ကျိုက်ထီးရိုးဘုရားကို ရောက်ရှိနေတဲ့ သရုပ်ဆောင် သူထူးစံနဲ့ ဇနီး ထိုက်ဆုဝင်း

သရုပ်ဆောင် သူထူးစံ နဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းတို့ဟာ ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက တပ်ကုန်းမြို့နယ် ဘုန်းကြီးကျောင်းမှာ ပကာသန မပါဘဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

အချစ်ရေးမှာ လျို့ဝှက်လွန်းတဲ့ သူထူးစံရဲ့ မင်္ဂလာပွဲသတင်းဟာ ရုတ်တရကဆိုသလို ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာတော့ အမှန်ပါပဲ။ အနုပညာရှင်အချို့ရဲ့ပြောကြားချက်အရ သူထူးစံဟာ ထိုက်ဆုဝင်းကို တော်တော်ချစ်လွန်းလို့ လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့တာလို့ ဆိုကြပါတယ်။

 

သရုပ်ဆောင်သူထူးစံနဲ့ ထိုက်ဆုဝင်းဟာ မင်္ဂလာဦးဆွမ်းကျွေးအပြင် အလှူအတန်းတချို့ကိုပါ ပြုလုပ်ခဲ့ပါသေးတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ သူတို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘုရားကို ရောက်ရှိဖူးမြော်နေကြတာဖြစ်ပါတယ်။

မင်္ဂလာပွဲကျင်းပပြီး ရောက်ရှိနေတဲ့ ခရီးစဉ်လေးကတော့ ဘုရားဖူးခရီးစဉ်လေးဖြစ်ပြီး ဒီခရီးစဉ်လေးမှာ ပရိသတ်တွေကလည်း သူထူးစံတို့ဇနီးမောင်နှံနဲ့အတူ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတာတွေ့ရပါတယ်။

 

သူထူးစံတို့ဇနီးမောင်နှံရဲ့ ကျိုက်ထီးရိုးခရီးစဉ်မှာအတူတွေ့ရတဲ့ အဆိုတော် ဟဲလေး နဲ့ ပရိသတ်တွေကလည်း သူထူးစံတို့ဇနီးမောင်နှံနဲ့ ဓာတ်ပုံတွေတွဲရိုက်ခဲ့ကြပါတယ်။

သူထူးစံတို့ ဇနီးမောင်နှံနှစ်ယောက် မင်္ဂလာရက်မြတ်ကနေစလို့ သာယာချမ်းမြေ့တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ CRD-We Love Cele,Photos-K Moe Kyaw

minkoko110