အသက်(၅၀) ပြည့်မွေးနေ့အမှတ်တရအနေနဲ့ Covid-19 ကာကွယ်ရေးအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ လွင်မိုး

Unicodeဖြင့်ဖတ်ရန်

 

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက ပရိသတ်တွေ အသည်းစွဲကြိုက်ခဲ့ကြတဲ့ မင်းသားချော တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်လွင်မိုး ကတော့ (၁၉၇၀) ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့မှာမွေးဖွားခဲ့ပြီး ဒီနေ့ ကတော့ အသက် (၅၀) ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနေ့မှာ မွေးနေ့ အမှတ်တရအဖြစ်နဲ့ အလှူအတန်းတွေပြုလုပ်ခဲ့ပါတယ် ။

ဒီနေ့..၅၀..ပြည့်ပါတယ်..ရွှေရတုပေါ့ We love yangon နဲ့… နေရာတချို့…အလှုလုပ်ဖြစ်ခဲ့ပါတယ်.. ဆိုတဲ့စာသားနဲ့အတူ လွင်မိုးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မွေးနေ့အလှူ ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုရန် အတွက် အလှူငွေ (၉) သိန်းကျပ်တိတိကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ လွင်မိုးအတွက် မွေးနေ့ဆုမွန်ကောင်းတွေ အများကြီး တောင်းပေးထားကြတာကိုလည်းတွေ့ရပါတယ် ။

လွင်မိုးကတော့ Covid..ကာလမှာ အားလုံးဘေးရန်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့…..ပုံမှန်ဘဝကိုအမြန်ဆုံးပြန်ရောက်ပါစေ ဆိုသောဆု…တခုသာပေးပါ. လို့ ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ ဦးလွင်မိုးရဲ့ အသက် (၅၀) ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အခုလိုလှူနိုင်တန်းနိုင်ပြီး ချစ်တဲ့မိသားစု ချစ်တဲ့ ပရိသတ်နဲ့အတူ ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့ ဆယ်လီကမ္ဘာက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Lwin Moe

credit Rainbow- Cele Gabar

Zawgyiျဖင့္ဖတ္ရန္

 

အသက္(၅၀) ျပည့္ေမြးေန႔အမွတ္တရအေနနဲ႔ Covid-19 ကာကြယ္ေရးအတြက္ လႉဒါန္းမႈေတြျပဳလုပ္ခဲ့တဲ့ လြင္မိုး

 

ပရိသတ္ႀကီးေရ တစ္ေခတ္တစ္ခါက ပရိသတ္ေတြ အသည္းစြဲႀကိဳက္ခဲ့ၾကတဲ့ မင္းသားေခ်ာ တစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္လြင္မိုး ကေတာ့ (၁၉၇၀) ခုႏွစ္ စက္တင္ဘာလ (၁၇) ရက္ေန႔မွာေမြးဖြားခဲ့ၿပီး ဒီေန႔ ကေတာ့ အသက္ (၅၀) ျပည့္ေမြးေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္ ။ ဒီေန႔မွာ ေမြးေန႔ အမွတ္တရအျဖစ္နဲ႔ အလႉအတန္းေတြျပဳလုပ္ခဲ့ပါတယ္ ။

ဒီေန႔..၅၀..ျပည့္ပါတယ္..ေ႐ႊရတုေပါ့ We love yangon နဲ႔… ေနရာတခ်ိဳ႕…အလႈလုပ္ျဖစ္ခဲ့ပါတယ္.. ဆိုတဲ့စာသားနဲ႔အတူ လြင္မိုးက သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ေမြးေန႔အလႉ ပုံရိပ္ေတြကို ပရိသတ္ေတြကို မွ်ေဝေပးလာခဲ့တာျဖစ္ပါတယ္ ။ Covid-19 ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ လိုအပ္သည့္ေနရာမ်ားတြင္ အသုံးျပဳရန္ အတြက္ အလႉေငြ (၉) သိန္းက်ပ္တိတိကို လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္ ။ ပရိသတ္ေတြကေတာ့ လြင္မိုးအတြက္ ေမြးေန႔ဆုမြန္ေကာင္းေတြ အမ်ားႀကီး ေတာင္းေပးထားၾကတာကိုလည္းေတြ႕ရပါတယ္ ။

လြင္မိုးကေတာ့ Covid..ကာလမွာ အားလုံးေဘးရန္ကင္းၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့…..ပုံမွန္ဘဝကိုအျမန္ဆုံးျပန္ေရာက္ပါေစ ဆိုေသာဆု…တခုသာေပးပါ. လို႔ ေရးသားေဖာ္ျပထားတာေတြ႕ရပါတယ္ ။ ဦးလြင္မိုးရဲ႕ အသက္ (၅၀) ျပည့္ေမြးေန႔မွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာထိ အခုလိုလႉႏိုင္တန္းႏိုင္ၿပီး ခ်စ္တဲ့မိသားစု ခ်စ္တဲ့ ပရိသတ္နဲ႔အတူ ေပ်ာ္႐ႊင္စြာေနထိုင္သြားႏိုင္ပါေစလို႔ ဆယ္လီကမာၻက ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။

Source : Lwin Moe

credit Rainbow- Cele Gabar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment