တောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာ ထောပတ်ထမင်းပွဲ(၂၀၀) သွားရောက်လှူဒါန်းပေးခဲ့တဲ့ ညီနန္ဒ

Unicodeဖြင့်ဖတ်ရန်

 

ကိုဗစ်ကာလစတင်ကတည်းက ထောပတ်ထမင်းရောင်းချပြီး အဆင်ပြေလာခဲ့သူ ညီနန္ဒကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကစတင်ပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် ထောပတ်ထမင်းလှူဒါန်းပေးဖို့အစီအစဉ်လေးကို စတင်ခဲ့ပါတယ်။ သူကိုယ်တိုင် (၂၅) ပွဲ မတည်လှူဒါန်းခဲ့ပြီး အလှူရှင်တွေကိုပါ ဖိတ်ခေါ်ခဲ့ရာမှာတော့ မထင်မှတ်ထားလောက်အောင် လှူဒါန်းသူအများအပြားရှိခဲ့ပါတယ်။

မနေ့က ညနေအထိ ထောပတ်ထမင်းပွဲရေ (၁၈၅၁) ပွဲလှူဒါန်းဖို့ လက်ခံရရှိထားပြီး ပထမဆုံးအကြိမ်အနေနဲ့ မြောက်ဒဂုံမြို့နယ် (၃၅) ရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံ၊ မြို့နယ်ကြက်ခြေနီရုံးမှာ ပွဲ(၁၀၀) လှူဒါန်းပေးခဲ့ပြီး ဒုတိယအကြိမ်အနေနဲ့ မြောက်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ ပရဟိတသမားတွေ ပွဲ(၁၂၀) လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ..

ဒီနေ့မှာတော့ ကိုဗစ်လူနာတွေကို အထူးကြပ်မတ်ကုသပေးနေတဲ့ တောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာ ပွဲ(၂၀၀) နဲ့ ရှမ်းရိုးရာ ချဉ်စော်ခါးသီးဖျော်ရည် ဘူး(၁၀၀) လှူဒါန်းပေးခဲ့ပါတယ်။ မနက်ဖြန်မှာလည်း ဝေဘာဂီအထူးကုဆေးရုံကြီးအတွက် ပွဲ(၂၀၀) လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ အခုလို ကိုယ့်စီးပွားရေးလည်း လုပ်ရင်း ကိုဗစ်ကပ်ရောဂါကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်နေကြတဲ့ ပရဟိတသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လှူဒါန်းပေးနိုင်ဖို့လည်း ကြိုးစားနေတဲ့ ညီနန္ဒရဲ့မွန်မြတ်တဲ့ကုသိုလ်အလှူလေးကိုဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Nyi Nanda

credit Rainbow- Cele Gabar

 

Zawgyiျဖင့္ဖတ္ရန္

 

ေတာင္ဥကၠလာအထူးကုေဆး႐ုံႀကီးမွာ ေထာပတ္ထမင္းပြဲ(၂၀၀) သြားေရာက္လႉဒါန္းေပးခဲ့တဲ့ ညီနႏၵ

 

ကိုဗစ္ကာလစတင္ကတည္းက ေထာပတ္ထမင္းေရာင္းခ်ၿပီး အဆင္ေျပလာခဲ့သူ ညီနႏၵကေတာ့ လြန္ခဲ့တဲ့ရက္ပိုင္းကစတင္ၿပီး က်န္းမာေရးဝန္ထမ္းေတြအတြက္ ေထာပတ္ထမင္းလႉဒါန္းေပးဖို႔အစီအစဥ္ေလးကို စတင္ခဲ့ပါတယ္။ သူကိုယ္တိုင္ (၂၅) ပြဲ မတည္လႉဒါန္းခဲ့ၿပီး အလႉရွင္ေတြကိုပါ ဖိတ္ေခၚခဲ့ရာမွာေတာ့ မထင္မွတ္ထားေလာက္ေအာင္ လႉဒါန္းသူအမ်ားအျပားရွိခဲ့ပါတယ္။

မေန႔က ညေနအထိ ေထာပတ္ထမင္းပြဲေရ (၁၈၅၁) ပြဲလႉဒါန္းဖို႔ လက္ခံရရွိထားၿပီး ပထမဆုံးအႀကိမ္အေနနဲ႔ ေျမာက္ဒဂုံၿမိဳ႕နယ္ (၃၅) ရပ္ကြက္နဲ႔ ျပည္သူ႔ေဆး႐ုံ၊ ၿမိဳ႕နယ္ၾကက္ေျခနီ႐ုံးမွာ ပြဲ(၁၀၀) လႉဒါန္းေပးခဲ့ၿပီး ဒုတိယအႀကိမ္အေနနဲ႔ ေျမာက္ဒဂုံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဆီမွာ ပရဟိတသမားေတြ ပြဲ(၁၂၀) လႉဒါန္းေပးခဲ့ပါတယ္ ပရိသတ္ႀကီးေရ..

ဒီေန႔မွာေတာ့ ကိုဗစ္လူနာေတြကို အထူးၾကပ္မတ္ကုသေပးေနတဲ့ ေတာင္ဥကၠလာအထူးကုေဆး႐ုံႀကီးမွာ ပြဲ(၂၀၀) နဲ႔ ရွမ္း႐ိုးရာ ခ်ဥ္ေစာ္ခါးသီးေဖ်ာ္ရည္ ဘူး(၁၀၀) လႉဒါန္းေပးခဲ့ပါတယ္။ မနက္ျဖန္မွာလည္း ေဝဘာဂီအထူးကုေဆး႐ုံႀကီးအတြက္ ပြဲ(၂၀၀) လႉဒါန္းေပးသြားမယ္လို႔ သိရပါတယ္။ အခုလို ကိုယ့္စီးပြားေရးလည္း လုပ္ရင္း ကိုဗစ္ကပ္ေရာဂါကာကြယ္ေရးမွာ တစ္တပ္တစ္အားပါဝင္ေနၾကတဲ့ ပရဟိတသမားေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြကို လႉဒါန္းေပးႏိုင္ဖို႔လည္း ႀကိဳးစားေနတဲ့ ညီနႏၵရဲ႕မြန္ျမတ္တဲ့ကုသိုလ္အလႉေလးကိုဆယ္လီကမာၻပရိသတ္ႀကီးအတြက္ မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Nyi Nanda

credit Rainbow- Cele Gabar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment