ကိုဗစ်ကိုမနိုင်ဘဲရွေးကောက်ပွဲနိုင်ခဲ့ရင် ဒယိမ်းဒယိုင်နိုင်ငံကြီးမှာအောင်လံစိုက်ထူရမှာ စိတ်ချမ်းမြေ့စရာမရှိဟုပြည်ခိုင်ဖြိုးဥက္ကဌပြော

Unicodeဖြင့်ဖတ်ရန်

 

ကိုဗစ်ကို နိုင်အောင် မလုပ်နိုင်ဘဲ ရွေးကောက်ပွဲ နိုင်ခဲ့မယ်ဆိုရင် ဘယ်သူပဲနိုင်နိုင် တကယ့်အောင်နိုင်မှုမဖြစ်နိုင်ဘဲ အလဲလဲအပြိုပြို ပြည်သူလူထုကြီးနဲ့ ဒယိမ်းဒယိုင်နိုင်ငံကြီးမှာ အောင်လံစိုက်ထူရမှာဖြစ်လို့ စိတ်ချမ်းမြေ့စရာမရှိဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။

ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားခဲ့တာဖြစ်ပြီး အခုချိန်ဟာ ပြည်တွင်းအင်အားစုအားလုံးရဲ့ စုစည်းညီညွှတ်မှုနဲ့ ရှိသမျှ လုပ်နိုင်စွမ်းတွေကို ပူးပေါင်းအသုံးချပြီး ကိုဗစ်ကပ်ရောဂါကြီးကို မရရအောင် ထိန်းချုပ်ကြရမယ့် အချိန်ဖြစ်ကြောင်း၊ အရေးကြီးဆုံး ဦးစားပေးလုပ်ရမယ့် အမျိုးသားရေးတာဝန်ဟာ ကပ်ရောဂါထိန်းချုပ်နိုင်ရေးဖြစ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးက အာဏာကိစ္စသာဖြစ်ကြောင်း ပါတီဥက္ကဌ ဦးသန်းဌေးက ဆိုပါတယ်။

ဒါကြောင့် လက်ရှိမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို အင်အားအများအပြားနဲ့ စုဝေးလှည့်လည်မှုတွေ မလုပ်ဖို့ ညွန်ကြားခဲ့ပြီး နိုင်လိုစိတ်နဲ့ သွေးဆူပြီး ထိန်းမနိုင်သိမ်းမရ လူစုလူဝေးတွေ မဖြစ်စေချင်ဘူးလို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲလုပ်ပြီဆိုရင် အောင်ပန်းဆွတ်ရမယ့် တာဝန်က ကျေပွန်ရမှာဖြစ်တဲ့အတွက် ကန့်သတ်ခွင့်ပြုအင်အားနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လှုပ်ရှားစည်းရုံးမှုတွေတော့ စဉ်ဆက်မပြတ် လုပ်သွားကြရမယ်လို့ ပါတီဝင်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအနေနဲ့ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေး၊ နိုင်ငံသားလုပ်ငန်းရှင်များကို ထိုက်သင့်တဲ့အကာအကွယ်ပေးရေး၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှုယုံကြည်စွာလုပ်နိုင်ရန်၊ နိုင်ငံသားများအပေါ် ကျရောက်နေတဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေကို တစ်နှစ်အတွင်း လျှော့ချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပါတီဥက္ကဌ ဦးသန်းဌေးက မနေ့ညပိုင်းက နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်တဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကတစ်ဆင့် ထုတ်လွှင့်တဲ့ နိုင်ငံရေးပါတီများရဲ့ ဟောပြောမှုအစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကိုယ်ယ်စားလှယ်လောင်း ၁,၁၂၉ ဦး ပါဝင်ယှဉ်ပြိုင်ဖို့ လျာထားပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပြီးခဲ့တဲ့အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးဟောင်းနဲ့ ဝန်ကြီးချုပ် ဟောင်းအချို့ ပါဝင် ရွေးကောက်ခံမယ်လို့လည်း ပါတီက ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။

Credit:duwun

 

Zawgyiျဖင့္ဖတ္ရန္

 

ကိုဗစ္ကိုမႏိုင္ဘဲေ႐ြးေကာက္ပြဲႏိုင္ခဲ့ရင္ ဒယိမ္းဒယိုင္ႏိုင္ငံႀကီးမွာေအာင္လံစိုက္ထူရမွာ စိတ္ခ်မ္းေျမ့စရာမရွိဟုျပည္ခိုင္ၿဖိဳးဥကၠဌေျပာ

 

ကိုဗစ္ကို ႏိုင္ေအာင္ မလုပ္ႏိုင္ဘဲ ေ႐ြးေကာက္ပြဲ ႏိုင္ခဲ့မယ္ဆိုရင္ ဘယ္သူပဲႏိုင္ႏိုင္ တကယ့္ေအာင္ႏိုင္မႈမျဖစ္ႏိုင္ဘဲ အလဲလဲအၿပိဳၿပိဳ ျပည္သူလူထုႀကီးနဲ႔ ဒယိမ္းဒယိုင္ႏိုင္ငံႀကီးမွာ ေအာင္လံစိုက္ထူရမွာျဖစ္လို႔ စိတ္ခ်မ္းေျမ့စရာမရွိဘူးလို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီဥကၠဌ ဦးသန္းေဌးက ေျပာလိုက္ပါတယ္။

ပါတီရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကတစ္ဆင့္ အသိေပးေျပာၾကားခဲ့တာျဖစ္ၿပီး အခုခ်ိန္ဟာ ျပည္တြင္းအင္အားစုအားလုံးရဲ႕ စုစည္းညီၫႊတ္မႈနဲ႔ ရွိသမွ် လုပ္ႏိုင္စြမ္းေတြကို ပူးေပါင္းအသုံးခ်ၿပီး ကိုဗစ္ကပ္ေရာဂါႀကီးကို မရရေအာင္ ထိန္းခ်ဳပ္ၾကရမယ့္ အခ်ိန္ျဖစ္ေၾကာင္း၊ အေရးႀကီးဆုံး ဦးစားေပးလုပ္ရမယ့္ အမ်ိဳးသားေရးတာဝန္ဟာ ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္ေရးျဖစ္ၿပီး ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးက အာဏာကိစၥသာျဖစ္ေၾကာင္း ပါတီဥကၠဌ ဦးသန္းေဌးက ဆိုပါတယ္။

ဒါေၾကာင့္ လက္ရွိမွာ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြကို အင္အားအမ်ားအျပားနဲ႔ စုေဝးလွည့္လည္မႈေတြ မလုပ္ဖို႔ ၫြန္ၾကားခဲ့ၿပီး ႏိုင္လိုစိတ္နဲ႔ ေသြးဆူၿပီး ထိန္းမႏိုင္သိမ္းမရ လူစုလူေဝးေတြ မျဖစ္ေစခ်င္ဘူးလို႔လည္း ေျပာပါတယ္။

ေ႐ြးေကာက္ပြဲလုပ္ၿပီဆိုရင္ ေအာင္ပန္းဆြတ္ရမယ့္ တာဝန္က ေက်ပြန္ရမွာျဖစ္တဲ့အတြက္ ကန႔္သတ္ခြင့္ျပဳအင္အားနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လႈပ္ရွားစည္း႐ုံးမႈေတြေတာ့ စဥ္ဆက္မျပတ္ လုပ္သြားၾကရမယ္လို႔ ပါတီဝင္ေတြကို တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီအေနနဲ႔ လြတ္လပ္တဲ့ေဈးကြက္စီးပြားေရး၊ ႏိုင္ငံသားလုပ္ငန္းရွင္မ်ားကို ထိုက္သင့္တဲ့အကာအကြယ္ေပးေရး၊ ျပည္တြင္းျပည္ပ လုပ္ငန္းရွင္ေတြ ရင္းႏွီးျမႇဳပ္ႏွံမႈယုံၾကည္စြာလုပ္ႏိုင္ရန္၊ ႏိုင္ငံသားမ်ားအေပၚ က်ေရာက္ေနတဲ့ ေႂကြးၿမီဝန္ထုပ္ဝန္ပိုးေတြကို တစ္ႏွစ္အတြင္း ေလွ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္သြားမယ္လို႔လည္း ပါတီဥကၠဌ ဦးသန္းေဌးက မေန႔ညပိုင္းက ႏိုင္ငံပိုင္မီဒီယာတစ္ခုျဖစ္တဲ့ ျမန္မာ့အသံနဲ႔႐ုပ္ျမင္သံၾကားကတစ္ဆင့္ ထုတ္လႊင့္တဲ့ ႏိုင္ငံေရးပါတီမ်ားရဲ႕ ေဟာေျပာမႈအစီအစဥ္မွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ကိုယ္ယ္စားလွယ္ေလာင္း ၁,၁၂၉ ဦး ပါဝင္ယွဥ္ၿပိဳင္ဖို႔ လ်ာထားၿပီး ပါတီထိပ္ပိုင္းေခါင္းေဆာင္ေတြ၊ ၿပီးခဲ့တဲ့အစိုးရလက္ထက္က တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဝန္ႀကီးေဟာင္းနဲ႔ ဝန္ႀကီးခ်ဳပ္ ေဟာင္းအခ်ိဳ႕ ပါဝင္ ေ႐ြးေကာက္ခံမယ္လို႔လည္း ပါတီက ထုတ္ျပန္တဲ့အခ်က္အလက္ေတြအရ သိရပါတယ္။

Credit:duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment