စက်တင်ဘာလ (၁၉)ရက်နေ့ကနေ (၂၂)ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့ မိုးကြီးမည်

Unicodeဖြင့်ဖတ်ရန်

 

ရေကြီးမှု အန္တရာယ်ကိုလည်း သတိပြုကြဖို့ အသိပေးထားပါတယ်။

အရှေ့ဘက်မှ လာတဲ့ အပူပိုင်းမုန်တိုင်း နိုလ်(NOUL)ရဲ့ တိမ်တိုက်အကြွင်းအကျန်များနဲ့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် မြန်မာနိုင်ငံ အနှံ့ ဒေသအလိုက် နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၁၉)ရက်နေ့ကနေ (၂၂)ရက်အထိ တစ်နိုင်ငံလုံး မိုးကြီးနိုင်တာကြောင့် တောင်ကုန်းတောင်တန်းနဲ့ မြစ်ငယ်ချောင်းငယ်ဘေးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး မြေပြိုမှု အန္တရာယ်ကို သတိပြုကြဖို့ကိုလည်း အသိပေးပြောကြားထားပါတယ်။

“ အဓိက သတိပြုရမှာက အခုလို မုတ်သုံကာလတွေမှာ နေရာကွက်မိုးကြီးတာတွေကဖြစ်တက်ပါတယ်။ အခုလို နေရာကွက်ကြားမိုးကြီးပြီဆိုရင် ရေကြီးရေလျှံမှုတွေဖြစ်တတ်တာကြောင့် (၁၉)ရက်နေ့ကနေ (၂၂)ရက်နေ့အထိ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားတဲ့ ဒေသတွေမှာလည်း ဒါကို သတိပြုဖို့ လိုတယ်”လို့ မိုးဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

စက်တင်ဘာလ (၁၆)ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မိုးသည်းစွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွါးခဲ့တာကြောင့် လူ (၃)ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မနှစ်က မိုးတွင်းကာလအတွင်းမှာ ဒေသအလိုက်မိုးများပြီး ရေကြီးရေလျှံ မြေပြိုမှုတွေဖြစ်ပွားခဲ့မှုကြောင့် လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ မွန်ပြည်နယ်က အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး လူရာကျော် သေဆုံးခဲ့ရတဲ့အထိဖြစ်ပွားခဲ့ပါတယ်။

ဒီနှစ်မှာလည်း ဒေသအလိုက် အခုလို ရေကြီးမြေပြိုအန္တရာယ်တွေကြုံလာရနိုင်ပြီး ဒီလိုမုတ်သုံကာလတွေမှာ အထူးဂရုပြုဖို့ လိုတယ်လို့ သိရပါတယ်။

Credit:duwun

 

Zawgyiျဖင့္ဖတ္ရန္

 

စက္တင္ဘာလ (၁၉)ရက္ေန႔ကေန (၂၂)ရက္ေန႔အထိ ျမန္မာႏိုင္ငံအႏွံ႔ မိုးႀကီးမည္

 

ေရႀကီးမႈ အႏၲရာယ္ကိုလည္း သတိျပဳၾကဖို႔ အသိေပးထားပါတယ္။

အေရွ႕ဘက္မွ လာတဲ့ အပူပိုင္းမုန္တိုင္း ႏိုလ္(NOUL)ရဲ႕ တိမ္တိုက္အႂကြင္းအက်န္မ်ားနဲ႔ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔မွာ မုတ္သုံေလ အားေကာင္းေနတာေၾကာင့္ ျမန္မာႏိုင္ငံ အႏွံ႔ ေဒသအလိုက္ ေနရာကြက္ၾကား မိုးႀကီးႏိုင္တယ္လို႔ မိုးဇလကထုတ္ျပန္ထားပါတယ္။

စက္တင္ဘာလ (၁၉)ရက္ေန႔ကေန (၂၂)ရက္အထိ တစ္ႏိုင္ငံလုံး မိုးႀကီးႏိုင္တာေၾကာင့္ ေတာင္ကုန္းေတာင္တန္းနဲ႔ ျမစ္ငယ္ေခ်ာင္းငယ္ေဘးမွာ ေနထိုင္ၾကသူေတြအေနနဲ႔ ေရႀကီး ေျမၿပိဳမႈ အႏၲရာယ္ကို သတိျပဳၾကဖို႔ကိုလည္း အသိေပးေျပာၾကားထားပါတယ္။

“ အဓိက သတိျပဳရမွာက အခုလို မုတ္သုံကာလေတြမွာ ေနရာကြက္မိုးႀကီးတာေတြကျဖစ္တက္ပါတယ္။ အခုလို ေနရာကြက္ၾကားမိုးႀကီးၿပီဆိုရင္ ေရႀကီးေရလွ်ံမႈေတြျဖစ္တတ္တာေၾကာင့္ (၁၉)ရက္ေန႔ကေန (၂၂)ရက္ေန႔အထိ မိုးႀကီးႏိုင္တယ္လို႔ ထုတ္ျပန္ထားတဲ့ ေဒသေတြမွာလည္း ဒါကို သတိျပဳဖို႔ လိုတယ္”လို႔ မိုးဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက Duwun ကိုေျပာပါတယ္။

စက္တင္ဘာလ (၁၆)ရက္ေန႔ကလည္း မႏၲေလးတိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕နယ္မွာ မိုးသည္းစြာ႐ြာသြန္းၿပီး ေျမၿပိဳမႈျဖစ္ပြါးခဲ့တာေၾကာင့္ လူ (၃)ဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။

မႏွစ္က မိုးတြင္းကာလအတြင္းမွာ ေဒသအလိုက္မိုးမ်ားၿပီး ေရႀကီးေရလွ်ံ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့မႈေၾကာင့္ လူေသဆုံးမႈေတြရွိခဲ့ပါတယ္။ မြန္ျပည္နယ္က အဆိုး႐ြားဆုံး ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရတာျဖစ္ၿပီး လူရာေက်ာ္ ေသဆုံးခဲ့ရတဲ့အထိျဖစ္ပြားခဲ့ပါတယ္။

ဒီႏွစ္မွာလည္း ေဒသအလိုက္ အခုလို ေရႀကီးေျမၿပိဳအႏၲရာယ္ေတြႀကဳံလာရႏိုင္ၿပီး ဒီလိုမုတ္သုံကာလေတြမွာ အထူးဂ႐ုျပဳဖို႔ လိုတယ္လို႔ သိရပါတယ္။

Credit:duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment