ဉာဏ်စမ်းမေးခွန်း(၁၁) ခုမေးပြီး ပထမဆုံးဖြေနိုင်မယ့်သူကို ဆုငွေချီးမြှင့်မယ်ဆိုတဲ့ ဒိန်းဒေါင်

Unicodeဖြင့်ဖတ်ရန်

ပရိသတ်ရဲ့အချစ်တော် ဟာသလူရွှင်တော်ဒိန်းဒေါင်ကတော့ ကိုဗစ်ကာလ အိမ်မှာနေရင်းပျင်းနေကြမယ့် ပရိသတ်ကြီးအတွက် ဦးနှောက်ကိုအလုပ်ပေးရအောင် မေးခွန်းလေးတွေ မေးခဲ့ပါတယ်။ ဒီမေးခွန်းလေးတွေကတော့ တရားသဘောပါတဲ့မေးခွန်းလေးတွေဖြစ်ပြီး အရင်ဆုံးဖြေဆိုနိုင်မယ့်သူကိုတော့ ဆုငွေတစ်သောင်းခွဲ ချီးမြင့်ပေးသွားမှာပါတဲ့ ပရိသတ်ကြီးရေ..

မေးခွန်းလေးတွေကတော့ (၁) မဆုံးနိုင်သောခရီး၊(၂) မပြီးနိုင်သောအလုပ်၊(၃) မလှုပ်နိုင်သော အနှောင်၊(၄) မရှောင်နိုင်သောဘေး၊(၅) မအေးနိုင်သော အပူ၊(၆) မယူနိုင်သောအရာ၊(၇) မရေရာသောလမ်း၊(၈) မမှန်းနိုင်သော အပူ၊(၉) မပြည့်ဝနိုင်သောဆန္ဒ၊(၁၀) မပြည့်နိုင်သော အာသာ၊(၁၁) မညှာတာသောသူ ဆိုတဲ့ မေးခွန်း(၁၁) ခုပဲဖြစ်ပါတယ်။ ဒီမေးခွန်းလေးတွေထဲက တော်တော်များများကိုတော့ ပရိသတ်ကြီးလည်း သိကြမယ်လို့ ထင်ပါတယ်နော်။

ဒိန်းဒေါင်ရဲ့ မေးခွန်း(၁၁)ခုကိုတော့ ဖြေဆိုသူ ပရိသတ်များစွာရှိပြီး ဒိန်းဒေါင်ကတော့ အဖြေမှန်ကို အခုအချိန်ထိ ပြောကြားခြင်းမရှိသေးပါဘူး ပရိသတ်ကြီးရေ… တရားသဘောနဲ့ယှဉ်တွေးပြီး ဖြေရမယ့်မေးခွန်းလေးတွေဖြစ်တဲ့အပြင် အပြင်မှာလည်း တကယ်လက်တွေ့ကျတဲ့မေးခွန်းလေးတွေမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း တတ်နိုင်သမျှကြိုးစားဖြေကြည့်ပါဦးနော်။

Source – Dain Daung

Credit:Rainbow- Cele Gabar

 

Zawgyiျဖင့္ဖတ္ရန္

 

ဉာဏ္စမ္းေမးခြန္း(၁၁) ခုေမးၿပီး ပထမဆုံးေျဖႏိုင္မယ့္သူကို ဆုေငြခ်ီးျမႇင့္မယ္ဆိုတဲ့ ဒိန္းေဒါင္

 

ပရိသတ္ရဲ႕အခ်စ္ေတာ္ ဟာသလူ႐ႊင္ေတာ္ဒိန္းေဒါင္ကေတာ့ ကိုဗစ္ကာလ အိမ္မွာေနရင္းပ်င္းေနၾကမယ့္ ပရိသတ္ႀကီးအတြက္ ဦးေႏွာက္ကိုအလုပ္ေပးရေအာင္ ေမးခြန္းေလးေတြ ေမးခဲ့ပါတယ္။ ဒီေမးခြန္းေလးေတြကေတာ့ တရားသေဘာပါတဲ့ေမးခြန္းေလးေတြျဖစ္ၿပီး အရင္ဆုံးေျဖဆိုႏိုင္မယ့္သူကိုေတာ့ ဆုေငြတစ္ေသာင္းခြဲ ခ်ီးျမင့္ေပးသြားမွာပါတဲ့ ပရိသတ္ႀကီးေရ..

ေမးခြန္းေလးေတြကေတာ့ (၁) မဆုံးႏိုင္ေသာခရီး၊(၂) မၿပီးႏိုင္ေသာအလုပ္၊(၃) မလႈပ္ႏိုင္ေသာ အေႏွာင္၊(၄) မေရွာင္ႏိုင္ေသာေဘး၊(၅) မေအးႏိုင္ေသာ အပူ၊(၆) မယူႏိုင္ေသာအရာ၊(၇) မေရရာေသာလမ္း၊(၈) မမွန္းႏိုင္ေသာ အပူ၊(၉) မျပည့္ဝႏိုင္ေသာဆႏၵ၊(၁၀) မျပည့္ႏိုင္ေသာ အာသာ၊(၁၁) မညႇာတာေသာသူ ဆိုတဲ့ ေမးခြန္း(၁၁) ခုပဲျဖစ္ပါတယ္။ ဒီေမးခြန္းေလးေတြထဲက ေတာ္ေတာ္မ်ားမ်ားကိုေတာ့ ပရိသတ္ႀကီးလည္း သိၾကမယ္လို႔ ထင္ပါတယ္ေနာ္။

ဒိန္းေဒါင္ရဲ႕ ေမးခြန္း(၁၁)ခုကိုေတာ့ ေျဖဆိုသူ ပရိသတ္မ်ားစြာရွိၿပီး ဒိန္းေဒါင္ကေတာ့ အေျဖမွန္ကို အခုအခ်ိန္ထိ ေျပာၾကားျခင္းမရွိေသးပါဘူး ပရိသတ္ႀကီးေရ… တရားသေဘာနဲ႔ယွဥ္ေတြးၿပီး ေျဖရမယ့္ေမးခြန္းေလးေတြျဖစ္တဲ့အျပင္ အျပင္မွာလည္း တကယ္လက္ေတြ႕က်တဲ့ေမးခြန္းေလးေတြမို႔ ဆယ္လီကမာၻပရိသတ္ႀကီးလည္း တတ္ႏိုင္သမွ်ႀကိဳးစားေျဖၾကည့္ပါဦးေနာ္။

Source – Dain Daung

Credit:Rainbow- Cele Gabar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment