Category: ရသ

ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံနဲ့အတူ ကမ္ဘာလှည့် ခရီးသွားခဲ့တဲ့ အမျိုးသမီး

Michelle Bourke လို့ အမည်ရတဲ့ အမျိုးသမီးဟာ သေဆုံးသွားတဲ့ ခင်ပွန်းသည်ရဲ့ ဓာတ်ပုံကို လူတရပ်စာ ထုတ်ပြီး ခရီးသွားတဲ့အခါ သူနဲ့အတူ ယူသွားလေ့ရှိတယ်လို့ သိရပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၂၅ နှစ်တာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး တခုကို ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာပတ် ခရီးထွက်မယ်ဆိုတဲ့ ကတိကို ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ယာဉ်ကြောစောင့်ကြည့်ရေး ကင်မရာရှေ့ ကိုယ်ဟန်လာပြသည့် စင်ရော်နှစ်ကောင် ရေပန်းစား

ယာဉ်ကြောစောင့်ကြည့်ရေး ကင်မရာရှေ့မှာ မကြာခဏ ကိုယ်ဟန်လာပြနေတဲ့ ပင်လယ်စင်ရော် လေးနှစ်ကောင်အကြောင်းဟာ အင်္ဂလန်နိုင်ငံက သတင်းတွေမှာ အထူးရေပန်းစာနေပါတယ်။ ဒီစင်ရော်လေးတွေကို ယာဉ်ကြောစောင့်ကြည့်ရေး ဝန်ထမ်းတွေက ဂရေမီနဲ့ စတိဗ်လို့ နာမည်ပေးထားပြီး သူတို့ကို ဧပြီ ၂၉ ရက်နေ့က စတင်သတိထားမိခဲ့တာပဲဖြစ်ပါတယ်။ ဧပြီ ၃၀ ရက်နေ့မှာလည်း သူတို့ထဲက တကောင်ဟာ လန်ဒန်မှာရှိတဲ့ လန်ဒန်သယ်ယူပို့ဆောင်ရေး အေဂျင်စီက တပ်ဆင်ထားတဲ့ ကင်မရာရှေ့ကို ရောက်ရှိလာပြီး အနီးကပ်စူးစမ်းလေ့လာခဲ့တာကြောင့် ဗွီဒီယိုမှတ်တမ်းမှာ သူ့ရဲ့ ချစ်စဖွယ်ပုံစံလေးကို မြင် တွေ့ခဲ့ရပါတယ်။ “စင်ရော်ငှက်လေးနှစ်ကောင်ကို ဘလက်ဝေါလှိုဏ်ခေါင်းနားက နေရာတခုမှာ ပုံမှန်မြင်တွေ့ရတယ်” လို့ အေဂျင်စီအဖွဲ့က Reuters သတင်းဌာနကိုပေးပို့တဲ့ အီးမေးလ်မှာ ရေး သားထားပါတယ်။ “ကျနော်တို့ရဲ့ ကင်မရာတွေက လန်ဒန်တမြို့လုံးမှာရှိတဲ့ ယာဉ်ကြောမြင်ကွင်းတွေကို အထက်စီးကနေ မြင်တွေ့ရဖို့ ကျနော်တို့ကို ကူညီပေးပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ကင်မရာရှေ့ကို မကြာခဏရောက်ရှိလာတဲ့...

ဆန်းကြယ်တဲ့ အင်တာဗျူးမေးခွန်း ၈ခု

အမေရိကန်ရှိ အင်တာဗျူ : မေးခွန်း ၂၅၀၀၀၀ ခန့်ကို စစ်တမ်းကောက် ကြည့်ရာတွင် အောက်ပါ မေးခွန်း ၈ခုသည် ဆန်းကြယ်သော ထိပ်တန်း မေးခွန်းများဖြစ်ပါတယ် ၁။ လေယာဉ်ပျံ မတော်တဆဖြစ်ပွားမှုမှာ သင်တစ်ယောက်တည်း အသက်ရှင် ကျန်ခဲ့မယ်ဆို သင်ဘာလုပ်မလဲ??? ၂။ သင်အကြိုက်နှစ်သက်ဆုံး ၉၀ရာစုခန့်က ယို ??? ၃။ သင့်အိပ်ယာနိုးလာတဲ့အချိန်မှာ မဖတ်ရသေးတဲ့ မေးလ် အစောင် ၂ထောင်ခန့် ရှိနေပြီး တကယ်တမ်း ပြန်ဖြေရမှာက အစောင် ၃၀၀ပဲ ရှိတယ်ဆိုရင် ဘယ်မေးလ် ဟာ ပြန်ဖြေရ မယ့် မေးလ် ဟုတ်မဟုတ် သင်ဘယ်လိုရွေးချယ်မလဲ??? ၄။ Spiderman နဲ့ Batman ချရင် ဘယ်သူနိုင်မလဲ??? ၅။ သင့် အတွက် တစ်နေ့ကို ဒေါ်လာ ၁၀၀ ထုတ်ပေးမယ့် စက် သာရှိမယ်ဆို...

အောင်မြင်ခြင်းအတွက် သိထားသင့်တဲ့ အချက် ၃၃ချက်

၁။ နေ့စဉ်၁၀မိနစ်မှ၃၀မိနစ်အထိလမ်းလျှောက်ပါ။လမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။ ၂။ဘယ်လောက်ပင်အလုပ်ရှုပ်နေပါစေရရင်ရသလောက်နေ့စဉ်(၇)နာရီပြည့်အောင်အိပ်ပါ။ ၃။ E သုံးလုံးနှင့်အညီနေပါ။ (1) Energy (2) Enthusiasm(3)Empathy ၄။ စိတ်ရွှင်လန်းစေပြီး မှတ်ဥာဏ်ကိုကောင်းစေနိုင်မယ့် Game တွေကစားပေးပါ။ ၅။ မနေ့ကထက်ဒီနေ့မှာစာများများပိုဖတ်ပါ။ ၆။ တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။ ၇။ နိုးနေတာထက်အိပ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။ ၈။ အသားများများစားတာထက်အသီးအရွက်များများစားပါ။ ၉။ရေများများသောက်ပါ။ ၁၀။ တစ်နေ့မှာအနည်းဆုံးလူသုံးယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ဖြစ်အောင်ပြုံးပြပါ။ ၁၁။ အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနှင့်။ ၁၂။ အတိတ်ကအမှားတွေကိုအစပြန်မဖော်ပါနှင့်။လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။ ၁၃။ သင်မလုပ်နိုင်ဘဲနှင့်အဆိုးဘက်ကမမြင်ပါနှင့်။အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။ ၁၄။ မနက်မှာဘုရင်လိုစား၊နေ့လည်မှာမင်းသားလေးလိုစား၊ညမှာသူဖုန်းစားလိုစားပါ။ ၁၅။လုပ်ငန်းခွင်ထဲမှာများများရယ်ပြီးများများပြုံးပါ။ ၁၆။ ဘ၀ဟာတိုတောင်းပါတယ်။အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့။မုန်းနေတာတွေရှိရင်ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။ ၁၇။ အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ခေါင်းအေးအေးထားပြီးအမှားကင်းအောင်လုပ်ပါ။ ၁၈။ အငြင်းအခုံတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေမဖြုန်းပါနဲ့။နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။ ၁၉။အတိတ်ကအဖြစ်အပျက်တွေအတွက်ငြိမ်းချမ်းရေးယူလိုက်ပါ။လက်ရှိအခြေအနေအတွက်အထောက်အကူရလာပါလိမ့်မည်။ ၂၀။ သင့်ဘ၀ကိုတခြားတစ်ယောက်နှင့်မနှိုင်းယှဉ်ပါနှင့်။ ၂၁။ သင့်ဘ၀ကိုပျော်ရွှင်အောင်လုပ်နိုင်တာသင့်အပြင်တခြားလူမရှိနိုင်ပါဘူးဆိုတာသိပါ။ ၂၂။ အရာရာတိုင်းအတွက်လူတိုင်းကိုခွင့်လွှတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။ ၂၃။အခြားသူတွေသင့်ကိုဘယ်လိုထင်မြင်နေပါစေ။မဟုတ်ရင်သင်ခံစားမနေပါနဲ့။ ၂၄။ ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေလိုအပ်တဲ့အချိန်တစ်ခုကိုစောင့်ကြည့်ပါ။ ၂၅။ အသုံးမ၀င်တော့တဲ့အရာတွေကိုဖယ်ရှားပစ်ပါ။လှလှပပနှင့်ပျော်ရွှင်အောင်နေပါ။ ၂၆။ မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းတဲ့နည်းတစ်ခုပါ။အမှန်တော့အရာအားလုံးကိုသင်ပိုင်ဆိုင်ထားပြီးပြီဆိုတာသတိရပါ။ ၂၇။ မကြာမီအကောင်းဆုံးတွေသင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။ ၂၈။ ခံစားမှုတွေများလို့မပြိုလဲသွားပါနှင့်။အမြန်ထအမြန်ပြင်ဆင်ပြီးလန်းဆန်းတက်ကြွစွာနဲ့နေပြပါ။...

စီးပွားရေးမှာ အောင်မြင်ဖို့ မှတ်သား လိုက်နာကျင့်သုံးသင့်တဲ့ အမူအကျင့်လေးများ

၁။ တက်ကြွသူ ၊ အောင်မြင်သူဖြစ်ပါစေ။ အလုပ်မှန်သမျှ မကြောက်သူ ၊ စိန်ခေါ်သူဖြစ်ပါစေ။ အလုပ်နှင့် ပတ်သတ်လာရင် ခေါင်းညိတ်သူဖြစ်ပါစေ။ ခေါင်းခါသူ မဖြစ်ပါစေနဲ့။ ၂။ ပြီးပြည့်စုံတဲ့ အနေအထားကို မစောင့်ပါနဲ့။ ဘယ်တော့မှရမှာ မဟုတ်လို့ပါပဲ။ အနာဂတ်မှာ အနှောင့်အယှက် အခက်အခဲတွေ သေချာရှိမယ်ဆိုတာ တွက်ပြီးထိပ်တိုက်ဖြေရှင်းပါ။ ၃။ အကြံသက်သက်နှင့် အောင်မြင်မှုကို မရနိုင်။ အကြံဥာဏ်ပေါ်မှာ လက်တွေ့လုပ်ဆောင်မှု ထပ်ပေါင်းမှ တန်ဖိုးရှိပါလိမ့်မယ်။ ၄။ ကြောက်စိတ်ကိုဖျောက်ပြီး ယုံကြည်မှုရဖို့ လှုပ်ရှားမှုကိုသုံးပါ။ ‘ဘာကိုကြောက်တာလဲ’ လိုက်စစ်ရင် သေသေချာချာကြည့်ရင် ကြောက်စိတ်အလိုလိုပျောက်သွားပါလိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။ ၅။ စိတ်အင်ဂျင်ကို ယန္တရား ဆန်ဆန်နှိုးပါ။ စိတ်ကြွလာအောင် မစောင့်ပါနဲ့။ လှုပ်ရှားပါ။ ဈာန်သွင်းပါ။ စိတ်ကအလိုလိုကြွပါလိမ့်မယ်။ ( စာရေးဆရာတစ်ယောက် စာရေးဖို့ဈာန်မ၀င်ပေမယ့်။ စရေးလိုက်တဲ့အခါ တဖြည်းဖြည်းဈာန်ဝင်ပြီးရေးနိုင်သွားသလိုမျိုးပါ) ၆။ ‘အခုချက်ချင်း’ ဆိုတဲ့ အသုံးအနှုန်းကို လက်ကိုင်ထားပါ။...

ဘဝ တစ်သက်တာ သင်ယူမှု အတွက် အချက် ( ၁၅ ) ချက်

စူးစမ်း ရှာဖွေခြင်း ခရီးစဉ် ဆိုတာ နယ်မြေသစ်တွေ ရှာဖွေခြင်း သက်သက် မဟုတ်ဘဲ အမြင်သစ်တွေ နဲ့ ကြည့်တတ် မြင်တတ်ခြင်း သာဖြစ်တယ်’လို့ Marcel Proust ကဆိုပါတယ်။အေဗရာ ဟမ်လင်ကွန်း ကလည်း ‘မနေ့ကထက် ဒီနေ့ ပို မလိမ္မာလာတဲ့ လူတွေ အကြောင်းငါ အရေးတယူ လုပ်မနေချင်ဘူးလို့’ ဆိုပါတယ်။ အတွေးအခေါ် ပညာရှင် မာ့တွိန်း ကတော့’ငါ့ရဲ့ပညာရေးကို အတန်း ပညာရေး ဝင်စွက်ဖက် တာမျိုး ငါဘယ်တုန်းက မှခွင့်မပြုခဲ့ဘူး’ တဲ့ပြင်ပ ပုဂ္ဂလိက ကျောင်းတွေ ရဲ့ပညာရေး စနစ်တွေက သင့်ရဲ့ နှလုံးသားကို မလွှမ်းမိုးနိုင်ဘူး လို့ဆိုကြပါစို့။ လေ့လာ သင်ယူရေး ဆိုတာ တကယ့်ကို ကြီးမားတဲ့ လှုပ် ရှား ဆောင်ရွက်မှု တစ်ရပ်ပေါ့။ လေ့လာ သင်ယူခြင်းက သင့်ရဲ့ အတွေးအမြင်တွေကို အတိုင်းအဆ...

ငွေနည်းနည်းနဲ့ အလုပ်စလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ နည်းလမ်းရှစ်ခု

စွန့်ဦးတီထွင်လုပ်ငန်းရှင်များဟာ အောင်မြင်နိုင်လောက်တဲ့ စီးပွားရေးအိုင်ဒီယာများ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံနိုင်တဲ့ စွမ်းအားမရှိတာကြောင့် ရှေ့မဆက်ကြတော့ပါဘူး။ သူတို့မှာ ရင်းနှီးငွေ မရှိရင်ပဲ ခြေတလှမ်းတောင်မှ ဆက်မလှမ်းနိုင်တော့ဘူးလို့ ယူဆကြပါတယ်။ နေ့စဉ်နေ့တိုင်း လုပ်ငန်းသစ်များဟာ ဒေါ်လာ မီလျံနဲ့ချီပြီးတော့ စွန့်စားရင်းနှီးတဲ့လုပ်ငန်းတွေကနေ ငွေကြေးအရင်းအနှီးတွေ ရနေကြပါတယ်။ ဒါပေမယ့် သင်မကြားလိုက်တာကတော့ လုပ်ငန်းတစ်တော်တော်များများဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ကျရှုံးသွားပြီးတော့ ရင်းနှီးထားတဲ့ မီလျံချီဒေါ်လာတွေဟာလည်း မီးရှို့လိုက်သလို ဆုံးရှုံးသွားပါတယ်။ သင့်မှာ ငွေဘယ်လောက်ရှိရှိ ပထမချင်းအိုင်ဒီယာနဲ့ အလုပ်လုပ်ဖို့ စီမံကိန်းချတာသာ မကောင်းခဲ့ရင် အဲဒီငွေတွေဟာ သင့်ကို အောင်မြင်အောင် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ အိုင်ဒီယာကောင်းကောင်းရှိတယ်၊ ဒါပေမယ့် ငွေနည်းနည်းပဲရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီအကြောင်းလေးနဲ့တော့ သင့်အိပ်မက်တွေကို ရပ်မပစ်လိုက်ပါနဲ့။ အိမ်ချိန်မရလိုက်တဲ့ နေ့တွေလည်းရှိကောင်းရှိမယ်။ စိတ်ဖိစီးမှုတွေလည်း အလူအလိမ့် ခံစားမယ်။ ဒါပေမယ် လိုချင်စိတ်ပြင်းပြနေရင်တော့ တချိန်မှာ ဖြစ်လာမှာပါ။ လုပ်ငန်းသစ်စတင်ဖို့အတွက် အကန့်အသတ်ရှိတဲ့ ရင်းနှီးငွေနဲ့ အလုပ်ဖြစ်မယ့်...

ဆင်းရဲခြင်းလေးမျိုး

၁. ငွေကြေးဆင်းရဲတာ သုံးစွဲစရာငွေအလုံအလောက်မရှိခြင်း ကိုယ့်ကိုကိုယ် မကျွေးမွေးနိုင်ခြင်း မိသားစုကို မကျွေးမွေးနိုင်ခြင်း ။ ၂.အချိန်ဆင်းရဲတာ ဘဝကိုအသုံးချဖို့ အချိန်မရှိတာ ကိုယ်လုပ်ချင်တဲ့အရာလုပ်ဖို့အတွက် အချိန်မရှိတာ ၊ တစ်ချို့လည်းပိုက်ဆံရှိပေမဲ့အချိန်မရှိဘူး ၊ တစ်ချို့ဆိုပိုတောင်ဆိုး အချိန်မရှိတဲ့အပြင် ပိုက်ဆံလည်းမရှိကြဘူး ။ ပြီးရင်ဒီ နံပါတ် ၃ အရာ ကို အပြစ်တင်တယ် ။ ၃.အခွင့်အရေးဆင်းရဲတာ အခွင့်အရေးကောင်းကောင်းတွေဘဝထဲကိုဝင်မလာဘူး ၊ တစ်ချို့လည်းပြောကြတယ် ငါတို့လည်းကြိုးစားတယ်။ အလုပ်လုပ်နေတယ် ဒါပေမဲ့ဘာကြောင့်ခုထိမအောင်မြင်မချမ်းသာနိုင်သေးတာလဲ…ကျွန်တော်တို့အရင်ဆုံးနားလည်ထားကြရမှာက လူချမ်းသာအားလုံး အသီးသီးကြိုးစားခဲ့ကြရတယ် ။ ဒါပေမဲ့ကြိုးစားတိုင်းလည်း မအောင်မြင်နိုင်ပါဘူး..ဘာကြောင့်လဲဆိုတော့ နေရာမှားပြီးကြိုးစားနေရင် ၁၀ နှစ်ကြာသွားလည်း အလကားပဲ မချမ်းသာလာနိုင်ပါဘူး.. ပင်ပင်ပန်းပန်းလုပ်ကိုင်နေယုံနဲ့ အောင်မြင်မယ်ချမ်းသာနိုင်မယ်ဆိုယင် အထမ်းသမားတွေ ကုန်တင်ကုန်ချသမားတွေချမ်းသာကုန်ရောပေါ့။ အဲ့ဒီအသက်မွေးဝမ်းကြောင်း အလုပ်တွေက မကောင်းဘူးရယ်လို့မပြောပါဘူး။ ချမ်းသာလာဖို့ အခွင့်အလမ်းနည်းပါးတယ် လို့သာဆိုလိုတာပါ…..။ ဒါကြောင့်ကျွန်တော်တို့ work hard တစ်မျိုးတည်းနဲ့မလုံလောက်တော့ပါဘူး ၊ work...

စိတ်ဓာတ်ကျတာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်း (၅) သွယ်

ခေတ်ကာလအနေအထားအရ လူငယ်တွေ၊ လူကြီးတွေ အမျိုးမျိုး စိတ်ဓာတ်ကျတဲ့အကြောင်းတွေ လူမှုကွန်ယက်တွေမှာ တွေ့တွေ့နေရပါတယ်။ အကယ်လို့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျနေတယ်လို့ ခံစားနေရရင် ဘာပဲလုပ်စရာရှိနေရှိနေ၊ ဘယ်လောက်ပဲအရေးကြီးကိစ္စ ရှိနေပါစေ၊ စိတ်ဓာတ်ကျခြင်းကနေ အမြန်ဆုံးစွန့်ခွာဖို့ ကြိုးစားပါ။ စိတ်ဓာတ်ကျတာက သူ့ဘာသာ သူမထွက်သွားပါဘူး။ လုပ်ယူရမှာပါ။ အဲဒီအတွက် စိတ်ဆရာဝန်တစ်ဦးလေ့လာထားတဲ့ စိတ်ဓာတ်ကျမှုကို စွန့်ခွာခြင်း အချက်(၅)ချက်ကို ပရိသတ်ကြီးအတွက် စိတ်ဓာတ်ကျမှုတွေမရှိအောင် လိုက်နာကျင့်သုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။ (၁ ) လေ့ကျင့်ခန်း လုပ်လိုက်ပါ။ တော်တော်များများက စိတ်ဓာတ်ကျပြီဆိုရင် ဘာမှမလုပ်ချင်တော့ဘဲ ဖြစ်သွားတတ်ပါတယ်။ အဲ့လို အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ပထမဦးဆုံးလေ့ကျင့်ခန်းတစ်ခု စလုပ်လိုက်ပါ။ စစချင်း (၁၅)မိနစ်နဲ့ (၃၀)မိနစ်ကြား လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ကခုန်တာ စတာတွေကို လုပ်လိုက်ပါ။ ကိုယ်နဲ့ အဆင်အပြေဆုံးလုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ရှာဖွေနိုင်သွားတဲ့အခါမှာ နေ့တိုင်းနေ့တိုင်း အချိန်မှန်မှန်လေး ပေါ့ပေါ့ပါးပါးလုပ်ပါ။ ကောင်းမွန်တဲ့ စိတ်ခွန်အားတွေရလာမှာပါ။...

ဘ၀အတွက် သင်ယူသင့်တဲ့ အချက် (၁၀) ချက်

(၁) သူငယ်ချင်းတွေ စုဆောင်းပါ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေဖြစ်တယ်။ သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကိုကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက် ကောင်းကောင်းတန်ဖိုးထားရမယ်။ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။ (၂) လက်လွတ်တတ်ဖို့ သင်ယူပါ ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊ ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ကိုယ့်အတွက်အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတ္တိ၊ ကြိုးစားမှုတွေရှိခဲ့မယ်ဆိုရင်အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။ (၃) အကြင်နာ မေတ္တာကို မျိုးပွါးပါ ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလိုအကြင်နာမေတ္တာတွေကို...