ငပိရည်စားတာမြင်ရင် အန်ချင်တယ်လို့ပြောတဲ့ နိုင်ငံကျော် မင်းသမီးကို ဒဲ့ပြောလိုက်တဲ့ ဖြိုးသံသာချို…
Unicodeဖြင့်ဖတ်ရန်
ဒီကနေ့ စက်တင်ဘာလ (၁၆) ရက်နေ့မှာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတာကတော့ တိုင်းသိပြည်သိ မင်းသမီးတစ်ယောက်က ငပိရည်ကို ရွံတယ်လို့ ပြောတဲ့ Status ပဲ ဖြစ်ပါတယ်။
ထိုမင်းသမီးက ငပိရည်စားတာမြင်ရင် အန်ချင်တယ်လို့ပြောခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံနေရတာပဲ ဖြစ်ပါတယ်။
MRTV 4 မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖြိုးသံသာချိုကလည်း ငပိရည်မုန်းတယ်ဆိုတဲ့
ထိုမင်းသမီးရဲ့ စိတ်ထားနဲ့ ပက်သတ်ပြီး အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြန်လည်ပြောဆိုလာပါတယ်။
“သူများငပိရည်ကြိုက်လို့စားတာပါ ဘာလို့ရွံတယ်တို့ အန်ချင်တယ်တို့ ချက်ချင်းကြီး status ကြီးတင်ရတာလဲကွယ်။ ငပိရည်ကမြန်မာလူမျိုးတိုင်းကြိုက်တာနော်ညီမရေ။ ညီမအဲ့လိုရေး
လိုက်တော့ လူတိုင်းကညီမကိုဝိုင်းပြောကြတော့မှာပေါ့ စိတ်မကောင်းလိုက်တာ။ စိတ်ထားလေးကိုလှအောင်ထားပါကွယ်
အခုတော့လူတိုင်းဝိုင်းပြောတော့ ရေးထားတဲ့စာကိုချက်ချင်းပြန်ပြင်ရတယ် ရှက်လိုက်တာကွယ်။ ကိုယ့်ရဲ့အတွင်းစိတ်ကလေးလုံပါစေလို့ ဆုတောင်းပေးပါတယဘယ်သူ့
ကိုမှမဝုန်းပါဘူး။ အစ်မကငပိရည်ကြိုက်တော့ ညီမလေးစာကိုတွေ့လိုက်ရတာ စိတ်ပျက်စရာတော်တော်ကောင်းမှန်း သိလိုက်ရတယ်ရွံတယ်လို့ရေး
လို့လဲ ညီမကိုမမုန်းပါဘူး ဒါပေမဲ့ကိုယ်ရွံတဲ့အရာကိုစိတ်ထဲမှာထားရင် လူမုန်းမခံရတော့ဘူးပေါ့ကွယ် အခုတော့” ဆိုပြီး ပြောလာပါတယ်။
ဖြိုးသံသာချိုလိုပဲ ပရိသတ်တော်တော်များများက ငပိရည်ကို ရွံစရာအဖြစ်ပြောတဲ့ ထိုမင်းသမီးအကြောင်းကို ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပ
ရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Credit: shwethoon8
Zawgyiဖြင့်ဖတ်ရန်
Credit: shwethoon8
Focus Myanmar Team
Leave a Reply
Your email address will not be published. Required fields are marked *
Post comment