ညဘက် အိပ်မပျော်တက်သူဒွေအတွက် အစွမ်းထက်တဲ့ ပူစီနံ အရွက်
အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျမလုပ်နေကြနည်းလေးပေးပါရစေ။ အိပ်ဆေးသောက်အိပ်ချင်းဟာ ရေရှည်မှာ မကောင်းပါဘူး။ဒီနိုင်ငံမှာဆိုအိပ်ဆေး လုံးဝ မပေးပါဘူး။ အရင်ကတော့ နွားနို့ ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင်အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။မဆိုးပါဘူး။ ဒါပေမဲ့ နွားနို့သိပ်မကြိုက်တတ်တဲ့ ကျမအတွက် သိပ်အဆင်မပြေပါဘူး။ ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကိုမေးရတော့တာပေါ့။