Author: Media Links Team

“သားကို ချစ်တဲ့ ပရိသတ်တွေက ကျနော့်ကိုပါ ချစ်လာကြပြီ”လို့ လူကြမ်းသရုပ်ဆောင် ကိုကိုဦး ပြော

လူကြမ်း သရုပ်ဆောင်အဖြစ် မြန်မာဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ၊ ပရိသတ်တွေ အားပေးခဲ့ကြတဲ့ သရုပ်ဆောင် ကိုကိုဦးက သားလေး သီဟအောင်ကို ပရိသတ်တွေ ချစ်ပေးတာ ကြည့်ပြီး ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

အင်းဒင်ရွာ လူသတ်မှုဖြင့် အရေးယူခံရတဲ့ တပ်မတော်သားတွေ ဘယ်ရောက်သွားသလဲ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှုအတွက် တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦးကို စစ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားသော်လည်း ယခုအခါ ၎င်းတို့ အားလုံးမှာ အကျဉ်းထောင်ထဲတွင် မရှိတော့ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့် လက်နက်ကိုင်အဖွဲ့ တခုထံ တိမ်းရှောင်နေဟု ဒုရဲချုပ်ပြော

တောင်ဒဂုံဆူပူမှုဖြစ်စဉ်တွင် ဦးဆောင်ခဲ့သူ မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးမှာ ငြိမ်းချမ်းရေး ရယူထားသော လက်နက်ကိုင်အဖွဲ့အစည်းတခုထံ တိမ်းရှောင်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောသည်။

နယူးယောက်နဲ့ လန်ဒန်ကို မိနစ် ၉၀ နဲ့ပျံသန်းမယ့် အသံထက် ၅ ဆမြန်တဲ့ ဂျက်လေယာဉ်ထုတ်လုပ်ရန်စီစဉ်

ကမ္ဘာ့အမြန်ဆုံးလေယာဉ်တွေကို ထုတ်လုပ်ဖို့စီစဉ်နေတဲ့ Hermeus ကော်ပိုရေးရှင်းကနေ နယူးယောက်မြို့က နေ လန်ဒန်မြို့ကို အချိန် မိနစ် ၉၀ ပဲကြာမယ့် အသံထက် ၅ ဆပိုမြန်တဲ့ ဂျက်လေယာဉ်ထုတ်လုပ်ဖို့ စီစဉ်နေ တယ်လို့ ဆိုပါတယ်။

ဝိုင်ဘီအက်စ်ကားပေါ်မှာ ကော်ရှူနေတဲ့ကလေးရုပ်သံ ပျံ့နှံ့

လွန်ခဲ့တဲ့ ၁၄၊ ၅ နှစ်လောက်က ခေတ်စားခဲ့တဲ့ ကော်ရှူတဲ့ အကျင့်ဆိုးက ရန်ကုန်က ကလေးတွေကြားထဲကို ပြန်ရောက်လာပြီလားဆိုတာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗွီဒီယိုက မေးခွန်းထုတ်နေပါတယ်။

နေရောင်ခြည်နှင့်လေစွမ်းအင်မှ လျှပ်စစ် ၄၃၀ မဂ္ဂါဝပ် ထုတ်မည်ဟု မကွေးဝန်ကြီးချုပ်ပြော

မကွေးတိုင်းမှာ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် ၁၇၀ မဂ္ဂါဝပ်နဲ့ လေစွမ်းအင်ကနေ ၂၆၀ မဂ္ဂါဝပ်ထုတ်လုပ်သွားမယ်လို့ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။

စေတုတ္တရာမြို့နယ်၊ ခဲပြစ်ကျေးရွာ လျှပ်စစ်မီးရရှိရေးနဲ့ ရေရရှိရေးအောင်ပွဲအခမ်းအနားမှာ ပြောဆိုလိုက်တာပါ။

ကွမ်းခြံကုန်းတွင် ရေလှူပရဟိတအဖွဲ့ကားမှန်အား ထုခွဲခဲ့မှု တပ်မတော်အရာရှိ ပြန်တောင်းပန်

မုဒိတာအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က “ကျနော်တို့အသင်းက ကား ၂ စီး၊ ရန်ကုန်က အလှူရှင် ကားတစီးတို့နဲ့ ဆယ်အိမ်တန်းရွာကို ရေလှူဖို့သွားနေတာ။ ထန်းပင်ချောင်ကွေ့မှာ သူတို့ (စစ်တပ်ကားအပါအဝင် ကားတချို့) ကို တံတားပေါ်ကနေ လာနေတာတွေ့တော့ ကျနော်တို့ ကားတွေက လမ်းဘေးချပြီး ရပ်ထားလိုက်တယ်။ အဲဒါမှာ စစ်ကားပေါ်က ဗိုလ်ကြီးက ဆင်းလာပြီး ဆဲတယ်။

ဖခင်ကို တူမီးဖြင့် ပစ်သတ်ပြီး ထွက်ပြေးနေသည့် သားဖြစ်သူကို တစ်ရက်အကြာတွင် ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ နားပေါ်ကျေးရွာတွင် မေ ၂၅ ရက်က အသက် (၆၉)နှစ်အရွယ် ဖခင်အား သားဖြစ်သူက တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားပြီး နောက်ထွက်ပြေးတိမ်းရှောင်သွားသူအဆိုပါလူငယ်အား မေ ၂၆ ရက်တွင် ဖမ်းဆီးရမိကြောင်းသိရသည်။

တပ်မတော် တရားစွဲဆိုမှုတွေကို ကန့်ကွက်တဲ့ အပြာရောင်တီရှပ်လှုပ်ရှားမှု

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် တပ်မတော်က တရားစွဲဆိုတာတွေနဲ့ ပတ်သက်ပြီး ရပ်တန့်ဖို့အတွက် အပြာရောင်တီရှပ် လှုပ်ရှားမှုကိုအရှိန်မြှင့်ပြီး၊ နောက်တဆင့်အနေနဲ့ တပ်မတော်ဘက်ကို သတိပေးစာ ပေးပို့ သွားမယ်လို့ လှုပ်ရှားသူတွေက ဆိုပါတယ်။ တရားစီရင်ရေးမှာလည်း တရားရုံးချုပ်တရားသူကြီးက စစ်ဘက်ကနေလာသူဖြစ်တာကြောင့် တပ်မတော်က တရားစွဲရင် လက်ခံနေတာသာဖြစ်တယ်လို့ တရားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ရန်ကုန်မြို့လယ်က ၀ါဖြေစုပေါင်းအလှူပွဲ

လူမျိုးသာသာပေါင်းစုံပါဝင်တဲ့ Social Alliance ခေါ် လူထုမဟာမိတ်အဖွဲ့က ဦးဆောင်ပြီး၊ အစ္စလာမ်ဘာသာဝင်တို့ရဲ့ Ramadan ဝါရှောင်ကာလမှာ စုပေါင်းဝါဖြေ စတုဒီသာ လှူဒါန်းပွဲတရပ်ကို ရန်ကုန် မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း လူစည်ကားတဲ့ နေရာမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝါဖြေ စတုဒီသာ အလှူလုပ်တာကတော့ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဘာသာပေါင်းစုံ သဟဇာတမျှတစွာ ချစ်ကြည်ရေးအတွက် ပြယုဒ်ဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။