အောင်မြင်မယ်လို့ ယုံကြည်ထားသူပါ။ ကိုယ်လုပ်နေတဲ့အလုပ်တွေက တနေ့ကျရင် အောင်မြင်မယ်လို့...

တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးည အိမ်မက်မြူ အပိုင်း ( လေး )

ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ၁၉၆၂ ခုနှစ် စက်တင်ဘာလ၌ မြစာပေတွင် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သော ဝတ္ထုကို စာဖတ်ပရိတ်သတ်များ ပြန်လည်တောင်းဆိုမှုကြောင့် စုစုပေါင်း ၅ ကြိမ်တိုင်တိုင် ပြန်လည်ထုတ်ဝေခဲ့ရသော ” မိုးညအိမ်မက်မြူ ” ဝတ္ထုအား ဆရာ့ စာဖတ်ပရိတ်သက်များ ဖတ်ရှုရန် အဆင်ပြေစေရန်အတွက် အပိုင်းများဖြင့် ပြန်လည် ဖော်ပြပေးလိုက်ရပါသည် ။ ဆရာ့ကို ချစ်သော ဆရာ့စာပေများကို လေးစားသော စာဖတ်ပရိတ်သက်များ အားလုံး အဆင်ပြေစွာဖြင့် ဖတ်ရှုနိုင်ကြပါစေ …….

တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးည အိမ်မက်မြူ အပိုင်း ( နှစ် )

ညနေခြောက်နာရီ ထိုးချိန်၍ မသက်ရီသည် အောက်ထပ်သို့ဆင်းလားခဲ့၏ ။ ဦးမင်းခိုင် ပြန်မရောက်လာသေး။ မိုးမှာပြန်သည်းလာ၍ တိမ်မည်းတို့ကြောင့် ညနေမှာ မှောင်နေ၏ ။ မသက်ရီ ဧည့်ခန်းသို့ ရောက်သည်အထိ မည်သူကိုမှ မတွေ့ရ ။ ပထမသော်မသက်ရီသည် နောက်ဖေး မီးဖိုခန်းဆီ လိုက်သွားမည် ကြံသေး၏ ။ သို့ရာတွင် ဧည့်ခန်းနှင့်ကပ်လျက်ရှိသော အခြားအခန်းတစ်ခုကမသက်ရီ၏အာရုံကို ဆွဲဆောင်လိုက်သည် ။ ထိုအခန်းမှာ စာကြည့်ခန်းမှန်း သိသာသည် ။ မသက်ရီ၏ အာရုံကိုအထူးဆွဲဆောင်သည်မှာ ထိုအခန်းတွင့်မှ စန္ဒတစ်လုံးဖြစ်သည် ။ မသက်ရီ စာကြည့်ခန်းထဲသို့ ဝင်လာသည်။ သားမွေးကော်ဇော ခန်းလုံးပြည့် ခင်းထား၍ အခန်းမှာနွေးထွေးနေ၏ ။ အခန်းနံရံအလိုက် တည်ခင်သော ကျွန်းသားမှန်ဗီရိုများမှာခါးလယ်ခန့်သာ မြင့်၍ ခေတ်မီ သပ်ရပ်လှပ၏ ။ ထိုင်ဆိုဖာ ၊ မွေ့ရာဆိုဖာ အသီးသီးကို မတ်ရပ်မီးတိုင်ကိုယ်စီနှင့်စနစ်တကျ နေရာချထား၏ ။...

တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးည အိမ်မက်မြူ အပိုင်း ( တစ် )

ဘဝဟောင်းမှ အစ်မ မီးရထား၏ မှန်ကာပြတင်းပေါက်မှ မျှော်ကြည့်လျှင် စိမ်းလန်းသော လယ်ကွင်းတို့ထက် ကျသက်စပြုပြီဖြစ်သော မိုးသီးမိုးပေါက်တို့ကို မြင်ရသည် ။ သီတင်းကျွတ်လ အစတွင်ဖြစ်၍ စပါးပင်တို့သည် ခါးလယ်မျှအမြင်ဆောင်ကြကုန်ပေပြီ ။ လေဝယ် လှိုင်းထ၍ ငြိမ့်အိနေသော ဤစပါးမြပင်လယ် တစ်ကြောကို လွန်၍ မျက်လုံးကို ဆန်းကြည့်သော် အရှေ့ဆီ၌မိုးမြူသင်တိုင်း ဆင်သိုင်းစ မှိုင်းပျပျ ပဲခူးရိုးမအား မြင်ရသည် ။ မီးရထား၏အရှိန်မှာ လျှော့သွားသည်နှင့် မရှေးမနှောင်းပင်ကြီးမား သော သံတံတားကို ဖြတ်ကျော်စဉ် ကြားရတက်သည့် ပဲတင်ရိုက်သံပေါ်လာ၏ ။ တံတားကြီး၏အောက်၌ ဒေါသတကြီးနှင့် တဟဲဟဲ စီးဆင်းနေသော ချောင်းရေညိုညို တွေ့ရ၏ ။ ” အဲ့ဒါ ဖိုးသားအောင် ကုန်တံတားပဲ တူမကြီး ၊ သာယာဝတီခရိုင်နဲ့ ပြည်ခရိုင်နယ်စပ်လေ ၊ နောက်ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ဆိုရင် ပေါင်းတည်ကို ရောက်တော့မယ်… ။...